စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, March 13, 2014

#ကျတ်တွေရဲ့ရွာ#















ကျနော်တစ်ယောက်တည်း အိမ်က နွားလှည်းလေးကို တစ်ငြိမ့်ငြိမ့်နဲ့ မောင်းလာတယ်။
နဂိုထဲ ကသစ္ဆေ သရဲဆိုတာကို အယုံအကြည်မရှိဘူးလဲ မဟုတ်ပါဘူး နည်းနည်းတော့ ခက်ကြောက်ကြောက်ပဲ

ခုကလဲ ကျနော်တို့ ရွာရဲ့တောင်ဖက်က ထန်းနှစ်ပင် ရွာမှာ ကောက်ရိုးသွားတိုက်မလို့ မနက် တုံးမောင်းခေါက်တာနဲ့ အိမ်က ထွက်လာခဲ့တာ။
လမ်းက အမှောင်အတိ လရောင်လေး မမြင်မစမ်းနဲ့ လှည်းလေးကို မောင်းလာခဲ့တယ်။ နွားတွေက သွားနေကျ ဆိုတော့ ထွေထွေထူးထူး မမောင်းထိဘူး။ အိမ်က ယူခဲ့တဲ့ ဖက်ကြမ်းလေးကို အချမ်းပြေ ကောက်ဖွာလိုက်တယ် ။
ရွာထိပ်နား ရောက်တော့ လူတစ်ယောက်လှည်းကို တားပြီး လမ်းကြုံ လိုက်ချင်လို့ဆိုပြီး အတူတူလိုက်လာခဲ့တယ်။
သူက ကျနော့်ဆီက ဖက်ကြမ်းလေး တောင်းသောက်ပြီး သူက ထန်းနှစ်ပင် ရွာ မရောက်ခင် တစ်ရွာမှာနေတာတဲ့ ။


သူက ကျနော့်ကို ဘယ်သွားမလို့လဲ မေးတော့ ကျနော်က ကောက်ရိုးသွားတိုက်မလို့ပြောတော့ သူတို့ရွာမှာ ကောက်ရိုးတွေရှိတယ် ။တစ်ခါတည်း လိုက်ယူပါလား ဆိုတော့ ကျနော်လည်း ဟန်ကျတာပဲ ဆိုပြီး လိုက်သွားခဲ့တယ်။ သူတို့ရွာထဲ ရောက်တော့ တစ်ရွာလုံး ဆွမ်းထချက်ကြတာနဲ့ တူတယ်
တစ်ယောက်တစ်ပေါက်နဲ့ ဆူညံ နေတာပဲ ၊ ကျနော် နဲ့ လိုက်လာတဲ့ သူရဲ့ အိမ်ရောက်တော့ သူက "ခဏ လေးနော် အိမ်ပေါ် ပစ္စည်း သွားထားလိုက်အုံးမယ် ၊ပြီးရင် ကောက်ရိုးပုံ ဆီကို သွားပို့ပေးပါ့မယ် "
ပြောပြီး အိမ်ပေါ် တက်သွားတယ် ။ သိပ်မကြာပါဘူး ပြန်ဆင်းလာပြီး သူနဲ့ အတူ ကောက်ရိုးပုံ ဆီကို ထွက်လာခဲ့တယ်။
နေရာ ရောက်တော့ ကောက်ရိုးတွေကို လှည်းပေါ်တင် သူကလဲ ဝိုင်းတင်ပေးတော့ ခဏလေးပဲ လှည်းပြည့်သွားတာနဲ့ သူကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။

အပြန်ခရီးမှာ နွားတွေက လမ်းသိပြီး ဆိုတော့ လှည်းပေါ်မှာအိပ်ပြီးလိုက်လာခဲ့တယ်။
ရွာထဲ ရောက်တော့ မနက်လင်းစပြုနေပြီ ။
ရွာသားတွေက ကွက်ကြည့်ကွက်ကြည့်နဲ့
ကျနော်ထင်တာတော့ ကျနော် မိုးမလင်းသေးဘူး ရွာပြန်ရောက်လာလို့ တော်တော် ကြိုးစားတာပဲ လို့ ထင်လို့နေမှာဆိုပြီး အိမ်ကို မောင်းလာခဲ့တယ်။
အိမ်ရောက်တော့ နောက်ဖေးမှာ လှည်းကို ရပ် နွားတွေကို ဖြုတ် အစာကျွေး ပြီး ရေမိုးချိုး ထမင်းစားတာပေါ့။
ပြီးတော့ အိမ်ရှေ့ ကွပ်ပစ်လေးမှာ ထိုင်ပြီး ဖက်ကြမ်းလေး ဖွာနေတာ အိမ်နောက်ဖေးက အမေ့ အော်သံကြောင့် အလန့်တကြား အပြေးလေး သွားကြည့် တယ်။အိမ်နောက်ဖေးရောက်တော့ လှည်းရှေ့မှာ ဒေါသ ထွက်နေတဲ့ အမေ။ကျနော်ကိုတွေ့တော့

"နင့်ကို ကောက်ရိုးသွားယူခိုင်းတာ ၊
နင်ဘာတွေ ယူလာတာလဲ "

ဆိုတော့ကျနော်က

"ကောက်ရိုးယူလာတာလေ "

လို့ပြန်ပြောတယ်။ အမေက

"နင်ယူလာတဲ့ဟာကို ကြည့်အုံး အဲ့ဒါကောက်ရိုးတွေလားလို့ "

ပြောတယ်။ ကျနော်လှည်းကိုကြည့်လိုက်တော့ လှည်းပေါ်မှာ အမှိုက်တွေ အပြည့်ပဲ " ဟင် "
ကျနော် ယူလာတာ ကောက်ရိုးတွေပါ ဘယ်လိုဖြစ်လို့ ဒါတွေဖြစ်သွားတာလဲ "

လိုပြောတော့ အမေက

" ဒါတွေ နင် ဘယ်ကသွားယူလာတာလဲ "

လို့မေးတော့ ကျနော်က အကြောင်းစုံပြောပြလိုက်တယ်။ အမေက အံဩ ပုံဖြစ်
" ဒီရွာမှာ ငါငယ်ငယ်ထဲက နေလာတာ အဲ့ဒီနားမှာ ရွာရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူးတော် သွားသွား ဒါတွေ သွားပြန်ပစ် ၊ပြီးရင် ထန်းနှစ်ပင်ရွာ က ကောက်ရိုးတွေ သွားပြန်ယူလာခဲ့ "

လို့ပြောတော့ ကျနော်က ရယ်ရမလို ငိုရမလို ဖြစ်ပြီး နွားကို ပြန်တတ် ရွာက မျက်နှာဖုံး စွတ်ပြီး ထွက်လာခဲ့တယ်။ အမှိုက်တွေ ပြစ်ပြီး မကျေနပ်လို့ မနက်က နေရာ တစ်ခေါက်သွားပြန်ကြည့်သေးတယ်။ အမေပြောသလိုပဲ ဘာရွာမှမရှိ မြေပုံတွေပဲရှိတယ် ။ ကျနော်လည်း ကြက်သီးမွေးတွေထပြီး နွားကို ဒုန်းစိုင်းမောင်းပြန်လာခဲ့တယ်။
မနက်အစောပိုင်းက ကျနော် ကျတ် တွေနဲ့ တွေ့ခဲ့တယ်ဆိုတာ ပြောပြရင် ဘယ်သူမှယုံမှာမဟုတ်ဘူး...
ပြောမယုံ ကြုံမှသိတဲ့ ။
စာဖတ်သူရော ကျနော် တစ်ဂယ်တွေ့ခဲ့တယ်ဆိုတာကို ယုံရဲ့လားဗျာ....

#သရဲလေး...sky #

* နောက်တောက်တောက် နတ် * •~•~•~•~•~•~•~အိုးစူး~•~•










မလေးရှားလေယဉ်ကြီး ခရီးသည်
ရာချီတင်လို့ ဘယ်ဆီဘယ်ဝယ်
ရောက်နေလဲမသိရတဲ့ ၁၂ နိုင်ငံရဲ့ 
အပူကိုစာနာမိပါတယ်။
ဘယ်ဘာသာပဲကိုးကွယ်ကွယ်
ဘာအလုပ်ပဲလုပ်လုပ် ဖြူသလား
မဲသလား ချောသလား ရုပ်ဆိုးလား
မသိပေမဲ့ တခါတုံးက ညီဝမ်းကွဲ
တစ်ယောက် ၄ ရက်လောက်ကြာ
အောင် ပျောက်ဆုံးဖူးတဲ့ အဖြစ်
ကြောင့် ကိုယ်ချင်းစာမိတာပါ။
မောင်ငဲက ကျနော့် ညီဝမ်းကွဲပါ။
(အဆိုတော် အငဲ မဟုတ်ပါ။ကျ
နော်တို့ ဆီမှာ ကောင်လေးဆိုရင်
မောင်ငဲ အငဲ ငဲအို စသည်ဖြင့် ခေါ်
ကြပါသည်။)
အမေ့ ညီမကမွေးတာပါ။

"ပုံပြင်မဟုတ်ပါ"


အချိန်အားဖြင့် ၁၉၈၅ခုနှစ်ခန့်ကဖြစ်ပါသည်။မြစ်သားမြို့ပေါ်တွင် မြို့မအရှေ့ရပ် ၊မြို့မအနောက်ရပ်၊မင်းကုန်းရပ်၊ရှမ်းပွဲရပ်၊ရွှေသဌေးရပ်၊ဘူတာရပ်ဟူ၍ မြို့ပေါ် ၆ရပ်ကွက်လုံးရှိ လူအများ(နတ်ယုံကြည်သူများ)ကိုးကွယ်ရန်အတွက် မြို့မအရှေ့ရပ်ကွက်၏အရှေ့ထိပ်ကုန်းမြင့်ပေါ်တွင် နတ်ကွန်းတည်၍နတ်စင်ကုန်းမြေဟုအထင်ကရ သတ်မှတ်ထားခဲ့ပါသည်။
ထိုနတ်စင်ကုန်းတွင် မြင်းဖြူရှင်နတ်နန်းနှင့် ကိုးသိန်းရင်နတ်နန်းတို့ရှိရာ မြင်းဖြူရှင်နတ်နန်းရှေ့၌ လူကြီးသုံးလေးဖက်စာမက ရှိပေသည်။

#ကင်းစောင့်တဲ့ည#



တစ်ညသန်းကောင်ယံအချိန်ရွာထဲမှဆူညံသံများကြောင့်အိပ်နေရာကလန့်နိုးလာတာထွက်ကြည့်တော့ကျတော်တို့အိမ်မျက်စောင်းထိုးကဇော်ကြီးသူ့နောက်မှာလူအုပ်ကြီးဘာဖြစ်တာလဲပေါ့သွားကြည့်တော့ကင်းစောင့်ရင်းသရဲခြောက်လို့တဲ့အဲဒါမနေရဲတော့လို့ပြန်ပြေးလာတာပါတဲ့သူကြီးကိုမစောင့်ရဲတော့လို့တဲ့တောင်းပန်နေတာသူကြီးကမရဘူးနောက်ထပ်အဖော်အဖြစ်စောင့်ပေးဖို့ရွာကလူနှစ်ယောက်ထဲ့ပေးမှလှုပ်စိလှုပ်စိနဲ့ပြန်ပါသွားလေရဲ့အင်းမကြာခင်ငါ့အလှည့်ရောက်တော့မှာပါလားညစ်ညစ်နဲ့ပြန်အိပ်????????????????????????????? ကျတော်တို့ရွာကပန်းတောင်ရွာကျတော်တို့ရွာအရှေ့ဘက်မှာတောင်တန်းတွေနဲ့အနောက်မှာချောင်းတစ်ခုကစီးဆင်းလို့လယ်ကွင်းပြင်စိမ်းစိမ်းတွေနဲ့အင်မတန်သာယာပါတယ်။