စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Saturday, March 1, 2014









နာမည်တွေ့တာနဲ့ သိပြီးသားဖြစ်မှာပါ။ pro full version လေး free တွေ့လို့ ပြန်မလာတာ။
လိုချင်ရင်တော့ အောက်မှာ ဒေါင်းသွားနော်...















ဆီဆိုင်က သရဲ

သူ အလုပ်လုပ်နေသော နေရာ၏ လမ်းတစ်ဖက်တွင်
ရှိနေသော ဓါတ်ဆီဆိုင်ကို မကြာခဏ လှမ်းကြည့်နေမိသည်၊
သူ၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေလည်း အလားတူ
မကြာခဏ ကြည့်နေသည်ကို တွေ့ရသည်၊ ယခု ရက်ပိုင်း
အီရန်နိုင်ငံအပေါ် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများ၊
ဆီးရီးယားနိုင်ငံအပေါ် အရေးယူမှုများကြောင့်၊ စက်သုံးဆီခေါ်
ဓါတ်ဆီ၊ ဒီဇယ်ဆီတို့ ဈေးနှုန်းက သိသိသာသာ တက်သွား
ကြသည်၊ သောကြာနေ့ နေ့လည်မှ တနင်္လာနေ့ နံနက်ပိုင်း
အထိ စက်သုံးဆီ ဈေးနှုန်းက မြင့်မားပြီး အင်္ဂါ၊ ဗုဒ္ဓဟူးနှင့်
ကြာသာပတေး ညဖက်များတွင် ဆီဈေး အနည်းငယ် ပြန်ကျ
လေ့ရှိသည်။

နံနက်ပိုင်း ကော်ဖီသောက်ရန် မိနစ်အနည်းငယ် အလုပ်နားချိန်
နှင့် နေ့လည်ပိုင်း နေ့လည်စာ စားရန် ခေတ္တ အနားယူချိန်များ
တွင် သူ အပါအ၀င် သူ့အလုပ်ထဲမှ လူတိုင်းလိုလို စက်သုံးဆီ
ဈေးနှုန်းအကြောင်း ငြီးညူ ပြောဆိုနေကြသည်၊ အလုပ်ထဲမှ
သူ့မိတ်ဆွေ ပိုလန် လူမျိုးတစ်ဦးက သူတို့အားလုံးအား သတင်း
တစ်ခု ပြောပြပါသည် …

`မြို့ထဲက ဆီဆိုင်တွေမှာ ဆီ လာဖြည့်တဲ့ ကားတွေ များတော့
ဆီဈေးကြီးတယ်ဗျ၊ ကျုပ် နေတဲ့ ရွာဖက်က ဆီဆိုင်တွေနဲ့ နှိုင်းယှဉ်
ရင် တစ်လီတာကို ဆယ်ပြား၊ ဆယ့်ငါးပြားလောက် ကွာတယ်၊
ညဖက် ကျုပ်တို့ ရွာဖက် ဆီ လာဖြည့်ပါလား၊ သက်သာလို့
သတင်းပေးတာနော်၊ သြော် … ဒါနဲ့ စကားမစပ်၊ ကျုပ်တို့ ရွာထဲက
ဆီဆိုင်မှာ ညဖက်ဆိုရင် သရဲ ခြောက်တယ်လို့ ပြောတယ်ဗျ၊
ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆီဆိုင်မှာ ညဖက် ဓါတ်ဆီ လာဖြည့်
တဲ့ မော်တော်ဆိုက်ကယ် တစ်စီးပေါ့၊ ဆီဆိုင်က အထွက် လမ်းမ
ကြီးပေါ်က ကုန်ကားကြီးနဲ့ တိုက်မိပြီး မော်တော်ဆိုက်ကယ်
စီးလာတဲ့ လူငယ်လေး အဲဒီနေရာမှာ သေဆုံးသွားတယ်၊
အဲဒီနောက်တော့ ဆီဆိုင်မှာ ညဖက် ဆီသွားဖြည့်တဲ့ ရွာထဲက
လူတွေ ပြောကြတယ်ဗျ …. ခန္ဓာကိုယ် တစ်ခုလုံး သွေးတွေ
ပေကျံနေတဲ့ လူငယ်လေးကို အဲဒီနားတ၀ိုက်မှာ တွေ့ရတယ် ...တဲ့
ရုတ်တရက် ပြန် ပျောက်သွားတယ် … တဲ့၊ ခင်ဗျားတို့ ဆီဈေး
သက်သက်သာသာနဲ့ ၀ယ်ချင်ရင်တော့ ကျုပ်တို့ ရွာထဲ
လာခဲ့လေ ဗျာ ….

အဲဒီနောက်ပိုင်း …
ညတစ်ညတွင် သူနှင့် သူ့မိတ်ဆွေတစ်ဦးတို့ အဲဒီရွာဖက်သို့
ထွက်ခွာခဲ့ကြပါတယ်၊ သူ့ကားက ဓါတ်ဆီဖြည့်ဖို့ ဖြစ်ပြီး
သူ့မိတ်ဆွေကားက ဒီဇယ်ဆီ ဖြည့်ဖို့ပါ၊ သူတို့ မြို့က အထွက်
အပူချိန်ပြ ကိရိယာကို ကြည့်လိုက်တော့ အနုတ် ၁၂ ဒီဂရီ၊
ဒီလိုအေးစက်ပြီး ယာဉ် အသွားအလာ နည်းပါးတဲ့ အချိန်မှာတောင်
သူတို့မြို့၏ ဆီဆိုင်ရှေ့က ဈေးနှုန်းပြ စာမျက်နှာတွင် ဆီဈေးက
၁၂ ခရိုနာ ကျော်ကျော်၊ ၁၃ ခရိုနာ နီးပါး၊ သူ့ စိတ်ထဲမှာတော့
လျှပ်စစ်ကားတွေ၊ နေရောင်ခြည် စွမ်းအင်သုံးကားတွေ ဈေးပေါပေါ
ဖြင့် ၀ယ်စီးလို့ရရင် ကောင်းမယ်ဟု အတွေးစတို့ လွှင့်မျောလျက် …
ဟိုးတချိန် ဆယ်တန်းအောင်ကာစ ကျောင်းတော်ကြီးသို့ အသွား၊
သူတို့ ဦးချစ်မောင်လမ်းပေါ်ရှိ ကားမှတ်တိုင်များတွင် ရပ်မပေး
ခဲ့သော အမှတ်(၄၅) အမြန်ယာဉ်ကို မီးပွိုင့်မှာ စောင့်ပြီး စုပြုံ
ခိုစီးရသော နေ့တွေဆီ ပြန်သတိရရင် သက်ပြင်းတွေ တချချ ...။

သူ့မိတ်ဆွေကားက ရှေ့၊ သူ့ကားက နောက်၊ တိတ်ဆိတ်ငြိမ်သက်
နေသော တောလမ်းတချို့ကို ဖြတ်ကျော်ပြီးသောအခါ အိမ်ခြေ
အနည်းငယ်ဖြင့် အေးစက်စွာ ဖွဲ့စည်းထားသော တောရွာလေးရဲ့
မီးရောင်များကို လှမ်းမြင်နေရပါပြီ၊ ရုတ်တရက် သူ့မိတ်ဆွေ၏ ကား
ရပ်တော့မလိုလို ဖြစ်သွားတာကြောင့် သူလည်း မော်တော်ကားကို
ဂီယာပြောင်းပြီး အနောက်ကနေ သူ့ကားအရှိန်ကို လျှော့ချပေးပါတယ်၊
ကားမီးရောင်အောက်တွင် ကြည့်လိုက်တော့ သူ့မိတ်ဆွေက ကားတံခါး
ကို ဖွင့်ပြီး တစုံတယောက်ကို ခရီးသွားလမ်းကြုံ တင်ဆောင်နေတာပါ၊
ဒါကြောင့် သူ့မိတ်ဆွေကားကို ကျော်တက်ပြီး တောမြို့လေးရဲ့
ဆီဆိုင်သို့ သူ့ကားကို မောင်းနှင်းခဲ့ပါတယ်။

ဆီဆိုင်ရှေ့ ရောက်တော့ ဆီဆိုင်က ဈေးနှုန်းများကို ဖတ်ရင်း
သူ အင်မတန် ပျော်ရွှင်သွားပါတယ်၊ လွန်ခဲ့သော ၁၀ မိနစ်ခန့်
က သူတို့မြို့ရှိ ဆီဆိုင်ဈေးနှင့် နှိုင်းယှဉ်လျှင် ခရိုနာငွေ တစ်ကျပ်
နီးပါး သက်သာနေပါတယ်၊ ဘဏ်ကဒ်ကို စက်ထဲထည့်၊ ဆီဖြည့်တဲ့
ပိုက်ခေါင်းကို ဆီတိုင်ကီထဲထည့်လိုက်ပါတယ်၊ ရုတ်တရက်
ဆီဆိုင်မှာ ထွန်းထားတဲ့ မီးရောင်းများအကြား သူ့ရှေ့ မျက်နှာချင်း
ဆိုင်ကနေ အသက်အရွယ် ကြီးရင့်ပုံ ရတဲ့ လူကြီးတစ်ဦး သူထံကို
တည့်တည့်မတ်မတ် လာနေပါတယ်၊ သူ့နံဘေးနာကို ရောက်လာတဲ့
ထိုပုဂ္ဂိုလ်က …
`ကျုပ့်ကား ဟိုနားက လမ်းကြားထဲမှာ ပျက်နေလို့ဗျာ၊ ဖုန်းကလည်း
ဘက်ထရီ ကုန်နေတယ်၊ အဲဒါ ခင်ဗျား လက်ကိုင်ဖုန်းကို နှစ်မိနစ်
လောက် အသုံးပြုခွင့် ပေးပါလားဗျာ ...´

သူ့ကား ဆီဖြည့်လို့ ပြီးလုဆဲဆဲ ဖြစ်နေတာကြောင့် `ခဏလေးနော်´
လို့ ပြောပြီး ဆက်ပြီး ဆီဖြည့်နေခဲ့ပါတယ်၊ သူ့ရှေ့မှာ မတ်တပ်
ရပ်နေသော အကူအညီ လာတောင်းသည့် လူကြီးက ဆီဆိုင်က
ဈေးနှုန်းတွေကို ကြည့်ရင်း ခေါင်းတခါခါ လှုပ်ရင်း သူ့ပါးစပ်က …
မနေ့က ၆ ခရိုနာ ကျော်ကျော်ရှိတဲ့ ဆီဈေး၊ ဒီနေ့ရောက်တော့
၁၂ ခရိုနာတောင် ဖြစ်နေပါလား၊ မယုံနိုင်စရာပဲ ...တဲ့
သူ့ပါးစပ်က …
ဟုတ်လို့လားဗျာ၊ ဒီရက်ပိုင်း ဆီဈေးတွေ ဒီလောက်တက်နေတာ၊
ကျနော် ခုရက်ပိုင်း ဆီ တစ်လီတာ ၆ ခရိုနာ ဖြစ်တယ်လို့ မကြားမိ
ပါဘူး ဗျာ … လို့ ဆီဖြည့်ပိုက် လက်ကိုင်ကို ပြန်ချိတ်ရင်း ပြောလိုက်
ပါတယ်၊ အဲဒီနောက် ကားတံခါးကို ဖွင့်ပြီး ကားထဲတွင် ကျန်ခဲ့သော
လက်ကိုင်ဖုန်းကို ယူလိုက်ပါတယ်၊ ကားတံခါးကို ပိတ်ပြီး ဒီဖက်ကို
ပြန်လှည့်လိုက်သောအခါ သူ့နံဘေးတွင် စောစောက လူကြီး လုံးဝ
မရှိတော့ပါ၊ မိနစ်မပြောနှင့် စက္ကန့်ပိုင်း အချိန်အတွင်း ထိုလူကြီး
ဘယ်ရောက်သွားပါလိမ့်၊ ပတ်ဝန်းကျင်တစ်ခုလုံး လေတွေ တဝေါဝေါ
တိုက်ခတ်နေပါတယ်၊ တ၀ွီဝွီမြည်အောင် တိုက်ခတ်နေသော
လေတိုးသံများအပ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လူသားဆိုလို့
သူ တစ်ဦးတည်းသာ ...။

စဉ်းစားလို့ အဖြေမပေါ်သော မေးခွန်းများကို စဉ်းစားရင် သူ့ကား
ကို ချက်ချင်း မောင်းမထွက်သေးပဲ သူ့မိတ်ဆွေ အလာကို စောင့်နေ
ပါတယ်၊ ရုတ်တရက် ဆီဆိုင်ထဲ မောင်းဝင်လာတဲ့ သူ့မိတ်ဆွေ
ကားကို တွေ့လိုက်ရလို့ သူ့မိတ်ဆွေကားနံဘေးကို ရောက်သွား
ပါတယ်၊ ဒီလောက် အေးမြနေတဲ့ ရာသီဥတုမှာ သူ့မိတ်ဆွေကတော့
မျက်နှာတစ်ခုလုံး နီရဲပြီး ချွေးတွေ ထွက်နေပါတယ်၊ … ကြာလှချည်
လား၊ ခင်ဗျားကို စောင့်ရင် ကျနော်တောင် ဒီမှာ ထူးထူးဆန်းဆန်း
တွေ ဖြစ်နေတယ်ဗျ … လို့ သူ့စကား မဆုံးခင် သူ့မိတ်ဆွေက
ကြားဖြတ်ပြီး … ခင်ဗျားတော့ ဘယ်လို ထူးဆန်းတာတွေ တွေ့လည်း
မသိဘူး၊ ကျုပ်ကားပေါ် ခုနက လမ်းပေါ်မှာ တစ်ယောက်တည်း
လမ်းလျှောက်နေတာတွေ့လို့ ခေါ်တင်လာတဲ့ ကောင်လေး၊
စကားပြောနေရင်း ကားပေါ်မှာတင် ပျောက်သွားတယ်ဗျာ …

ဖြစ်ပုံက ဒီလို …
နှင်းတောထဲမှာ လမ်းလျှောက်နေတာ တွေ့လို့ ကျုပ်က ကားရပ်ပြီး
ခေါ်တင်တာ ခင်ဗျား တွေ့လိုက်တယ်နော်၊ အဲဒါနဲ့ ကားမောင်းရင်း
စကားတွေ ပြောဖြစ်ကြတယ်၊ သူ့အဖေက လွန်ခဲ့တဲ့ ၁၀ နှစ်
လောက်တုန်းက ဒီရွာထဲက ဆီဆိုင်မှာ ဆီဖြည့်ဖို့ အသွား၊
ဆိုင်နား ရောက်လှဆဲဆဲမှာ နှလုံးရောဂါကြောင့် ကားပေါ်မှာတင်
ကွယ်လွန်သွားတယ်လို့ သူ ပြောပြတယ်၊ သူ့ အဖေ မောင်းခဲ့ပြီး
သူတို့အိမ်က ဒီဇယ်ဆီသုံး ကားပေါ် သူ့အဖေ ကွယ်လွန်ခဲ့တဲ့
နေရာဟာ ဒီဆီဆိုင်နဲ့ သိပ် မဝေးဘူးလို့ ပြောတယ်၊ ဒီလိုနဲ့ စကား
ပြောနေရင်းကနေ စကားစ ပြတ်သွားတယ်၊ ဒါနဲ့ နံဘေးကို ကြည့်
လိုက်တော့ လူတစ်ယောက်လုံး ကားပေါ်ကနေ လုံးဝ ပျောက်သွား
တာ၊ တော်တော် ထူးဆန်းတာပဲ …

သူ့မိတ်ဆွေကို မေးခွန်းတစ်ခု သူ မေးလိုက်ပါတယ် …
… ခင်ဗျားကားပေါ် သူ့ကို ခေါ်လာတုန်းက ထူးခြားတာ ဘာတွေ့
ရလဲ၊ ဥပမာဗျာ … ပစ္စည်းတစ်ခုခု သူ့လက်ထဲမှာ တွေ့ရလား ….

သူ့မိတ်ဆွေ ပြောလိုက်သည်က …
… ဟာ … ဟုတ်ပြီ .. သူ့လက်ထဲမှာ မော်တော်ဆိုက်ကယ်စီးရင်
သုံးတဲ့ ဆိုက်ကယ်စီးဦးထုပ်ကို ကိုင်လာတာတော့ တွေ့တယ် …

crd-စစ်ငြိမ်းဒီေ

ghost ringtones













သရဲအသံလေးများကို ဖုန်း Ringtones ထည့်ချင်သူများအတွက် ghost ringtones လေးပါ။ သရဲအသံပေါင်း များစွာ ပါဝင်ပါတယ်။
စိတ်ဝင်စားပါက အောက်မှာဒေါင်းသွားပါ





>>>>download here<<<<