စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၇) (ဇာတ်သိမ်း)

"မင်း ဘာလုပ်မလဲ။ ဒီမှာပဲ ငါ့ကို သတ်မှာလား"
Light ရိသဲ့သဲ့ Near ကိုပြောလိုက်သည်။

သူ လိမ်ညာရန် မကြိုးစားတော့ဘဲ လွယ်လွယ်ကူကူ ၀န်ခံလိုက်သည့်အတွက် အားလုံးပင် အံ့အားတသင့် ဖြစ်သွားသည်။

"သေချာ နားထောင် ဟေ့ကောင်.. ငါဟာ Kira၊ ငါဟာ ကမ္ဘာသစ်ရဲ့ အရှင်သခင်။ အခု ငါတို့နေနေတဲ့ ကမ္ဘာမှာ Kira ဟာ ဥပဒေပဲ။ Kira ကြောင့်ပဲ ကမ္ဘာကြီး ငြိမ်းချမ်းနေတာ။ Kira ပဲ အမှန်တရားဖြစ်လာရမယ်။ Kira ဟာ လူတိုင်းရဲ့ မျှော်လင့်ချက် ဖြစ်လာရမယ်။ မင်းဘာပဲပြောပြော Kira ရှိခဲ့တဲ့ ၆ နှစ်အတွင်းမှာ စစ်ပွဲတွေ ချုပ်ငြိမ်းခဲ့တယ်၊ သိပ်ကိုဆိုးသွမ်းတဲ့ လူဆိုးတွေ ကုန်သလောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးဟာ ကောင်းမလာသေးဘူး။ ယုတ်ညံ့ အကျင့်ပျက်တဲ့လူတွေ သိပ်ကိုများလွန်းတယ်။ တယောက်ယောက်က တာဝန်ယူပြီး ကမ္ဘာကြီးကို ကယ်မှဖြစ်မယ်။ ဒါကြောင့်လည်း ဒီစာအုပ်ကို ငါရကတည်းက ငါကိုယ်တိုင် ဒီတာဝန်ကို ယူမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ အေးလေ.. ဒီတာဝန်ဆိုတာကလည်း ငါမှပဲ လုပ်နိုင်မှာကိုး။ လူသတ်တာ မလုပ်သင့်မှန်း ဥပဒေနဲ့ မလွတ်ကင်းမှန်း ငါသိသားပဲ။ ဒါပေမယ့် တခြားနည်းမှ မရှိတော့တာ။ ဘယ်ကောင်များ ငါ့လို လုပ်နိုင်လို့လဲ။ ဒီလောက်လုပ်ခဲ့ပြီးမှကွာ.. ကမ္ဘာသစ် ထူထောင်ဖို့ဆိုတာ ငါပဲလုပ်နိုင်တာ"
Light တယောက် အော်ကြီးဟစ်ကျယ်ပြောလိုက်၊ တည်တည်ငြိမ်ငြိမ်ပြောလိုက်နှင့် စကားများ ဆက်တိုက်ပြောချသွားလေသည်။

Near ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။
"မှားတယ်။ မင်းဟာ လူသတ်သမားပါ။ ပြီးတော့ ဒီစာအုပ်ဟာလည်း လူ့သမိုင်းမှာ အဆိုးဝါးဆုံး လက်နက်တခုပဲ။ အမှန်တော့ မင်း သေမင်းကို ရှုံးသွားတာ။ စာအုပ်ရဲ့ ပါဝါကို မင်းမလွန်ဆန်နိုင်တာ။ ကမ္ဘာသစ်ရဲ့ အရှင်သခင်ဖြစ်ချင်တာကတော့ အဆိုးဆုံးပဲ။ တကယ်ဖြစ်သွားတာက လူတွေအများကြီးသတ်လိုက်တဲ့ လူသတ်သမား။ ဒါပါပဲ။ ဘာမှ ပြောစရာ မရှိတော့ဘူး"

... စောက်ရူးတွေ။ ဘယ်လောက်ပြောပြော နားကိုမလည်နိုင်ဘူး ...
Light ရင်ထဲတွေးရင်း
"Near မင်းအခုရထားတဲ့ စာအုပ်ရယ်၊ Aizawa ယူလာတဲ့စာအုပ်ရယ်၊ အဲဒီစာအုပ်တွေ အစစ်ဆိုတာ သေချာရဲ့လား"
ရုပ်တည်နှင့် မေးလိုက်လေသည်။

... ဟင်၊ ဒီကောင် အတည်လား၊ တပတ်ရိုက်ဖို့ ကြိုးစားနေတာလား ...
Near ပင် မရေမရာ ဖြစ်သွားသည်။

"ဒီစာအုပ်တွေ အစစ်ဟုတ်သလား မဟုတ်ဘူးလားဆိုတာ ငါတယောက်ပဲ သိတာနော်"
ကျန်လူများကို ကျောခိုင်းလျက် လမ်းလျှောက်ရင်း Light စကားများပြောနေသည်။

"Aizawa ရဲ့စာအုပ်ဟာလည်း အစစ်ဖြစ်တယ်ဆိုတာ သေချာဖို့ဆိုရင် ငါ့နာမည်ဖြစ်ဖြစ် Mikami နာမည်ဖြစ်ဖြစ် စာအုပ်ထဲမှာ ချရေးလိုက်ယုံပါပဲ"
Light ခပ်ဝေးဝေးတွင်ရပ်ရင်း ပြောလိုက်သည်။

"တကယ်လို့များ စာအုပ်က အစစ်ဆိုရင်..."
ကျောပေးလျက် Light ပြောရင်း နာရီအံဝှက်ကို ဖွင့်လိုက်လေသည်။
... ဒါမှမဟုတ်အတုပေါ့ကွာ ...
Light စိတ်ထဲမှကြိမ်းဝါးရင်း အိတ်ထဲမှ ဘောပင်ကို ဇတ်ကနဲ ဆွဲထုတ်၍ ရေးချလေသည်။

"ဖွက်ထားတဲ့ စာရွက်စဟေ့!!!!"
မျက်စိလျင်သော Lester အော်သံနှင့်အတူ အသီးသီး သေနတ်များဆွဲအထုတ်

"ဒိုင်း!!"
Matsuda ထံမှ သေနတ်သံ။

သူ့ကျည်ဆန်သည် Light ၏ ညာလက်ကို တည့်တည့်မှန်သည်။ Near ၏နာမည်တ၀က်သာ ရေးခွင့်ရလိုက်သည်။

သွေးချင်းချင်းနီသော လက်ကို ဘယ်လက်နှင့်ထိန်းကိုင်ရင်း Light မုန်းတီးစွာ လှည့်ကြည့်ပြီး
"ခွေးသား!!! မင်း ဘယ်သူ့ကို သေနတ်နဲ့ ပစ်တယ် ထင်နေလဲ!!! ငါ့ အကြောင်းသိမယ်ကွ!!!"

Matsuda ကား သေနတ်ဖြင့် ချိန်ထားရင်း
"မင်း ဘာကောင်လဲ!! မင်းအဖေ ဘာအတွက် အသေခံသွားတာလဲ!!"
တုန်ရီစွာ ပြန်အော်နေသည်။

"အဖေ ဟုတ်လား... ... Yagami Souichiro ကိုပြောတာလား။ သူတို့လို တရားမျှတမှု ဘာညာ အော်နေတဲ့လူတွေ ဒီလိုပဲ နောက်ဆုံးကျ ရှုံးကြတာပဲကွ!! မင်း အဲလို အဖြစ်မျိုး လိုချင်လို့လား!! သိပ်မတုံးစမ်းပါနဲ့ကွာ။ သတ်ပစ်လိုက်စမ်း!! ဒီကောင်တွေကို သတ်ပစ်လိုက်!!!!!!"
သွေးတစက်စက်ကျရင်း Light သွေးရူးသွေးတန်း အော်ဟစ်နေလေပြီ။

"ကိုယ့်အဖေကိုတောင် ကိုယ်တိုင် သေတွင်းတွန်းပို့ခဲ့တဲ့ကောင်.. မင်း အခုလည်း သူလိုလူမျိုးတွေကို မှိုချိုးမျှစ်ချိုး ပြောနေပြန်ပလား!! "
Matsuda ဒေါသတကြီး ပြန်အော်ပြန်သည်။

Light တည်ငြိမ်စွာစိုက်ကြည့်ရင်း လက်က လှုပ်ရှားသွားပြန်သည်။
ကျန်နေသော Near ၏နာမည်ကို သူ့သွေးနှင့် စာရွက်ပေါ်ရေးချင်းဖြစ်သည်။

"သူ့သွေး သူ့သွေး!!!!"
ဒီတခါတော့ သေမင်းစာအုပ် အလုပ်လုပ်ပုံအကြောင်း ဖတ်ရှုသိရှိထားသော Aizawa အော်လိုက်သည်။

"အား!!!! ဒိုင်း!! ဒိုင်း!! ဒိုင်း!! ဒိုင်း!!"
Matsuda အာခေါင်ခြစ်အော်ကာ တရစပ်ပင် ပစ်ထည့်လိုက်တော့သည်။

Matsuda ၏လက်မြန်မှုကြောင့် Near ၏နာမည်အပြည့်အစုံကို Light ပြီးအောင် မရေးနိုင်ခဲ့။

တကိုယ်လုံး ကျည်ဆန်ထိမှန်ကာ Light နောက်ပြန်လဲကျအသွား

"သတ်မယ်!!! ဒီကောင့်ကို သတ်မှဖြစ်မယ်!!"
Matsuda အော်ဟစ်ရင်း Light လဲကျနေရာသို့ ပြေးလာကာ ခေါင်းတည့်တည့်ကို ချိန်၍

"ဒိုင်း!!!"

ကျန်သူများ အပြေးဝင်ရောက်ဆွဲမှုကြောင့် ဖြူဖတ်ဖြူရော် မျက်လုံးအပြူးသား Light ၏ မျက်နှာဘေး တလက်မခန့်အကွာသို့ ကျည်ဆန်ဝင်ရောက်သွားခဲ့သည်။

သွေးအလိမ်းလိမ်းနှင့် Light ကား အတင်းလူးလဲထရင်း
"စောက်တလွဲ... ဟေ့ကောင် Mikami မင်း ဘာလုပ်နေလဲ!! လာစမ်း.. ဒီမှာ လာရေးစမ်း"

Mikami ကား ကြောက်ရွံ့ခြင်းတ၀က်၊ အံ့အားသင့်ခြင်းတ၀က်နှင့် ကြောင်၍သာ ကြည့်နေမိတော့သည်။

"Misa.. နင်ဘယ်မှာလဲ.. Takada ရော.. ဘယ်ရောက်နေလဲ ... တ.. တ .. တယောက်ယောက်လောက် .. ကျွတ်ကျွတ် ... နာလိုက်တာ.. နာလိုက်တာ ... "
Light လဲကျလျက်ကပင် ကယောင်ကတမ်း ရေရွတ်နေလေပြီ။

အဖြစ်အပျက်ကို မခံစားနိုင်တော့သော Mikami သည် သူ့လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော ဘောပင်ကို အံကြိတ်ကာ သူ့ရင်အုံထဲ အတင်းထိုးသွင်း သတ်သေလိုက်လေတော့သည်။

"အား!!!!!!!!!!!!!!"
Mikami ၏ အသံနက်ကြီးနှင့်အတူ သွေးများ တရကြမ်း ပန်းထွက်လာတော့သည်။

ထိုအချိန်တွင်ပင် ကောင်းကင်မှ အလင်းတန်းတခု ကုန်လှောင်ရုံပေါ်သို့ ကျရောက်လာသည်။
လဲကျနေသည့် Light ငြင်သာစွာထကာ တံခါးကို ဆွဲဖွင့်၍ အပြင်သို့ထွက်သွားလေတော့သည်။

"Light မပြေးနဲ့"
Aizawa တို့ လိုက်မည်အပြု

"Mr.Aizawa သူ့မှာ တခြား စာရွက်စတွေ ကျန်မှာ မဟုတ်တော့ပါဘူး။ လိုက်မနေပါနဲ့တော့။ ဒီဒဏ်ရာတွေနဲ့ သူ ဝေးဝေးလည်း ပြေးနိုင်မှာ မဟုတ်ပါဘူး"
Light ၏သွေးအိုင်အနီးမှ ကျနေသည့် စာရွက်စလေးကို ကိုင်ကြည့်ရင်း Near ပြောလိုက်သည်။

"Near ဒီတခါတော့ မင်းပြောတာ ငါတို့ နားမထောင်နိုင်တော့ဘူး"
Aizawa ပြောရင်း သူတို့ တဖွဲ့လုံး ထွက်လိုက်သွားတော့သည်။

"ဟုတ်ပါပြီလေ။ သူ့ကို ခင်ဗျားတို့ပဲ တာဝန်ယူလိုက်ပါတော့"
Near သဘောတူလိုက်လေသည်။

Light ကား ညနေခင်း နေရောင်အောက်တွင် တဦးတည်း ဦးတည်ရာမဲ့ပြေးနေသည်ကို မီးခိုးခေါင်းတိုင်ထက်မှ ထိုင်ကြည့်နေသူကား Ryuk။
... မင်းရှုံးသွားပြီ Light။ ဟိုးအစောကြီးထဲက ငါပြောထားတာ မှတ်မိသေးလား .. မင်းသေရမယ့်အချိန်ကြရင် မင်းနာမည်ကို ရေးရမယ့်သူဟာ ငါပါဆိုတာ။ အဲဒါ သေမင်းနဲ့ သေမင်းစာအုပ်ကို ပထမဆုံး ပိုင်ဆိုင်တဲ့ လူသားနဲ့ ကြားက သဘောတူညီချက်ပဲ။ မင်း ထောင်ကျသွားရင် ဘယ်တော့မှ သေမယ်ဆိုတာ ငါလည်း မသိဘူး။ အချိန်တွေ အကြာကြီး ငုတ်တုတ်ထိုင်စောင့်ရဖို့ကိစ္စကတော့ စိတ်ပျက်စရာပဲကွာ။ အခုလည်း မင်းဘ၀က ဆုံးပါပြီ။ မင်းဆက်ပြီး အသက်ရှင်လည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူးလေ။ မင်းဒီမှာပဲ သေလိုက်ပါတော့ ...

Light ကုန်လှောင်ရုံတခုထဲဝင်ကာ ပုန်းအောင်းရင်း အနားယူနေသည်။
Aizawa တို့တတွေသည် လူစုခွဲကာ Light ကိုရှာဖွေလျက်။

Ryuk သူ့လက်ထဲမှ သေမင်းစာအုပ်ကို ဖွင့်ကာ Light နာမည်ကို ရေးချနေလေပြီ။
... အေးလေ အရင်အချိန်တွေကတော့ ကျေနပ်စရာပါပဲ။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာတွေ အများကြီး လုပ်ခဲ့ရတာပဲ။ ငါတို့တွေ ပျင်းကို မပျင်းခဲ့ရပါဘူး။ အဲဒီအတွက်တော့ မင်းကို ကျေးဇူးတင်ပါရဲ့ ...

Light ၏မျက်လုံးအစုံလည်း ထာဝရ မှိတ်သွားခဲ့လေပြီ။

----------------------------------

ဤတွင် သေမင်းစာအုပ် ဇာတ်လမ်းတွဲကြီး ပြီး၏။

သေမင်းစာအုပ် (၃၇)

တလောကလုံး တိတ်ဆိတ်သွားသည်ဟု ထင်ရသည်။
လူအားလုံးသည် ထိတ်လန့်ကြောက်ရွံ့စွာ မလှုပ်မယှက် ရပ်လျက်။

တမိနစ်သာပြည့်သွားသည်၊ မည်သူမျှ သေဆုံးခြင်းမရှိ။
"ကျုပ်တို့ မသေဘူး!! ကျုပ်တို့ မသေဘူး!! တမိနစ်လောက်တောင်ရှိပြီ၊ ဘယ်သူမှ မသေဘူး !! "
Matsuda ၀မ်းသာအဲလဲ ထအော်တော့သည်။

"ဒါကြောင့် ပြောတာပေါ့။ သေမှာ မဟုတ်ပါဘူးဆို"
Near ပြန်ပြောလိုက်သည်။

Light မှာကား မျက်နှာပျက်လျက်။

Mikami မှာလည်း အဖြစ်အပျက်ကို နားမလည်နိုင်တော့။
"ဘာလို့ မသေတာလဲ!! ဘာလို့ မသေကြတာလဲ! အရှင်!! ကျနော် အရှင် ခိုင်းတဲ့အတိုင်း တသွေမသိမ်း အားလုံး လုပ်ခဲ့တာပဲ!!"
သူ မယုံကြည်နိုင်စွာပင် အော်ဟစ်နေတော့သည်။

"Lester, Giovanni ဒီကောင့်ကို ဖမ်းတော့!!"
Near အလျင်အမြန် အမိန့်ပေးလိုက်လေပြီ။

Mikami ထွက်ပြေးရန်ကြိုးစားသော်လည်း အတွေ့အကြုံရှိပြီးသား Lester နှင့် Giovanni ကိုမကျော်လွှားနိုင်။

"Giovanni စာအုပ်ကလေး ယူခဲ့ပါ"

Near စာအုပ်ကို ရလေသော်
"ကဲ အားလုံးပဲ နာမည်တွေကို သေချာကြည့်ကြပါ။ ဒီထဲမှာ နာမည်မပါတာဆိုလို့ တယောက်ပဲရှိတယ်။ Yagami Light ပဲ"
သူတို့ နာမည်များ ရေးထားသည့် စာမျက်နှာကို ဖွင့်ကာ Near သွေးအေးအေး ပြောတော့သည်။

"Mikami က မင်းကို 'အရှင်' လို့လည်း ခေါ်တယ်၊ ခိုင်းတာ အကုန်လုပ်ခဲ့တယ် လို့လည်း ပြောတယ်။ အဖြေက ရှင်းနေတာပဲ"
Near ပြောအပြီးတွင်

"ဒါ ထောင်ချောက်ဆင်တာ။ Near ငါ့ကို ထောက်ချောက်ဆင်တာ။ စာအုပ်ထဲ နာမည်ရေးပြီးတာတောင် မသေဘူးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲလို မသေတာကိုက ဒီကိစ္စကြီးဟာ လုပ်ကြံထားတဲ့ ထောင်ချောက်ဆိုတာ ပြနေတာပဲ!!"
Light ကြောက်အားလန့်အားနှင့် ကြံမိကြံရာ ပြောလေတော့သည်။

"ငါတို့တွေ မသေအောင်လို့ စာအုပ်ကို ပြင်ထားပါတယ်လို့ ငါမင်းကို ပြောသားပဲ"

"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ငါ မယုံဘူးကွာ"
Light ဘူးခံ ငြင်းလေပြီ။

သူ Mikami ကိုညွှန်ပြပြီး
"ငါ ဒီကောင့်ကိုတောင် သိတာမဟုတ်ဘူး"

Mikami ကား စိတ်ထိခိုက်စွာဖြင့် ငြီးငြူရင်း ကြမ်းပေါ်ပင် ဒူးထောက်ကျသွားလေသည်။

Aizawa ရှေ့ထွက်လာကာ Light ပခုံကို ကိုင်လိုက်ပြီး
"Light စိတ်လျှော့လိုက်ပါတော့။ Near နိုင်သွားပါပြီ။ ခုနလေးတင်ကပဲ ငါနိုင်သွားပြီ လို့ မင်းပြောခဲ့တယ်လေ။ အဲဒီ စကားက မင်း Kira ပါဆိုတာ ၀န်ခံတာနဲ့ အတူတူပါပဲကွာ"

Matsuda မှာလည်း ၀မ်းပန်းတနည်း
"Light ရာ... ဘာဖြစ်လို့ မင်း Kira ဖြစ်ရတာလဲကွာ"

Light ခေါင်းငိုက်စိုက်ချကာ ရပ်နေတော့ Mogi ရှေ့ထွက်လာကာ Light ကိုလက်ထိပ်ခတ်ရန်အလုပ်
"ရပ်စမ်း!!"
Mogi လက်ကို ပုတ်ချကာ Light ပြေးထွက်ကာ အသေပိတ်ထားသည့် တံခါးများကို ခြေနှင့်ကန်၊ လက်နှင့်ရိုက်ပုတ်ရင်း လွတ်မြောက်ရေးအတွက် သွေးရူးသွေးတန်း ကြိုးပမ်းနေတော့သည်။

"Light, L, Kira .. မင်းရှုံးသွားပြီ။ ဒါပေမယ့် မင်းစိတ်သက်သာအောင် မင်းဘာလို့ ရှုံးသွားလည်း ပြောပြပါမယ်"
Near ၏ စကားကြောင့် Light ပြန်လှည့်ကြည့်မိသည်။

"တကယ်တမ်းတော့ မင်း နိုင်ဖို့ပါပဲ။ တချိန်လုံး မင်းတွက်ထားတဲ့အတိုင်း ငါတို့ လုပ်ခဲ့တယ်။ စာအုပ်အတုကြီးကို ပြင်ခဲ့တယ်။ ဒါပေမယ့် စောစောက ငါပြောတဲ့ စာအုပ်ကို ပြင်ထားတယ် ဆိုတာမှာ စာအုပ်အစစ်လည်း ပါတယ်ကွ။ အတုကို ငါတို့ နည်းနည်းပဲ ပြင်လိုက်တယ်။ အစစ်ကိုတော့ လုံးလုံးကို တအုပ်လုံး လဲလိုက်တာ။ တကယ့်အစစ်က ဟောဒီမှာ"
Near ပြောပြောဆိုဆို သူ့အင်္ကျီထဲမှ သေမင်းစာအုပ်ကို ထုတ်ပြလိုက်လေသည်။

Light ကား မယုံကြည်နိုင်။
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး"

Near စာအုပ် ၂ အုပ်ကို ယှဉ်ချပြရင်း
"ငါတို့ Mikami ရေးတဲ့ ဘောပင်မျိုးပဲ သုံးခဲ့တယ်၊ သူ့လက်ရေးအတိုင်း တထေရာတည်းတူအောင် ရေးခဲ့တယ်၊ စာအုပ် ရိနေတဲ့နေရာ၊ ပြဲနေတဲ့နေရာ၊ နွမ်းနေတဲ့နေရာ အကုန်လုံး တစမကျန်တူအောင်ကို သေချာလုပ်ခဲ့တယ်။ ဒါတွေအားလုံးကို Giovanni တညတည်းနဲ့ အပြီးလုပ်ခဲ့တာပေါ့။ အခု ငါ ဟောဒီစာအုပ် အစစ်ကို ကိုင်လိုက်တဲ့အတွက် သေမင်းကိုလည်း ငါမြင်ရတယ်"
Near ပြောပြီး Light တို့အနား ရပ်နေသည့် သေမင်း Ryuk ကိုနှုတ်ဆက်လိုက်သည်။

"တွေ့ရတာ ၀မ်းသာပါတယ် သေမင်းကြီး။ ကျနော် Near ပါ"

"ဟဲဟဲ ငါကလည်း တွေ့ရတာ ၀မ်းသာပါ့ကွာ။ ငါ့နာမည် Ryuk ပါ"

သူတို့ စကားပြောနေသည်ကို ကြည့်၍ Light နားလည်လက်ခံလိုက်လေပြီ။
.... ဒီကောင် Ryuk နဲ့ စကားပြောနိုင်တယ်ဆိုတော့ တကယ်ကို စာအုပ်အစစ် သူ့ဆီမှာပေါ့ ...

"ဒီစာအုပ်ထဲမှာ တချို့စာရွက်တွေ ဖြဲထားတာတွေ့တယ်။ အဲဒီ အပြဲတွေပေါ်မှာ ရေးရင်ကော လူသေလားဗျ"
Near သေမင်း Ryuk ကိုမေးလိုက်တော့

"အေး သေတယ်"

"ထင်သားပဲ။ ဒါဖြင့် ဒီစာအုပ်ကို ပုံစံမျိုးစုံ၊ နည်းအမျိုးမျိုးနဲ့ သုံးလို့ရတာပေါ့။ မင်း ငါတို့ကို ဘယ်နှစ်ခေါက်များ ဒီလိုပုံစံနဲ့ ဘတ်ခဲ့သလဲ၊ လူဘယ်နှစ်ယောက်များ အသတ်ခံလိုက်ရလဲ Light။ မင်းဟာ တကယ့် Kira ပဲ"

... တခုခုတော့ မှားနေတယ်။ Mikami များ ငါ့ကို သစ္စာဖေါက်လိုက်သလား ...
Light တွေးရင်း Mikami ဘက်လှည့်ကြည့်လိုက်တော့

"မင်းထင်သလို မဟုတ်ဘူးဟေ့ကောင်"
Near အသံထွက်လာလေသည်။

"ဒါတွေအားလုံးဟာ Melo ကျေးဇူးတွေကွ။ ငါဒီလောက် ပြောနေတာတောင် မင်းသဘောမပေါက်သေးဘူးလား။ ဟောဒီ စာမျက်နှာကို ကြည့်လိုက်ပါဦး"
Near ပြောရင်း စာအုပ်ကို Melo သေဆုံးသောနေ့သို့ ပြန်လှန်ပြလိုက်တော့

... ဟင်! Takada နာမည်ပါလား။ သူ့ကို ငါသတ်တာပါ။ ဘယ်လိုဖြစ်လို့ သူ့နာမည်ပါနေရတာလဲ။ ဒါဖြင့် Mikami လည်း သူ့ကို သတ်ခဲ့တာပေါ့ ...
Light တွေးပြီး Mikami ကိုလှည့်ကြည့်တော့

"အရှင် က စောင့်ကြည့်ခံနေရတယ်၊ ဘာမှ လှုပ်ရှားလို့မရဘူးလို့ ပြောထားဖူးလို့ Takada ကို ကျနော်သတ်မှ ဖြစ်မယ်ဆိုပြီး .."
Mikami မရဲတရဲ ပြောလေသည်။

... မင်း စောက်ရူးပဲ။ မင်းကို ဒီနေ့ရောက်တဲ့အထိ ဘာမှ မလိုတာတွေ မလုပ်ပါနဲ့လို့ ပြောထားတာကို!! ...
Light ကား တယောက်တည်း ပေါက်ကွဲနေလေပြီ။

"Takada အဖမ်းခံလိုက်ရတဲ့သတင်းပြပြီးပြီးချင်းပဲ Mikami ဘဏ်ကို ထွက်သွားတယ်။ Mikami ဟာ လတိုင်း ၂၅ ရက်နေ့မှာပဲ ဘဏ်သွားလေ့ရှိတယ်။ သူ့လို အရာရာ တိတိကျကျ လုပ်တတ်တဲ့ လူတယောက်က ၂ ရက်အတွင်း ဘဏ်ကို ၂ ခါသွားတယ်ဆိုတာ ပုံမှန်မဟုတ်ဘူး။ သူ Safety Deposit အခန်းထဲကို ၀င်သွားမှန်း သိလိုက်ရတယ်။ အဲဒီထဲမှာ Takada နာမည်ရေးထားတဲ့ စာအုပ်ကို တွေ့တာပဲ"
Giovanni ရှင်းပြလိုက်သည်။

"Light မင်းဟာမင်း စာရွက်အပိုင်းအစလေးနဲ့ လူသတ်လို့ရပေမယ့် Mikami လည်း မင်းသတ်တဲ့လူကိုပဲ သတ်မိလိမ့်မယ်ဆိုတာ မစဉ်းစားမိလိုက်ဘူးပေါ့။ အေးလေ.. အဲဒီအဖြစ်အပျက်ကြောင့်ပဲ စာအုပ်အတု ရှိနေနိုင်တယ်ဆိုတာကို ငါစဉ်းစားမိတာပါ။ Melo ကိုငါအများကြီး ကျေးဇူးတင်ရတယ်။ သူ့ကြောင့်သာ အခုလို လုပ်နိုင်တာ"
Near ပြောပြန်သည်။

... ဒီလိုတွေ ဖြစ်လိမ့်မယ်ဆိုတာ Melo ကြိုသိခဲ့သလား ...
Ridner တွေးနေမိလေသည်။

Melo သည် မသေမီက Ridner ထံဆက်သွယ်၍ သေမင်းစာအုပ် အလုပ်လုပ်ပုံများကို မေးမြန်းခဲ့သည်။ ထို့နောက် Ridner နားမလည်နိုင်သည့် 'ငါ လုပ်မှပဲ ဖြစ်မှာ' ဆိုသည့် စကားကို ပြောသွားခဲ့လေသည်။

Near စကားဆက်နေသည်။
"Melo ရော ငါရော တယောက်ချင်းမှာ L ကို မမှီပါဘူး။ ဒါပေမယ့် နှစ်ယောက်ပေါင်းလိုက်ရင်တော့ L ကိုယှဉ်နိုင်ယုံတင်မကဘူး၊ L ထက်ပါသာနိုင်တယ်။ ဒါကို Melo လည်းသိတယ်။ ဒါကြောင့် L ကိုယ်တိုင် အနိုင်မယူနိုင်ခဲ့တဲ့ Kira ကိုယှဉ်ဖို့ ငါနဲ့ လက်တွဲခဲ့တယ်။ အဲဒီအကျိုးဆက်ကြောင့် အခု ငါတို့ Kira ကိုမိပြီ။ ငါပြောသွားတဲ့အချက်တွေကို မင်းငြင်းနိုင်သေးရင်တော့ ငြင်းပါ။ ဒါမင်းရဲ့ အခွင့်အရေးပဲ"

Near စကားအဆုံးတွင် Light အူလှိုက်သည်းလှိုက် အရူးတယောက်ကဲ့သို့ ရယ်ပြီး
"ဟုတ်တယ်။ ငါ Kira ပဲ

သေမင်းစာအုပ် (၃၆.၂)

အဖွဲ့ နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင်ရင်ဆိုင် ရပ်လျက်ရှိကြသည်။

Light သူ့ရှေ့မှ လူများကို ကြည့်ရင်း
... Near မင်း L လောက် မတော်ပါဘူးကွာ။ L ရဲ့မျက်နှာပုံစံ မျက်နှာဖုံးနဲ့ မင်းနဲ့ မတန်ပါဘူး ...

Aizawa က မိတ်ဆက်ပေးသည်။
"L အဲဒီလေးယောက်က SPK ကပဲ။ မျက်နှာဖုံး စွပ်ထားတာကတော့ Near ပါ"

Matsuda ကသိပ်သဘောမတွေ့။ သူ Near ကိုအော်ပြောလိုက်သည်။
"မင်းလုပ်ပုံက မဟုတ်သေးဘူး။ သူများကိုတော့ Kira လို့ စွပ်စွဲတယ်။ ဒါပေမယ့် မင်းကိုယ်တိုင်ကျတော့ မျက်နှာဖုံးကြီးစွပ်ပြီး ကိုယ့်ကိုယ်ကိုပဲ မသေအောင် ကာကွယ်ထားတယ်"

Near အေးအေးပင် ပြန်ရှင်းလိုက်သည်။
"ဒါက လိုလိုမယ်မယ်ပါ။ ကျနော်ကလွဲလို့ ကျန်တဲ့လူတွေအားလုံးကို Kira မြင်ဖူးပြီးသားဆိုတာ ကျနော် ပြောရဲတယ်။ ခုလောက်ရှိ ခင်ဗျားတို့နာမည်တွေ အားလုံး ရေးချပြီးရောပေါ့။ အဲတော့ကာ ကျနော့်ကို ၁ နာရီလောက်.. အင်း မိနစ် ၃၀ လောက်စောင့်ကြည့်ဖို့ အချိန်ပေးဗျာ။ တယောက်ယောက်များ Kira ပြုစားခံရပြီး သေမလားလို့ သိချင်လို့ပါ"

Near စကားကြောင့် အားလုံး ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။

"ဘာရယ်! ငါတို့ သေမသေ စောင့်ကြည့်မယ်!"
Matsuda ဒေါသတကြီး ဆိုလေသည်။

Aizawa မှာ
... အင်း Light သာ Kira ဆိုလို့ကတော့ ငါတို့ မသေဘူးလို့ မပြောနိုင်ဘူး။ ပြီးတော့ ငါတို့ အသက်ရှင်နေလို့ သူ့အတွက် ဘာမှ အကျိုးရှိမှာမှ မဟုတ်တော့ပဲ ...

Light ကတော့
... အချိန်ဖြုန်းနေယုံရှိတာပေါ့။ ငါ ရယ်ချင်တာကို ဒီလောက် ခက်ခက်ခဲခဲ ထိန်းထားရလိမ့်မယ်လို့ မထင်မိဘူးကွာ။ ဟိုကောင် ရောက်လာရင် ပွဲပြီးပြီကွ ...

အားလုံးကား ရင်ထိတ်ကာ ချွေးများပြန်လျက်။
Matsuda မှာ ကြောက်ရွံ့စွာနှင့် နာရီကိုသာ သဲသဲမဲမဲ ကြည့်နေသည်။
အချိန်ကား တစတစ ကုန်လာသည်။

မိနစ် ၃၀ ကြာသော်
"Near မိနစ် ၃၀ ပြည့်ပြီကွ။ ဘယ်သူမှ ဘာမှ မဖြစ်ဘူးတွေ့လား"
စိတ်မထိန်းနိုင်သော Matsuda အော်ပြောလိုက်သည်။

"ဘယ်ဖြစ်မလဲ၊ ငါတို့ထဲမှာ Kira မှ မရှိတာ"
Light ကပြောလိုက်လေသည်။

"အင်း ဟုတ်ပြီ။ ဘယ်သူမှ ဘာမှမဖြစ်ဘူးဆိုတော့ ကျနော်လည်း မျက်နှာဖုံး ချွတ်လို့ရပြီပေါ့"
ပြောပြောဆိုဆို Near သူ့မျက်နှာဖုံးကို ချွတ်လိုက်လေတော့သည်။

မျက်နှာဖုံးချွတ်လိုက်သော Near ကို Light စူးစူးစိုက်စိုက် ကြည့်နေသည်။
Near က ခပ်တည်တည်နှင့် ရိသဲ့သဲ့ ပြုံးပြလိုက်ပြီး ယခင်လိုပင် ငြိမ်နေလိုက်သည်။

Light စိတ်မရှည်တော့။
"ဒါက ဘာသဘောလဲ Near။ မင်း ဘာကို စောင့်နေသေးတာလဲ"

Near တလုံးချင်း ပြောပြလိုက်သည်။
"စောင့်နေတာ.. ဟုတ်တယ်၊ စောင့်နေတာ။ ဒီပြဿနာကြီးကိုရှင်းဖို့ လိုနေတဲ့ နောက်ဆုံးတယောက်ကို စောင့်နေတာ"

Ide အံ့သြတကြီးနှင့် ထုတ်မေးမိသည်။
"ဘာရယ် လိုနေတဲ့တယောက် ဟုတ်လား"

"ဟုတ်တယ်။ ခဏနေရင် သူရောက်လာမှာပါ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီအဆောက်အဦးကြီးက အလုံပိတ်ကြီး။ ဒီထဲကို ၀င်ဖို့ ဟိုတံခါးတချပ်ပဲရှိတယ်။ သူအဲဒီတံခါးကနေ ၀င်ကို ၀င်လာရမယ်၊ ဒါမှမဟုတ် အဲဒီကနေ ချောင်းကြည့်ရလိမ့်မယ်"
Near က Light ကိုယ်တိုင်ဖွင့်ပြီး ၀င်လာခဲ့သည့် တံခါးကိုညွှန်ပြပြီး ပြော၏။

"မင်း ဘယ်ကောင့်ကို ပြောနေတာလဲကွ၊ ဟိုလိုလို ဒီလိုလို လုပ်မနေနဲ့၊ ပြောစမ်းကွာ အဲဒီကောင် ဘယ်သူလဲဆိုတာ"
Matsuda မည်သို့မျှ သည်းခံနိုင်စွမ်းမရှိတော့။

"လောလောဆယ် Kira လုပ်နေတဲ့ကောင်ပါ၊ သူကိုယ်တိုင်ကတော့ Kira မဟုတ်ဘူး၊ သူက Kira အစား လူတွေသတ်ပေးနေတာ။ ကျနော့်အခေါ်အရတော့ X-Kira ပေါ့။ သူ စာအုပ်ယူပြီး လာပါလိမ့်မယ်။ ပြီးတော့ ကျနော့်နာမည်ကို စာအုပ်ထဲရေးလိမ့်မယ်၊ အဲ စာအုပ်အကြောင်းသိတဲ့လူတိုင်းရဲ့ နာမည်ကိုလည်း ရေးလိမ့်မယ်"
Near သေသေချာချာ ပြောပြလိုက်တော့သည်။

"ဘာတွေပြောနေတာလဲကွာ၊ ငါနားကို မလည်တော့ဘူး။ နောက်တယောက် ရောက်လာပြီး ငါတို့ကို သတ်လိမ့်မယ် ဟုတ်လား"

"အဲလို သတ်မှာကို ငါတို့က ထိုင်စောင့်နေရမယ် ဟုတ်လား"
Matsuda တို့ Ide တို့ ပြာပြာသလဲလဲ မေးကြလေ၏။

"ဟုတ်တယ်။ သူသတ်တာကို ထိုင်စောင့်ရမယ်။ သူ ဒီထဲဝင်လာရင် နှုတ်ဆက်ယုံပဲ နှုတ်ဆက်ရမယ်၊ တကယ်လို့ ၀င်မလာဘဲ အဲဒီတံခါး နည်းနည်းလေးပဲ ဟသွားတာ ခင်ဗျားတို့ သတိထားမိရင်လည်း မသိချင်ယောင်ဆောင်နေရမယ်"

"ဟာ မင်းရူးနေလား!"
Matsuda အော်သံအပြီးမှာပင် တံခါးဟသွားသည်ကို Near သတိထားလိုက်မိသည်။

"သူ ရောက်လာပြီ"
Near စကားသံအဆုံး အားလုံး မျက်လုံးများက တံခါးဆီရောက်သွားသည်။
တံခါးနောက်ကွယ်မှ မျက်လုံးတစုံကို သူတို့အားလုံး သေချာစွာ မြင်ရလေပြီ။

Mikami ကား သူနာမည်မမြင်ရသည့် Light ကို Kira မှန်းချက်ချင်းသိလိုက်သည်။
... အရှင်!!! ....

Mikami လွန်စွာ ကျေနပ်သွားပြီး ကျန်လူအားလုံး၏ နာမည်များကို အသေအချာမှတ်ကာ သေမင်းစာအုပ်ထဲ လျင်မြန်စွာပင် ရေးထည့်လေတော့၏။

စိတ်မြန်သော Matsuda မှာ သေရမည်စိုး၍ အော်ဟစ်ကာ သေနတ်ကို ဆွဲထုတ်လေတော့သည်။
SPK အဖွဲ့ဝင်များကလည်း ချက်ချင်းပင် သေနတ်များထုတ်ကာ Matsuda ကိုချိန်၍
"လုံးဝ မလှုပ်ပါနဲ့!"

အခြေအနေကို Near ၀င်ထိန်းပေးလိုက်ရသည်။
"ဘယ်သူမှ သေမှာ မဟုတ်ဘူး! စိတ်မပူကြနဲ့ !!"

Near အပြောကြောင့် နည်းနည်းတော့ စိတ်အေးသွားကြသည်။ သိပ်တော့ မယုံချင်ကြသေး။
"ဟ မင်းက ဘယ်လိုလုပ် သေမှာမဟုတ်ဘူးလို့ ပြောနိုင်ရတာလဲ"

"ကျနော် စာအုပ်ကို ပြင်ထားတယ်။ ကျနော့်လက်ထဲ စာအုပ်ရောက်လာတုန်းက စာရွက်တွေ လဲထားလိုက်တာ။ အခုအပြင်မှာ Kira အစား နာမည်တွေရေးနေတဲ့ကောင်က တနေ့ကို တမျက်နှာတိတိ မှန်မှန်ရေးနေခဲ့တာ။ အဲဒီတော့ ဒီနေ့အတွက် စာရွက်ကို ကျနော်လဲထည့်ထားခဲ့တယ်။ ဒါကြောင့် မသေနိုင်ဘူးလို့ ပြောတာ"

ထိုအချိန်အထိ Mikami မှာ နာမည်များကို ရေးဆဲ။ အထဲမှာ ပြောနေကြသည်များကို သူမကြား။

"အပြင်ကကောင် နာမည်တွေရေးပြီးရင် ကျနော်တို့ သေမသေ သေချာအောင် ပြန်ချောင်းကြည့်လိမ့်ဦးမယ်။ အဲဒီအခါကျ ခင်ဗျားတို့ သူ့ကို ဖမ်းလို့ရပါပြီ။ သူ့ဆီက စာအုပ်ယူပြီး ကြည့်ကြမယ်။ စာအုပ်ထဲမှာ နာမည်မပါတဲ့လူဟာ Kira ပဲပေါ့"

Light ကား Near ပြောနေသည်များကို နားထောင်ရင်း ရယ်ချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေရသည်။
.... တကယ်ကို ငါကြံစည်ထားတဲ့အတိုင်းပဲကွာ။ မင်းစာအုပ်ကို ပြင်လိမ့်မယ်လို့ ငါတွက်ထားပြီးသားပါ Near။ အဲဒီမှာ မင်းရှူံးသွားတာပဲ။ မင်းပြင်လိုက်တဲ့ စာအုပ်ဟာ Mikami ကို ငါလုပ်ခိုင်းထားတဲ့ စာအုပ် အတုကြီးကွ။ စာအုပ်အစစ်ကို ဖွက်ထားပြီး အခုမှ ထုတ်သုံးခိုင်းထားတာကွ။ ဟားဟားဟား ....

Light သည် Mikami ကို စာအုပ် အစစ်နှင့်မခြား တအုပ်လုပ်ခိုင်းခဲ့ပြီး စာအုပ်အစစ်ကို Takada ဆီသို့ပို့ခိုင်းခဲ့သည်။ ထိုနောက်ပိုင်း တကယ်တမ်း လူသတ်မှုများ ကျူးလွန်နေသည်မှာ Takada ဖြစ်သည်။ Mikami မှာကား လူလယ်ခေါင်တွင်ပင် စာအုပ်ကို အသုံးပြုမှုများ ပြုလုပ်ခိုင်းခဲ့သည်။ ရထားပေါ်မှ လူသတ်မှုသည်ပင် တကယ်တမ်း Takada မှကျူးလွန်ခဲ့ခြင်းဖြစ်သည်။ လူသတ်မှု မကျူးလွန်မီ Mikami မှ Takada ကို ဖုန်းဖြင့် နာမည်ပြောပြခဲ့ခြင်းဖြစ်လေသည်။ ထို့ပြင် အစစ်နှင့်အတု ခွဲမရစေရန် စာအုပ် ၂ အုပ်လုံးတွင် နာမည်များတူညီစွာ ရှိနေဖို့ သူတို့ နှစ်ယောက် ဆက်သွယ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ Near ကို ယခုလို လှည့်စားရန် တရက်လျင် တမျက်နှာထက် မပိုရန်၊ မလျော့ရန်လည်း Light မှညွှန်ကြားထားခဲ့သည်။ ထို့ပြင် Light သည် ပို၍ သေချာရန် Mikami ကို သေမင်းစာအုပ်အတုအား နေ့စဉ်သေချာစစ်ဆေးရန် ညွှန်ကြားခဲ့ရာ စာအုပ်ကို ပြုပြင်ထားမှန်း ကြိုတင်သိရှိခဲ့သည်။

... Mikami ဆီက စာအုပ်ပြင်ထားတယ် သေချာတယ်ဆိုတာ သိရကတည်းက ငါနိုင်ပြီဆိုတာ သေချာနေခဲ့တာပေါ့ကွာ။ စာအုပ်အစစ်ကို ဖွက်ထားပြီး အခုမှ ထုတ်သုံးတယ်ဆိုတာ မင်းတို့ မသိတာမှာ ခံရတာပဲ။ ဒါပေမယ့် Near မင်းနိုင်ဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ မင်း L လောက် အသုံးမကျခဲ့လို့ မနိုင်တာပါ။ မင်း သိပ်ပျော့ညံ့လွန်းတယ်။ L သာဆိုရင် ဒါ စာအုပ်အတု ဖြစ်နိုင်တယ်လို့ တွေးမိပြီး စာအုပ် အစစ်ဟုတ်မဟုတ် စမ်းကြည့်ဦးမှာ။ အဲဒီအခါကျရင် အတုမှန်း သိမှာပဲ။ မင်း ငါ့ပြိုင်ဘက်မဟုတ်ပါဘူး Near။ မင်းက လှလှပပလေး နိုင်ချင်တယ်။ မင်းရဲ့ အဲဒီအမှားကြောင့် ဒီက လူတွေ အကုန်သေရတော့မယ်။ Kira ကတော့ လုံးဝ အနိုင်ရသွားတော့မှာပေါ့လေ ....
Light ကျေနပ်စွာ တွေးလိုက်ပြီး
"အပြင်က တယောက်၊ နာမည်တွေ ရေးလို့ ပြီးပြီလားဗျ"
ပျူငှာစွာ လှမ်းမေးလိုက်သည်။

Mikami ကား Light အသံကြားသည်နှင့် ချက်ချင်း သိလိုက်သည်။
... ငါ့ရှင်! ...
"ပြီးပါပြီ"

အဖြေအကြားတွင် Light ကျေနပ်လွန်း၍ ရယ်မောချင်လာကာ ပါးများပင် တဆတ်ဆတ်တုန်လာတော့သည်။
... ဟင့်အင်း မရယ်နဲ့ဦး။ စက္ကန့် ၄၀ မှာ လူတိုင်းသေမယ်။ ငါ့အနိုင်ကို ၃၅ စက္ကန့်မှာမှ ကြေငြာမယ်။ အောင့်ထားလိုက်ဦး နောက် ၃၅ စက္ကန့် ...

Near ကရုတ်တရက်
"နည်းနည်း မထူးဆန်းဘူးလား။ သူ ဘာလို့ မင်းမေးခွန်းကို မလိမ်မညာ အမှန်အတိုင်း ဖြေတာလဲ"

Light က ရုပ်တည်နှင့်
"သြော်.. ဘယ်သူ သိတာလိုက်လို့၊ သူက လူရိုးလေးဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် မင်းအကြံအစည်တွေကို တွေးမိပြီး မင်းထက်သာအောင် လုပ်လိုက်နိုင်လို့ အမှန်အတိုင်း ပြောတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"

"Mikami Teru။ အထဲဝင်လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျား Kira အတွက် လူတွေသတ်ပေးနေတယ်ဆိုတာလည်း ကျနော်သိပါတယ်။ လာပါ၊ ၀င်ခဲ့ပါ"
Near ရဲရဲရင့်ရင့် ဖိတ်ခေါ်လိုက်သည်။

Mikami ကား ရုတ်တရက် ကြောင်ကာ ဘာလုပ်ရမှန်းမသိ။

"ခင်ဗျား နာမည်တွေ ရေးပြီးပြီဆိုမှတော့ ဘာကြောက်စရာ ရှိလဲဗျ။ ၀င်လာခဲ့ပါ"
Near ထပ်ခေါ်လိုက်ပြန်သည်။

"Mikami Teru ဟုတ်လား။ ကဲ အဲဒီမှာ ပုန်းမနေပါနဲ့တော့။ ၀င်ခဲ့လိုက်ပါ"
Light စိတ်လက်ပေါ့ပါးစွာ ရွှင်ရွှင်မြူးမြူး ခေါ်ပေးလိုက်တော့

... ငါ့ရှင်! ....
Mikami ချက်ချင်းပင် တံခါးဝတွင် ပေါ်လာတော့သည်။

"ပထမဆုံး နာမည်ရေးပြီးတာ ဘယ်လောက်ကြာပြီလဲဗျ"
Light က မဆိုင်းမတွ မေးလိုက်တော့

Mikami နာရီကို သေချာစွာကြည့်ကာ
"၃၀...၃၁...၃၂...၃၃...၃၄...၃၅...၃၆...၃၇...၃၈...၃၉"

Light အလျင်အမြန် ဖြတ်ကာ
"Near.. ငါနိုင်သွားပြီ"

ထိုအခိုက်မှာပင် Mikami ၏အော်သံထွက်လာတော့၏။
"၄၀!!!!!