စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, March 24, 2014

"ဦးဘဆန်းနှင့်ဂျင်သမားဘတ်ဝမ်း"


ဦးဘတ်ဝမ်းသည် ရန်ကုန်တရုတ်တန်း၌မွေးဖွားသူဖြစ်ပြီး ရန်ကုန်မြို့တွင်နေထိုင်ကြီးပြင်းလာသော သူဌေးနွယ်ဝင်တရုတ်ကပြားဖြစ်ဖြစ်သည်။
ခေတ်ပညာတတ်ဖြစ်၍ ချစ်ကြည်ရေးကုမ္ပဏီဖွင့်လစ်ထားပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဖြင့် ကျိကျိတက်ချမ်းသာနေသူဖြစ်သော်လည်း လေးကောင်ဂျင်လောင်းကစားခြင်း၌ လွန်စွာဝါသနာထုံသူဖြစ်လေ၏။ထူးခြားသည်မှာ ငွေကြေးချမ်းသာသူဖြစ်သော်လည်း ဒိုင်မကိုင်ဘဲ ထိုးသားလုပ်ခြင်းဖြစ်သည်။

ဦးဘတ်ဝမ်းသည် စိတ်ညို့အိပ်မွေ့ချပညာရပ်ကို နားမလည်ပါ ဒါပေသည့် မကျင့်ကြံရဘဲ သူ့အလိုလိုအကြားအမြင် အနည်းအကျဉ်းပေါက်နေသူဖြစ်သည်။အိမ်မက်အတိတ်နိမိတ် အကြားအမြင်ရသည့်အတိုင်း လောင်းကြေးထိုးလျှင် အရူံးနည်းပြီး အနိုင်ရသည်က များလေသည်။ရေကိုမြင်လျှင် ထူးထူးခြားခြား ဖားကလေးပေါ်တတ်သည်ဟုဆိုသည်။
သတ္တဝါလေးကောင်ဖြင့်ဖွဲ့စည်းထားသော လေးကောင်ဂျင်ကို ပကတိသဘာဝနှင့်နိုင်းယှဉ်ကြည့်လျှင် ဓာတ်ကြီးလေးပါးနှင့်တူလေ၏။မြွေသည် တောဇောမီးဓာတ်၊ကြက်သည် ဝါယောလေဓာတ်၊ဝက်သည် ပထဝီမြေဓာတ်၊ဖားက အာပေါရေဓာတ်ဟူ၍ ဖြစ်သည်။သို့ဖြစ်၍ ဦးဘတ်ဝမ်း၏ အမြင်မှန်ပြီး အောင်မြင်နေခြင်းဖြစ်နိုင်သည်။
တရုတ်နှစ်သစ်ကူးည ဦးဘတ်ဝမ်းသည် အပေါင်းအသင်းများနှင့်စားကြသောက်ကြရင်း ညဥ့်နက်သွား၏။ဦးဘတ်ဝမ်းသည် ခြေလက်ဆေးပြီး အိပ်ယာသို့တန်းဝင်ရာ မကြာမှီ အိပ်မောကျသွားသည်။ထိုညတွင် ဦးဘတ်ဝမ်းတစ်ယောက် အလွန်ထူးခြားသော အိပ်မက်ရှည်ကြီးကို မြင်မက်ရလေ၏။အဖြူရောင်နှင်းပွင့်ကြီးပေါ်လာလွမ်းမိုးသွားသည်။နှင်းငွေ့များတဖြည်းဖြည်းစဲသွားပြီးနောက် မိုးကောင်းကင်သို့ ထိုးတက်သွားသော နတ်လှေကားကိုမြင်ရသည်။အဖြူရောင်နတ်လှေကား၏ဝဲဖက်တစ်ဖက်တစ်ချက်တွင် ရနံ့သင်းမြ၍အလွန်ဆန်းကြယ်သော ရောင်စုံပန်းမျိုးစုံသည် အဆုံးမရှိ အစီအရီ ပွင့်နေကြသည်။ထက်ဝဠာအာကာ၌မူ ကြယ်၊ဂြိုလ်၊နက္ခတ်တာရာများစုံလင်စွာဖြင့် မာဃနက္ခတ်စန်းယှဉ်ကြုံလျက် တောက်ပနေသည်။
မိုးကောင်းကင်အဝေးမှ အလင်းရောင်တန်းတစ်ခုသည် ဦးဘတ်ဝမ်းရှိရာသို့ လာနေသည်ဟု ထင်ရပြီး ဦးဘတ်ဝမ်းနင့်အနီးဆုံးအမြင့်ဆုံးနေရာသို့ ရောက်ရှိလာသောအခါ ကွမ်ရင်မယ်တော်ကြီး ဖြစ်နေသည်ကို အထင်အရှားမြင်ရသည်။ မယ်တော်ကြီးသည် ဦးဘတ်ဝမ်းကို အဖြူရောင်လှေကားသို့ညွှန်ပြပြီး အသံတိတ်အမိန့်ပေးနေသည်။ဦးဘတ်ဝမ်းသည် လှေကားပေါ်သို့ တလှမ်းခြင်းတက်၍အမြင့်သို့ရောက်သောအခါ နတ်ပြာ်အလားထက်ရသော ပထမအဆောင်သို့ရောက်ရှိသွားသည်။အဆောင်၏အမြင့်တစ်နေရာတွင် မြွေဘုရင်ကို ထုဆစ်ထားပြီး ပိတောက်ပန်းများဝေနေအောင် ကပ်လှူပူဇော်ထားသည်။ဆက်တက်သွားသောအခါ ဒုတိယအဆောင်ရောက်ရှိသွားပြီး အမြင့်တစ်နေရာတွင် ကြက်ဘုရင်ထုလုပ်ထားပြီး ပိန်းပန်းများဝေနေအောင် ကပ်လှူထားသည်ကို တွေ့ရသည်။အထက်သို့ဆက်တက်သွားရာ တတိယအဆောင်၌လည်း အမြင့်တစ်နေရာတွင် ဝက်ဘုရင်ထုလုပ်ထားပြီး အဖြူရောင်မေမြို့ပန်းများ ပူဇော်ထားသည်ကိုတွေ့ရသည်။
ထိုမှတဆင့်ဆက်တက်သွားရာ စတုတ္ထနောက်ဆုံးအဆောင်သို့ရောက်၍ အဆုံးသတ်သွားရာ အမြင့်တစ်နေရာတွင် ဖားဘုရင်ပုံ ထုထားပြီး ပေါက်ပန်းများနှင့်ပူဇော်ထားသည်ကိုတွေ့ရသည်။စကြဝဠာ၏အမြတ်တစ်နေရာတွင် ကြာသာပတေးဂြိုလ်မင်းကြီးသည် အရောင်တဝါဝါတလက်လက်နှင့် စံမြန်းနေသည်ကို ကြည့်ရူ့ရင်း အိပ်မက်အမြင်ရပ်၍ နိုးလာသည်။အိပ်မက်ကို စွဲလမ်းနေတော့သည်။
ရန်ကုန်မြို့၏ သူေးစုံသော အဓိကရဂျင်ဝိုင်းပထမပတ်တွင် ဦးဘတ်ဝမ်းသည် မြွေရုပ်ဖြင့်အောင်နိုင်ခဲ့ပြီး ၊ဒုတိယပတ်တွင်ကြက်ရုပ် ၊တတိယပတ်တွင် ဝက်ရုပ်၊ စတုတ္ထပတ်တွင် ဖားလေးဖြင့် ပွခဲ့ထောင်နိုင်ခဲ့သူဖြစ်သည်။သို့ဖြစ်၍ လေးပတ်အတွင်း ဂျင်လောကသမားအားလုံး၏ စည်းစိမ်ချမ်းသာ အားလုံးနီးပါး ဦးဘတ်ဝမ်း၏ လက်ထဲသို့ရောက်ရှိသွားလေတော့သည်။ဂျင်ဝိုင်းကြီးလောကတွင် တစ်ပတ်တစ်ကြိမ် ချိန်းပွဲကစားလေ့ရှိပြီး အောက်ခြေအဆင့်ကို အသိမပေးဘဲ နေရာပြောင်းလဲကာ ယုံကြည်စိတ်ချရသော အထက်တန်းဂျင်သမားများကိုသာ သီးသန့်ဖိတ်၍ကစားသောပွဲဖြစ်သည်။
ပိတောက်ပန်း၊ပိန်းပန်း၊မေမြို့ပန်းနှင့်ပေါက်ပန်းသည် ကြာသာပတေးနံပန်းများဖြစ်၍ ကြာသာပတေးဂြိုလ်သည် ဆရာကိုရည်ညွှန်းလေသည်။ဦးဘတ်ဝမ်းမှာလည်း ကြာသာပတေးသားဖြစ်လေသည်။
ပိုးတီဝမ်ဖတ် လက်နှင့်လှည့်လိုက်သော သတ္တဝါလေးကောင်ပါသည့်ဂျင်သည် ကြွေးပန်ကန်ပြားပေါ်တွင် ပွတ်သရီးထပ်နေအောင် လည်နေ၏။
ပိုးတီဝမ်ဖတ်သည် လည်နေသောဂျင်ကို ပန်းကန်လုံးနှင့်အုပ်လိုက်ရာ ဂျင်သမားအားလုံးသည် ဂျင်လည်သံကိုနားထောင်ပြီး နှစ်သက်ရာသတ္တဝါအရုပ်ကို ကြေးတင်လောင်းကြရသည်။ဂျင်လောကတွင် ဂျင်လှည့်သူကို ပိုးတီဟုခေါ်ကြ၏။ပိုးတီဝမ်ဖတ်သည် ကြိုက်သည့်အကောင်ကို ပေါ်အောင်လှည့်ပေးနိုင်သော ဝါရင့်ဂျင်ကိုင်သမားဖြစ်သည်။ဂျင်လုံးသည် အသံကျယ်ပြန့်သံနှင့်ရပ်သွားသည်။ဦးဘတ်ဝမ်းသည် ကြက်ရုပ်ကို အတိတ်ယူ၍လောင်းကြေးထပ်လိုက်သည်။
ပန်းကန်လုံးဖွင့်လိုက်သည့်အခါ ဖားကလေးပေါ်လာ၏။ဦးဘတ်ဝမ်းတစ်ယောက် အပေါက်အလမ်းမတည့် တွက်တိုင်းလွဲ ကံဇာတာဂြိုလ်စီး ဂြိုလ်နင်း ညံ့နေသည်မှာ ကြာပြီဖြစ်၏။လက်ရှိ အတွင်းအပြင် ပစ္စည်းများ ဟန်မပြတ်ပေါင်နှံထားရသည့်အပြင် ပိုင်ဆိုင်မူ့ထက် ပေးရန်ပမာဏက မြင့်မားနေ၏။ကြာတော့ ဟန်မဆိုင်နိုင် မေးရမြန်းရ အမျိုးမျိုးအဖုံဖုံကြံဆရပါတော့သည်။ဆရာသာစုံသွားသည် ပြောင်းလဲမလာ အကြောင်းမထူး ဒီတော့ သက်သက်လွတ်စားသည် အဓိဌာန်ဝင်သည် ဒီလိုနဲ့ပဲ အတိုးကအိပ်မနေ။ ဆတိုးတက်လာ၏။အဆုံး၌မိမိကိုးကွယ်သော ဆရာတော်အားတင်ပြလျှောက်ထားရာ ဆရာတော်ကမိမိမွေးနံ၏ အညွှန့်နံဘုရားတွင် ၉ရက်အဓိဌာန်ဝင် ဆုတောင်းရန်ညွှန်ကြားချက်အရ ရွှေဘုန်းပွင့်ဘုရား သောကြာထေင့်၌ အဓိဌာန်ဝင်ဖြစ်သည်။အဓိဌာန် ၉ရက်မြောက်သောနေ့တွင် ဘုရားအားအဓိဌာန်ပြုနေစဉ် မိမိနှင့်မနီးမဝေးမှ သက်ကြီးပိုင်း ပုဂ္ဂိုလ် ၃ဦး အကြားအမြင်ဦးဘဆန်းအကြောင်း ပြောဆိုသံကြား၍ ယဉ်ကျေးစွာဝင်ရောက်မိတ်ဆက်ပြီး ဦးဘဆန်းအကြောင်းနှင့် နေရပ်လိပ်စာမေးခဲ့လေသည်။
ဦးဘဆန်းဆီသို့ သွားရောက်တွေ့ဆုံပြီး မိမိ၏အခက်အခဲများကို တင်ပြဆွေးနွေးသည်။ဦးဘဆန်းသည် ၅မိနစ်ခန့် အာရုံပြုစဉ်းစားပြီးနောက် "ဦးဘတ်ဝမ်းဆုံးရူံးသွားတဲ့ ငွေကြေးနဲ့ပစ္စည်း ပြန်ရရင် ဂျင်ကစားတဲ့အလုပ် စွန့်လွတ်နိုင်မယ်ဆိုရင် လိုက်ပါဆောင်ရွက်ပေးမယ် သေချာအောင်စဉ်းစားကြည့်ပါဦး" စကားအဆုံး၌ ဦးဘတ်ဝမ်းခေတ္တငိုင်သွားသည်။ဝါသနာပေကိုး။ဒါပေသိ အတန်ကြာငြိမ်သက်စွာ စဉ်းစားပြီးနောက် "ကောင်းပြီ ဆရာဦးဘဆန်း ကျွန်တော် ဆရာပြောသလို လိုက်လုပ်ပါ့မယ် ကျွန်တော့ကို ကယ်ပါ"။အဓိဌာန်မျက်လုံးအကြည့်သည် ရှင်တော်ဘုရားထံ ရောက်သွားသည်။ဂျင်ဝိုင်းပထမပတ်ညတွင် ဦးဘဆန်းသည် ကြွေပန်းကန်ထဲလည်နေသော ဂျင်လည်သံကို အာရုံစိုက်နားထောင်၏။အသံရှည်နှင့်ရပ်သွား၍ ဦးဘဆန်းက မြွေရုပ်ကို ထိုးရန် လူမသိအောင် အချက်ပေးလိုက်သည်။ပိုးတီဝမ်ဖတ် ကြွေပန်းကန်လုံးကို ဖွင့်လိုက်သောအခါ ပရိသတ်ကို ပြုံးပြနေသော မြွေစိမ်းလေးကို တွေ့ကြရသည်။
ဒုတိယပတ်ည ဂျင်ဝိုင်းတွင် ထိုးသားများအားလုံး အာရုံစိုက်နေစဉ် ဂျင်သံသည် ပေါ့ပါးသော အသံနှင့်ရပ်သွားရာ ဦးဘဆန်းက ကြက်ရုပ်ထိုးရန် အချက်ပေးလိုက်သည်။ဦးဘတ်ဝမ်းလောင်းကြေးတင်လိုက်သည့် ကြက်နီလေးပေါ်လာသည်။
တတိယပတ်ညတွင် ထိုးသားများ ဂျင်လည်သံကို အာရုံစိုက်နေစဉ် ဂျင်သံမှာ အသံတိုအသံကြီးနှင့်ရပ်သွားသည်။ဦးဘဆန်း နှာခေါင်းပွတ်ပြလိုက်သည်။ကြွေပန်းကန်ဖွင့်သော် အနက်ရောင် ဝက်ကလေးထွက်လာသည်။
စတုတ္ထနောက်ဆုံးညတွင် ပထမပွဲအာရုံမသဲကွဲ၍ စတိလောင်းကြေးရူံးသည်။နောက်တပွဲအာရုံပြုရာ ဂျင်သံသည် ကျယ်ပြန့်သောအသံနှင့် အဆုံးသတ်သွားရာ ဦးဘဆန်း ပါးစပ်ကို ကိုင်၍ အချက်ပေးလိုက်သည်။ဦးဘတ်ဝမ်းစွန့်စား၍ လောင်းကြေးအမြင့်ဆုံး တင်လိုက်ရာ ဝမ်းသာစရာ စိမ်းပြာရောင်ဖားကလေးကို မြင်ရပါတော့သည်။ဦးဘတ်ဝမ်းဘဝ အအောင်မြင်ဆုံး ပြုံးလိုက်ပါတော့သည်။နောက်တနေ့တွင် ဦးဘတ်ဝမ်းသည် ဦးဘဆန်းကိုခေါ်၍ မိမိကိုးကွယ်သော ဆရာတော်ရှိရာ ဗဟန်းတောရကျောင်းဆရာတော်ရှေ့တွင် ဂျင်ကစားခြင်းကို အပြီးအပိုင် ဘုရားအာရုံပြု၍ လှူလိုက်ပါတော့သည်။



Credit to.အောင်ဘုန်းမြင့်.ကချင်မြေ >>.ခက်ဆစ်သွေး

1 comment:

  1. အရှုံးများလို့ အားကိုးပါရစေ

    ReplyDelete