စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, March 11, 2014

သရဲ ထင်လို့ပါ


တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ
ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ
သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ
ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။
ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ်
လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့်
သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း
ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ 

သရဲ မကြောက်သူများ

ကျုပ်တို့ရွာမှာဗျာ ….
ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျုပ်အဖိုးရဲ့ အကို ဖြစ်သူပါ …. ကျုပ်နဲ့ ဘယ်ပုံဘယ်နည်း တော်တုံးတော့ မသိဘူး။ အမျိုးတော့ တော်တယ်။ ကျုပ်ကတော့ အဲဒီလူကြီးကို ဘကြီးအရွယ်မို့ ဘကြီးတင်ဆောင်လို့ပဲ ခေါ်သဗျ။
အဲဒီ လူကြီးက သရဲတစ္ဆေ ဆိုတာကို နည်းနည်းမှ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ သူ မကြောက်တတ်ပုံကို ကျုပ်နည်းနည်း ပြောပြမယ်။
တစ်ခါကပေါ့ …။ ဘကြီးတင်ဆောင် တစ်ယောက် လွယ်အိတ်ကြီး တစ်လုံးလွယ်ပြီး တောထဲကို ဟင်းစားရှာဆိုပြီး ထွက်သွားခဲ့တယ်။

မှော်ရုံဟေဝန် . . တောမြိုင်စွန်

ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မဲမဲ။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ် ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုး ကောင်းကင်မှ နှင်းစက်လား၊ မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့ တင်းမာနေသော ကျနော့် နှုတ်ခမ်းထက်သို့ ကျလာသည်။ ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့် မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေး ပီပြင်ကျယ်လောင်လာသည်။ ညီလေ . . . ညီလေ . . .


Viber FOR PC last version 2014

 Current version 4 100% Free


>>>> DOWNLOAD HERE<<<<

ကွယ်လွန်သူရဲ့ လိပ်ပြာကို ပြန်ခေါ်ရာမှာ နောက်ပြောင်ပြီး ခေါ်ခဲ့လို့ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များ (ဖြစ်ရပ်မှန်)


.............................................................................................

ဒီဇာတ်လမ်းလေးက ကျွန်မတို့မိသားစုမှာတကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက်တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံဘောလုံးကွင်းနဲ့ကပ်ရပ်မှာရှိပါတယ်။ ကျွန်မတို့ အဖိုးကတော့ ဒီဇာတ်လမ်းလေးရဲ့မင်းသားပေါ့ ။ အဖိုးကအလုပ် အရမ်းလုပ်သူပါ... အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက်လည်းလုပ်ပါတယ်... မိသားစုကို သံယောဇဉ်ကြီးသလို ပျော်ပျော်လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုးကို ကုသမရတဲ့ကင်ဆာရောဂါကို ပေးခဲ့ပါတယ်။

#ဘုံပျောက်တဲ့လူပျိုကြီး#



ကျနော် ဆယ်တန်းဖြေပြီးတော့ အလုပ်မရှိတာနဲ့ ဦးလေးရဲ့ ရာဘာခြံမှာ ဝိုင်းလုပ်ရင်း ကြုံခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခုပါ။

ဆယ်တန်းဖြေပြီးတော့ အလုပ်မရှိတာနဲ့ ဦးလေးက သူ့ခြံမှာ ဝိုင်းလုပ်ပေးပါ။ သင်္ကြန် အသုံးစရိတ်ပေးမယ် ဆိုတာနဲ့ အတော်ပဲဆိုပြီး ဦးလေး ခြံမှာ သွားနေတယ်။
ရာဘာခြံဆိုတော့ သိတဲ့အတိုင်း တောထဲမှာလေ ၊
မီးလဲ မရှိ ၊ ပြီးတော့ ဦးခြံက ဧက ၁၀၀ ဆိုတော့ ခြံထဲမှာ အလုပ်သမားနေဖို့ တဲက သုံးလုံး ပဲရှိတာ အလုပ်သမားတွေက အကုန်လုံးပေါင်း ၁၃ ယောက်၊ ခြံက အကြမ်းပဲရှိသေးတာ ။ ဘာပင်မှ မစိုက်ရသေးဘူး ။
ကျနော်က အိယောင်ဝါး ပေါ့ ၊

မအောင့်နိုင်လို့ 

ဖတ်ပီးရင်မရယ်ကြေးနော်
ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။

ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”

ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ကိုဒသဂီရိ - “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”

ကိုဇော်ဂျီ - “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”

ကိုဒသဂီရိ - “ဘယ်လိုဖြစ်လို့လဲကွ။”

ကိုဇော်ဂျီ - “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---”

မျက်ဝန်းလေး