စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၀)

"ကဲ ကျုပ်တို့ ကုမ္ပဏီကြီး ဒီထက်ပို အောင်မြင်ဖို့ ဘယ်သူ့ကို သတ်ကြမလဲ"

ကြားလိုက်ရသည့် အသံကြောင့် စုံစမ်းရေး တဖွဲ့လုံး လန့်သွားကြသည်။

"ဟာ.. တကယ်ပဲ"

"တွေ့တယ် မဟုတ်လား။ ကျနော် ပြောတဲ့အတိုင်းပဲနော်"
Matsuda ၀မ်းသာအားရ ပြောလေသည်။

အစည်းအဝေးမှ စကားသံများ ထွက်လာသည်။
"လောလောဆယ် Hitori သေသွားတဲ့ကိစ္စလေး အရင်ပြောကြရအောင်"
"ဘယ်တတ်နိုင်မလဲဗျာ ကျနော်ကတော့ သူသေသွားတာ အားလုံးအတွက် အကောင်းဆုံးပဲလို့ ထင်တာပဲ။ ကျနော်တို့ အားလုံးကို Kira က စောင့်ကြည့်နေတာမဟုတ်လား"
"အင်း Hitori ဘာကြောင့် သေရတယ်ဆိုတာကို လူတိုင်း နားလည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

"ကဲ..ထားတော့ Eraldo Coil ဆီကရတဲ့ သတင်းပေးချက်အကြောင်း ပြောကြစို့"

သတင်းပေးချက်တွင်ကား L မည်သူဖြစ်သည်ကို လည်းမသိ၊ နာမည်ကိုလည်း မသိကြောင်း ရေးထားသည့်အပြင် လူသတ်မှုများ သောကြာ၊ စနေ၊ တနင်္ဂနွေများတွင်သာ ဖြစ်နေသည်ဖြစ်၍ Yotsuba နှင့် Kira တနည်းမဟုတ် တနည်း ပတ်သက်နေနိုင်သည်ကို L အနှေးနှင့် အမြန် သိလာနိုင်သည်ဟုလည်း ပါလေသည်။

"အင်း.. ဒီတိုင်းဆိုရင်တော့ လူသတ်မှုတွေ ဒီနှုန်းအတိုင်း ဆက်ဖြစ်နေတာ ကျုပ်တို့အတွက် အန္တရာယ်ရှိတယ်နော်"

"မပူပါနဲ့။ Kira က အချိန်တွေ ပြောင်းပြီး သတ်လို့ရပါတယ်လေ။ တပတ်လောက် ကြိုသတ်လည်း ဖြစ်မှာပါ"

"ကျုပ်တို့ ဂရုစိုက်ဖို့လိုတယ်နော်။ ဒါမှ ကျုပ်တို့နဲ့ လူသတ်မှုတွေနဲ့ကို ဆက်စပ်လို့မရမှာ"

"အေးပါ။ ခုတော့ ဘယ်သူ့ သတ်ရမလဲဆိုတာ အရင် ဆွေးနွေးကြရအောင်"

ပြောစကားများကို နားထောင်နေသည့် စုံစမ်းရေးအဖွဲ့များ အားတက်နေကြလေသည်။
"ဒီကောင်တွေ ရှိသမျှ လျှို့ဝှက်ချက်တွေ ထုတ်ပြောနေတာပဲ"
"ဟုတ်တယ်။ ဒီ ဗီဒီယိုနဲ့တင် သူတို့ကို ဖမ်းလို့ရနေပြီ"

ဒါရိုက်တာများကား မည်သူ့သတ်ရမည်ကို ဆုံးဖြတ်နေကြလေပြီ။
"ဒါဆို ELF အဖွဲ့ဝင်တွေ မတော်တဆမှုနဲ့ သေရမယ်။ သဘောတူတယ်နော်"
"တူတယ်"

"ငါတို့ အပန်းဖြေစခန်း လုပ်ငန်းကို အနှောင့်အယှက်ဖြစ်နေတဲ့ Zenzai ဆိုတဲ့ကောင်ကတော့ သွေးတိုးရောဂါ အခံရှိတော့ လေဖြတ် သေခိုင်းလိုက်မယ်။ ဘယ်လို သဘောရလဲ"
"ကောင်းတယ်"

Light သဘောပေါက်စပြုလာလေပြီ။
"မတော်တဆမှုနဲ့ သေတာ၊ ရောဂါနဲ့သေတာ၊ သေရမယ့် အချိန်ကို ကြိုတင်သတ်မှတ်နိုင်တာ.. ဒါတွေအားလုံး Kira လုပ်နိုင်တယ်ပေါ့။ ငါတို့ ထင်တဲ့အတိုင်းပဲကွ။ သူတို့ထဲမှာ Kira ပါရမယ်။ ဘယ်လိုမှ မလွဲနိုင်ဘူး"

L ကလက်မခံ။
"ဟေ့အေး ဒီလောက်နဲ့ မလုံလောက်ဘူးကွ။ ခု သူတို့ သတ်မယ်ဆိုတဲ့လူတွေ မသေမချင်း ငါတို့ဘာမှ လုပ်လို့ မဖြစ်ဘူး"

"ဟေ...ဟင်"
အားလုံး အံ့အားသင့်သွားကြလေသည်။

"ဟိုလူတွေ သေတဲ့အချိန်မှာ သူတို့ ၇ ယောက် ဘယ်လိုပြုမူ နေထိုင်ကြလဲဆိုတာ သေချာစောင့်ကြည့်မယ်ဆိုရင် Kira ကိုတန်းမိမယ်လေ"

"ဟေ့ကောင်!!"
ရဲချုပ်ရော၊ Light ပါဝိုင်းအော်လိုက်၍ L လန့်ပင် လန့်သွားလေသည်။

"မင်းပြောသလို မလုပ်နိုင်ဘူးကွ။ ဒါ နည်းလမ်းမမှန်ဘူး။ Kira ကိုဖမ်းဖို့အတွက် ဒီကောင်တွေကို လူပေးသတ်ရမယ်ဆိုတာ ဟုတ်ကိုမဟုတ်ဘူး"
Light ကပြောတော့

"အေးလေ။ ဒီကောင်တွေ လူတွေသတ်ခဲ့ပြီးပြီဆိုတာလည်း အသိသာကြီးပဲ။ သက်သေ အနေနဲ့ ဒီဗီဒီယိုလည်း ရှိတယ်။ Matsuda ကိုယ်တိုင်လည်း သက်သေ ထွက်ဆိုနိုင်တယ်။ ချက်ချင်းသွားဖမ်းယုံပဲ"
ရဲချုပ်ကလည်း ၀င်ပြောလေသည်။

"ကျနော်တို့ သူတို့ကို အခုဖမ်းလိုက်ရင် လုပ်ထားသမျှတွေ အလကားဖြစ်သွားမှာပေါ့"

ထိုစဉ် ဒါရိုက်တာများက ဆုံးဖြတ်ချက်ထပ်ချသံ ကြားရပြန်သည်။
"အေး.. ELF အဖွဲ့ဝင်တွေက နောက်သုံးပတ်။ Zenzai က ဒီအပတ်။ ဟုတ်ပြီနော်"
"ဟုတ်ပြီ"

ရဲချုပ် ပြာသွားသည်။
"ဟာ.. ဒီအပတ်ဆို အချိန်မရှိတော့ဘူးကွ။ Light အဲဒီ ၇ ကောင်ရဲ့ ဖုန်းနံပါတ်တွေ ငါတို့မှာ ရှိတယ်မဟုတ်လား။ ခုချက်ချင်း တကောင်ကောင်ကို ဖုန်းခေါ်ပြီး ဒီလူသတ်မှုတွေကို တားရတော့မှာပဲ"
ပြောရင်း ဆိုရင်း ဖုန်းထုတ်ကာ နံပါတ်နှိပ်နေသည့် ရဲချုပ်ကို L ကလှမ်းတားသည်။

"နေပါဦးဗျာ။ Aiber သူ့ကိုယ်သူ Coil ဟန်ဆောင်ပြီး သူတို့နဲ့ အဆက်အသွယ်လုပ်ထားတာ ခုမှ သုံးရက်ရှိသေးတယ်၊ ကျနော်တို့က သူတို့အကြောင်းသိနေပြီဆိုရင် Aiber ကိုသူတို့ သံသယ ၀င်ကုန်တော့မှာပေါ့။ ဒိထက်ပိုအရေးကြီးတာက Kira ဘယ်သူလဲဆိုတာ သိဖို့သိပ်အခွင့်အလမ်းနည်းသွားနိုင်တာပဲ။ ဒီလောက် လုပ်လာပြီးမှ ဟိုးအစကနေ ပြန်မစချင်ဘူး။ Kira ကိုဖမ်းဖို့ သိပ်ကိုခိုင်မာတဲ့ သက်သေတခု ရမှဖြစ်မယ်"

Light ဖခင်နှင့် L အကြားတွင် မည်သို့ ကြားဝင်ရမည်ကို စဉ်းစားရင်း အကြံရသွားသည်။
"ဟေ့ကောင် ဒီလူတွေထဲမှာ Kira ရှိတယ်ပဲထားပါတော့။ ငါခေါ်တဲ့ဖုန်းကို Kira ကိုင်မိဖို့က ၇ ပုံ ၁ ပုံပဲရှိတာပေါ့"

"အမ်..ငါကတော့ Kira နှစ်ကောင်ရှိတယ်လို့ ယုံကြည်ထားတာကွ။ အဲဒီတော့ ၇ ပုံ ၂ ပုံ ဖြစ်လိမ့်မယ်"

"အေးလေ... စမ်းကြည့်တာပေါ့။ L ဆိုတဲ့နာမည်လေးတော့ ငါ့ ခဏငှားကွာ"

L ကဘာမှ မကန့်ကွက်၍ Light ဆက်ပြောသည်။
"အင်း..ခေါ်မယ်ဆိုရင်တော့ Kira မဖြစ်နိုင်ဆုံးနဲ့ ဒီအုပ်စုထဲမှာလည်း နည်းနည်းသြဇာရှိတဲ့ကောင်ဖြစ်မှဖြစ်မယ်"

"Namikawa(နာမီကာဝါ)!!"
အားလုံး တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

"ကဲ..ဟေ့ကောင် ခေါ်မယ့်ခေါ်တော့ ဟောဒီဖုန်းနဲ့ခေါ်။ ဒီကောင်က လုံခြုံတယ်။ ဘယ်ကဆက်တယ်ဆိုတာ သူတို့လုံးဝ trace လိုက်လို့မရဘူး"
L လိုလိုလားလားပင် ခွင့်ပြုလိုက်လေပြီ။

Light ခပ်သွက်သွက်ပင် ဖုန်းခေါ်လိုက်သည်။
Namikawa ဖုန်းကိုင်လိုက်သည်ကို သူတို့မြင်နေရလေသည်။
"Yotsuba က Namikawa မဟုတ်လားဗျ"

"ဟုတ်ပါတယ်"

"ကျုပ်ပြောတာ နားထောင်နေတဲ့အချိန်မှာ အမူအရာ မပျက်ပါစေနဲ့။ ကျုပ် L ပဲ"

Namikawa ထိတ်ကနဲ ဖြစ်သွားသော်လည်း မည်သူမှ မရိပ်မိခင် သူ့ကိုယ်သူ ချုပ်ထိန်းလိုက်နိုင်သည်။

"ခင်ဗျားတို့ အစည်းအဝေးခန်းထဲမှာ ကင်မရာတွေ၊ အသံဖမ်းစက်တွေ ကျုပ်တို့ တပ်ထားပြီးပြီ။ Hitori သေသွားတဲ့ ကိစ္စအပါအ၀င် ဘယ်သူ့ကို ဘယ်အချိန်မှာ သတ်မယ်ဆိုတဲ့ဟာတွေ အားလုံး ကျုပ်တို့ကြားပြီးပြီ။ ခင်ဗျားဟာ Kira ဖြစ်တယ်ဆိုရင်၊ ဒါမှမဟုတ် Kira နဲ့ အဆက်အသွယ်ရှိတဲ့လူဆိုရင် ခင်ဗျားနဲ့ကျုပ်တို့နဲ့ သဘောတူညီချက်ကလေးတခု လုပ်ဖို့ပြောချင်တယ်။ ဒါကလည်း ခင်ဗျားအတွက် သိပ်ခက်ခဲမယ့် ကိစ္စမဟုတ်ပါဘူး။ ELF အဖွဲ့ဝင်တွေနဲ့ Zenzai ကိုသတ်ဖို့ကိစ္စကို တလ အချိန်ဆွဲထားပေးပါ။ ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် Kira ကလွဲလို့ ခင်ဗျားတို့ အားလုံးကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးအတွက် လွတ်ငြိမ်းခွင့်ပေးမယ်"

"ဟုတ်ပြီ။ သဘောပေါက်ပြီ"
Namikawa တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်သည်။
.... ခုဆို ငါ L ကို ကူညီရတော့မယ်။ မဖြစ်သေးဘူး ငါ L ကိုကူညီတယ်လို့ Kira သိရင် တန်းအသတ်ခံရမှာပဲ ....

"ကျုပ် ဖုန်းခေါ်တဲ့အကြောင်း ကျန်တဲ့သူတွေကို ပြောပြလို့ကတော့ ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။ အားလုံး တခါတည်း အဖမ်းခံရတာပဲ ရှိမယ်။ ကျုပ်လိုချင်တာက Kira ကိုဖမ်းမိဖို့ပဲ။ L ဟာ Kira ကိုမိသွားတယ်ဆိုရင် ခင်ဗျား အပြစ်တွေကနေ လွတ်မယ်။ တကယ်လို့ Kira က L ကိုရှင်းပစ်လိုက်နိုင်တယ်ဆိုလည်း ခင်ဗျား ခုအခြေအနေအတိုင်း ဆက်နေသွားလို့ရတယ်။ ခင်ဗျားအတွက် ဘာမှ အရှုံးမရှိဘူး။ ဘယ်လိုလဲ လက်ခံနိုင်ရဲ့ မဟုတ်လား။ တခုတော့ ရှိတယ် ခုနေ ခင်ဗျား အဖမ်းခံရတယ် ဆိုရင်တော့ တသက်လုံး လွတ်လမ်းမရှိတော့ဘူး။ ကဲ.."

..... ငါရွေးစရာ လမ်းမရှိအောင်ကို သေချာပြောသွားတာပဲ ....
Namikawa တွေးရင်း
"ဟုတ်ပြီ။ အေးအေး။ တနင်္လာနေ့ပေါ့"
ခပ်တည်တည် လျှောက်ပြောရင်း ဖုန်းချလိုက်လေသည်။

Namikawa ဖုန်းချအပြီးတွင် သူတို့ထဲမှ အမြဲတမ်းဦးဆောင် စကားပြောသည့်သူက
"ဘယ်ကဖုန်းလဲကွ"

"ကျုပ် တပည့်တယောက်ပါ။ တနင်္လာနေ့လောက် ကျုပ်ကို တွေ့ပါရစေဆိုလို့။ ဆောရီးဗျာ အစည်းအဝေးကို အနှောင့်အယှက် ဖြစ်သွားတာ။ ဆက်လိုက်ကြရအောင်။ ဖုန်းပြောနေတာနဲ့ ပြောချင်တာလေးတွေတောင် မပြောဖြစ်လိုက်ဘူး"

အားလုံးက နားထောင်နေ၍ Namikawa ဆက်ပြောသည်။
"ဒီလိုဆိုမကောင်းလား။ Kira ကဘယ်အချိန်မဆို လူသတ်လို့ရနေတာပဲ။ ELF နဲ့ Zenzai ကိုသတ်မယ့်ကိစ္စကို ခုမလုပ်သေးဘဲ တလလောက် ဆိုင်းထားလိုက်ရအောင်။ Coil ပြောသလို ကျုပ်တို့ကို L သံသယ၀င်မှာကိုလည်း ကာကွယ်ရာရောက်တာပေါ့။ ဒီတလအတွင်းမှာ Coil ကို L နဲ့ပတ်သက်တာတွေ ရအောင်စုံစမ်းခိုင်းမယ်။ မရသေးဘူးဆိုရင် သူ့ကို နောက်တလအချိန်ထပ်ပေးပြီး ကျုပ်တို့သတ်မယ့်လူတွေကို ဟိုတရက် ဒီတရက် သတ်ကြမယ်။ Coil ဆီက သတင်းရလို့ L ကိုရှင်းပြီးရင်တော့ တပတ် ၂ ယောက် ၃ ယောက် ပြန်သတ်လို့ရပြီပေါ့။ ပြောရရင်တော့ ကျုပ်က L ကို ဦးစားပေးပြီး ရှင်းပစ်ချင်တယ်"

"အေး L မရှိတာ ငါတို့အတွက် ပိုအန္တရာယ်ကင်းတာတော့ အမှန်ပါပဲ"
"ဒီကောင့် အိုင်ဒီယာလေး မဆိုးပါဘူးကွ"
"သူပြောသလိုလုပ်လို့ အကျိုးတော့ မယုတ်ပါဘူးလေ"
"ကဲဒါဖြင့် Coil ကိုတလအချိန်ပေးဖို့ သဘောတူကြတယ်ပေါ့"
"တူပါတယ်"
အားလုံး တညီတညွတ်ဖြေကြလေသည်။
"ဟုတ်ပြီ။ နောက် ၂ ပတ်ကြာမှ ထပ်တွေ့ကြမယ်။ ဒါပဲ"

.... L ဒီလောက်ဆို မင်းကျေနပ်လောက်ပါတယ် .....
Namikawa သက်ပြင်းတိတ်တိတ်ချမိသည်။

L ကလည်း Light ကိုပွင့်လင်းစွာ ချီးကျူးလေသည်။
"မင်းလုပ်လိုက်တာ တော်တော်သပ်ရပ်တာပဲကွ။ လူသတ်တာတွေကို တားပြီးသားဖြစ်သွားတဲ့အပြင် Namikawa ကိုပါ သတင်းပေးအနေနဲ့ ရလိုက်တယ်။ မင်းကတော့ တကယ့်ကောင်ပါပဲ။ တကယ်လို့ ငါသေသွားခဲ့ရင် မင်း L နေရာကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိတယ်ကွ"

"ဟာ..ဘာတွေ ပြောနေတာလဲကွ။ ငါတို့မှာ ခု တလအချိန်ရတယ်။ Kira ကိုဖမ်းဖို့ စဉ်းစားစမ်းပါကွ"

"အင်းပါ။ ဒါပေမယ့် Yotsuba နဲ့ Kira ဆက်စပ်နေတာကို စသိတာလည်း မင်းပဲလေကွ။ မင်းမှာ ပါရမီ အပြည့်ပဲ။ တကယ်လို့ ငါသေသွားရင် မင်းကိုယ်မင်း L ဆိုပြီးဆက်လုပ်ပါလား"
L အတည်ပေါက်နှင့် Light ကို ပြောလိုက်လေသည်။

သေမင်းစာအုပ်လျှို့ဝှက်ချက်
လူတဦးတည်း၏ နာမည်အား သေမင်းစာအုပ် ၂ အုပ်ပေါ်တွင် တပြိုင်တည်း သို့မဟုတ် ၀.၀၆ စက္ကန့်အတွင်းသာခြား၍ ရေးထိုးမိခဲ့သော် ထိုသူ သေမည်မဟုတ်။

သေမင်းတဦးချင်းသည် အနည်းဆုံး သေမင်းစာအုပ် တအုပ် အစဉ်အမြဲ ပိုင်ဆိုင်ရမည်။ ထိုစာအုပ်ကို မည်သည့်အခါမျှ လူသားများအား ငှားရမ်းခွင့်မရှိစေရ။
လူသားများအနေဖြင့် ထိုစာအုပ်ကို သုံးစွဲခွင့်မရှိစေရ

No comments:

Post a Comment