စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, March 7, 2014

* ပန်းဆံခွဲတောင် ဥစ္စာစောင့်  ပဠိမှော့ ဒေ၀ီ *


••••••••
•••ဇတ်သိမ်း••အိုးစိုး••

…သက်ရှိသတ္တ၀ါတွေရဲ့ ဘ၀ကံ
ကြမ္မာဟာ ဒါပြီးရင်ဒါဖြစ်ရမယ်ဆို
တဲ့ ဖန်တီးမှုပါပြီးသားလားမသိဘူး
တခါ ဥာဏ်လေး အထောက်အကူ
နဲ့ ကံကြမ္မာလမ်းကြောင်းကိုပြောင်း
လဲပစ်နိုင်တယ်ဆိုတာလည်းလက်
မခံလို့ မရဘူး။
ကျနော့် အသိဥာဏ်တစ်ထွာတစ်
မိုက် ကလေးနဲ့ စဉ်းစားလေ အဖြေ
မထုတ်နိုင်လေ။ အမှန်တော့ ဒီကိစ္စ
ရဲ့ မြစ်ဖျားခံရင် ကျနော့် သူငယ်
ချင်းကို ခင်မင်တဲ့ စိတ်။သူ့ အကျိုး
ပျက်မဲ့ အဖြစ်ကိုမလိုလားတဲ့ စိတ်
ကြောင့် ဖြစ်ပါသည်။
သူ့ ဆီကပြန်လာပြီး နေ့ နေ့ ည ည
ကျနော် အမှား အမှန်ကိုဝေဘန်နေ
မိတယ်။
ပရ လောက အဖြစ်အပျက်တွေ
ထက် လက်တွေ့ ဖက်ယိမ်းတဲ့ ကျ
နော့် စိတ်ဟာ သူ မူးရစ်ဆေးဝါးစွဲ
နေတယ် လို့ ပဲကောက်ချက်ချလို့ 
ဆေးစပ်မှူး ဆရာဦးလှမြင့် နဲ့ ဆွေး
နွေးတယ်။ သိပ်အကြောင်းမထူးဘူး
မြို့ ပေါ်အရောက်အပေါက်များတဲ့ 
ကျောင်းဆရာ ဦးမျိုးအောင် ကား
လိုက် ဖိုးကျောက်ခဲ သစ်တောဖက်
ကဦးဇော်နိုင်ဦး တို့ ကိုလည်းတီး
ခေါက်ကြည့် တယ်။ သူတို့ လဲတိ
ကျရေရာတဲ့ အဖြေကိုမပေးနိုင်ဘူး။
ဒါပေမဲ့ 
အားလုံးကတစ်သံထဲထွက်တာ
က သူငယ်ချင်းဟာ ဆေးစွဲနေတာ
မဟုတ်ဘူး ဆိုတာပဲ။
ကျနော်နဲ့ အယူအဆ လွဲနေတဲ့ အ
တွက် လုပ်ရမှာ တနည်းပဲရှိတယ်။
ပရောဂ ဆရာ ဦးစောလွင် နဲ့ တွေ့ 
ဖို့ ပဲရှိတယ်။ ကျနော် စိတ်ကိုတစုံ
တရာက စိုးမိုးချယ်လှယ်ထားသလို
ခံစားရတယ်။ နေ့ ရွှေ့ ညရွေ့ နဲ့ မ
တွေခဲ့ ဘူး။
ဒီလိုနဲ့ ရွှေလှန်တောင် မီးရှူးပွဲနေ့ 
တပေါင်းလပြည့် နေ့ ကိုရောက်လာ
ခဲ့ တယ်။
ရွှေလှန်တောင်ဟာပန်းဆံခွဲတောင်
ရဲ့ တောင်စွယ်ပွားတခုဖြစ်တယ်။
ပန်းဆံခွဲတောင်လိုအပင်အုပ်ဆိုင်
မှုမရှိဘူး။ရှေးဟောင်းစေတီလေးတ
ဆူရှိတယ်။တစ်နယ်လုံးကနှစ်စဉ်
လာရောက်ဘုရားပွဲကျင်းပတယ်။
ဟိုးတုံးက ဘုရားပွဲမှာ မီးရှူးလွှတ်
တဲ့ အလေ့အထရှိပေမဲ့ အခု
လောက်မကြီးကျယ်ဘူး။
မီးရှူး ဆိုတာ အခုခေတ် တရုတ်က
လာတဲ့ သီတင်းကျွတ်မှာကလေး
တွေ လွှတ်ကစားတဲ့ ဟာမျိုးပါပဲ။
ဒါပေမဲ့ အဲလိုသေးသေးလေးမ
ဟုတ်ဘူး။အလေးချိန်၁၀ပိသာ၁၅
ပိသာ အရွယ်အစား ၂ပေလောက်
ကနေလူတရပ်နီးပါးအထိရှိတယ်။
မီးလုံးနောက်မှာဆက်ထားတဲ့ ဝါး
မီးတံတောင် ပေ၂၀ ကျော်ကနေ
၂၅ ၃၀ ရှိတယ်။
မီးလုံးတစ်လုံးပြုလုပ်တဲ့ နေရာမှာပ
ညာပါတယ်။အခုခေတ် ဒုန်းပျံ တွေ
လိုပဲ ကိုယ်သွားစေချင်တဲ့ နေရာကို
ရောက်အောင်အကွာအဝေး အနိမ့် 
အမြင့် ကိုယမ်းအားအပျော့ အပြင်း
အချိုးအဆ နဲ့ ပြုလုပ်ရတယ်။ဒေ
သအခေါ် မီးရိုက် တယ်လို့ ခေါ်ပြီး
မီးရိုက်တဲ့ လူကိုမီးရိုက်ဆရာလို့ 
ခေါ်ပါတယ်။ နာမည်ကြီးမီးဆရာ
တွေနေတဲ့ ရွာရှိတယ်။ကြေးကြီး
ပေးငှားရတယ်။
မီးလုံးလွှတ်ပွဲဟာရှေးတုံးကအပျော
ဖြစ်ပေမဲ့ နောက်ပိုင်း အလောင်းအ
စား နဲ့ ဒိုင် နဲ့ ရွာပေါင်းစုံဆုပေးတဲ့ 
ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ တယ်။
ပွဲတော်မှာ တရားဝင်ဆုရဖို့ ထက်
အပြင်လက်သိပ်ထိုးလောင်းကြေး
ကိုပိုမက်ကြတယ်။တချို့ ပွဲကြီးတွေ
မြို့ ပေါ်မှာ ကားသော့ ခြင်းတောင်
ထပ်လောင်းတယ်ကြားမိပါတယ်။
ကျနော်တို့ ဆီတော့ အဲလောက်မ
ဟုတ်ပါဘူး။
ပြိုင်ပွဲစည်းကမ်းက သတ်မှတ်ထား
တဲ့ ဂိုးဧရိယာ ၀င်ဖို့ ပါပဲ။ ဂိုးဝင်တာ
ခြင်းတူရင် အကွာအဝေး နဲ့ ဆုံး
ဖြတ်ပါတယ်။
ဂိုးဧရိယာကို လူနေအိမ်ချေရွာမရှိ
တဲ့ လွင်ပြင် ချိုင့် ဝှမ်းဘက်သတ်
မှတ်တာများပါတယ်။ အမေရိကန်
လုပ် ဒုန်းကျည်တွေလိုသေချာမှုနဲ
တော့ အန္တရာယ်ရှိတာတော့ အမှန်
ပါ။
ဒီနှစ်မီးရှူးစင်ကိုအရှေဖက်လှည့် 
ဆောက်ထားတယ်။အနောက်ဖက်
နဲ့ မြောက်ဖက်မှာရွာရှိလို့ လှည့် 
ဆောက်ရိုးထုံးစံမရှိပါဘူး။ခါတိုင်း
အနောက်တောင်ဖက်စူးစူးကိုလှည့်
တယ်။အခုအနောက်ဖက်မှာရွာချဲ့ 
တာနဲ့ လူနေအိမ်တွေရောက်လာ
လို့ မဆောက်တော့ တာပါ။
ကျနော့် စိတ်ထဲသိပ်ဘ၀င်မကျချင်
ဘူး။အရှေ့ ဖက်လှည့် ထားတဲ့ မီး
လွှတ်စင်ကို။ ပန်းဆံခွဲ တောင်ကြောကိုကျော်ပြီးမှ ဂိုးစည်း
လွင်ပြင်ဖက်ကို မီးသွာလမ်းသတ်
မှတ်ထားလို့ ပါ။ဘာရယ်လို့ မသိဘူ
စိတ်တွေလေးနေတယ်။
ကျနော်စင်နဲ့ ဝေးတဲ့ တောင်ဂမူ
တစ်ခု မှာထိုင်နေတယ်။
မီးလွှတ်ချိန်မကျသေးလို့ ရွာပေါင်း
စုံက ကိုယ့် အစုနဲ့ ကိုယ်ပြင်ဆင်နေ
ကြတယ်။အိုးစည်ဝိုင်းနဲ့ လည်းသူ့ 
မီးကိုယ့် မီးအစွမ်း ကိုတရွာ့ တရွာ
တေးသံချပ်တွေနဲ့ ပြိုင်ဆိုင်ကနေ
ကြတာဆူညံ စည်ကားနေပါတယ်။
မီးလွှတ်ချိန်ရောက်လို့ ပထမမီးတင်
ပါတယ်။နာမည်ကြီးမီးမို့ ကြေးကြီး
လောက်တယ်ကျနော်စိတ်မ၀င်စား
မိဘူးခါတိုင်းဆို အိုးစည်ဝိုင်းမှာ ၀င်
ကနေပါပြီ။လင်းကွင်းသံတရွှမ်းရွှမ်
စပြီး အိုးစည်စီးချက်ပေး လို့ စနက်
တံစတို့ နေပါပြီ။ ထောင်ချီတဲ့ လူ
အုပ်ကြီး ရှဲကနဲဖြစ်သွားပြီး ဝေါ ကနဲ မီး ထိုးတက်သွားတယ်။ မီးဆ
ရာရဲ့ ပညာအံ့မခန်းပါပဲ ပန်းဆံခွဲ
တောင်ရိုးကျော်လောက်တဲ့ အမြင့် 
ရောက်တော့ ယမ်းအချိုးကောင်း
ချက်က မီးမကူးတော့ သလိုမီးလုံး
ငိုက်ကျလာတယ်။၁၅ဒီဂရီလောက်
ငိုက်ကျပြီး ကန်ယမ်းအကူးမှာတခါ
ထဲ ဝေါ ဆို ဂိုး တိုင်ရှိရာဖက်ကိုတ
ရှိန်ထိုး ထွက်သွားတယ်။၅မိနစ်ခြား
တခါလောက်ကန်ယမ်းအစွမ်းနဲ့ 
ဆောင့် ဆောင့် ထွက်သွားတဲ့ အ
ရှိန်ဟာ ဂိုးတိုင်ရှိရာ သုံးလေးမိုင်ခ
ရီးကိုခဏခြင်းရောက်သွားခဲ့ တယ်။
ဂျက် လေယဉ်ပျံလို မီးခိုးတန်းကြီး
ကိုကြည့် ရင်း အိုးစည်ပေါက် လင်း
ကွင်းကွဲ အသံနာမတတ် အော်ဟစ်
ကခုန်နေကြတာ နားကွဲမတတ်ပါပဲ
ပထမ ဆုံးနာမည်ကြီးမီး ဂိုးဝင်သွား
ပါပြီ။နောက်ဂိုးဝင်မဲ့ မီး အကွာအ
ဝေး ပဲ အရှုံးအနိုင်ဆုံးဖြတ်ရမယ်။
ဒုတိယမီးက ကျနော်တို့ ရွာကပါ။
မီးစတင်ပါပြီ။ကလေးလူကြီးမိန်းမ
မကျန် ကခုန်ကြတယ်။ တခြားရွာ
မီးတွေ မခံချင်အောင် စက်ဆိုထား
တဲ့ အိုးစည်သံချပ် ကလဲမြိုင်မြိုင်
ဆိုင်ဆိုင် ။စနက်တန် ရှည်လို့ မီး
ကူးချိန်ကြာသလားအောက့် မေ့ 
နေတာ ။မဟုတ်ပါ။သုံးလေးခါ
လောက်စနက်တန်မီးတက်ရှို့ ရပါ
တယ်။မီးကူးတော့ လည်း စထွက်
တာဟန်ချက်ပျက်ပြီး မီးတန် နဲ့ မီး
လွှတ်စင်ငြိ သွားတဲ့ အတွက်တယီး
တယိုင်ကြီးတက်သွားပါတယ်။အ
ပေါ်ရောက်လို့ ပန်းဆံခွဲ တောင်ကို
ကျော်မဲ့ အနေထားမှာလဲ ယမ်းချိုး
ကူးလို့ ခေါင်းငိုက်လာပေမဲ့ ကန်
ယမ်း မကူးတာလား ပျော့ တာလား
မသိဘူး ပန်းဆန်ခွဲတောင်ခြေ ဖက်
ကိုဦးတည်သွားပါတော့ တယ်။
မထင်မှတ်ပဲ အဖြစ်အပျက်ကမြန်
လွန်းတော့ မင်သက် မိနေကြတယ်
အိုးစည်ဝိုင်းလဲ ငြိမ်လို့ ။ကျနော်တ
အားစိုးရိမ်စိတ်ပူသွားတယ်။မီးလုံး
သွားရာတောင်ခြေဖက်ကိုချက်ခြင်း
ပြေးထွက်နေတုံး အုံး ၀ုန်း ဒိုင်း ဆို
တဲ့ ပေါက်ကွဲသံတွေထွက်ပေါ်လာ
ခဲ့ တယ်။ကျနော်မဖြစ်စေချင်ဆုံး
ဂူပေါက်ဝဖက်ဆီကပါပဲ။လူတွေဝ
ရုန်းသုန်းကားပြေးလွှားအော်ဟစ်
နေတဲ့ ကြားက မီးကောက်ဆရာ
လေးငါးယောက်နဲ့ ပြေးထွက်လာ
ရင်းယမ်းငွေ့ မီးခိုးတွေ ဖုန် သဲအ
မှိုက် သစ်ကိုင်းပြတ်စတွေ
ကျောက်တုံးအစအနများကြားမှာ
မှောက်လျက်အနေထားနဲ့ သူငယ်
ချင်းကိုတွေ့ လိုက်ရတယ်။
မီးကောက်တဲ့ လူတွေက ဟာဒီမှာ
လူတစ်ယောက်လဲနေတယ် ဘယ်
သူလဲမသိဘူး ဒီလူကလဲကွာ မီးလမ်းအန္တရာယ်ရှိမှန်းမသိဘူလား
စသဖြင့် တစ်ယောက်တစ်ပေါက်
ဝိုင်းအော်နေကြတယ်။ကျနော်မ
ကြည့် လဲသိတယ် ကျနော့် သူငယ်
ချင်းဆိုတာ ဘာလို့ ဆို နေ့ ရောည
ရောသူဒီနေရာရှိတာ ကိုး။
ဘုရားပွဲလည်းပျက်ခဲ့ တယ်။
ဘုရားပွဲက သူငယ်ချင်းဈာပနပွဲ
ဖြစ်သွားခဲ့ တယ်။နောက်ပိုင်း
လူတွေက ပန်းဆံခွဲသိုက်နန်းလူလဲ
တယ်လို့ ရွာတိုင်းပြောကြတယ်။
ဟုတ်တာမဟုတ်တာတော့ မသိ
ဘူး သွေးအိုင်ကြားထဲကပြုံးနေတဲ့ 
မျက်နှာနဲ့ သေဆုံးနေတဲ့ သူငယ်
ချင်းမျက်နှာကိုဖျောက်ဖျက်မရနိုင်
သလို ကျနော်သာ ဆရာဦးစော
လွင်နဲ့ တိုင်ပင်ပြီး သူ့ ခြေမန်းကွင်း
ကိုချွတ်နိုင်ခဲ့ ရင်ဒီအဖြစ်ဆိုးမျိုး
တွေ့ ကြုံပါ့ မလားဆိုတဲ့ ဇဝေဇ၀ါ
အတွေးတွေနဲ့ အတူ ……
(ပြီးဝါးပီ အမလေး လက်ညောင်း
ထှာ Ohe Sue Usoe လိုင်းမ
ကောင်းလို့ ၂ခါပြန်ရေးရတာပါသေး
ဒီတခါ ရောက်စေ။)

No comments:

Post a Comment