စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, March 13, 2014

* နောက်တောက်တောက် နတ် * •~•~•~•~•~•~•~အိုးစူး~•~•










မလေးရှားလေယဉ်ကြီး ခရီးသည်
ရာချီတင်လို့ ဘယ်ဆီဘယ်ဝယ်
ရောက်နေလဲမသိရတဲ့ ၁၂ နိုင်ငံရဲ့ 
အပူကိုစာနာမိပါတယ်။
ဘယ်ဘာသာပဲကိုးကွယ်ကွယ်
ဘာအလုပ်ပဲလုပ်လုပ် ဖြူသလား
မဲသလား ချောသလား ရုပ်ဆိုးလား
မသိပေမဲ့ တခါတုံးက ညီဝမ်းကွဲ
တစ်ယောက် ၄ ရက်လောက်ကြာ
အောင် ပျောက်ဆုံးဖူးတဲ့ အဖြစ်
ကြောင့် ကိုယ်ချင်းစာမိတာပါ။
မောင်ငဲက ကျနော့် ညီဝမ်းကွဲပါ။
(အဆိုတော် အငဲ မဟုတ်ပါ။ကျ
နော်တို့ ဆီမှာ ကောင်လေးဆိုရင်
မောင်ငဲ အငဲ ငဲအို စသည်ဖြင့် ခေါ်
ကြပါသည်။)
အမေ့ ညီမကမွေးတာပါ။

ဒါပေမဲ့ 
ကျနော်တို့ တ၀မ်းကွဲညီအကိုတွေ
ညီအကိုအရင်းလိုပဲ သူ့ အိမ်နေ
လိုက်ကိုယ်အိမ်အိပ်လိုက် တစ်လ
ကိုးသီတင်းနေကြတယ်။ သူ့ အမေ
ကိုယ့် အမေလည်းမှတ်မထားဘူး
အားလုံးအမေလို့ ပဲခေါ်တယ်။
ငယ်ငယ်တုံးက နို့ စို့ တာတောင်
ကြုံတဲ့ အမေဆီဝင်စို့ ကြတယ်။

အဲ
လောက်တောင်စည်းလုံးကြတယ်။
မိဘတွေကလည်းဘယ်သူမွေး
ထားထား အားလုံးကိုယ်သားသမီး
လိုပဲ ကျွေးစရာရှိကြွေး ရိုက်စရာရှိ
ရိုက်တာပဲ။ကြီးမှသူ့ အမေကိုယ့် အ
မေ နဲနဲခွဲလာတယ်။
မောင်ငဲက၁၀ နှစ်ကျော်ကျော်ကျ
နော်က၁၂ နှစ်လောက် သူတို့ ညီ
အကိုအရင်း၎ယောက်ကျနော်တို့ 
က၃ယောက်။
ရွယ်တူတန်းတွေပခုံးဖက်ပေါင်းကြ
တာ။ကျနော်က မောင်ငဲရယ် သူ့ 
အကိုသအိုရယ်တွဲတော့ သူတို့ ဆီ
အိပ် သူတို့ အိမ်စား လုပ်စရာရှိတာ
ဝိုင်းကူလုပ် ကျနော့် အကိုတွေက
မောင်ငဲတို့ အကိုတွေနဲ့ ရွယ်တူတွေ
ဆိုတော့ ကျနော်တို့ အိမ်မှာနေတာ
များတယ်။အိမ်မှာကချက်ပလက်
ကားကြီးရှိတော့ ငါးရက်တစ်ဈေး
ဈေးပတ်ဆွဲတာလူပျိုပေါက်အကို
တွေနဲ့ အဖွဲ့ ကျဝိုင်းလုပ်ဝိုင်းစားကြ
တယ်။
ကျနော်တို့ ကလေးတွေကတောက်
တိုမယ်ရ နွားလွှတ် ဘဲကြောင်း
ကြက်ဥကောက် ထင်းရှာလောက်ပဲ
နယ်မြေအေးချမ်းတဲ့ ဒေသဖြစ်လို့ 
ကလေးတွေလဲမိဘတွေကအရေး
တယူထိမ်းနေစရာမလိုပါဘူး။
ကျနော်တို့ ဆိုတစ်ခါတစ်လေက
စားရင်းဆော့ ရင်းခြံထဲကကောက်
ရိုးတဲမှာအိပ်ချင်အိပ်ကြတာ။နွေး
တယ်ဗျ။သအိုနဲ့ ကျနော်များတယ်
မောင်ငဲကအသန့် ကြိုက်ကောက်
ရိုးတဲလိုညစ်စုတ်စုတ်မအိပ်ဘူး။
သူကအစားလည်းမက်တယ်။
ကောင်းမှလဲစားတယ်။စားလည်း
စားနိုင်တယ်။
တစ်နေ့ တော့ 
မောင်ငဲပျောက်နေတယ်ဗျ။
မှတ်မိသလောက်သတိမထားမိခင်
တစ်ရက်လောက်ကကို သူ့ ကိုမ
တွေ့ တာ။သတိထားမိတော့ လိုက်
ရှာတယ်။သူတို့ အိမ် ခြံထဲအနှံ့ 
ကျနော်တို့ အိမ် ဂိုဒေါင် သူသွား
တတ်တဲ့ နေရာ စုံအောင်ရှာလဲမရှိ
မှ လူကြီးတွေကိုအသိပေးတာတစ်
ညပြီးမှ။
လူကြီးတွေကလဲစိတ်ပူပြီးနေရာအ
နှံ့ ရှာကြတယ်။ဘယ်မှာမှမတွေ့ ကြ
ဘူး။နောက်ဆုံးသူ့ အကိုတွေနဲ့ မြို့ 
ဈေးပတ်ကားနဲ့ ပါသွားတယ်ထင်
ကြတယ်။ဒါပေမဲ့ ရာခိုင်နှုန်းအနဲ
တယ်။မောင်ငဲကလိုက်မှာမဟုတ်သလို အကိုတွေကလည်းခေါ်သွား
ရင်တော့ လူကြီးတွေအသိပေးမှာပဲ
နောက်ဆုံးမျှော်လင့် ချက်ပဲထား
လိုက်တယ်။ကျားဆွဲ ၀က်ဝံကိုက်
တော့မဖြစ်နိုင်ပါ။သားရဲတိရိစ္ဆာန်
များကျနော်တို့ ခေတ်ကျတော့ရွာ
ထဲမလာပါ။တောနက်ထဲမှာသွား
ရှာရကြောင်းသိရပါသည်။
နောက်ရက် ကားပြန်လာတော့လဲ
မောင်ငဲမြို့ လိုက်မသွားကြောင်းသိ
ရတယ်။ဆွေမျိုးမိဘတွေစိတ်ပူကြ
ခြေမကိုင်မိလက်မကိုင်မိ ပြာယာ
ခတ်ကုန်တယ်။ကျနော်တို့ လဲငိုကြ
ဝမ်းနဲကြပေါ့ ။မောင်ငဲသေပြီမှတ်
ပြီးမစားနိုင်မအိပ်နိုင်ဖြစ်ကြတယ်။
ရေနစ်တာလားဆိုပြီးချောင်းတစ်
လျှောက် ရွာသားတွေအကူအညီ
နဲ့ ဝိုင်းရှာတယ်အစအနတောင်မ
တွေ့ ဘူး။
နောက်ဆုံးတစ်ယောက်ပြောနှစ်
ယောက်ပြောနဲ့ ဆရာဦးစောလွင်ဆီ
ရောက်ကြတယ်။ဆရာကမောင်ငဲကို နတ်ဖွက်ထားကြောင်း မောင်ငဲ
ကအိမ်နောက်ရေသဖန်းပင်ကြီးမှာ
အပေါ့ သွားစွန့် လို့ နတ်စိတ်ဆိုးပြီး
ဖွက်ထားတယ်ပြောပါတယ်။
လူကြီးတွေကရေသဖန်းပင်ကြီးကို
အုန်းပွဲငှက်ပျောပွဲနဲ့ တောင်းပန်ကြ
လို့ တစ်ရက်ကြာမှမောင်ငဲကို
ကောက်ရိုးတဲထဲကထွက်လာတာ
တွေ့ ကြရတယ်။ခါတိုင်းလိုပဲရွှင်ရွှင်
လန်းလန်းကျမ်းကျမ်းမာမာပဲ။
သူပြောတာက ကျနော်တို့ ညီအကို
မိဘတွေသူ့ နာမည်တစ်ကြော်
ကြော်ခေါ်လို့ လိုက်ရှာနေတာတွေ့ 
လဲတွေ့ မြင်လဲမြင်ကြားလဲကြားရ
သတဲ့ ။ဒါပေမဲ့ ပြန်ပြီးပြောလို့ အော်
လို့ မရဘူးတဲ့ ။သူနဲ့ အတူလူချော
လူလှလူထွားကြီးတစ်ယောက်ရှိ
နေသတဲ့ ။မြို့ ကလာတာပြောပြီး
သူနဲ့ အတူကောက်ရိုးပုံမှာနေသတဲ့
ကောက်ရိုးပုံကလဲအပျံစားမွေ့ ယာ
တွေစောင်အသစ်တွေနဲ့ ကစားစရာ
တွေလဲအများကြီးတဲ့ ။လူထွားကြီး
ကသဘောကောင်းပြီး စားစရာ
သောက်စရာကောင်းပေ့ညွန့် ပေ့
ဆိုတာတွေချည်းကျွေးသတဲ့ ။
လူကြီးတွေကတော့အဖြစ်အပျက်
ကိုလုံးဝနတ်ဖွက်တယ်ဆိုတာယုံ
ကြည်သွားကြတယ်။
ကျနော်က မယုံဘူးဗျ။အဲတုံးကကျ
နော်တို့ ရှာတဲ့ အထဲကောက်ရိုးပုံတ
ဝိုက်ပါပေမဲ့ ကောက်ရိုးပုံထဲနှံ့ နှံ့ စပ်
စပ်မရှာခဲ့ ဘူး သူမှကောက်ရိုးပုံထဲ
တစ်ခါမှမ၀င်တတ်တာကိုး။
အသက်ကလေးရလာလို့ စဉ်းစား
ကြည့် တာတစ်ချက်က ဒီ၎ရက်လုံး
သူဘာအစားစာတွေစားသောက်အ
သက်ရှင်ခဲ့ သလဲလို့ တွေးပြီး
လောကမှာ သဘာဝလွန် ဖြစ်ရပ်
တွေအများအပြားရှိနေသေးပါလား
ဆိုတာသိခဲ့ ရပါတယ်။
ဟော အခု
မလေးရှားလေယဉ်အဖြစ်အပျက်
ဟာလည်း ဘယ်လိုထူးဆန်းအံ့ ဩ
ဘွယ်ရာအဖြစ်တွေနဲ့ ကြုံရမလဲဆို
တာ စောင့် မျှော်ရင်းပါသွားတဲ့ လူ
တွေဘေးမသီရန်မခပါစေနဲ့ လို့ ပဲ
ဆုတောင်းနေမိပါကြောင်း။

Ohe Sue Usoe.

No comments:

Post a Comment