စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၂.၂)

Yotsuba ဒါရိုက်တာများအဖွဲ့ဝင်များဖြစ်ကြသော Namikawa၊ Midou (မီဒို)၊ Shimura (ရှီမူယာ) တို့ ၃ ဦးသား လျှို့ဝှက်တွေ့ဆုံနေကြသည်။

"မင်းတို့ ဘာကိစ္စနဲ့ ငါ့ကို ခေါ်တာလဲ"
နောက်ဆုံးမှ ရောက်လာသည့် Namikawa ၏အမေးကို

"Kira ဘယ်သူလဲလို့ မင်းထင်သလဲ"
Shimura က အမေးနှင့် တုံ့ပြန်လိုက်သည်။

"မင်း သိတော့ ဘာလုပ်မှာလဲ။ Kira ဟာ မင်းလဲဖြစ်နိုင်တာပဲ။ ဒီကောင် Midou လဲဖြစ်နိုင်တာပဲ"

"Shimura မဟုတ်ဘူးကွ။ သေချာတယ်။ Kira ရဲ့ လူသတ်မှုတွေရပ်အောင် တခုခုလုပ်ဖို့လိုပြီလို့ သူအရင် ငါ့ဆီလာပြီးပြောတာကွ"
Midou ကပြန်ပြောလိုက်သည်။

"အင်း Shimura... မင်းတော်တော် မိုက်တဲ့ကောင်ပဲ။ Midou သာ Kira ဖြစ်နေလို့ကတော့ မင်း အသတ်ခံရပြီဟေ့ကောင်"
Namikawa ပြောတော့

"ငါတို့က အကြောင်းသိတွေပဲကွ။ မင်းရော Midou ရော Kira မဖြစ်နိုင်ဘူး။ ဘယ်သူ့သတ်ရမလဲဆိုပြီးလုပ်နေကြတဲ့ ဆွေးနွေးပွဲတွေကို Kira ကိုကြောက်လို့သာ ငါတို့ တက်နေရတာပါ။ မင်းတို့ စိတ်နဲ့ မင်းတို့ဆို ဒါမျိုးတွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲတိုင်းလည်း ငါတို့မှာ ထောက်ခံတာပဲ လုပ်နေရတာ မဟုတ်လား"

"အေးလေ.. ခုတိုင်းဆက်သွားနေရင်တော့ ငါတို့ လုပ်ရပ်တွေ ပေါ်ရင်လည်းပေါ်၊ မပေါ်ရင်လည်း ဆုံးမှာကိုမဟုတ်တော့ဘူး"

"ကဲ ထားပါတော့။ ဒါဖြင့် မင်းကိုငါမေးမယ် Shimura၊ ဘယ်သူဟာ Kira လို့ မင်းထင်သလဲ"
Namikawa မေးလိုက်သည်။

"Takahashi နဲ့ Higuchi တယောက်ယောက်ပဲ"
Shimura ဖြေလိုက်တော့

"Takahashi လုပ်နေတာတွေက တကယ့် Kira ကိုငါတို့တွေ မရိပ်မိအောင် သူ့ကိုပဲ အာရုံစိုက်အောင် လုပ်နေတာလို့ ငါတော့ထင်တယ်။ သူ့လို ခပ်ထုံထုံကောင်သာ Kira ဆိုလို့ကတော့ လောကကြီး ဇောက်ထိုးဖြစ်ရော နေမှာပဲ"
Midou က သူ့အမြင်ကို ၀င်ပြောလိုက်သည်။

"အင်း. မင်းတို့လည်း ဒီတိုင်းမြင်ကြသားပဲ။ ငါက Higuchi လို့ လုံးဝကို ယုံတာ"
Namikawa ဖွင့်ပြောလိုက်လေပြီ။

"အေး ဟုတ်တယ်။ ဒီအကောင် လောဘအကြီးဆုံးပဲ။ လူရှေ့သူရှေ့ဆိုရင်တော့ သူ့ကိုယ်သူ လောဘ မရှိတဲ့ပုံနဲ့။ သူ့အကြောင်း အားလုံးသိနေတာကိုပဲ ဟန်လိုက်ဆောင်နေတယ်။ ပြီးတော့ ၀န်ထမ်းတွေကိုလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံတံအပြင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်လွန်းလို့ ဟိုတလောကပဲ ရာထူးအချခံရပြီးပြီ။ ဒီကောင့် အကျင့်ဟာ Kira ဖြစ်ဖို့ လုံးဝကို ကွက်တိပဲ"
Midou အကြီးအကျယ် ထောက်ခံလိုက်၏။

"မင်းတို့ တခြား ဘယ်သူ့ကို ခေါ်ထားသေးလဲ"
Namikawa မေးပြန်တော့

"ကတုံးကြီး Ooi (အိုးအိ) ကိုခေါ်သေးတယ်။ သူက ဒီလို အဓိပ္ပာယ်မရှိတဲ့ အစည်းအဝေးတွေ မတက်နိုင်ဘူးလို့ ပြောသကွ"

"ဟေးဟေး.. ဒီဘဲကြီးက ဒီလိုပဲ။ အေးလေ သူလည်း Kira မဟုတ်လောက်ပါဘူး။ သူသာ Kira ဆို Coil နဲ့ပတ်သက်ပြီး ကိုယ်တိုင် ဆက်ဆံလုပ်ကိုင်နေမှာ မဟုတ်ဘူး"
Namikawa ပြောအပြီးတွင်

"Namikawa.. ဟိုတရက် Hatori သေပြီးပြီးချင်း အစည်းအဝေးတုန်းက မင်းဆီ ဖုန်းလာတာ ဘယ်ကလဲ"
Shimura ရုတ်တရက် မေးလိုက်လေသည်။

"ဟူး.. မင်းတော်တော် စေ့စေ့စပ်စပ် ရှိတာပဲ။ ဒါ့ကြောင့်လည်း ငါတို့ ဒါရိုက်တာအုပ်စုထဲ ပါနေတာဖြစ်မယ်"
Namikaw စကားမဆုံးခင် သူ့ဆီသို့ ဖုန်းဝင်လာလေသည်။ ဖုန်းကား L အဖြစ် စကားပြောနေသော Light ထံမှ။

"ဟဲလို Namikawa ပါ"

"L ပဲ။ ခင်ဗျား တယောက်တည်းလား"

"မဟုတ်ဘူး"

"ဒါဖြင့် အရင်တခေါက်အတိုင်းပဲ ဟန်ဆောင်ပါ"

"မလိုပါဘူး။ အရင်တခေါက်က လာတဲ့ဖုန်းဟာ မရိုးသားဘူးဆိုတာ တခြားတယောက် ရိပ်မိပြီးနေပါပြီ"
Shimura ကို ကြည့်ရင်း Namikawa ပြောချလိုက်လေသည်။

Shirmura အံ့သြသွားပြီး
"ဘယ်သူလဲ ဟေ့ကောင်၊ အဲဒါ ဘယ်သူလဲ"

Namikawa သူတို့ နှစ်ယောက်ကို ကြည့်ပြီး
"L ပဲ"

Midou နှင့် Shimura တို့ ကြောင်ပြီး ဘာမှမပြောနိုင်ဖြစ်နေစဉ် Namikawa က ဖုန်းဆက်ပြောလိုက်သည်။
"L လောလောဆယ် ကျုပ် Midou ရယ်၊ Shimura ရယ်နဲ့ အတူရှိနေတယ်။ သူတို့နှစ်ယောက်လုံး Kira မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့နှစ်ယောက်လုံး Kira လုပ်ရပ်တွေကို မကြိုက်ကြဘူး။ သူတို့လည်း ကျုပ်လိုပဲ L နဲ့ Kira ရဲ့တိုက်ပွဲထဲမှာ ၀င်ကူညီဖို့ သဘောတူကြလိမ့်မယ်"

"ကောင်းပြီ။ ကျုပ်တို့ ဒီနေ့ည Kira ကိုဖမ်းမယ်။ ခင်ဗျား အကူအညီ နည်းနည်းတော့ လိုတယ်"
Light ပြောအပြီးတွင်

"ဒါဖြင့် ဒီည Higuchi ရဲ့ နောက်ဆုံးညပေါ့"
Namikawa ပြောလိုက်လေ၏။

"ခင်ဗျား ဘယ်လိုလုပ် သိသလဲ"
Light အိနြေ္ဒမဆည်နိုင်ဘဲ မေးလိုက်မိသည်။

"ဟား ဟား။ လက်စသတ်တော့ L လည်းဘဲ အမှား မရှိအောင် မနေနိုင်ပဲကိုး။ ခုလို ပြောမှပဲ Higuchi ဆိုတာ လုံးလုံး သေချာသွားတော့တယ်"
Namikawa သဘောကျစွာဖြင့် ပြန်ပြောလိုက်သည်။

"ဟယ် Namikawa ကတော်တယ်တော့။ ကျမ ထင်သားပဲ၊ သူ့ပုံစံက လျင်မယ့်ပုံပါလို့"
နားထောင်နေသော Misa ၀င်ချီးကျူးလေသည်။

"သူ တော်တာမဟုတ်ပါဘူး။ ဒီကောင် Light မှားတာပါ"
L ကပြန်ပြော၏။
Light ကား မျက်နှာ ရှုံ့မဲ့လျက်။

"ဒီည ၇ နာရီ Sakura TV မှာ Kira အထူးအစီအစဉ် လွှင့်မယ်။ အစီအစဉ် စတာနဲ့ Higuchi ကို ဖုန်းဆက်ပြီး TV ကြည့်အောင် ပြောပါ။ ဒါပေမယ့် ကျန်တဲ့ ဒါရိုက်တာ ၆ ယောက် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘာမှ မလုပ်ဖြစ်အောင်လည်း ခင်ဗျား ဂရုစိုက်ရလိမ့်မယ်။ သူတို့ တခုခု လုပ်မယ်ကြံတာနဲ့ ခင်ဗျား ရအောင်တားပါ"
Light ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

"ဟုတ်ပြီ။ သဘောပေါက်တယ်"
Namikawa ပြောကာ ဖုန်းချလိုက်ပြီး

"ကဲ မင်းတို့ ထင်တဲ့အတိုင်း Higuchi ပဲ။ သူ့ကို ဒီည ဖမ်းတော့မယ်"

ည ၇ နာရီ။
Higuchi ကား Amane Misa ကို ပိုင်ဆိုင်ပြီးလျင် Yotsuba ကို မည်သို့ မောင်ပိုင်စီးမည်ဆိုသည်ကို တဦးတည်း တွေးတောကာ အပျော်လွန်နေလေသည်။

တီ..တီ..တီ...
Namikawa ထံမှ ဖုန်းဝင်လာကာ Sakura TV ကိုဖွင့်ကြည့်ရန် ပြော၏။
Higuchi တွေဝေသွားပြီး Sakura TV ကိုကြည့်ပြီးမှ

"ဟ ဒီကောင်တွေ ဒါမျိုးပြတာများ အဆန်းလုပ်လို့။ Sakura လေကွာ။ ဘယ်တုန်းကများ ကောင်းကောင်းကန်းကန်း ပြလို့လဲ"

TV ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်ကာ အမေးအဖြေလုပ်နေသည့် လူနှစ်ယောက် အရိပ်များ။

"မဟုတ်သေးဘူးနော်၊ စစချင်းတုန်းက ပြောသွားတယ်။ ခု Kira ကိုသိတယ်ဆိုတဲ့ကောင်က Kira နဲ့ပတ်သက်နေတဲ့ လူ ၈ ယောက် အစည်းအဝေးလုပ်တဲ့အကြောင်းလည်း သိတယ်လို့ ပြောသွားတယ်"
Namikawa ပြန်ပြောလိုက်တော့ Higuchi စဉ်းစားသွားရသည်။

.... ဘယ်သူ ဖြစ်နိုင်လဲ။ ဘယ်ကောင် သစ္စာဖေါက်သလဲ ....
TV တွင်ကား Matsuda စကားပြောနေသည်။
"အဲလိုနဲ့ သူတို့ထဲက တယောက် အသတ်ခံလိုက်ရပြီး ၇ ယောက်ပဲ ကျန်တယ်။ အသတ်ခံလိုက်ရတဲ့ လူကိုတော့ နာမည်အတိုကောက်ပဲ ပြောပါတော့မယ်။ သူက H ပေါ့"

Matsuda စကားကို နားထောင်နေသော Higuchi မျက်ခုံးမြင့်သွားသည်။
.... H ဆိုတော့ Hatori ပေါ့။ ဘယ်ကောင် ဒီလောက်တောင် သိနိုင်သလဲ။ ကျန်တဲ့ ၆ ယောက်ထဲကလား၊ Coil လား။ မဟုတ်သေးဘူး။ ဒီလို လုပ်လို့ သူတို့အတွက် ဘာမှ အကျိုးမရှိနိုင်ဘူး။ နေစမ်းပါဦး။ ဒီအရိပ်ထဲကလို ကောင်မျိုး ငါမြင်ဖူးပါတယ် ....

Higuchi စဉ်းစားနေချိန်မှာပင် Matsuda ကိုကာထားသည့် မှန်ပြိုလဲကျကာ သူ့ရုပ်သွင် ရှင်းလင်းစွာ ခေတ္တမျှပေါ်လာလေသည်။

"ဟာ ဒီကောင် Misa ရဲ့ မန်နေဂျာ ဆိုတဲ့ကောင်ပဲ။ Matsui ကွ! ဒီကောင် ဘာလို့ မသေသေးတာလဲ"
Higuchi ဖုန်းထဲသို့ အော်ဟစ်ပြောလိုက်တော့သည်။

"သူ့အသက်အန္တရာယ်ကို စိုးရိမ်ရလို့ ပြုတ်ကျ သေချင်ဟန် လုပ်ခဲ့ရတာလို့ ပြောသွားသေးတယ်။ တကယ်က အောက်တထပ်ကို ရောက်အောင် ခုန်ဆင်းလိုက်တာတဲ့"
Namikawa ရှင်းပြနေသည်။

....ဘာဖြစ်လို့ ဒီကောင် မသေသေးတာလဲ။ အဲဒီတုန်းက သေချာအောင် ငါ သူ့နာမည်ကို စာအုပ်ထဲရေးထည့်ခဲ့တာပဲ။ ခွေးကောင် ငါတို့ကို နာမည်အတု ပေးသွားပြီ .......

"သူ ပြောသေးတယ်။ အဲလို သေချင်ဟန်ဆောင်ပြီး နောက်ပိုင်းမှာ သူ့ဟာသူ Yotsuba ကိုဆက်စုံစမ်းနေခဲ့တာ ခုဆို Kira ကိုသိပြီတဲ့။ အဲဒါကြောင့် အခု ရှိသမျှ လူတွေကို လိုက်ဆက်ပြီး ပြောနေရတာ"

"အေး ဟုတ်ပြီ။ ဒါဆို ငါဖုန်းချလိုက်တော့မယ်"
Higuchi ပြောပြီး ဖုန်းချလိုက်တော့သည်။

TV တွင်
"ခုနလေးက မတော်တဆ ခင်ဗျား မျက်နှာ ပေါ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ခင်ဗျား ဒီအစီအစဉ်ကို ဆက်လုပ်ချင်သေးရဲ့လား။ ဒါမှမဟုတ် ကျနော်တို့ ရပ်လိုက်ရမလား"

"ရပါတယ်။ အမှန်တရား ပေါ်ပေါက်ဖို့ ကျနော့်အသက် သေရင်သေပါစေ။ ဆက်သာလုပ်ပါ"

Higuchi ဒေါသတကြီး စားပွဲကို လက်သီးနှင့် ဆောင့်ချလိုက်သည်။
...... ခွေးသူတောင်းစား။ ဒီကောင့်ကို သတ်မှ ဖြစ်မယ်။ Misa ဆိုရင်တော့ သူ့နာမည်ကို တန်းသိမှာပဲ ....

သူ Misa ကို ဖုန်းခေါ်၏။ သို့သော် Misa ကား ဖုန်းမကိုင်။

Midou ဆီဖုန်းဆက်ပြန်၏။
"Midou မင်း Sakura ကအစီအစဉ် ကြည့်နေတယ် မဟုတ်လား။ ငါတို့ကို ပြဿနာရှာနေတာလေ။ အဲဒါ မင်းအဖေက အကောင်ပဲဟာ။ သူ့ကို အကူအညီတောင်းပြီး ဒီအစီအစဉ်ကို ရပ်ခိုင်းလိုက်ပါလား"

"ဟာ.. ဒီကောင်တွေ ဒီလို ပေါက်ကရတွေ ပြနေကြပဲဟာ။ ဘာမှ လုပ်စရာ မလိုပါဘူး။ တကယ်ဟုတ်ဦးကွာ။ ခုနက ဒီကောင့်ရုပ်ပေါ်လာတာပဲ။ Matsui မှန်း ငါတို့အားလုံး သိနေတာပဲ။ ဟိုကောင် Namikawa က လူတိုင်းကို ဖုန်းဆက်ပြီး ကြည့်ခိုင်းနေတာဆိုတော့ Kira လည်း ကြည့်ဖြစ်မှာပဲလေ။ သူ့ဟာသူ သတ်လိုက်လိမ့်မှာပေါ့ကွ။ တို့ ဘာမှ လုပ်စရာ မလိုပါဘူး"
Midou မှင်သေသေဖြင့် ပြန်ပြောလိုက်လေသည်။

.... တောက် ဟိုကောင့်နာမည် အမှန် မဟုတ်ဘူးဆိုတာ တကယ်သတ်ဖို့ ကြိုးစားတဲ့ ငါတယောက်ပဲ သိပါလား ........

သူ Mogi ကိုဖုန်းခေါ်ပြန်၏။
"မင်းတို့ရဲ့ Misa ဘယ်ရောက်နေလဲကွ။ ဖုန်းဆက်လို့ မရပါလား"

"ဟာ ဆရာ Higuchi လား။ မတွေ့တာတောင် ကြာပြီ။ Misa မရှိဘူးဗျ။ ဒီနေ့သူ့အားရက်မို့ လျှောက်လည်နေတယ်"

"ဟေ့ ငါမေးနေတာ သူဘယ်သွားနေလဲ။ ဘယ်လို ဆက်သွယ်ရမလဲ မေးနေတာကွ။ မင်းက မန်နေဂျာလုပ်ပြီး ဒါလေးတောင် မသိဘူးလား"

"ဟာ မသိဘူးဆရာရဲ့။ သူ့ ကိုယ်ရေးကိုယ်တာဆိုလို့ ကျနော်လည်း မမေးလိုက်ဘူး။ မနက်ဖြန် သူပြန်လာမယ်လေ။ အဲဒီကျ ဆရာ့ကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်"

"ဒါဖြင့် သူ့အရင် မန်နေဂျာရဲ့ နာမည်ကိုရော မင်းသိလား"

"ဟာ ဆရာ။ ကျနော် အလုပ်ဝင်တာ ခုမှလေ ဆရာရဲ့။ သူ့အရင်မန်နေဂျာ ဘယ်သူလဲလို့ ကျနော်လည်း ဘယ်မေးကြည့်ဖြစ်ပါ့မလဲ။ ဆရာ သိချင်ရင် ရုံးကို မေးကြည့်လေ။ ခုချိန်တော့ ရုံးမှာ တယောက်မှ မရှိဘူးပေါ့။ သူဋ္ဌေးကို တိုက်ရိုက်မေးရင်တော့ ရနိုင်တယ်"

Higuchi သူဋ္ဌေးကို ခေါ်ပြန်သည်။
"ကျုပ် Yotsuba က Higuchi ပါ။ ခင်ဗျားဆီမှာ အလုပ်လုပ်သွားဖူးတဲ့ Matsui ဆိုတဲ့ကောင်ရဲ့ နာမည်က အမှန်ဟုတ်ရဲ့လား"

"မဟုတ်ဘူးဗျ။ အဲဒီကောင် နာမည်အတုကြီးသုံးပြီး ကျုပ်တို့ဆီမှာ အလုပ်ဝင်သွားတာ"

"ဒါဆို သူ့နာမည်အမှန်က ဘာတဲ့တုန်း"

"အင်း...Yamada ... မဟုတ်သေးဘူး၊ Yamashita ဗျ။ အဲ.... နောက်တလုံးတော့ မမှတ်မိတော့ဘူး။ Yamashita ဘာဆိုလဲ မသိဘူး"

"ဘာ!!! မင်းက ဘာကိစ္စ မမှတ်မိရတာလဲ!!!!"
Higuchi အလွန်အမင်း ပေါက်ကွဲပြီး အော်လေသည်။
ဖုန်းဖြတ်နားထောင်နေသည့် L တို့တသိုက်မှာကား သဘောကျလျက်။

"ဟာ.. ခင်ဗျားက ဘယ့်နှယ် ဒေါသတွေ ကြီးနေတာလဲ။ ဒါလေးကို။ ကျုပ် ဖိုင်တွေပြန်ရှာပြီး သူ့နာမည် ကြည့်လို့ရပါတယ်"

"ဒါဖြင့်လည်း မြန်မြန်ကြည့်ဗျာ"

"ခက်တာက ကျုပ်က ရုံးမှာမဟုတ်ဘူးဗျ။ ခင်ဗျား ဒီလောက်အသည်းအသန် သိချင်နေရင် ကျုပ်တို့ရုံးရဲ့ သော့နံပါတ်တွေ ပြောလိုက်မယ်ဗျာ။ အဲဒီတိုင်းသာ နှိပ်ဝင်ပေတော့။ ဘယ်ဘက်အစွန်ဆုံးအခန်းထဲက စားပွဲရဲ့ အောက်ဆုံး အံဆွဲထဲမှာ ဖိုင်တွေရှိတယ်။ သွားသာရှာပေတော့"

.... အစီအစဉ်ပြီးဖို့ ၂ နာရီကျန်သေးတယ်။ ငါမှီသေးတယ် ........
Higuchi တွေးကာ သေနတ်နှင့် သေမင်းစာအုပ်ကို အိတ်ထဲထည့်ကာ ကားနှင့် ထွက်လာလေတော့သည်။

သူ့ကားနောက်သို့ အသင့်စောင့်နေသည့် Wedy ဆိုင်ကယ်နှင့် လိုက်ပါသွား၏။

"ခုထိတော့ ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဟေ့ကောင်"
L က Light ကိုပြောလိုက်လေသည်

No comments:

Post a Comment