စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၄)

Higuchi ၏ ကားရှိရာသို့ ရဲချုပ် Yagami၊ Mogi နှင့် Aizawa တို့ ခေါင်းစွပ်များဖြင့်ရောက်ရှိလာသည်။ သူတို့နောက်တွင်ကား မြောက်မြားစွာသော ရဲများက Higuchi အား သေနတ်များဖြင့်ချိန်လျက်။

"ကားထဲက ထွက်ခဲ့စမ်း Higuchi"
ရဲချုပ် ပြောအပြီးတွင် စိတ်လျှော့ထားလိုက်ပြီဖြစ်သော Higuchi ထွက်လာခဲ့သည်။
Mogi က Higuchi အား မျက်စိကို အ၀တ်စည်း၊ နားကြပ်တပ်ဆင်ပေးပြီး လမ်းမပေါ်တွင် ဒူးထောက်ခိုင်းထားလိုက်သည်။

နားကြပ်မှတဆင့် L ၏စကားသံထွက်လာလေသည်။
"Higuchi ခင်ဗျား ဘယ်လို လူသတ်လဲဆိုတာ ပြောပေတော့။ ခင်ဗျား မပြောပြောအောင် လုပ်လို့ရတဲ့နည်းတွေ ရှိတယ်ဆိုတာလေးလဲ ခေါင်းထဲမှာ ထည့်ထား"

ခေါင်းငိုက်စိုက်ချလိုက်ပြီး Higuchi ပြောလိုက်တော့သည်။
"စာအုပ်"

"စာအုပ်.. ဘာစာအုပ်လဲ"

L ကအမေးတွင် သေမင်းစာအုပ်အကြောင်း Higuchi ပြောပြလိုက်လေသည်။

ကားအတွင်းသို့ သက်သေခံပစ္စည်းများ ၀င်ရှာနေသော ရဲချုပ် သေမင်းစာအုပ်ကို တွေ့ရှိသွားပြီး
"ဟုတ်တယ်ဟေ့။ ကားထဲက လက်ဆွဲအိတ်ထဲမှာ စာအုပ်တအုပ်တွေ့တယ်။ နာမည်တွေအများကြီး ရေးထားတာလည်းအမှန်ပဲ။ ဒါပေမယ့် ဒီနည်းနဲ့ ဘယ်လို............... အား!!!!!!!!!"
စကားပြောနေရင်း တချက်မော့ကြည့်လိုက်မိသော ရဲချုပ် အလန့်တကြားအော်ဟစ်ရင်း ကားတွင်းမှ လမ်းမပေါ်သို့ ပြုတ်ကျလာ၏။

"ရဲချုပ် ရဲချုပ် ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့လဲ"
L က စိုးရိမ်တကြီး မေးလေသည်။

"မ... မကောင်းဆိုးဝါးကြီး..."
တုန်တုန်ရင်ရင်ဖြင့် သူ့ရှေ့တည့်တည့်တွင် ရပ်နေသော Rem ကိုကြည့်ကာ ရဲချုပ် ပြောနေသည်။

Mogi လည်း ရဲချုပ်နားကပ်သွားကာ
"ရဲချုပ် သိပ်ပင်ပန်းနေပြီနဲ့တူတယ်။ အနားယူလိုက်ရင်ကောင်းမယ်"
ပြောပြောဆိုဆို သေမင်းစာအုပ်ကို လှမ်းယူလိုက်လေ၏။

"မင်း မမြင်ဘူးလား Mogi"
ရဲချုပ် လက်ညှိုးဖြင့်ထိုးပြနေ၍ Mogi ကြည့်လိုက်တော့

"အား!!!!!!!!!!"
သူပါ လန့်ဖြန့်ကာ ရဲချုပ်ဘေးနား ထိုင်ကျသွားသည်။

"ဟာ.. ဘာတွေဖြစ်နေတာလဲ.. Mogi Mogi"
Light ကလည်း လှမ်းမေးတော့သည်။

ရဲချုပ် သဘောပေါက်သွားပြီ။
"ဒီ...ဒီကောင်ကြီးကို ဒီစာအုပ် ကိုင်မိတဲ့လူတွေပဲ မြင်ရတဲ့ပုံပဲ..."

"စာအုပ်ကို ကျုပ်တို့ဆီ ယူခဲ့ပါ Mogi"
L ပြောသည်နှင့် Mogi အပြေးကလေးပင် သူတို့ဆီ သွားလေသည်။

..... အခု မင်းဘာဆက်လုပ်မလဲ Yagami Light။ စာအုပ်ကို ထိလိုက်တာနဲ့ Kira နဲ့ပတ်သက်တဲ့ အကြောင်းတွေ မင်းပြန်မှတ်မိတော့မယ် .....
ရဟတ်ယာဉ်ကို ငေးကြည့်ရင်း Rem တွေးနေမိသည်။

သေမင်းစာအုပ်ကို ကိုင်ရင်း L လှည့်ကြည့်လိုက်သည်။
..... သေမင်း! လောကကြီးမှာ သေမင်းဆိုတာတွေ တကယ်ရှိတာကိုး.....

တဆက်တည်း သူ့အတွေးထဲ ဟိုယခင်က အကြောင်းအရာများ ပြန်စဉ်းစားမိသွားသည်။
.... Aoyama မှာ စာအုပ်ချင်း လဲကြည့်ကြမယ် ဆိုတာ ....

"ငါ့ကို စာအုပ် ပေးစမ်းပါကွာ"
L အတွေးထဲ နစ်မြောနေစဉ် Light က စာအုပ်လှမ်းယူသွားသည်။

L ကား ဘာမှ မပြောမိ။ သူဆက်ပြီး စဉ်းစားနေသည်။
...... Kira နဲ့ ဒုတိယ Kira၊ သူတို့ နှစ်ယောက်၊ ဒါဆို ဒီလိုစာအုပ် ၂ အုပ်ရှိရမယ်။ ဒီကိစ္စ ဒီမှာ မပြီးသေးဘူးပဲ .....

"အား!!!!!!!"
အသံနက်ကြီးဖြင့် Light ၏အော်သံကြောင့် သူလှည့်ကြည့်လိုက်သည်။

"ဟေ့ကောင် အဆင်ပြေရဲ့လား။ ဒီလိုကောင်ကြီး ရုတ်တရက် မြင်လိုက်ရရင်တော့ မြင်တဲ့လူတိုင်းကြောက်ကြမှာပါပဲ"
L သူ့အထင်နှင့်သူ ပြောလေသည်။

တကယ်တမ်းကား သူ့အသိဉာဏ်အတွင်းသို့ Kira နှင့်ပတ်သက်သည်များ အဆက်မပြတ်ဝင်ရောက်လာသည်ဖြစ်၍ ရုတ်တရက် လက်မခံနိုင်ဖြစ်ကာ အော်မိခြင်းသာဖြစ်လေသည်။

"ဒီထဲက နာမည်တွေနဲ့ အသတ်ခံရတဲ့လူတွေနဲ့ တူမတူ ငါတို့ အရင် စစ်ရမယ်ကွ"
Light ကပြောရင်း ကွန်ပျူတာတွင် ရှာဖွေနေလေသည်။

"အေး။ လိုမယ်ထင်ရင် စစ်လေ"
L ပြောသာပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်ကား
.... မင်း Kira ဆိုတာ ငါသေချာတယ် ဟေ့ကောင် .....

Light မှာလည်း
..... ငါ နိုင်သွားပြီ ဟေ့ကောင်။ နောက်ဆုံးတော့ ငါကြံစည်ထားတဲ့အတိုင်း ဖြစ်လာတာပဲ ......

သေမင်းစာအုပ်ကို ဖွင့်ကာကိုင်ထားသည့် လက်တွင် ပတ်ထားသည့် သူ့နာရီအံဝှက်ကို ဖွင့်လိုက်သည်။
အထဲတွင် Kira ဖြစ်ကာစတည်းက ထည့်ထားသည့် စာရွက်ပိုင်းကလေး။

နာရီအတွင်း ထည့်ထားသည့် အပ်ချွန်လေးကို ထုတ်ကာ သူ့လက်ညှိုးထိပ်ကို ဖောက်လိုက်သည်။

စာအုပ်နှင့် ကွယ်နေ၍ သူ့လှုပ်ရှားမှုများကို L မမြင်။ L မြင်နေသည်က စာအုပ်နှင့် ကွန်ပျူတာနှင့် အာရုံစိုက်နေသည့် Light သာ။

"Higuchi ကို ခေါ်လာခဲ့ပါတော့ ခင်ဗျာ ရဲချုပ်"
L ပြောလိုက်သည့် အချိန်သည် Light တယောက် Higuchi နာမည်ကို သွေးနှင့် ရေးပြီးသည့် အချိန်။

..... ဒီစက္ကန့် ၄၀ ဟာ ငါ့ဘ၀မှာ အကြာဆုံး စက္ကန့် ၄၀ ပဲ .......
Light ရင်ခုန်စွာ စောင့်စားနေတော့သည်။

L ကလည်း သေမင်းစာအုပ် ကိုင်ထားသည့် Light ကိုအဆက်မပြတ် အကဲခတ်နေလေသည်။
Light ကား လုံးလုံး မလှုပ်။

ထိုစဉ်
"အ..အု..အု..အား"
Mogi နှင့် ရဲချုပ် နှစ်ယောက်တွဲကာ ဖမ်းခေါ်လာသည့် Higuch တွန့်လိမ်ကာ မြေပေါ်လဲကျသွားတော့သည်။

"အဖေ အဖေ ဘာတွေဖြစ်ကုန်တာလဲ။ Higuchi သေရင် လုပ်ထားသမျှ သွားပြီနော်"
Light စိုးရိမ်တကြီးဟန်ဖြင့် ပြောလိုက်သေးသည်။

L ကား မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားနှင့် ဘာမှ မပြောနိုင်။

"ငါ့အထင်တော့ သူ နှလုံးရပ်ပြီး သေသွားပြီထင်တယ်"
ရဲချုပ် လှမ်းပြောတော့

.... ဟုတ်တယ် သူသေသွားပြီ။ နောက် သေရမယ့်လူကတော့ မင်းပဲ L .....
Light ရင်ထဲမှ ပြောနေတော့သည်။

ပြန်လည်ရှင်းလင်းခြင်း
လူသူ မရှိသည့် သစ်တောအုပ်တခုထဲတွင် Rem, Ryuk နှင့် Light တို့ ရောက်နေကြသည်။

Light က သူပိုင်ဆိုင်နေသည့် Misa ၏စာအုပ်ကို Rem ဆီသို့ ပေးလိုက်ရင်း
"ကျုပ် ဒီစာအုပ် ပိုင်ဆိုင်မှုကို စွန့်လွှတ်တယ်"

"အင်း မင်းက အတင်း ပြန်ပေးနေတော့လည်း ယူရတာပေါ့"
Rem ပြောရင်း ယူလိုက်သည်။

"ခုဆို ခင်ဗျား စာအုပ်ပိုင်ရှင် ပြန်ဖြစ်သွားပြီနော်"

"အေးလေ"

"အဲဒီစာအုပ်ကို Ryuk ကိုပေးလိုက်ပါ"

"ဟေ"
Ryuk အံ့အားသင့်သွားသော်လည်း

"ရတယ်။ ဖြစ်တယ်"
Rem ကပေးလိုက်သည်။

"ခုဆို Ryuk ကစာအုပ်ပိုင်ရှင် ဖြစ်သွားပြန်ရော။ ကဲ.. စာအုပ်ကို မြေကြီးပေါ် ပြန်ပစ်ချလိုက်ပါ"

"ဒါကတော့ ပြဿနာ မရှိဘူး။ ချတယ်"

မြေပေါ်ပြန်ကျလာသည့် သေမင်းစာအုပ်ကို ကောက်ရင်း
"ကဲ..ကျုပ် ပိုင်ရှင် ပြန်ဖြစ်သွားပြီ"

"ဟေ! ဒီလို လုပ်လို့ ဘာထူးသွားလို့တုန်း"
Ryuk ပင် မျက်စိလည်သွားလေပြီ။

"အခု မထူးပေမယ့် နောင်တချိန် ထူးလာနိုင်တယ်ဗျ"
ပြောပြောဆိုဆို သူ Kira ဘ၀ကို ရောက်လာစေခဲ့သော Ryuk ၏စာအုပ်ကို ထုပ်ပြီး

"ကဲ Ryuk ခင်ဗျားကို ဒီစာအုပ် ပြန်ပေးလိုက်ပြီ။ ခင်ဗျားက Rem ကိုလွှဲပေးလိုက်"

Rem စာအုပ်ပိုင်ရှင် ဖြစ်သွားချိန်တွင် Light က
"Rem ပါဝါလည်းရှိ လောဘလည်းကြီးတဲ့ လူတယောက်ကို ရှာပြီး စာအုပ်ကို ပေးလိုက်ပါ။ အဲဒီလို လုပ်ရင် Misa လွတ်စေရမယ်လို့ အာမခံတယ်။ မလွတ်ဘူးဆိုရင် ခင်ဗျား ကျုပ်ကို လာသတ်လှည့်။ ဘယ်လိုလဲ"

"မင်း အကြံက ဘာလဲ Light"
Rem မေးသည်။

"ခင်ဗျား ကျုပ်ကို ယုံမှာသာ ယုံစမ်းပါ။ ဒါ Misa အတွက်ပဲ"
Rem ကို မျက်လုံးချင်း ဆိုင်ကြည့်ရင်း Light ပြောလိုက်လေသည်။

"အေး ပြီးတာပဲလေ။ Misa အတွက်ဆိုတော့ မင်းပြောတဲ့အတိုင်း ငါလုပ်ရမှာပေါ့"
Rem စကားဆုံးသည်နှင့် အတောင်ပံ နှစ်ဖက်ဖြန့်ကာ လေထဲသို့ ပျံတက်သွားတော့သည်။

ပျံတက်သွားသည့် Rem ကိုငေးကြည့်ရင်း
"ဒီက ပြန်ရင် ကျုပ်ကို ထောင်ထဲထည့်ပြီး ၂၄ နာရီ စောင့်ကြည့်ကြလိမ့်မယ်။ တချိန်မှာ ဟောဒီစာအုပ် ကို ကျုပ် စွန့်လွှတ်ပြီး Kira နဲ့ ပတ်သက်သမျှတွေ အားလုံး မေ့သွားမယ်။ ဒါပေမယ့် လူတွေတော့ ဆက်သေနေဦးမှာပဲ။ အဲဒီတော့ L ဟာ ကျုပ်တို့ ကို လွှတ်ကို လွှတ်ရလိမ့်မယ်။ Kira မဟုတ်တော့တဲ့ ကျုပ်ဟာ L နဲ့ပေါင်းပြီး Kira အသစ်ကို မိအောင် ဖမ်းနိုင်လိမ့်မယ်"
Light သူ့အကြံကို Ryuk အားရှင်းပြနေသည်။

"မိသွားတဲ့ Kira ဆီကနေ မင်းက သေမင်းစာအုပ်ကို ပြန်ယူမယ်ဆိုပါတော့"

"ဟုတ်တယ်။ ပြဿနာ တခုတော့ ရှိတယ်။ ကျုပ်ဟာ အဲဒီအချိန်မှာ သေမင်းစာအုပ် ပိုင်ရှင် မဟုတ်တော့တဲ့အတွက် စာအုပ်ကို ကိုင်ထားတဲ့ အချိန်လေးအတွင်းမှာပဲ Kira နဲ့ပတ်သက်တာတွေကို မှတ်မိမယ်။ စာအုပ် လက်ကလွတ်သွားတာနဲ့ အားလုံးပြန်မေ့သွားမယ်။ အဲဒီတော့ စာအုပ် ကိုင်ထားတဲ့ အချိန်လေးအတွင်းမှာ လက်ရှိပိုင်ရှင်ကို ရအောင် သတ်ရမယ်။ ဒါမှ ပိုင်ရှင် မရှိတော့တဲ့ စာအုပ်ကို လက်ဝယ်ကိုင်ထားတဲ့ ကျုပ်ဟာ ပိုင်ရှင်ပြန်ဖြစ်လာပြီး ပြန်မမေ့တော့မှာ"

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

လူ့ပြည်သို့ ရောက်ရှိနေသော သေမင်းစာအုပ်များအား သေချာပေါက် လူသားတို့ အသုံးပြုရန်ကြိုးစားရမည်မှာ သေမင်းတို့ တာဝန်ဖြစ်သည်။

လူသားတယောက် ပိုင်ဆိုင်ထားသည့် သေမင်းစာအုပ်၏ မူရင်းပိုင်ရှင် သေမင်းတို့ သေဆုံးသည် ဟူသည်မှာ ဖြစ်နိုင်ချေ မရှိသလောက်ဖြစ်သည်။ သို့သော် အကြောင်းကြောင်းကြောင့် ထိုသေမင်း သေဆုံးခဲ့ပါကလည်း သေမင်းစာအုပ်သည် အစွမ်းပျက်ပြယ်သွားခြင်း ရှိမည်မဟုတ်....

No comments:

Post a Comment