စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, March 7, 2014

#ခြေသံ#

ကျနော်တို့မိသားစုမှာစုစုပေါင်း၅ဦးအဖေ၊အမေရယ်ကျနော်တို့ညီအကို၃ယောက်မန်းလေးကတိုက်တခုမှာငှားဖြစ်တယ်။ ၂၀၀၀ခုနှစ်လောက်ကပါတိုက်လေးကနေချင်စရာလေးပါဒါနဲ့အပေါ်ထပ်မှာကျနော်တို့ညီအကို၃ယောက်အိပ်တစ်ယောက်၁ခန်းပေါ့အောက်ထပ်ကတော့မိဘနှစ်ပါးပေါ့။မနက်ဆိုအဖေနဲ့ကျနော်ကအလုပ်သွားညီ၂ယောက်ကျောင်းပေါ့ ကျန်ခဲ့တာကအမေ။ ဒီလိုနဲ့ပြောင်းပီး၃ရက်လောက်နေတော့ညစာစားနေတုန်းအမေကပြောတာ"ကိုသောင်းဒီအိမ်ကရိုးမှရိုးရဲ့လား"အဖေက"အင်းးးးဘာဖြစ်လို့လဲမိန်းမရ"အမေ"တော်တို့အလုပ်သွားလို့ကျမတစ်ယောက်ထဲရှိနေရင်အပေါ်ထပ်လမ်းလျှောက်သံကြားရတယ် ကြောင်တို့ကြွက်တို့ထင်တာ တက်ကြည့်ရင်ဘာမှမရှိဘူး"အဖေက"မိန်းမရာမင်းစိတ်ထင်လို့နေမှာပါ"ကျနော်တို့လဲအမေကဒီလိုပြောတော့လန့်တာပေါ့ကျနော်က"အမေကဘာတွေပြောနေမှန်းမသိဘူး"ဒီစကားကြားပီးထဲကစိတ်ထဲနဲနဲတော့လန့်သွားတာအမှန်။ ဒီလိုနဲ့ညကျတော့ကျနော်အတော်နဲ့အိပ်မရဘူးဒါနဲ့စာအုပ်လေးထိုင်ဖတ်နေတာခဏနေတော့ကျနော့အခန်းရှေ့လမ်းလျှောက်နေသံ အော်ညီလေးတို့နေမှာပေါ့ စာအုပ်လေးဆက်ဖတ်နေတာခြေသံကပျောက်မသွားဘူးအခန်းရှေ့ခေါက်တုန့်ခေါက်ပြန်ဒါနဲ့သိချင်တော့တခါးထဖွင့်တာဘယ်သူမှမရှိဘူး တခါးပိတ်တော့ပြန်ကြားရောဒါနဲ့အသာထတခါးကိုဝုန်းကနဲဖွင့်တော့အရိပ်လိုလိုဖြူဖြူအရာတခုရိပ်ခနဲတွေ့မိတော့ဘာပြောကောင်းမလဲခြင်ထောင်ထဲတန်းဝင်စောင်ခေါင်းမူးခြုံအိပ်လိုက်တာ။နောက်နေ့အမေတို့ကိုပြောပြတောအဖေက"နင်တို့သားအမိဘာဖြစ်နေတာလဲ"ဒါပဲပြောပီးအပြင်ထွက်သွားတာဒီတော့မှညီအငယ်ကောင်က"အဖေ့ကိုကြောက်လို့သားမပြောတာဟုတ်တယ်အကိုကြီးညီလေးလဲပီးခဲ့တဲ့ညကညီလေးအခန်းထဲတယောက်ယောက်ရှိနေတာသိတယ်ကျနော်ကြောက်လွန်းလို့အသံကိုမထွက်ရဲဘူးနောက်ပီးဒီအိမ်ရောက်ထဲကစိတ်ထဲတမျိုးကြီးဒီနေ့ကစပီးတစ်ယောက်ထဲအိပ်တော့ဘူးကိုလတ်နဲ့ပဲအိပ်တော့မယ်နော်ကိုလတ်"အလတ်ကောင်ကတော့ဘာမှမပြောဘူး။ကျနော်တို့ဘယ်လောက်ပြောပြောအဖေကခေါင်းမာတယ်ပြောတဲ့သူပဲအငေါက်ခံထိတာသူကဒါတွေမယုံတာလဲပါတယ် ကြာတော့ကျနော်ပါတစ်ယောက်ထဲအိပ်ရဲတော့ဘူး ညီ၂ယောက်နဲ့ပေါင်းအိပ်တော့တာဟုတ်တယ်ညတိုင်းလိုလိုဖြစ်နေတာကျနော်တို့လဲခေတ်ပညာတတ်ပါမယုံချင်ပါဘူးဒါပေမယ့်ဒီခြေသံကြားရင်စိတ်ထဲစိမ့်စိမ့်သွားပီးကျက်သီးထထသွားတာ အယုံအကြည်မရှိတဲ့အဖေတရက်သူပြောတာသူအိမ်သာသွားတာညတရေးနိုးပေါ့အိမ်သာတခါးလာလာခေါက်တာကျနော်တို့ထင်လို့သူလဲအမြန်လုပ်ပီးထွက်တော့ဘယ်သူမှမရှိဘူးဒါနဲ့အိမ်သာကအထွက်မီးဖိုချောင်ထဲကပန်းကန်ကိုင်တဲ့အသံကြားလို့သွားကြည့်တော့ဘာမှမရှိဘူးတဲ့သူလဲကြွက်ထင်တာပေါ့ဒါနဲ့အခန်းစီပြန်လာတော့သူ့အနောက်ကခြေသံလိုက်လာတဲ့အသံကြားလိုက်တော့သူစိတ်ထဲမယုံပါဘူးဆိုတဲ့သူစိတ်ထဲတမျိုးကြီးဖြစ်ပီးကျနော်တို့ပြောတာဒါနေမှာဆိုပီးသူလဲဒီကျမှလက်ခံလိုက်တာဒီတော့မှဒီအိမ်ကနေပြောင်းဖို့အဖေုကိုအတင်းဝိုင်းပြောမှအဖေက"ဒီလကုန်အိမ်ငှားရှာပီးပြောင်တာပေါ့ငါ့သားတွေလဲကြောက်နေတော့"အမှန်ကသားဖချင်းမပြောချင်လို့သူလဲကြောက်နေတာလေ။ ဒီလိုနဲ့မနက်ဖန်ပြောင်းတော့မှာဆိုတော့ဒီနေ့သားအမိတွေတီဗွီထိုင်ကြည့်နေတုန်းလှေခါးကနေဆင်းလာသံတရှက်ရှက် အစောကြီးနော်၈နာရီလောက်ပဲခြေသံကကျနော်နားရောက်လာလိုက်အပေါ်ပြန်တက်သွားလိုက်ပီးတော့ကျနော်တို့ထိုင်နေတဲ့အပေါ်တည့်တည့်ကနေခုန်တာဗျာ ညီအငယ်၂ကောင်ဆိုတုန်နေတာနောက်နေ့ပြောင်းမှာသိလို့နှုတ်ဆက်တာလားမသိဘူးခြောက်လိုက်တဲ့အခြောက်အဲဒီနေ့ညကကျနော်တို့အပေါ်ထပ်မအိပ်တော့ဘူးသားအမိ၅ယောက်ဖြစ်သလိုပေါင်းအိပ်တာ နောက်နေ့ကျအစောကြီးငှားထားတဲ့အိမ်ကိုအမြန်ပြောင်းရတာ>>>>>>>>>ဒါကျနော်တို့ကြုံဘူးတာပါ######################## သရဲကြီးkogyi့ 

* ပန်းဆံခွဲတောင် ဥစ္စာစောင့်  ပဠိမှော့ ဒေ၀ီ *


••••••••
•••ဇတ်သိမ်း••အိုးစိုး••

…သက်ရှိသတ္တ၀ါတွေရဲ့ ဘ၀ကံ
ကြမ္မာဟာ ဒါပြီးရင်ဒါဖြစ်ရမယ်ဆို
တဲ့ ဖန်တီးမှုပါပြီးသားလားမသိဘူး
တခါ ဥာဏ်လေး အထောက်အကူ
နဲ့ ကံကြမ္မာလမ်းကြောင်းကိုပြောင်း
လဲပစ်နိုင်တယ်ဆိုတာလည်းလက်
မခံလို့ မရဘူး။
ကျနော့် အသိဥာဏ်တစ်ထွာတစ်
မိုက် ကလေးနဲ့ စဉ်းစားလေ အဖြေ
မထုတ်နိုင်လေ။ အမှန်တော့ ဒီကိစ္စ
ရဲ့ မြစ်ဖျားခံရင် ကျနော့် သူငယ်
ချင်းကို ခင်မင်တဲ့ စိတ်။သူ့ အကျိုး
ပျက်မဲ့ အဖြစ်ကိုမလိုလားတဲ့ စိတ်
ကြောင့် ဖြစ်ပါသည်။
သူ့ ဆီကပြန်လာပြီး နေ့ နေ့ ည ည
ကျနော် အမှား အမှန်ကိုဝေဘန်နေ
မိတယ်။
ပရ လောက အဖြစ်အပျက်တွေ
ထက် လက်တွေ့ ဖက်ယိမ်းတဲ့ ကျ
နော့် စိတ်ဟာ သူ မူးရစ်ဆေးဝါးစွဲ
နေတယ် လို့ ပဲကောက်ချက်ချလို့ 
ဆေးစပ်မှူး ဆရာဦးလှမြင့် နဲ့ ဆွေး
နွေးတယ်။ သိပ်အကြောင်းမထူးဘူး
မြို့ ပေါ်အရောက်အပေါက်များတဲ့ 
ကျောင်းဆရာ ဦးမျိုးအောင် ကား
လိုက် ဖိုးကျောက်ခဲ သစ်တောဖက်
ကဦးဇော်နိုင်ဦး တို့ ကိုလည်းတီး
ခေါက်ကြည့် တယ်။ သူတို့ လဲတိ
ကျရေရာတဲ့ အဖြေကိုမပေးနိုင်ဘူး။
ဒါပေမဲ့ 
အားလုံးကတစ်သံထဲထွက်တာ
က သူငယ်ချင်းဟာ ဆေးစွဲနေတာ
မဟုတ်ဘူး ဆိုတာပဲ။
ကျနော်နဲ့ အယူအဆ လွဲနေတဲ့ အ
တွက် လုပ်ရမှာ တနည်းပဲရှိတယ်။
ပရောဂ ဆရာ ဦးစောလွင် နဲ့ တွေ့ 
ဖို့ ပဲရှိတယ်။ ကျနော် စိတ်ကိုတစုံ
တရာက စိုးမိုးချယ်လှယ်ထားသလို
ခံစားရတယ်။ နေ့ ရွှေ့ ညရွေ့ နဲ့ မ
တွေခဲ့ ဘူး။
ဒီလိုနဲ့ ရွှေလှန်တောင် မီးရှူးပွဲနေ့ 
တပေါင်းလပြည့် နေ့ ကိုရောက်လာ
ခဲ့ တယ်။
ရွှေလှန်တောင်ဟာပန်းဆံခွဲတောင်
ရဲ့ တောင်စွယ်ပွားတခုဖြစ်တယ်။
ပန်းဆံခွဲတောင်လိုအပင်အုပ်ဆိုင်
မှုမရှိဘူး။ရှေးဟောင်းစေတီလေးတ
ဆူရှိတယ်။တစ်နယ်လုံးကနှစ်စဉ်
လာရောက်ဘုရားပွဲကျင်းပတယ်။
ဟိုးတုံးက ဘုရားပွဲမှာ မီးရှူးလွှတ်
တဲ့ အလေ့အထရှိပေမဲ့ အခု
လောက်မကြီးကျယ်ဘူး။
မီးရှူး ဆိုတာ အခုခေတ် တရုတ်က
လာတဲ့ သီတင်းကျွတ်မှာကလေး
တွေ လွှတ်ကစားတဲ့ ဟာမျိုးပါပဲ။
ဒါပေမဲ့ အဲလိုသေးသေးလေးမ
ဟုတ်ဘူး။အလေးချိန်၁၀ပိသာ၁၅
ပိသာ အရွယ်အစား ၂ပေလောက်
ကနေလူတရပ်နီးပါးအထိရှိတယ်။
မီးလုံးနောက်မှာဆက်ထားတဲ့ ဝါး
မီးတံတောင် ပေ၂၀ ကျော်ကနေ
၂၅ ၃၀ ရှိတယ်။
မီးလုံးတစ်လုံးပြုလုပ်တဲ့ နေရာမှာပ
ညာပါတယ်။အခုခေတ် ဒုန်းပျံ တွေ
လိုပဲ ကိုယ်သွားစေချင်တဲ့ နေရာကို
ရောက်အောင်အကွာအဝေး အနိမ့် 
အမြင့် ကိုယမ်းအားအပျော့ အပြင်း
အချိုးအဆ နဲ့ ပြုလုပ်ရတယ်။ဒေ
သအခေါ် မီးရိုက် တယ်လို့ ခေါ်ပြီး
မီးရိုက်တဲ့ လူကိုမီးရိုက်ဆရာလို့ 
ခေါ်ပါတယ်။ နာမည်ကြီးမီးဆရာ
တွေနေတဲ့ ရွာရှိတယ်။ကြေးကြီး
ပေးငှားရတယ်။
မီးလုံးလွှတ်ပွဲဟာရှေးတုံးကအပျော
ဖြစ်ပေမဲ့ နောက်ပိုင်း အလောင်းအ
စား နဲ့ ဒိုင် နဲ့ ရွာပေါင်းစုံဆုပေးတဲ့ 
ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ တယ်။
ပွဲတော်မှာ တရားဝင်ဆုရဖို့ ထက်
အပြင်လက်သိပ်ထိုးလောင်းကြေး
ကိုပိုမက်ကြတယ်။တချို့ ပွဲကြီးတွေ
မြို့ ပေါ်မှာ ကားသော့ ခြင်းတောင်
ထပ်လောင်းတယ်ကြားမိပါတယ်။
ကျနော်တို့ ဆီတော့ အဲလောက်မ
ဟုတ်ပါဘူး။
ပြိုင်ပွဲစည်းကမ်းက သတ်မှတ်ထား
တဲ့ ဂိုးဧရိယာ ၀င်ဖို့ ပါပဲ။ ဂိုးဝင်တာ
ခြင်းတူရင် အကွာအဝေး နဲ့ ဆုံး
ဖြတ်ပါတယ်။
ဂိုးဧရိယာကို လူနေအိမ်ချေရွာမရှိ
တဲ့ လွင်ပြင် ချိုင့် ဝှမ်းဘက်သတ်
မှတ်တာများပါတယ်။ အမေရိကန်
လုပ် ဒုန်းကျည်တွေလိုသေချာမှုနဲ
တော့ အန္တရာယ်ရှိတာတော့ အမှန်
ပါ။
ဒီနှစ်မီးရှူးစင်ကိုအရှေဖက်လှည့် 
ဆောက်ထားတယ်။အနောက်ဖက်
နဲ့ မြောက်ဖက်မှာရွာရှိလို့ လှည့် 
ဆောက်ရိုးထုံးစံမရှိပါဘူး။ခါတိုင်း
အနောက်တောင်ဖက်စူးစူးကိုလှည့်
တယ်။အခုအနောက်ဖက်မှာရွာချဲ့ 
တာနဲ့ လူနေအိမ်တွေရောက်လာ
လို့ မဆောက်တော့ တာပါ။
ကျနော့် စိတ်ထဲသိပ်ဘ၀င်မကျချင်
ဘူး။အရှေ့ ဖက်လှည့် ထားတဲ့ မီး
လွှတ်စင်ကို။ ပန်းဆံခွဲ တောင်ကြောကိုကျော်ပြီးမှ ဂိုးစည်း
လွင်ပြင်ဖက်ကို မီးသွာလမ်းသတ်
မှတ်ထားလို့ ပါ။ဘာရယ်လို့ မသိဘူ
စိတ်တွေလေးနေတယ်။
ကျနော်စင်နဲ့ ဝေးတဲ့ တောင်ဂမူ
တစ်ခု မှာထိုင်နေတယ်။
မီးလွှတ်ချိန်မကျသေးလို့ ရွာပေါင်း
စုံက ကိုယ့် အစုနဲ့ ကိုယ်ပြင်ဆင်နေ
ကြတယ်။အိုးစည်ဝိုင်းနဲ့ လည်းသူ့ 
မီးကိုယ့် မီးအစွမ်း ကိုတရွာ့ တရွာ
တေးသံချပ်တွေနဲ့ ပြိုင်ဆိုင်ကနေ
ကြတာဆူညံ စည်ကားနေပါတယ်။
မီးလွှတ်ချိန်ရောက်လို့ ပထမမီးတင်
ပါတယ်။နာမည်ကြီးမီးမို့ ကြေးကြီး
လောက်တယ်ကျနော်စိတ်မ၀င်စား
မိဘူးခါတိုင်းဆို အိုးစည်ဝိုင်းမှာ ၀င်
ကနေပါပြီ။လင်းကွင်းသံတရွှမ်းရွှမ်
စပြီး အိုးစည်စီးချက်ပေး လို့ စနက်
တံစတို့ နေပါပြီ။ ထောင်ချီတဲ့ လူ
အုပ်ကြီး ရှဲကနဲဖြစ်သွားပြီး ဝေါ ကနဲ မီး ထိုးတက်သွားတယ်။ မီးဆ
ရာရဲ့ ပညာအံ့မခန်းပါပဲ ပန်းဆံခွဲ
တောင်ရိုးကျော်လောက်တဲ့ အမြင့် 
ရောက်တော့ ယမ်းအချိုးကောင်း
ချက်က မီးမကူးတော့ သလိုမီးလုံး
ငိုက်ကျလာတယ်။၁၅ဒီဂရီလောက်
ငိုက်ကျပြီး ကန်ယမ်းအကူးမှာတခါ
ထဲ ဝေါ ဆို ဂိုး တိုင်ရှိရာဖက်ကိုတ
ရှိန်ထိုး ထွက်သွားတယ်။၅မိနစ်ခြား
တခါလောက်ကန်ယမ်းအစွမ်းနဲ့ 
ဆောင့် ဆောင့် ထွက်သွားတဲ့ အ
ရှိန်ဟာ ဂိုးတိုင်ရှိရာ သုံးလေးမိုင်ခ
ရီးကိုခဏခြင်းရောက်သွားခဲ့ တယ်။
ဂျက် လေယဉ်ပျံလို မီးခိုးတန်းကြီး
ကိုကြည့် ရင်း အိုးစည်ပေါက် လင်း
ကွင်းကွဲ အသံနာမတတ် အော်ဟစ်
ကခုန်နေကြတာ နားကွဲမတတ်ပါပဲ
ပထမ ဆုံးနာမည်ကြီးမီး ဂိုးဝင်သွား
ပါပြီ။နောက်ဂိုးဝင်မဲ့ မီး အကွာအ
ဝေး ပဲ အရှုံးအနိုင်ဆုံးဖြတ်ရမယ်။
ဒုတိယမီးက ကျနော်တို့ ရွာကပါ။
မီးစတင်ပါပြီ။ကလေးလူကြီးမိန်းမ
မကျန် ကခုန်ကြတယ်။ တခြားရွာ
မီးတွေ မခံချင်အောင် စက်ဆိုထား
တဲ့ အိုးစည်သံချပ် ကလဲမြိုင်မြိုင်
ဆိုင်ဆိုင် ။စနက်တန် ရှည်လို့ မီး
ကူးချိန်ကြာသလားအောက့် မေ့ 
နေတာ ။မဟုတ်ပါ။သုံးလေးခါ
လောက်စနက်တန်မီးတက်ရှို့ ရပါ
တယ်။မီးကူးတော့ လည်း စထွက်
တာဟန်ချက်ပျက်ပြီး မီးတန် နဲ့ မီး
လွှတ်စင်ငြိ သွားတဲ့ အတွက်တယီး
တယိုင်ကြီးတက်သွားပါတယ်။အ
ပေါ်ရောက်လို့ ပန်းဆံခွဲ တောင်ကို
ကျော်မဲ့ အနေထားမှာလဲ ယမ်းချိုး
ကူးလို့ ခေါင်းငိုက်လာပေမဲ့ ကန်
ယမ်း မကူးတာလား ပျော့ တာလား
မသိဘူး ပန်းဆန်ခွဲတောင်ခြေ ဖက်
ကိုဦးတည်သွားပါတော့ တယ်။
မထင်မှတ်ပဲ အဖြစ်အပျက်ကမြန်
လွန်းတော့ မင်သက် မိနေကြတယ်
အိုးစည်ဝိုင်းလဲ ငြိမ်လို့ ။ကျနော်တ
အားစိုးရိမ်စိတ်ပူသွားတယ်။မီးလုံး
သွားရာတောင်ခြေဖက်ကိုချက်ခြင်း
ပြေးထွက်နေတုံး အုံး ၀ုန်း ဒိုင်း ဆို
တဲ့ ပေါက်ကွဲသံတွေထွက်ပေါ်လာ
ခဲ့ တယ်။ကျနော်မဖြစ်စေချင်ဆုံး
ဂူပေါက်ဝဖက်ဆီကပါပဲ။လူတွေဝ
ရုန်းသုန်းကားပြေးလွှားအော်ဟစ်
နေတဲ့ ကြားက မီးကောက်ဆရာ
လေးငါးယောက်နဲ့ ပြေးထွက်လာ
ရင်းယမ်းငွေ့ မီးခိုးတွေ ဖုန် သဲအ
မှိုက် သစ်ကိုင်းပြတ်စတွေ
ကျောက်တုံးအစအနများကြားမှာ
မှောက်လျက်အနေထားနဲ့ သူငယ်
ချင်းကိုတွေ့ လိုက်ရတယ်။
မီးကောက်တဲ့ လူတွေက ဟာဒီမှာ
လူတစ်ယောက်လဲနေတယ် ဘယ်
သူလဲမသိဘူး ဒီလူကလဲကွာ မီးလမ်းအန္တရာယ်ရှိမှန်းမသိဘူလား
စသဖြင့် တစ်ယောက်တစ်ပေါက်
ဝိုင်းအော်နေကြတယ်။ကျနော်မ
ကြည့် လဲသိတယ် ကျနော့် သူငယ်
ချင်းဆိုတာ ဘာလို့ ဆို နေ့ ရောည
ရောသူဒီနေရာရှိတာ ကိုး။
ဘုရားပွဲလည်းပျက်ခဲ့ တယ်။
ဘုရားပွဲက သူငယ်ချင်းဈာပနပွဲ
ဖြစ်သွားခဲ့ တယ်။နောက်ပိုင်း
လူတွေက ပန်းဆံခွဲသိုက်နန်းလူလဲ
တယ်လို့ ရွာတိုင်းပြောကြတယ်။
ဟုတ်တာမဟုတ်တာတော့ မသိ
ဘူး သွေးအိုင်ကြားထဲကပြုံးနေတဲ့ 
မျက်နှာနဲ့ သေဆုံးနေတဲ့ သူငယ်
ချင်းမျက်နှာကိုဖျောက်ဖျက်မရနိုင်
သလို ကျနော်သာ ဆရာဦးစော
လွင်နဲ့ တိုင်ပင်ပြီး သူ့ ခြေမန်းကွင်း
ကိုချွတ်နိုင်ခဲ့ ရင်ဒီအဖြစ်ဆိုးမျိုး
တွေ့ ကြုံပါ့ မလားဆိုတဲ့ ဇဝေဇ၀ါ
အတွေးတွေနဲ့ အတူ ……
(ပြီးဝါးပီ အမလေး လက်ညောင်း
ထှာ Ohe Sue Usoe လိုင်းမ
ကောင်းလို့ ၂ခါပြန်ရေးရတာပါသေး
ဒီတခါ ရောက်စေ။)

*ပန်းဆံခွဲတောင် ဥစ္စာစောင့်  ပဠိမှော့ ဒေ၀ီ*


•••••••••••[၄]••••အိုးစူး••••

ဆင်ငိုမြက်ခင်းပေါ်ကနှင်းစက်နှင်
ပေါက်တွေခြေဖမိုးတခုလုံးရွှဲစိုစေခဲ့ 
တယ်။မြေနီလူသွားလမ်းကောက်
ကွေ့ လေးအတိုင်းလျောက်ပြီးရင်
ရွာလယ်လမ်းမကြီးကိုဖြတ် တခါ
မြေနီလမ်းအတိုင်းကုန်းမို့ မို့ လေး
ပေါ်တက်လာခဲတယ်။ စိန်ပန်းအပြာ
ရောင်အပွင့် တချို့ မျက်ခင်းပေါ်မှာ
နှင်းရေချိုးနေသလား နှင်းရေထဲလူး
လိမ့် နေမလားမစဉ်းစားခဲ့ ဘူး။
သူငယ်ချင်းအပေါ်ပူတဲ့ စိတ်ကအင်
မတန်ပြင်းတယ်။တညလုံးအိပ်မရလို့ စောစောထထွက်လာတာပဲ။
သူတို့ အိမ်က၀င်းတံခါးအတော်
လှမ်းသေးတယ်။ကြားထဲမှာ သီးပင်
စားပင်တွေ နှင်းဆီပန်းခြံတွေ ။
အိမ်ပေါက်မရောက်ခင် ပန်းခြံထဲက
ထိုင်ခုံမှာ သူ့ ကိုတွေ့ ရတယ်။မျက်
နှာသိပ်မလန်းဘူး။စိတ်ရှုတ်နေတဲ့ 
ပုံပဲ။သူ့ အကြောင်းဂဃနဏမသိရ
မခြင်းမပြန်ဖို့ ဆုံးဖြတ်ထားလို့ သူ့ 
အခန်းကိုတန်းတက်ခဲ့ တယ်သူ
နောက်ကလိုက်လာတယ်။အခန်း
ထဲမှာလည်းရှုတ်ပွနေပါတယ်။ခါ
တိုင်းဒီလိုမဟုတ်ဘူး။အင်မဆန်အ
သန့် ကြိုက်တဲ့ အကောင်။ကက်
ဆက်တိတ်ခွေတွေ စာအုပ်တွေ
မျက်နှာသုတ်တဘက် ပုဆိုးစွပ်
ကြယ်တွေ စောင်နဲ့ လုံးထွေးနေ
တယ်။ဘီယိုတံခါးကပွင့် လျှက်
အံဆွဲအားလုံးပွင့် ရက်တန်းလန်း
ကျနော်တစ်ခုခြင်းလေ့ လာစူးစမ်း
နေတာကိုထိုင်ကြည့် ရင်းပြုံးလာ
တယ်။ပြီးတော့ မင်းရှာနေတာငါ့ 
မှာမရှိဘူး မရှိဆို မင်းထင်တာတခု
မှမဟုတ်လို့ ပဲ။ ဒီမှာသူငယ်ချင်း
မင်းဘာတွေတွေးပြီးဘယ်လိုထင်
နေတယ်ဆိုတာငါသိတယ်ဆိုရင်
ယုံမလား တဲ့ဗျာ။ဒဲ့ ကစ်ပါပြီ။
ကျနော်ကခပ်တည်တည်နဲ့  မင်း
ဟိုညနေက တောင်ပေါ်မှာ တစ်
ယောက်ထဲဘာတွေလုပ်တာလဲ။
သူကကျနော်ကိုစိုက်ကြည့် ပြီး
တော့ မင်းဟာငါ့ အချစ်ဆုံးသူ
ငယ်ချင်းမို့ ငါဘာမှမပြောတော့ 
ဘူး ဒီကိစ္စတွေအားလုံးမေ့ လိုက်
ပါတော့ ကွာ။
ဒီမှာကြည့် ။ ကျနော်ကိုသူ့ ညာ
ဖက်ဒူးဆစ်ပြတယ်။တစ်ခုခုနဲ့ 
ဆောင့် မိတဲ့ ပုံစံ ညိုစိမ်းစိမ်းဒဏ်
ရာဗျ။ ဒါပေမဲ့ တပတ်လည်လုံးကြီး
အဲဒါဘာကောင်ကိုက်တာလဲ။
သူကခေါင်းယမ်းပြတယ်။
ဒါအကောင်ကိုက်တာမဟုတ်ဘူး
ခြေမန်းကွင်းကွ။ တဲ့ 
ကျနော်တော်တော်စိတ်ပျက်သွား
တယ်။သူ့ ကိုလဲဂရုဏာသက်သ
နားသွားမိတယ်။သွက်သွက်ခါသွား
ပြီလားလို့ တောင်တွေးမိပါရဲ့ ။
မင်းမယုံတာတွေယုံတာတွေခဏ
ထားဒီအကြောင်းတွေကို ၁၅ရက်
အတွင်းဘယ်သူ့ မှမပြောဘူးဆိုတဲ့
ဂတိငါ့ ကိုပေးပါကွာ။
အထူးသဖြင့် ဆရာဦးစောလွင်မသိ
စေချင်ဘူး။
ဘာဖြစ်လို့ လဲ လို့ ကျနော်မေးရာ
ငါ့ ကို ငါတို့ ကိုဟန့် တားနိုင်တာသူ
တစ်ယောက်ပဲရှိတယ်။၁၅ရက်
ဟုတ်တယ် တပေါင်းလပြည့် နေ့ 
ရွှေလှန်တောင်မီးရှူးပွဲနေ့ ပြီးရင်
မင်းပြောချင်တာပြောတော့ ဟီဟီ
ဟီ တဲ့ ။သူ့ မျက်နှာထားကတမျိုး
ကြီးဗျ။မျက်လုံးတွေကဂဏှာမငြိမ်
ဘူး။
ကျနော် စိတ်ပျက်စွာပြန်ခဲ့ ရတယ်။
(ညရောက်ရင်တော့ ဇတ်သိမ်းလို့ 
ရပါပြီOhe Sue Usoe)

*ပန်းဆံခွဲတောင် ဥစ္စာစောင့်  ပဠိမှော့ ဒေ၀ီ *


•••••••••••••[၃]••အိုးစူး••••

အရှေ့ ဖက်မှာ တောင် အနောက်
ဖက်မှာလည်းတောင် တောင်ရိုးနှစ်
ခုကြားမှာရွာတည်ထားလို့ မနက်၈
နာရီလောက်မှနေရောင်ရတယ်။ည
နေ၃နာရီ၎နာရီဆိုနေ၀င်သွားပြီ။
ကျနော်ထွက်လာတော့ နေ၀င်ခါနီး
ပြီ။ မိုးနဲ့ ဆောင်းပဲရှိတဲ့ အရပ်ဒေသ
မို့ အခုလိုမတ်လမှာတောင်စိမ့်အေး
နေတယ်။တောရိပ် တောင်ရိပ်လဲပါ
မှာပေါ့ ။
ရွာကအိမ်ခြေ၃၀၀လောက်ပဲရှိပြီး
တစ်အိမ်နဲ့ တစ်အိမ် အော်ခေါ်လို့ မ
ကြားနိုင်ပါဘူး။အဆင်ပြေရာကြိုက်
သလိုတောင်ကုန်းမြင့် လေးတွေမှာ
ဆောက်နေကြတယ်။ဆင်းရဲတဲ့ လူ
တောင်ဧက၀က်တစ်ဧကလောက်
ခြံဝိုင်းနဲ့ နေပါတယ်။များသောအား
ဖြင့် ခြေတန်ရှည် ၀ါးအိမ်တွေပါ။
နဲနဲ ပြေလည်တဲ့ သူကပျဉ်ထောင်
သဲအုတ်ကာအိမ်လေးတွေနဲ့ ။ဓနု
လူမျိုးအများစု ပအိုး ရှမ်းနဲတယ်။
အရှေ့ ဖက်ကတောင်ဂမူလေးမ
ရောက်ခင် စမ်းချောင်းငယ်လေးတ
ခုရှိတယ်။ စမ်းချောင်းကိုရောက်ဖို့ 
လယ်လေးငါးဆယ်ကွက်ကိုဖြတ်ရ
တယ်။ပြီးမှစမ်းချောင်း။ပြီးရင်ယ
ခင်းအစပ်နဲ့ တောင်ခြေ။တောင်စဉ်
အလိုက်ပတ်စီးနေတဲ့ ၁၅ ပေခန့် 
ကျယ်တဲ့ စမ်းချောင်းကမ်းပါးတစ်
လျောက် ရေနီးပင် ဖြစ်တဲ့ သစ်ပင်
ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းပေါက်
တယ်။ညအခါမပြောနဲ့ နေခင်းနေ့ 
လယ်တောင် စိတ်အားငယ်သူများ
ခြောက်ခြားစေနိုင်တယ်။ကျေးသံ
ငှက်သံကလွဲလို့ တိတ်ဆိတ်နေတဲ့ 
အရပ်။
ဦးမောင်နီ လယ်ကန်သင်းရိုးပေါ်က
ဖြတ်တော့ ကျနော့် အရိပ်ကတစ်
စောင်းကျနေလို့ နေ၀င်တော့ မယ်
ဆိုတာသိလိုက်တယ်။လယ်ပုတ်
ပြီးစ ကောက်ပင်ငုတ်များရှောင်ရင်း
တောင်ကြားလေညင်းနဲ့ အတူသင်း
ပျံလာတဲ့ တောပန်းနံ့ တ၀က်ယာ
ဆန်နီအနံ့ တ၀က်ကစိတ်နှလုံးကို
နဲနဲ ကြည်သွားစေတယ်။စမ်းချောင်
စပ်ရောက်တော့ စမ်းရေစီးတဲ့ အသံ
ကလွဲလို့ ကျေးသံငှက်သံငြိမ်နေ။
ချောင်းထဲဆင်းတဲ လူသွားလမ်း
အတိုင်းဆင်းလာပြီး ချောင်းကိုဖြတ်
ဖို့ ကျောက်တုံးတွေစီထားတဲ့ နေရာ
ကသစ်ပင်အရိပ်တွေနဲ့ ဆိုတော့ ပို
မှောင်သွားပြီ ခြေသလုံးတ၀က်မြှုပ်
တဲ့ ချောင်းထဲ ကျောက်တုံးတွေပေါ်
ခနော်ခနဲ့ နဲ့ သတိထားပြီး၁၅ပေ
လောက်လျောက်ရတယ်။ကျနော်ဒါ
တွေပြောပြတာ သူငယ်ချင်းဟာည
သန်းခေါင် မှောင်ထဲသွားရတဲ့ လမ်း
ကိုသိစေချင်လို့ ပါ။
စမ်းချောင်းကိုဖြတ်ပြီးလို့ တစ်ဖက်
ကမ်းပါးကိုတက်လိုက်ရင်ပဲယာခင်း
အဆုံး တောင်နှစ်လုံးကြားအစွယ်
မှာ လူရိပ်လိုလိုတွေ့ လိုက်တယ်။
ခပ်သုတ်သုတ်မြန်မြန်သွားနေတဲ့ ပုံ
ပါ။မောတယ်ပန်းတယ်မရှိတော့ဘူး
သိချင်စိတ်ကစိုးမိုးနေလို့ အမှီလိုက်
တာပေါ့ ။ကျနော်တို့ ဒေသကမြေ
သားနဲပြီး ကျောက်တုံးကျောက်
ဆောင်တွေများပါတယ်ရှိတဲ့ မြေ
သားအကပ်အသပ်လေးပေါ်စိုက်ပျိုး
ကြတာပါ။ ဘော် ခဲ ခဲမဖြူ အဖြိုက်
နက် အများကြီးရှိလောက်ပါတယ်။
ဒီစာရေးနေရင်းတောင် ရွာပြန်ပြီး
ကုပ္မဏီတစ်ခုထောင် ဓာတ်သတ္တု
ရှာဖွေရင်ကောင်းမလားစဉ်းစားမိပါ
ရဲ့ ခရိုနီ ခရိုပြာတွေလက်လှမ်းဝေး
နေသေးလို့ နေမှာတူးကြဖော်ကြတဲ့
အသံမကြားသေးဘူး ဒီစာဖတ်ပြီး
စိတ်ဝင်စားတဲ့ လူဆက်သွယ်လာ
ရင်မဆိုးဘူး။:-)
အဲဒါနဲ့ ကျောက်တုံးဂဘုတွေကြား
အလဲလဲအပြိုပြိုအမှီလိုက်တာ
တောင်ကုန်းအတက်လေးကျော်ပြီး
တဘက်လျို ချိုင့် ဝှမ်းထဲရောက်။
ဖုန်းဆိုးမြေ ကျွဲနွားစားကျက်နေရာ
ပါ နယ်ကြမ်းတယ်လို့ အပြောများ
တော့ ကျွဲနွားတွေတောင်သိပ်မ
လွှတ်ကြတာနဲ့ မြက်ရိုင်းမြက်နုတွေ
ထွားချင်တိုင်းထွား နုချင်တိုင်းနုနေ
ကြတယ်။အဲနေရာကိုအပေါ်စီးက
လှမ်းတွေ့ နေရတယ် ပြီးတော့ 
တောင်နှစ်လုံးအဆက်အနိမ့် နေရာ
မို့ နေရောင်ရနေသေးတော့ လင်း
ထိန်နေတယ်။သူငယ်ချင်းကကျ
နော်ရှိတဲ့ နေရာနဲ့ ကိုက်လေးငါးရာ
လောက်ဝေးပေမဲ့ ရှင်းရှင်းပြတ်ပြတ်
မြင်နေရတယ်။စိုက်စိုက်သွားနေရာကကျောက်စွယ်တခုနားရောက်
တော့ တုန့် ခနဲရပ်တာမြင်လိုက်ရ
တယ်။နဲနဲကွယ်နေလို့ ညာဖက်
ကျောက်တုံးအကွယ်ကတက်
ကြည့် ပါတယ်။ သူငယ်ချင်းရပ်နေ
တဲ့ ကျောက်စွယ်ဘေးမှာဧရာမဂူ
ကြီးတစ်ခုကိုတွေ့ ရပါတော့ တယ်။
ငယ်ငယ်တုံးက လျောက်သွားဖူးပေ
မဲ့ ဒီဂူရှိမှန်းမသိခဲ့ ပါဘူး။သစ်ပင်ခြုံ
နွယ်တွေအထပ်ထပ်နဲ့ ဂူပေါက်မဲမဲ
ကြီးကခြောက်ခြားစရာကောင်းပါ
တယ်။မိုးတွင်းတုံးကကျန်ခဲ့ တဲ့ ရေ
ညှိရေမှော်စိမ်းစိမ်းတွေအထပ်လိုက်
ကျန်နေသေးတာထောက်ရင်လူ
သတ္တ၀ါ တစုံတရာသွားလာနေတဲ့ 
နေရာဟုတ်ဟန်မတူဘူး။အပင်အ
ရိပ်ကြီးကြီးမားမားတော့ မရှိဘူး။
သူ့ ကိုလှမ်းကြည့် လို့ မြင်ရတာက
ဟိုဖက်လှည့် လိုက် ဒီဖက်လျောက်
လိုက် လက်နောက်ပစ်ခေါင်းစောင်း
ခေါင်းခါ ပြုံးလိုက် ရီလိုက် ရိုက်ကွင်
မှာမင်းသားအိုက်တင်ကျင့် နေတာ
နဲ့ တူတယ်။ သေသေချာချာပြူးပြဲ
ကြည့် လည်းသူတစ်ယောက်ထဲပါ
သက်ရှိသတ္တ၀ါဆိုလို့ ခွေးတကောင်
ကြောင်တမြီးမှ မတွေ့ ပါဘူး။
အံဩလွန်းလို့ ကျနော်တောင်ခဏ
ကြောင်သွားသလိုပဲ။
သူကတဖြည်းဖြည်းလမ်းလျောက်
တယ်ဘေးမှာတစ်ယောက်ယောက်
ကိုတွဲပြီးလျှောက်တဲ့ ဟန်မျိုးပါပဲ။
ပြီးတော့ အဲနားမှာတစ်စောင်းလဲ
ကျနေတဲ့ သစ်ပင်အဆွေးကြီးပေါ်
မှာထိုင်တယ်။ဟိုဖက်လှည့် လိုက်
ဒီဖက်စောင်းလိုက်တစ်ယောက်၂
နဲ့ စကားပြောနေတဲ့ ပုံပဲ။နဲနဲလှမ်း
တော့ ပြောတဲ့ အသံကိုမကြားရပေ
မဲ့ သေချာပါတယ် ခက်တာကသူ့ 
ဘေးမှာဘယ်သူမှမရှိတာပဲ။
စကားပြောရင်း ဇီးဝါသီး (စတော်
ဘယ်ရီအ၀ါမျိုး) တွေခူးစားနေတာ
လည်းတွေ့ ရသဗျ။ သစ်တုံးပေါ်
ပက်လက်လှန်အိပ်ပြီးလည်းတဟာ
ဟားရီနေသလိုတော်တော်ပျော်နေ
ပုံပါ။မကြာဘူးဗျဟိုလျောက်ဒီသွား
နဲ့ ဂူထဲဝင်သွားတယ်။
ကျနော်လှမ်းအော်ဖို့ ကြိုးစားပေမဲ့ 
အာစေးထည့် ထားသလိုအော်မရခဲ့
ဘူး။ခဏစောင့် ကြည့် ပြီးမထွက်
လာတာနဲ့ ပြန်ခဲ့ တယ်။ဂူထဲဝင်စူး
စမ်းရလောက်အောင်တော့ ကျနော်
သတ္တိမကောင်းခဲ့ ဘူး။
အပြန်လမ်းမှာ ကျနော်မှီသ၍ဥာဏ်
နဲ့ ဆင်ချင်မိတာက မောင်ဝေထွန်း
ဟာစိတ်ရောဂါတမျိုးစွဲကပ်နေသ
လားယူဆမိတယ်။တခါ စိတ်ရောဂါ
ကလဲဒီနေရာရောက်မှဖောက်ရသ
လား။ရွာထဲမှာပြောဆိုရင်အကောင်
အမှန် သာမာန်လူတွေလိုပဲ။အနု
စားလောက်ဖြစ်နေရင်တောင်သူ
ငယ်ချင်းအရင်းကျနော်ခန့် မှန်းနိုင်
ပါတယ်။ဒါဆို ပြင်ပပရောဂကြောင့် 
လား။ဖြစ်နိုင်တဲ့ အတွေးတခုကိုကျ
နော်ရလိုက်တယ်။
အဲဒိခေတ်ကမြို့ ပြမှာ W ဆေးပြား
တွေ ဖန်စီတိုင်း ကော်မင်သာစင်
တွေကြားဖူးနေပြီ။ ကျနော့် သူငယ်
ချင်းဟာရိုးသားအေးဆေးပေမဲ့ မြို့ 
ရောက်သွားတဲ့ အပိုင်းကိုကျနော်မ
သိနိုင်လို့ အဲလိုပဲတစ်ထစ်ချ ယူဆ
စုံစမ်းဖို့ ကျနော်ဆုံးဖြတ်ခဲ့ တယ်။
ပရ လောကကိုမယုံဘူးမဟုတ်ပေမဲ
လက်တွေ့ ကျတဲ့ သိပ္ပံနည်းကျတဲ့ 
လမ်းကိုရွေးလိုက်ခဲ့ တဲ့ ကျနော်
ဟာအချစ်ဆုံးသူငယ်ချင်းတစ်
ယောက်ကိုဆုံးရှုံးခဲ့ တဲ့ အချိန်ကျမှ
နောင်တကြီးစွာရတော့ မယ်ဆိုတာ
အဲဒိတုံးကမသိခဲ့ဘူး။
ဆက်ပါမယ် Ohe Sue Usoe.

သင့်ချစ်သူ ဘယ်လိုမျိုးလဲ

ဘယ်လိုချစ်သူမျိုးနဲ့ တွေ့ချင်လဲဆိုတာ စိတ်ဝင်စားကြမှာဘဲနော်
> အိုကေ ... ဒါဆိုရင် ... ကျွန်တော် ... မေးခွန်းလေးတွေမေးမယ် ...multiple choice
> ... ပေါ့
> one ... two ... three ... ရွေးရုံလေးပါ ... ပြီးရင် ... အမှတ်ပေးမယ်...
> အားလုံးပေါင်း ...... မေးခွန်း ခြောက်ခုပေါ့ ... အမှတ်တွေပေါင်းပြီးရင် ...
> ကိုယ်ဘယ်လိုချစ်သူမျိုး ... ရနိုင်မလဲ ... သိကြရမယ်
> ကဲ ... စလိုက်ကြရအောင် ...

> ... ၁ ... သင်လိုချင်တဲ့ ချစ်သူရဲ့ ရုပ်ရည်သွင်ပြင် ...
>
> ... one ... သိတ်ချော သိတ်လှရမယ် ...
>
> ... two ... ကြည့်ကောင်းရင်ပြီးတာပါဘဲ
>
> ... three ... ဒါတွေက အရေးမကြီးပါဘူး
>
>
>
> ... ၂ ... သင်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်း ...
>
>
> ... one ... ဘာမဆိုစွမ်းဆောင်နိုင်ရမယ်
>
> ... two ... အေးချမ်းတဲ့ ဘ၀လေး ဖန်တီးနိုင်တယ်
>
> ... three ... ကိုယ့် အတွက် အမြဲတမ်း hero ပေါ့
>
>
>
> ...၃ ... ဒီလိုဖြစ်နေစေချင်တယ်
>
> ... one ... အမြဲတမ်း ကိုယ့်အတွက် အဆင်သင့်
>
> ... two ... ဘာဘဲဖြစ်ဖြစ်လေ နားလည်ပေးရမှာပေါ့
>
> ... three ... စိတ်ချင်းဆက်နေတယ်
>
>
> ... ၄ ... သူ့ရဲ့မိသားစု နဲ့ ယှဉ်ရင်
>
> ... one ... ကိုယ်က နံပါတ်စဉ် တစ်ပေါ့
>
> ... two ... ဟိုဘက် ဒီဘက် ညီညီမျှမျှပေါ့
>
> ... three ... နားလည်ပေးရမှာပေါ့လေ
>
>
>
> ... ၅ ... သူနဲ့လက်ထပ်ဖြစ်ပြီးရင်တော့
>
>
> ... one ... တိုက်ကြီးကြီး ကားအကောင်းစားကြီးနဲ့နေချင်တယ်
>
> ... two ... သီးသီးသန့်သန့် အေးအေးချမ်းချမ်းလေး နေချင်တယ်
>
> ... three ... မိဘတွေနဲ့အတူတူပေါ့
>
>
>
> ... ၆ ... လက်ထပ်ပြီး ရေရှည်မှာ
>
> ... one ... အရင်လိုဘဲ ကိုယ့်ကို ဦးစားပေးရမှာပေါ့
>
> ... two ... သူ့ဦးဆောင်မူ့ အောက်မှာဘဲနေတော့မယ်လေ
>
> ... three ... ညှိညှိနိုင်းနိုင်းနဲ့ နေကြရမှာပေါ့
>
>
> one ... ကိုရွေးရင် ... တစ်မှတ်
> two ... ကိုရွေးရင် ... နှစ်မှတ်
> three ... က သုံးမှတ်ပေါ့
> မေးခွန်း ၆ ခု စလုံး က အမှတ်တွေကို ပေါင်း ... ပြီးရင် ...
> ဘယ်နှစ်မှတ် ရသလဲ ... ပြောပြ ... ပြီးရင် ... အဖြေ ပြောပြမယ် ...
> အဖြေတွေက ( ၃ ) မျိုးပါ
> ၈ မှတ် အောက် ... ၈ မှတ်နဲ့ ၁၂ မှတ်ကြား ... ၁၄ မှတ်နဲ့ အထက် ... တွေပါ ...
>
>
> ၈ မှတ်အောက်ရသူတွေ
>
> ... သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး နဲနဲလောဘ ကြီးတတ်တဲ့ ချစ်သူမျိုးနဲ့
> ဆုံရတတ်ပါတယ်တဲ့
> အတ္တလဲကြီးတတ်ကြတယ် ... မိမိသာ ပထမ ချစ်သူက ဒုတိယလို့သဘောထားတတ်ကြသူတွေ
> လိုမျိုးပေါ့
> ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုသာ ရှေ့တန်းတင်တတ်ကြပါသတဲ့.. လက်တွေ့ဆန်သူများလို့လဲ
> ပြောရင်ရမလားပေါ့ ... ... ကိုယ်ရမယ့်
> ချစ်သူရဲ့ ပုံစံကို ပြောတာ
>
> ၈မှတ် နဲ့ ၁၂မှတ် ကြား
>
> ... သူတို့တွေကတော့ မှန်လိုချစ်သူမျိုး ရတတ်ကြပါတယ်တဲ့...
> ကိုယ်ပြုံးရင်ပြန်ပြုံးပြမယ် ... ကိုယ်မဲ့ရင်ပြန်မဲ့ပြမယ်ပေါ့ ...
> အရမ်းလဲ ကိုယ့်အပေါ်မဆိုးသလို ... သိတ်ပြီးတော့လဲ... မကောင်းပြန်ဘူး ... အဓိက
> ကတော့ ကိုယ်ပေးနိုင်သလောက်ဘဲ ... ပြန်ရမယ့်
> ချစ်သူမျိုးပေါ့...အရမ်းတော့လဲ မျှော်လင့်ချက်ထားလို့ မရတတ်ဘူး ...
>
> ၁၄မှတ် နဲ့ အထက်
>
>
> ... သူငယ်ချင်းရေ အရမ်းကို ပျော်လိုက်ပါတော့ ... ကံကောင်းခြင်းတွေနဲ့ အတူ...
> ချစ်သူတစ်ယောက် သူငယ်ချင်းဆီကို
> ... ရောက်လာပါလိမ့်မယ် ... မိတ်ဆွေ ... အစစ အရာရာ သည်းခံတတ် ...
> အနစ်နာခံတတ်တဲ့ချစ်သူ ... ခပ်သိမ်းသော... အရာအားလုံးထက် ... ပိုပြီး ...
> ကိုယ့်ကို ချစ်မယ့် သူ တစ်ယောက် ...
> မိတ်ဆွေ ... ရနိုင်ပါလိမ့်မယ် ...... နေရောင်ခြည်ကဲ့သို့ ... ကိုယ်ဘ၀ကို ...
> နွေးထွေးစေမယ့်
> ချစ်သူမျိုးပေါ့ ... သူငယ်ချင်းရဲ့ ဘ၀တစ်လျှောက်လုံးမှာ... ဂရုတစိုက်နဲ့ ...
> စွဲစွဲနစ်နစ် ... နဲ့ ... သူက ... ခင်ဗျားကို
> ချစ်သွားပါလိမ့်မယ် ..

အမေ့အိမ်သို့.....လွမ်းချင်း

အမေ......ကရုဏာအပြုံးများနှင့်
အမြဲတမ်း.........အားပေးတတ်တယ်....
ဘယ်အရာမဆိုမေတ္တာထားလို့....
အပြုံးများနှင့် သွန်သင်ဆုံးမတတ်တဲ့
အနှိုင်းမဲ့ မေတ္တာတော်ရှင် ချစ်မေမေ။
ငြီးငွေ့ ဖို့ကောင်းတဲ့ မလေးမြေထဲ................
ဆန်းကြမ်းထမင်း ချဉ်ရေဟင်းနဲ့
ဇာတ်လိုက်က ကြက်ဥ
မသေရုံတမယ် ဝမ်းရေးကျောင်းရင်း
အမေ့လက်ရာ.....ဟင်းလျာတွေကို
ရင်မှာအမြဲ တမ်းတမိတယ်........အမေ။
အမေ့ မေတ္တာအေးရိပ်ခွာလို့
မလေးမြေထဲ ပူပန်မှုများစွာနဲ့
ကြမ်တမ်းတဲ့ ဘဝလမ်းကိုလျှောက်ခဲ့တာ
ကာလလည်းမနည်းတော့ဘူး......။
အမေ့ အရိပ် ပြန်ချင်စိတ်က
တားမရသော်လည်း အံကိုကြိတ်ရင်း
ရည်မှန်ချက် တွေ ပြည့်တဲ့တစ်နေ့ 
အမေ့အေးရိပ် ပြန်ခိုလှုံဖို့
သားပြန်လာခဲ့ပါ့မယ်
ချစ်မေမေ....................။

crd...ချစ်ဦးလေး[တမာမြေ]

တရုတ်သရဲ

ကျနော်ငယ်ငယ်က
ကျနော်တို့အိမ် အနီးအနားမှာ တရုတ်မိသားစု သုံး ... လေးစု ရှိပါတယ်၊ တရုတ်
လူမျိုးတို့ရဲ့ စီးပွားရေး ကျွမ်းကျင်မှု၊ အလုပ် လုပ်နိုင်မှုတွေကြောင့် ကျနော် ကိုးတန်း
ရောက်ကာစမှာပဲ သူတို့တွေ ကျနော်တို့ ဆင်ခြေဖုံးရပ်ကွက်လေးကနေ လူချမ်းသာ
တွေနေထိုင်တဲ့ ဆိတ်ငြိမ်ဒေသဆီ ပြောင်းရွေ့သွားကြပါတယ်။ ကျနော်တို့ ရပ်ကွက်
က မြန်မာလူမျိုး အများစု နေထိုင်တော့ အလှူခံမဏ္ဍာန်တွေ၊ လော်စပီကာအသံ
တွေ၊ ရာသီအလိုက် ဘုရားပွဲတွေနဲ့ အမြဲလိုလို တရုံးရုံး ဖြစ်နေကြပါ။ ရပ်ကွက်ထဲ
ကနေ တခြားနေရာဆီ ပြောင်းရွေ့သွားသူတွေ ရုတ်တရက် သူတို့စိတ်ထဲမှာ
“ဟာတာတာ” ဖြစ်သွားသလို ခံစားရကြောင်း ပြောပြကြပါတယ်။ ကျနော်တို့
မိသားစုနဲ့ အင်မတန် ရင်းနှီးတဲ့ “အကြည်” လို့ ခေါ်တဲ့ တရုတ်မကြီး မိသားစု တစ်စု
ရှိပါတယ်။ အဲဒီ ဒေါ်အကြည်ဟာ ကျနော့်ရဲ့ “ဖဲ”ရိုက်နည်း သင်ပေးတဲ့ ပထမ
ဆုံး ဆရာတစ်ဦးပါ။

အကြည်တို့ အိမ်ပေါ်မှာ ကျနော်ငယ်စဉ်က နေ့စဉ် သွားရောက် ဆော့
ကစားနေကြပါ။ ကျနော် ခြောက်တန်း ... ခုနှစ်တန်းလောက် ရောက်တော့
အကြည်က သူတို့အိမ်ပေါ်ရောက်ရင် မုန့်ပဲလှော်တွေကို သူ့သားသမီးတွေနဲ့
ဆတူဝေပေးပြီး မုန့်ပဲလှော်ကြေး “ဖဲ”ရိုက်ကြပါတယ်။ ၁၃ ချပ် ပိုကာ၊ တစ်ချပ်
မှောက် “ရှိုး” စတဲ့ ရိုက်နည်းပေါင်းစုံကို ကျနော်တို့ ကစားကြပါတယ်။ မုန့်ပဲလှော်
ကြေး ဖဲရိုက်တိုင်း ကျနော် အရင်ဆုံး မြန်မြန်ကုန်ပြီး ရှုံးသွားလေ့ ရှိပါတယ်။
အဲလို ရှုံးသွားရင် အကြည်က ကျနော့်ကို ကြည့်ရင် ပထမတော့ တဟဲဟဲ
ရယ်ပြီး သူ့ပါးစပ်က တရုတ်လို ပွစိပွစိပြောပြီး မျက်ရည်တွေ ၀ဲလာလေ့ ရှိ
ပါတယ်။ ဒါနဲ့ သူ့သား တိုးတိုးကို မေးကြည့်တော့ ကျနော့်တို့ လမ်းလျှောက်
တတ်ကာစက ကွယ်လွန်သွားတဲ့ အကြည်ရဲ့မောင် “အကျိုး” ကို သတိရပြီး
ခုလို မျက်ရည်ဝဲတာ ဖြစ်ကြောင်း ပြောပြပါတယ်။ အကြည်ရဲ့မောင် ဖြစ်သူ
“အကျိုး” ဟာ တမလွန်ကနေ သူတို့ မိသားစုကို ကာကွယ်စောင့်ရှောက်
နေတယ်လို့ သူတို့မိသားစု မှတ်ယူထားကြပါတယ်။ (အကြည်ရဲ့မောင် အမည်
က “အကျိုး” မဟုတ်ပါဘူး၊ သူတို့တရုတ်တွေရဲ့ အသံထွက်ကို ကျနော်တို့
မှတ်လို လွယ်အောင် “အကျိုး”လို ဖြစ်သလို ခေါ်ကြတာပါ။)

ကျနော့်အဖွားထံကနေ သိခဲ့ရတာက အကြည်တို့ မိဘများ လက်ထက်က
အဲဒီသူတို့အိမ်မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အကြည်
အပါအ၀င် သားသမီး လေး ... ငါး ယောက်ရှိပါတယ်။ ၁၉၆၇ ခုနှစ် တရုတ်မြန်မာ
အရေးအခင်းအတွင်း အကြည်ရဲ့ မောင်နှမတချို့ သေဆုံးခဲ့ကြပါတယ်။ သူတို့
မောင်နှမအားလုံး “နန့်ရမ်း” ကျောင်း (ယနေ့ အ.ထ.က(၂)ဗဟန်း) မှာ
ပညာသင်ကြားကြတဲ့ တရုတ်ကျောင်းသားတွေပါ၊ အဲဒီခေတ်က ရန်ကုန်မှာ
“နန့်ရမ်း”လို တရုတ်သီးသန့်ကျောင်းတွေ ရှိခဲ့ဖူးပါတယ်၊ လူကြီးအပြောအရ
စားသောက်ကုန် “ဆန်”ဈေးကွက်ကို တရုတ် လက်ဝါကြီးအုပ်ထားလို့၊ နန့်ရမ်း
ကျောင်းက မြန်မာလူမျိုး ကျောင်းဆရာမတစ်ဦးကို တရုတ် ကျောင်းသားတွေ
စုပေါင်း အဓမ္မပြုကျင့်ပြီး ရင်သား နို့သီးခေါင်းကို ကတ်ကြေးနဲ့ ဖြတ်ပြီး သတ်ပြစ်
တယ် ... စတာတွေ ပြောကြပါတယ်၊ နိုင်ငံရေးအကြောင်း နှံစပ်တဲ့ လူကြီးတွေက
တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ “ပန်းပေါင်းတစ်ရာ ပွင့်ပါစေ”လို့ တရုတ်
ကွန်မြူနစ် ဥက္ကဋ္ဌ မော်စီတုန်း ကြွေးကျော်သံနဲ့အတူ အရှေ့တောင်အာရှနဲ့
ကမ္ဘာအရပ်ရပ်က ကွန်မြူနစ် လက်နက်ကိုင် အင်အားစုတွေကို တရုတ်က
ပုံအော ကူညီမှုကြောင့် တရုတ်မုန်းတီးရေး ပြဿနာ ဖြစ်ပွားပြီး အင်ဒိုနီးရှား
နိုင်ငံမှာ တရုတ်လူမျိုး သိန်း ဂဏန်းအဆင့်ထိ အသတ်ခံရကြောင်း ပြောပြ
ကြပါတယ်။

အဲလိုနဲ့ တရုတ်မြန်မာ အရေးအခင်း လူမျိုးရေး ရိုက်ပွဲတွေ ဖြစ်လာတော့
အကြည်တို့ မိဘများ ပိုင်ဆိုင်တဲ့ သူတို့အိမ်ကို မြန်မာကျောင်းသားတွေနဲ့
မြန်မာပြည်သူတွေ ၀ိုင်းထားကြပါတယ်။ သူတို့ စားသောက်ဆိုင်အတွင်းက
ခုံတွေ စားပွဲတွေ ပစ္စည်းပစ္စယတွေကို လမ်းမပေါ် သယ်ထုတ်ပြီး စုပုံ မီးရှို့
ကြပါတယ်။ အဲဒီအချိန်မှာ အကြည်တို့ အမအကြီးဆုံးဟာ သူတို့တိုက်ရဲ့
ခေါင်မိုးပေါ်တက်ပြီး ... “ဥက္ကဋ္ဌကြီး မော်စီတုန်း အသက်ရာကျော် ရှည်ပါစေ”၊
“ပီကင်းဦးဆောင်တဲ့ တော်လှန်ရေး မုတ်ချအောင်ရမည်” အော်ပြီး သူတို့တိုက်
ရှေ့မှာ သူတို့ပစ္စည်းပစ္စယတွေ မီးပုံရှို့ထားတဲ့ မီးပုံထဲကို ခုန်ချပါတော့တယ်။
အပေါ်ကနေ အောက်ကို ပြုတ်ကျလာတဲ့ အရှိန်နဲ့ အကြည်တို့ အမအကြီး
ဆုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ အမအကြီးဆုံး အဲလို အဖြစ်ဆိုးနဲ့ သေ
သွားတာကို ကြည့်ပြီး အကြည်ရဲ့မောင်အငယ်အဆုံး “အကျိုး”ဟာ အဲဒီအချိန်
ငါးနှစ် ..... ခြောက်နှစ်သားအရွယ်ပါ၊ ဒါနဲ့ အဲဒီကလေးက တိုက်ခေါင်မိုးပေါ်
ဘယ်လိုပုံစံ တက်သွားမှန်းမသိ တက်သွားတယ်လို့ ကျနော့်အဖွားက ပြောပြ
ပါတယ်။ ကလေးငယ်ဖြစ်တဲ့ အကျိုးက သူ့အမလို ဥက္ကဋ္ဌကြီးမော်တို့ ဘာတို့
မကြွေးကျော်နိုင်ပါဘူး၊ “ခွေးမသားတွေ .... တွေ” စသဖြင့် သူတို့အိမ်ရှေ့က
လူအုပ်စုကြီးကို လက်ညှိုးထိုး ဆဲဆိုပြီး သူ့အမလို ခုန်ချလိုက်ပါတယ်။ တိုက်ပေါ်က
ပြုတ်ကျလာတဲ့ “အကျိုး”ဟာ ငယ်သံပါအောင် အော်ရင် လူတွေကို လက်ညှိုး
ဆဲဆိုနေပါတယ်၊ ပြုတ်ကျလာတဲ့အရှိန်နဲ့ သူ့အမလို သေမသွားပဲ ခြေနှစ်ချောင်း
စလုံး ကျိုးသွားပါတယ်။ သူ့ရင်ဘက်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်
မော်စီတုန်း ရင်ထိုးလေးကို တပ်ထားပါတယ်။ သူ့ပါးစပ်ကလည်း တအားအား
အော်ငိုရင်း သူ့ကို ၀ိုင်းကြည့်နေတဲ့ လူအုပ်စုကို ဆက်တိုက် ငိုပြီး ဆဲဆိုပါတယ်။
အဲဒီအချိန်မှာ ဓါးရှည်ကိုင်ထားတဲ့ လူမိုက်တစ်ယောက်က ခုတ်မယ်ဆိုပြီး
သူ့ဆီ ပြေးသွားပါတယ်။ အဲဒီအချိန်မှာ ကျနော့်အဖွားက ... “ဟဲ့ဟဲ့၊ မလုပ်ကြ
ပါနဲ့၊ ဒီကလေးက တရုတ်မဟုတ်ပါဘူး၊ သူတို့မိသားစု ကလေးမွေးစားချင်တယ်
ပြောလို့ အဒေါ်ကိုယ်တိုင် တောက ခေါ်ပေးခဲ့တဲ့ မြန်မာလူမျိုး မိဘမဲ့လေးပါ ...”
လို့ ၀င်ပြီး လိမ်ညာပေးလိုက်ပါတယ်။ အဲဒါနဲ့ အကြည်မောင်အရင်း တရုတ်လူမျိုး
စစ်စစ် “အကျိုး”တစ်ယောက် အောက်ပြုတ်ကျပြီး ခြေထောက်ကျိုးပေမယ့် ဓါးနဲ့
အခုတ်မခံရပဲ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကျနော်အဖွား အပါအ၀င် သူတို့
အိမ်နီးနားချင်း မြန်မာတွေက သူတို့မိသားစုကို မသတ်ဖို့၊ သူတို့မိသားစုထံမှာ
အကြွေးရစရာ ရှိတယ်ဆိုပြီး မီးရှို့ခံရတော့မယ့် သူတို့ပစ္စည်းတွေကို လူတွေရှေ့
မှာ သူတို့အိမ်ထဲက သယ်ယူကြပါတယ်။ လူအုပ်စုကြီး ပြန်သွားမှ သူတို့ပစ္စည်း
တွေကို သူတို့မိသားစုထံ ပြန်ပေးကြပါတယ်။ ဒါကြောင့် အကြည်တို့ မောင်နှမ
တသိုက်က ကျနော့်အဖွားကို အမေလို့ ခေါ်ကြပါတယ်။ ကျနော့်အဖွား ကွယ်လွန်
တော့ အငိုဆုံးလူဟာ အကြည်ပဲ ဖြစ်ပါတယ်။

ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားတဲ့ အဖြစ်ရယ်၊ သူ့တရုတ် နာမည်
အရင်းမှာ “အကျွတ်”လိုလို “အကျွီ့”လိုလို ခေါ်ရခက်တဲ့ အမည်ကြောင့်
ကျနော်တို့ ငယ်စဉ်က သူ့ကို “အကျိုး”လို့ပဲ ခေါ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျနော်
နှစ်တန်း ... သုံးတန်းလောက်မှာ အကြည်ရဲ့မောင် “အကျိုး” ကွယ်လွန်သွား
ပါတယ်။ ဒီလိုနဲ့ ခြောက်တန်း ... ခုနှစ်တန်း ကျောင်းသားဘ၀ အကြည်တို့
အိမ်မှာ မုန့်ပဲလှော်ကြေး ဖဲရိုက်တိုင်း ကျနော် ရှုံးလေ့ရှိပါတယ်။ ဒါနဲ့ အကြည်’
သား တိုးတိုးပြောပြတဲ့ သေသွားတဲ့ သူ့ဦးလေး “အကျိုး” အကြောင်း ကျနော့်
အဖွားကို မေးကြည့်ပါတယ်။ ကျနော့်အဖွားက “အကျိုး”ဟာ အင်မတန် ၀က်သား
ကြိုက်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်နဲ့အတူ အကြည့်တို့အိမ်ပေါ် သွား
ဆော့နေကြ မောင်ငယ်နဲ့ ပေါင်းပြီး အစီအစဉ်တစ်ခု ရေးဆွဲပါတယ်။ အဲဒီ
အစီအစဉ်က ကျနော်တို့ မုန့်ပဲလှော်ကြေး ဖဲရိုက်နေစဉ် အချိန်အတွင်း
သူတို့အိမ်က မီးဖိုချောင်းထဲမှာ ခွက်တစ်ခွက်ကိုယူ ၀က်သားဟင်းထည့်ပြီး
တစ္ဆေဖြစ်နေတဲ့ “အကျိုး”ကို ဖိတ်ဖို့ပါ၊ ကျနော်တို့ ကလေး “ဖဲ” ၀ိုင်း မပြီးမချင်း
သူ့တူအရင်း တိုးတိုးဖက်ကနေ ၀င်မကူရင် ဖဲ လာကစားတိုင်း ၀က်သားဟင်း
တစ်ခွက် ယူလာမယ်လို့ ကတိပြုတယ်ပေါ့ ...။

ဒီလိုနဲ့ ကျနော်တို့ မောင်ငယ်တို့ အိမ်မှာ ၀က်သားဟင်းချက်ရင် ခွက်သေးသေး
ထဲ ၀က်သား အဆီးဖက်လေး နည်းနည်း ထည့်ပြီး အကြည့်တို့ အိမ်ပေါ်
ယူသွားပါတယ်၊ သူတို့အိမ်ပေါ်ရောက်ရင် ဟိုကြည့် ဒီကြည့်နဲ့ သူတို့မိသားစု
မမြင်အောင် လှေကားထစ်အောက် ဖြစ်ဖြစ် ဒီခွက်လေး ယူသွားပြီး ပါးစပ်ကနေ
တိုးတိုးတိတ်တိတ်နဲ့ ... “အကျိုးရေ၊ အကျိုးကြိုက်တဲ့ ၀က်သားဟင်း ယူလာ
တယ်၊ ဖဲဝိုင်းမှာ တိုးတိုးဖက်ကနေ ၀င်မပါပေးနဲ့၊ တိုးတိုးဖက်က ၀င်ပါလို့
ကျနော်တို့ရှုံးရင် နောက်တခါ ၀က်သားဟင်း မကျွေးတော့ဘူး ... ”။
အဲဒီတုန်းက ကိုယ်တိုင်လုပ်ခဲ့တာကို အခုပြန်တွေးမိမှာ ကြက်သီးတောင်
ထ’တယ် .... :P

အဲလို ၀က်သားဟင်း ကျွေးတဲ့နေ့ဆို မုန့်ပဲလှော်ကြေး ကျနော်တို့ ဖဲရိုက်ရင်
ကျနော်ရော မောင်ငယ်ပါ နိုင်သလား မမေးပါနဲ့၊ မုန့်ပဲလှော်တွေ စားလို့
ချောင်းတဟွတ်ဟွတ်နဲ့။ ၀က်သားဟင်း ယူမသွားနိုင်တဲ့ နေ့ဆိုရင် ကျနော်တို့
နှစ်ယောက် ခွက်ခွက်လန်အောင် ရှုံးပါတယ်၊ ၀က်သားဟင်း ယူမသွားနိုင်တဲ့
တစ်နေ့၊ ပိုကာဖဲဝိုင်းမှာ ဝေပါ တစ်ထွေ၊ ဂျိုကာက နှစ်ကောင်နဲ့၊ လေးပြား တစ်တွဲ၊
သုံးပြား နှစ်တွဲ၊ ကျန်နှစ်ပြားကို အလယ်က ဂျိုကာထောက်ပြီး change လုပ်နေတာ
ဖဲဝိုင်း အလှည့်ကျ ဖဲဆွဲတာ လေး .... ငါးပတ် ကျနော်တို့ မဒေါင်းဘူး၊ ပေါက်ကရ
ဖဲမျိုးစုံ ဖြစ်နေတဲ့ တိုးတိုးက ဂျိုကာတွေ တက်လိုက်၊ ပိုက်ဆံဖဲတွေ တက်လိုက်နဲ့
သူပဲ ဒေါင်းသွားတယ်။ ဒါနဲ့ မုန့်ပဲလှော်ကြေး ဖဲရှုံးသွားတဲ့ ကျနော်တို့
နှစ်ယောက်၊ ၀က်သားဟင်းကြိုက်တဲ့ တရုတ်တစ္ဆေ “အကျိုး” ကို ပညာပေးမယ်
ဆိုပြီး စီစဉ်ကြပါတယ်။

နောက်တနေ့ မောင်ငယ်တို့အိမ်မှာ ၀က်သားဟင်းချက်တော့ ခွက်သေးသေး
ထဲ ၀က်သားဖက် နှစ်တုံးကို အဆီလေး ဘာလေးထည့်၊ ငရုတ်သီးမှုန့်တွေ၊
ငရုတ်သီးစိမ်း အတောင့်ကို ချွေထည့်ပြီး “အကြည်”တို့အိမ် သွားကြပါတယ်။
ထုံးစံအတိုင်း သူတို့အိမ်မှာ တစ္ဆေဘ၀ကနေ သူတို့မိသားစုကို ကာကွယ်
နေတဲ့ “အကျိုး”ကို ကျနော်တို့ဘာသာ တိုးတိုးတိတ်တိတ် ပင့်ဖိတ်ပြီး
ငရုတ်သီး ဗလပွ ထည့်ထားတဲ့ ၀က်သားဟင်းနဲ့ ပူဇော်ပသ လိုက်ပါတယ်။
တရုတ်လူမျိုးတွေက ၀က်သားဟင်း ချက်ရင် အချိုချက်ပဲ စားကြတာ
များပါတယ်၊ အစပ်ကြိုက်တဲ့ တရုတ်ဟာ တော်တော်ကိုး ရှာပါတယ်။
ဒါကြောင့် ၀က်သားဟင်းကို ငရုတ်သီး လူးပြီး ကျွေးလိုက်တာပါ၊ တစ္ဆေပုံစံကို
တခါမှလည်း မမြင်ဘူး၊ အသံတွေ ဘာတွေလည်း မကြားဘူးတော့ လုပ်ရဲတဲ့
သတ္တိ ရှိခဲ့တာပါ။ ဒီလိုနဲ့ နောက်နေ့မနက် မိုးလင်းတော့ မျက်လုံးမပွင့်ခင်
ခြင်ထောင်နံဘေးမှာ ကျနော့်အဖွားရဲ့ တဗျစ်တောက်တောက် ဆူသံကို
ကြားနေရပါပြီ။ တရုတ်တစ္ဆေ “အကျိုး”က ကျနော့်အဖွားကို အိမ်မက်ပေးပြီး
အိမ်မက်ထဲမှာ ... “အမေ၊ အမေ့မြေး ကျနော့်ကို ၀က်သားဟင်း ငရုတ်သီး
လူးပြီး လာ ကျွေးသွားတယ်ဗျာ ...” တဲ့ ..... :P
မောင်ငယ်တို့ အမေလည်း ပုံစံတူ အဲလို အိမ်မက် မက်ပါတယ်၊ လေး ...
ငါးလ ... ခြောက်လ ကြာသည်အထိ “အကြည်”တို့ “တိုးတိုး” တို့ အိမ်ဆီ
ကျနော်နဲ့ မောင်ငယ် မသွားရဲကြပါ၊ လူကြီးတွေ ပြောတဲ့ ...
ပေါက်ပန်းလေးဆယ် မလုပ်နဲ့နော် ... ဆိုသောစကားကို လက်ခံလို့တော့
မဟုတ်၊ တရုတ်တစ္ဆေ “အကျိုး” ကိုယ်ရောင်ပြလိုက်မှာ ဆိုးလို့ပါ .... :P

-စစ်ငြိမ်းဒီရေ