စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၅.၂)

Takda နှင့် Light တို့ တွေ့ကြသည်တွင် Mikami အား နောက်ဆုံးတာဝန် ပေးလိုက်သည်။ ယင်းမှာ Near အားသတ်ရန်။

နောက်တရက် Takada သတင်းကြေငြာရန် NHN သို့လုံခြုံရေးများနှင့် ရောက်လာလေပြီ။
သူ ကားထဲမှ ထွက်ကာ အဆောက်အဦတွင်း ၀င်ရန် ခြေလှမ်းလိုက်စဉ်..
NHN ၀င်းအပြင်ဘက်တွင် ရပ်စောင့်နေသော ကားတစီး အတင်းမောင်းဝင်လာကာ ၀င်ပေါက်ရှေ့ လူအုပ်ထဲသို့ မီးခိုးမှိုင်း ပစ်သွင်းလိုက်လေသည်။

ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် လုံခြုံရေးများ ရှုပ်ယှက်ခတ်သွားသည်။ တိုက်ခိုက်လာသော ကားမှာ ချက်ချင်းပင် မောင်းပြေးသွားလေသည်။

Takada နားတွင် Ridner သာကျန်ခဲ့လေသည်။ သူတို့နှစ်ယောက် NHN ထဲသို့ အပြေးဝင်မည်အပြု ဆိုင်ကယ်တစင်းထိုးစိုက်လာကာ
"ဒီလို တိုက်ခိုက်ခံရတဲ့အချိန် ဒီထဲပြေးဝင်ရင် မှားမှာပေါ့။ အထဲမှာ မတိုက်ခိုက်ဘူးလို့ မပြောနိုင်ဘူး။ ဒီနေရာက ထွက်ပြေးတာ အကောင်းဆုံးပဲ။ Takada မြန်မြန်လေးတက်ပါ"
ဆိုင်ကယ်သမားက လှမ်းအော်ပြောလေ၏။

Ridner ဆိုင်ကယ်သမားမည်သူဆိုသည်ကို ချက်ချင်းသိလိုက်သည်။
... Melo ...

"ဟုတ်တယ် Takada၊ ဘာမှ စိတ်မပူနဲ့။ သူနဲ့အတူ လိုက်သွားတာ အကောင်းဆုံးပဲ"
သူ့ကိုယ်ရံတော် ပြောသည်ကို လုံးဝ ယုံကြည်စွာ Takada ဆိုင်ကယ်ပေါ်ပါသွားတော့သည်။

ထိုအခါမှ Ridner ကျန်လုံခြုံရေးများကို အမိန့်ပေးလိုက်သည်။
"A Team နဲ့ B Team က Takada ကိုလိုက်စောင့်ရှောက်ပါ။ ကျန်တဲ့ အဖွဲ့တွေ ခုနက ကားနောက်ကို လိုက်"

ဆိုင်ကယ်ကို လုံခြုံရေးများ မှီလာသည်။
"Takada ကောင်းကောင်းမွန်မွန်ပဲ"

"ဟုတ်ပြီ။ ကားနံပါတ် ၇ ထဲ ပြောင်းစီးခိုင်းပါ"

ထိုအချိန်တွင် ဆိုင်ကယ်သည် ရုတ်တရက် လမ်းဘေး လူသွားလမ်းတခုထဲသို့ ချိုးကွေ့သွားသည်။ မထင်မှတ်လိုက်သည် ဖြစ်၍ လုံခြုံရေးကားများ အရှိန်လွန်ကာ ထွက်သွားလေသည်။ လူသွားလမ်းဖြစ်နေ၍ မည်သို့မျှလည်း လိုက်၍ မရ။

Melo သည် ဆိုင်ကယ်မောင်းရင်းနှင့် သူ့ခါးကို ဖက်ထားသော Takada ၏လက်ကို လက်ထိပ်ခတ်လိုက်တော့သည်။

စုံစမ်းရေးဌာနချုပ်တွင်

Takada ပျောက်ဆုံးသွားသည့်သတင်း တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်ရင်း စုံစမ်းရေး အဖွဲ့ဝင်များ ခေါင်းရှုပ်နေကြသည်။

"ဘယ်ရောက်နေပါလိမ့်"

"ဒါ Near လက်ချက်ပဲလား"

Light မှာလည်း ခေါင်းစားနေလေပြီ။
... ၃ ရက်နေရင် တွေ့ဖို့ ချိန်းထားတာပဲ။ ဒီကောင် ဒါလုပ်လို့ ဘာအကျိုးရှိမှာလဲ ...

သူတွေးနေစဉ်မှာပင် Near ဆက်သွယ်လာသည်။
"Takada ကို ပြန်ပေးဆွဲသွားတာ ငါတို့ မဟုတ်ဘူးလို့ မင်းသိအောင် ပြောထားတာ"

"ဟုတ်လား။ ဒါဖြင့် Melo ပေါ့"

"အေး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါလွှတ်ထားတဲ့လူက Melo လုပ်တာပါလို့ ငါ့ကို သတင်းပို့ပြီးပြီ"

"ဒါဖြင့် မင်း Melo ကိုဆက်သွယ်လို့ရမလား"

"ငါတို့မှာ ဆက်သွယ်ဖို့ နည်းရှိပေမယ့် ခုလိုအချိန်မှာဆိုရင်တော့ ဒီကောင် ငါ့ကို အဖက်လုပ်ပြီး စကားပြောမှာ မဟုတ်ဘူးကွ"

Near ဖုန်းချသွားသော် Aizawa က
"ကဲ ဘယ်လိုလုပ်ကြမလဲ Light"

"ဘာမှ လုပ်လို့မရဘူး။ သူ့ဖုန်းကလဲ ပိတ်ထားတယ်"
... ခုမှတော့ ထိုင်စောင့်ယုံရှိတာပေါ့ ...

မြို့ထဲတနေရာ
ထိုအချိန်မှာပင် ၀င်ရောက်တိုက်ခိုက်သွားသော ကားကို လုံခြုံရေးများက မီးပွိုင့်တခုတွင် ၀န်းရံပိတ်ဆို့မိသွားတော့သည်။ မီးများနှင့် ၀ိုင်းထိုးကာ သေနတ်များနှင့် ချိန်လျက်။

ကားတွင်းမှလူသည် အေးဆေးစွာ လက်မြောက်ထွက်လာရင်း
"ဟဟ နေကြပါဦး။ ဂျပန်မှာ ဘယ်တုန်းက ဒီဟာလေးတွေ ကိုင်ခွင့်ရှိလို့လဲကွ။ ပြီးတော့ ငါ့ဘော်ဒါ မင်းတို့ ဆရာမကို ဘယ်ခေါ်သွားတယ်ဆိုတာလည်း ငါပြောပြမှ ဖြစ်မှာမဟုတ်လား။ မင်းတို့ ငါ့ကို မသတ်ရဲ.."
သူ့စကား မဆုံးမီပင် သေနတ်သံများ ဆူညံသွားကာ လဲကျသေဆုံးသွားတော့သည်။

"Kira ကိုစော်ကားတာကိုက သေဒဏ်ထိုက်ပြီးသားကွ"
တယောက်က ရေရွတ်လိုက်လေတော့သည်။

အခြားတနေရာတွင်ကား
ဆိုင်ကယ်ပေါ်မှ Takada သည် Light ပြောသည်များကို ပြန်လည်ကြားယောင်နေသည်။
Light သည် Kira စုံစမ်းရေးလုပ်စဉ်က ရရှိထားခဲ့ဖူးသည့် Melo နှင့် Near ပုံ အကြမ်းခြစ်ထားသည်များကိုပြ၍ သူ အဓိက သတိထားရမည့်သူများဟု ပြောပြထားခဲ့သည်။
... ဒါဆို ဒီလူဟာ Mihael Keehl ဆိုတဲ့ Melo ပဲဖြစ်ရမယ် ...

သူတို့ဆိုင်ကယ်သည် အမှောင်ထုထဲ ရပ်ထားသည့် ကွန်တိန်နာ ကားတစင်းအတွင်းသို့ ၀င်ရောက်သွားသည်။

ဆိုင်ကယ်ပေါ်မှ ဆင်း၊ ဦးထုပ်ကို ချွတ်ကာ
"မင်းဝတ်ထားသမျှ ချွတ်ပြီး အဲဒီပုံးထဲ ထည့်လိုက်ပါ"
အသင့်ချထားသည့် ပုံးကို ပြပြီး Melo ပြောလိုက်သည်။

Takada သူ့မျက်နှာကို သေချာကြည့်သည်။ Melo ဆိုသည်မှာ သေချာသွားလေပြီ။
တော်တော်နှင့် အ၀တ်မချွတ်၍
"မြန်မြန်လုပ်စမ်း။ သိပ်ရှက်နေရင် ဟောဒီမှာစောင်ရှိတယ်"
သေနတ်နှင့် ချိန်ကာ စောင်တထည်ပြရင်း ပြောလိုက်သည်။

Takada ဘာမှ မပြောတော့ဘဲ ကျောခိုင်းကာ အတွင်းခံများသာ ကျန်သည်အထိ အ၀တ်များကို ချွတ်လေတော့သည်။ Melo ကား သူ့အား မမှိတ်မသုန် ကြည့်လျက်။
"အတွင်းခံတွေ မချွတ်ခင်တော့ စောင်လေးပေးပါရှင်"
Takada ပြောလာတော့

Melo စဉ်းစားလိုက်ပြီး စောင်ကို ပေးလိုက်သည်။ သူ၏ ထိုအပြုအမူသည် သူ၏ မဟာ အမှားဖြစ်ကြောင်း ထိုအချိန်က Melo မသိရှိခဲ့။
Takada သည် စောင်ဖြင့် သူ့ကိုယ်ကို လွှမ်းခြုံလိုက်ပြီး ဘရာစီယာကို ငြင်သာစွာဖြုတ်လိုက်ပြီး အတွင်းတွင် ၀ှက်ထားသော သေမင်းစာအုပ်ထဲမှ စာရွက်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ဤ အပြုအမူများကို Melo လုံးဝ မမြင်တွေ့လိုက်။

Takada ကို ကွန်တိန်နာထဲတွင် တယောက်ထဲ ပိတ်ထားပြီး Melo ကားကို မောင်းထွက်လာတော့သည်။
... ဒီနည်းက လွဲလို့ တခြားနည်းမရှိတော့ဘူး။ ငါပဲ လုပ်ရတော့မှာပဲ ...
သူ့မျက်နှာသည် တစုံတခုကို လုံးဝ ဆုံးဖြတ်ထားသည့်ဟန်။

ကားပေါ်ပါသည့် TV ကိုဖွင့်လိုက်တော့ အသတ်ခံလိုက်ရသည့် သူ့အဖော်အဖြစ်ကို သိရတော့သည်။
... ငါ့ကြောင့် မင်းသေသွားရပြီ။ ဆောရီးပါပဲကွာ ...

ကွန်တိန်နာထဲမှ Takada မှာကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့လက်ထဲမှ စာရွက်ပေါ်သို့ Mihael Keehl ဟူသည့် အမည်ကို ရေးချလိုက်လေပြီ။

စက္ကန့် ၄၀ အကြာ.. အထိန်းအကွပ်မဲ့သွားပြီဖြစ်သည့် ကားသည် အဝေးပြေးလမ်းမကြီးပေါ်မှ ထိုးဆင်းသွားကာ လူသူကင်းမဲ့သည့် အဆောက်အဦပျက်တခုအတွင်း တိုးဝင်တိုက်မိကာ ရပ်တန့်သွားတော့သည်။

ဒဏ်ရာများရနေသည့်ကြားမှ Takada သည် ခေါင်းခန်းနှင့် နောက်ဘက်ကွန်တိန်နာကို ကာရံထားသည့် မှန်ပြတင်းအား ရိုက်ခွဲကာ သူ၏ ဖုန်းကို ပြန်ယူနိုင်လိုက်ပြီး Light ဆီသို့ ဆက်သွယ်တော့သည်။

သူ၏ Hand Phone မြည်လာသည်တွင်
"အားလုံး တဆိတ် တိတ်တိတ်နေပေးကြပါ"
Light ပြောလိုက်ပြီး သူ့ဖုန်းကို ကိုင်လိုက်သည်။

"Takada ခုဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲ"
... သူငါ့ဆီ ဖုန်းဆက်နိုင်တယ်ဆိုတော့ Melo ဆီကနေ လွတ်ပြေးလာတာလား၊ ဒါမှမဟုတ် ...

"ကျမကို ကယ်ပါ Light၊ ကျမ.."
ငိုသံပါနှင့် Takada အသံကိုကြားရလေသည်။

"ဟုတ်ပါပြီ။ စိတ်အေးအေးထားပြီး ကို မေးတာတွေကို ဖြေပါဦး"

"ဟုတ်..ဟုတ်ကဲ့"

"အရင်ဆုံး နေရာပြောပါ။ ဘယ်နေရာ ရောက်နေလဲ သိလား"

"ဟင့်အင်း၊ မသိဘူး။ ကျမက ကိန်တိန်နာကားပေါ်မှာ အပြင်ကနေသော့ခတ်ခံထားရတာ။ အဝေးပြေးလမ်းတနေရာမှာပဲ။ Nagano ဆိုတဲ့ ဆိုင်းဘုတ်တော့ တချက်ကလေး တွေ့ခဲ့သေးတယ်။ ခုတော့ ကားက အဆောက်အဦတခုထဲ ၀င်တိုက်ပြီး ရပ်နေတာ"

"Takada မင်းက Kira ကိုယ်စားလှယ်ဖြစ်နေတာကိုး။ မင်းအတွက် ဘယ်လောက်အန္တရာယ်များတယ်လို့ ကိုပြောဖူးတယ်နော်။ အဲလို အခြေအနေရောက်ရင် ဘာတွေလုပ်ရမယ်လို့ ပြောထားတာ မှတ်မိလား"

"မှတ်မိပါတယ်။ Light ပြောသမျှတွေ အားလုံး လုပ်ပြီးသွားပြီ"

Light ပင် မျက်ခုံးပင့်သွားသည်။
... အားလုံးလုပ်ပြီးပြီ ဆိုပါလား ...

"ကျမကို ကိုယ်တုံးလုံးချွတ်ခိုင်းတာတောင် ကျမ မငြင်းခဲ့ပါဘူး။ Light ပြောသလိုပဲ ကျမ အသက်ရှင်ဖို့ကိုသာ အဓိက ထားခဲ့တာပါ။ ကျမဆီ မြန်မြန်လာပါနော်။ လာကယ်ပါတော့"
Takada တတွတ်တွတ် တောင်းပန်နေစဉ်

"Takada မင်း ဘာဆက်လုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား"
Light ဖြတ်ပြောလိုက်တော့

"သိပါတယ်။ ဒါပေမယ့် Light ရယ်.."
ရှိုက်ရင်း Takada ပြောစဉ်

"လုပ်နိုင်မလား"
Light ဖြတ်မေးလိုက်ပြန်သည်။

Takada နှုတ်ခမ်းများ တဆတ်ဆတ်တုန်ကာ မျက်ရည်များပင် ကျလာလေသည်။
"လုပ်ပါ့မယ်"
သူ ဖြေလိုက်သည်နှင့် Light ဖုန်းချသွားတော့သည်။

Takada အားရပါးရရှိုက်ငိုကြွေးလိုက်သည်။
ငို၍ အားရမှ Mikami ဆီသို့ ဖုန်းဆက်ပြီး
"ကျမပါ။ ဒဏ်ခတ်မှုတွေ များနိုင်သလောက် များများ လုပ်ပါ"

"ဟုတ်ကဲ့ပါ"
Mikami ဖြေလိုက်ပြီး အတွေးများသွားသည်။
... ငါ့ကို ဖုန်းဆက်တယ်ဆိုတော့ သူ ပြန်ပေးသမားတွေကို သတ်ပစ်လိုက်နိုင်လို့ပေါ့။ ဒါပေမယ့် ငါ့ကို ဆက်သွယ်ပြီး ခိုင်းတယ်ဆိုတော့ သူဘာမှ လုပ်လို့မရတဲ့ အခြေအနေမှာ ရောက်နေလို့ပဲ ဖြစ်မယ် ...

Mikami ဆုံးဖြတ်ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကို လှမ်းပြောလိုက်သည်။
"Nakajima ငါ အမှုဖြစ်တဲ့နေရာကို သွားလိုက်ဦးမယ်"

ထိုအချိန်တွင် Light သည်လည်း Aizawa နှင့် Ide ကိုခေါ်၍ Takada ရှိရာဆီသို့ ထွက်လာလေပြီ။ Matsuda မှာကား ရုံးစောင့် ကျန်ရစ်ခဲ့သည်။
"ဘယ်နေရာက ဖုန်းဆက်လည်းဆိုတာ ရှာလို့ရပြီ။ နာရီဝက်လောက် မောင်းရမယ်"

"မြန်မြန်သွားဗျို့ ဘာဖြစ်နေမှန်း မသိဘူး"

"အေးအေး"

ကားနောက်ခန်းတွင် တယောက်ထဲ ထိုင်ရင်း Light စဉ်းစားနေသည်။
... အင်း Aizawa ရော Ide ရော တော်တော် ပေါ့ပေါ့လျော့လျော့ နိုင်သေးတာပဲ။ ငါ့ကို တယောက်တည်း နောက်ခန်းမှာ ပေးထိုင်ထားတယ်။ ဒီတော့လည်း သိပ် ခက်ခက်ခဲခဲ လုပ်စရာ မလိုဘူးပေါ့ ...

သူ့နာရီအံဝှက်ကို ဖွင့်လိုက်ပြီး တစုံတရာ ရေးခြစ်လေသည်။

Ridner နှင့် Light တို့ မရှေးမနှောင်းဆိုသလို ကွန်တိန်နာကားရှိရာသို့ ရောက်ရှိလာသော်လည်း အချိန်နှောင်းခဲ့လေပြီ။

သို့သော် သူတို့ကို ဆီးကြိုနေသည်ကား မီးဟုန်းဟုန်းတောက်လောင်နေသော ကွန်တိန်နာကားနှင့် အဆောက်အဦကြီးသာ။

အားလုံးကား အံ့အားသင့်လျက်။ Light ကားကြိတ်ပြုံးလျက်။

Light ကားပေါ်တွင်ရေးခဲ့သည့်စာမှာ

'Takada Kiyomi သတ်သေရမည်။
၂၀၁၃၊ January 26၊ နေ့လည် ၂ နာရီ ၃၂ မိနစ်။
မသေမီ ပိုင်ဆိုင်သမျှ အရာအားလုံး၊ ရေးခြစ်ခဲ့သည့် စာရွက်အားလုံး မီးရှို့ခဲ့ရမည်။ ပြီးလျှင် ကိုယ်တိုင် မီးလောင်၍ သေရမည်။'

No comments:

Post a Comment