•••••••••••••[၃]••အိုးစူး••••
အရှေ့ ဖက်မှာ တောင် အနောက်
ဖက်မှာလည်းတောင် တောင်ရိုးနှစ်
ခုကြားမှာရွာတည်ထားလို့ မနက်၈
နာရီလောက်မှနေရောင်ရတယ်။ည
နေ၃နာရီ၎နာရီဆိုနေ၀င်သွားပြီ။
ကျနော်ထွက်လာတော့ နေ၀င်ခါနီး
ပြီ။ မိုးနဲ့ ဆောင်းပဲရှိတဲ့ အရပ်ဒေသ
မို့ အခုလိုမတ်လမှာတောင်စိမ့်အေး
နေတယ်။တောရိပ် တောင်ရိပ်လဲပါ
မှာပေါ့ ။
ရွာကအိမ်ခြေ၃၀၀လောက်ပဲရှိပြီး
တစ်အိမ်နဲ့ တစ်အိမ် အော်ခေါ်လို့ မ
ကြားနိုင်ပါဘူး။အဆင်ပြေရာကြိုက်
သလိုတောင်ကုန်းမြင့် လေးတွေမှာ
ဆောက်နေကြတယ်။ဆင်းရဲတဲ့ လူ
တောင်ဧက၀က်တစ်ဧကလောက်
ခြံဝိုင်းနဲ့ နေပါတယ်။များသောအား
ဖြင့် ခြေတန်ရှည် ၀ါးအိမ်တွေပါ။
နဲနဲ ပြေလည်တဲ့ သူကပျဉ်ထောင်
သဲအုတ်ကာအိမ်လေးတွေနဲ့ ။ဓနု
လူမျိုးအများစု ပအိုး ရှမ်းနဲတယ်။
အရှေ့ ဖက်ကတောင်ဂမူလေးမ
ရောက်ခင် စမ်းချောင်းငယ်လေးတ
ခုရှိတယ်။ စမ်းချောင်းကိုရောက်ဖို့ 
လယ်လေးငါးဆယ်ကွက်ကိုဖြတ်ရ
တယ်။ပြီးမှစမ်းချောင်း။ပြီးရင်ယ
ခင်းအစပ်နဲ့ တောင်ခြေ။တောင်စဉ်
အလိုက်ပတ်စီးနေတဲ့ ၁၅ ပေခန့် 
ကျယ်တဲ့ စမ်းချောင်းကမ်းပါးတစ်
လျောက် ရေနီးပင် ဖြစ်တဲ့ သစ်ပင်
ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းပေါ
တယ်။ညအခါမပြောနဲ့ နေခင်းနေ့ 
လယ်တောင် စိတ်အားငယ်သူများ
ခြောက်ခြားစေနိုင်တယ်။ကျေးသံ
ငှက်သံကလွဲလို့ တိတ်ဆိတ်နေတဲ့ 
အရပ်။
ဦးမောင်နီ လယ်ကန်သင်းရိုးပေါ်က
ဖြတ်တော့ ကျနော့် အရိပ်ကတစ်
စောင်းကျနေလို့ နေ၀င်တော့ မယ်
ဆိုတာသိလိုက်တယ်။လယ်ပုတ်
ပြီးစ ကောက်ပင်ငုတ်များရှောင်ရင်း
တောင်ကြားလေညင်းနဲ့ အတူသင်း
ပျံလာတဲ့ တောပန်းနံ့ တ၀က်ယာ
ဆန်နီအနံ့ တ၀က်ကစိတ်နှလုံးကို
နဲနဲ ကြည်သွားစေတယ်။စမ်းချောင်
စပ်ရောက်တော့ စမ်းရေစီးတဲ့ အသံ
ကလွဲလို့ ကျေးသံငှက်သံငြိမ်နေ။
ချောင်းထဲဆင်းတဲ လူသွားလမ်း
အတိုင်းဆင်းလာပြီး ချောင်းကိုဖြတ်
ဖို့ ကျောက်တုံးတွေစီထားတဲ့ နေရာ
ကသစ်ပင်အရိပ်တွေနဲ့ ဆိုတော့ ပို
မှောင်သွားပြီ ခြေသလုံးတ၀က်မြှုပ်
တဲ့ ချောင်းထဲ ကျောက်တုံးတွေပေါ်
ခနော်ခနဲ့ နဲ့ သတိထားပြီး၁၅ပေ
လောက်လျောက်ရတယ်။ကျနော်ဒါ
တွေပြောပြတာ သူငယ်ချင်းဟာည
သန်းခေါင် မှောင်ထဲသွားရတဲ့ လမ်း
ကိုသိစေချင်လို့ ပါ။
စမ်းချောင်းကိုဖြတ်ပြီးလို့ တစ်ဖက်
ကမ်းပါးကိုတက်လိုက်ရင်ပဲယာခင်း
အဆုံး တောင်နှစ်လုံးကြားအစွယ်
မှာ လူရိပ်လိုလိုတွေ့ လိုက်တယ်။
ခပ်သုတ်သုတ်မြန်မြန်သွားနေတဲ့ ပုံ
ပါ။မောတယ်ပန်းတယ်မရှိတော့ဘူး
သိချင်စိတ်ကစိုးမိုးနေလို့ အမှီလိုက်
တာပေါ့ ။ကျနော်တို့ ဒေသကမြေ
သားနဲပြီး ကျောက်တုံးကျောက်
ဆောင်တွေများပါတယ်ရှိတဲ့ မြေ
သားအကပ်အသပ်လေးပေါ်စိုက်ပျိုး
ကြတာပါ။ ဘော် ခဲ ခဲမဖြူ အဖြိုက်
နက် အများကြီးရှိလောက်ပါတယ်။
ဒီစာရေးနေရင်းတောင် ရွာပြန်ပြီး
ကုပ္မဏီတစ်ခုထောင် ဓာတ်သတ္တု
ရှာဖွေရင်ကောင်းမလားစဉ်းစားမိပါ
ရဲ့ ခရိုနီ ခရိုပြာတွေလက်လှမ်းဝေး
နေသေးလို့ နေမှာတူးကြဖော်ကြတဲ့
အသံမကြားသေးဘူး ဒီစာဖတ်ပြီး
စိတ်ဝင်စားတဲ့ လူဆက်သွယ်လာ
ရင်မဆိုးဘူး။:-)
အဲဒါနဲ့ ကျောက်တုံးဂဘုတွေကြား
အလဲလဲအပြိုပြိုအမှီလိုက်တာ
တောင်ကုန်းအတက်လေးကျော်ပြီး
တဘက်လျို ချိုင့် ဝှမ်းထဲရောက်။
ဖုန်းဆိုးမြေ ကျွဲနွားစားကျက်နေရာ
ပါ နယ်ကြမ်းတယ်လို့ အပြောများ
တော့ ကျွဲနွားတွေတောင်သိပ်မ
လွှတ်ကြတာနဲ့ မြက်ရိုင်းမြက်နုတွေ
ထွားချင်တိုင်းထွား နုချင်တိုင်းနုနေ
ကြတယ်။အဲနေရာကိုအပေါ်စီးက
လှမ်းတွေ့ နေရတယ် ပြီးတော့ 
တောင်နှစ်လုံးအဆက်အနိမ့် နေရာ
မို့ နေရောင်ရနေသေးတော့ လင်း
ထိန်နေတယ်။သူငယ်ချင်းကကျ
နော်ရှိတဲ့ နေရာနဲ့ ကိုက်လေးငါးရာ
လောက်ဝေးပေမဲ့ ရှင်းရှင်းပြတ်ပြတ်
မြင်နေရတယ်။စိုက်စိုက်သွားနေရာက
တော့ တုန့် ခနဲရပ်တာမြင်လိုက်ရ
တယ်။နဲနဲကွယ်နေလို့ ညာဖက်
ကျောက်တုံးအကွယ်ကတက်
ကြည့် ပါတယ်။ သူငယ်ချင်းရပ်နေ
တဲ့ ကျောက်စွယ်ဘေးမှာဧရာမဂူ
ကြီးတစ်ခုကိုတွေ့ ရပါတော့ တယ်။
ငယ်ငယ်တုံးက လျောက်သွားဖူးပေ
မဲ့ ဒီဂူရှိမှန်းမသိခဲ့ ပါဘူး။သစ်ပင်ခြုံ
နွယ်တွေအထပ်ထပ်နဲ့ ဂူပေါက်မဲမဲ
ကြီးကခြောက်ခြားစရာကောင်းပါ
တယ်။မိုးတွင်းတုံးကကျန်ခဲ့ တဲ့ ရေ
ညှိရေမှော်စိမ်းစိမ်းတွေအထပ်လို
ကျန်နေသေးတာထောက်ရင်လူ
သတ္တ၀ါ တစုံတရာသွားလာနေတဲ့ 
နေရာဟုတ်ဟန်မတူဘူး။အပင်အ
ရိပ်ကြီးကြီးမားမားတော့ မရှိဘူး။
သူ့ ကိုလှမ်းကြည့် လို့ မြင်ရတာက
ဟိုဖက်လှည့် လိုက် ဒီဖက်လျောက်
လိုက် လက်နောက်ပစ်ခေါင်းစောင်း
ခေါင်းခါ ပြုံးလိုက် ရီလိုက် ရိုက်ကွင်
မှာမင်းသားအိုက်တင်ကျင့် နေတာ
နဲ့ တူတယ်။ သေသေချာချာပြူးပြဲ
ကြည့် လည်းသူတစ်ယောက်ထဲပါ
သက်ရှိသတ္တ၀ါဆိုလို့ ခွေးတကောင်
ကြောင်တမြီးမှ မတွေ့ ပါဘူး။
အံဩလွန်းလို့ ကျနော်တောင်ခဏ
ကြောင်သွားသလိုပဲ။
သူကတဖြည်းဖြည်းလမ်းလျောက်
တယ်ဘေးမှာတစ်ယောက်ယောက်
ကိုတွဲပြီးလျှောက်တဲ့ ဟန်မျိုးပါပဲ။
ပြီးတော့ အဲနားမှာတစ်စောင်းလဲ
ကျနေတဲ့ သစ်ပင်အဆွေးကြီးပေါ်
မှာထိုင်တယ်။ဟိုဖက်လှည့် လိုက်
ဒီဖက်စောင်းလိုက်တစ်ယောက်၂
နဲ့ စကားပြောနေတဲ့ ပုံပဲ။နဲနဲလှမ်း
တော့ ပြောတဲ့ အသံကိုမကြားရပေ
မဲ့ သေချာပါတယ် ခက်တာကသူ့ 
ဘေးမှာဘယ်သူမှမရှိတာပဲ။
စကားပြောရင်း ဇီးဝါသီး (စတော်
ဘယ်ရီအ၀ါမျိုး) တွေခူးစားနေတာ
လည်းတွေ့ ရသဗျ။ သစ်တုံးပေါ်
ပက်လက်လှန်အိပ်ပြီးလည်းတဟာ
ဟားရီနေသလိုတော်တော်ပျော်နေ
ပုံပါ။မကြာဘူးဗျဟိုလျောက်ဒီသွား
နဲ့ ဂူထဲဝင်သွားတယ်။
ကျနော်လှမ်းအော်ဖို့ ကြိုးစားပေမဲ့ 
အာစေးထည့် ထားသလိုအော်မရခဲ့
ဘူး။ခဏစောင့် ကြည့် ပြီးမထွက်
လာတာနဲ့ ပြန်ခဲ့ တယ်။ဂူထဲဝင်စူး
စမ်းရလောက်အောင်တော့ ကျနော်
သတ္တိမကောင်းခဲ့ ဘူး။
အပြန်လမ်းမှာ ကျနော်မှီသ၍ဥာဏ်
နဲ့ ဆင်ချင်မိတာက မောင်ဝေထွန်း
ဟာစိတ်ရောဂါတမျိုးစွဲကပ်နေသ
လားယူဆမိတယ်။တခါ စိတ်ရောဂါ
ကလဲဒီနေရာရောက်မှဖောက်ရသ
လား။ရွာထဲမှာပြောဆိုရင်အကောင်
အမှန် သာမာန်လူတွေလိုပဲ။အနု
စားလောက်ဖြစ်နေရင်တောင်သူ
ငယ်ချင်းအရင်းကျနော်ခန့် မှန်းနိုင်
ပါတယ်။ဒါဆို ပြင်ပပရောဂကြောင့် 
လား။ဖြစ်နိုင်တဲ့ အတွေးတခုကိုကျ
နော်ရလိုက်တယ်။
အဲဒိခေတ်ကမြို့ ပြမှာ W ဆေးပြား
တွေ ဖန်စီတိုင်း ကော်မင်သာစင်
တွေကြားဖူးနေပြီ။ ကျနော့် သူငယ်
ချင်းဟာရိုးသားအေးဆေးပေမဲ့ မြို့ 
ရောက်သွားတဲ့ အပိုင်းကိုကျနော်မ
သိနိုင်လို့ အဲလိုပဲတစ်ထစ်ချ ယူဆ
စုံစမ်းဖို့ ကျနော်ဆုံးဖြတ်ခဲ့ တယ်။
ပရ လောကကိုမယုံဘူးမဟုတ်ပေမဲ
လက်တွေ့ ကျတဲ့ သိပ္ပံနည်းကျတဲ့ 
လမ်းကိုရွေးလိုက်ခဲ့ တဲ့ ကျနော်
ဟာအချစ်ဆုံးသူငယ်ချင်းတစ်
ယောက်ကိုဆုံးရှုံးခဲ့ တဲ့ အချိန်ကျမှ
နောင်တကြီးစွာရတော့ မယ်ဆိုတာ
အဲဒိတုံးကမသိခဲ့ဘူး။
ဆက်ပါမယ် Ohe Sue Usoe.
No comments:
Post a Comment