စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၆)

Takada သေဆုံးကြောင်း သတင်းထွက်ရှိလာသည်နှင့် Kira ကိုယ်စားလှယ်ဖြစ်ခွင့်ရရေး ရုပ်သံလွှင့်ဌာနများ အပြိုင်အဆိုင်ပင် ကြိုးစားကြလေသည်။

"တောက်၊ မရှက်ကြဘူးကွာ။ သေတာမှ မကြာသေးဘူး"

"အေးလေ။ စိတ်ပျက်စရာပဲ"
အလုအယက် Kira ကိုယ်စားလှယ်ဖြစ်ရေး ကြိုးပမ်းမှု TV အစီအစဉ်များကို ကြည့်ပြီး စုံစမ်းရေးအဖွဲ့ဝင်များ စိတ်လေနေကြသည်။

... မနေ့ညကလည်း လူတွေအများကြီး အသတ်ခံရတယ်။ ဒါဆို Takada နဲ့ Mikami အဆက်အသွယ်ကောင်းကောင်းလုပ်ခဲ့နိုင်တာပေါ့။ ကောင်းတယ်။ အားလုံး အိုကေပဲ ...
Light တွေးနေစဉ် Near ဆက်သွယ်လာသည်။

"အနှောင့်အယှက် ပေးသလိုဖြစ်သွားရင်တော့ ဆောရီးကွာ။ ငါတို့ ချိန်းထားတဲ့ ၂၈ ရက် ၁ နာရီ အဆင်ပြေတယ်မဟုတ်လားဆိုတာ မေးတာ"

"ပြေတယ်"
... ထင်တဲ့အတိုင်းပဲ ဘာမှ အပြောင်းအလဲ မရှိဘူး။ ခုလိုဆိုတော့ ဘာမှစိတ်ပူစရာ မရှိတော့ဘူး ...
Light တွေးပြီး ကျေနပ်နေသည်။

"ဟုတ်ပြီ၊ သဘက်ခါ ၂၈ရက်နေ့။ တွေ့ကြမယ်"
Near ခပ်ပြတ်ပြတ်ပြောလိုက်တော့သည်။

"သဘက်ခါပေါ့။ စိတ်ဝင်စားစရာတော့ ကောင်းလာပြီ"
Matsuda ကစိတ်လှုပ်ရှားနေသည်။

"Near ငါတို့ကို ဘာပြချင်တာလဲ သိရတော့မှာပေါ့"
Ide ကလည်း စိတ်ဝင်စားနေသည်။

... Matsuda နဲ့ Ide။ ငါတို့အားလုံး အဲဒီနေ့ကြ သေကောင်းသေသွားနိုင်တယ်ဆိုတာရော မင်းတို့ စဉ်းစားမိကြရဲ့လား ...
Aizawa ကား ရင်မောစွာ တွေးလျက်။

SPK ဌာနချုပ်တွင်မူ
Giovanni အား Near နောက်ဆုံးတာဝန်တခု ပေးလိုက်သည်။
"လုပ်နိုင်ပါ့မလား Giovanni"

"လုပ်နိုင်မှာပါ"
Giovanni ယုံကြည်စွာပင် ပြန်ဖြေလိုက်သည်။

"Commander Lester, Giovanni, Ridner ကျနော်တို့ အစွမ်းကုန် ကြိုးစားကြစို့ဗျာ"
Near အားလုံးကို လေးစားစွာ ပြောလိုက်တော့သည်။

28th January, 2013
ထိုနေ့မနက်ခင်းကတည်းက Giovanni ကားတစင်းနှင့် အပြင်ရောက်နေသည်။

Kira စုံစမ်းရေးသို့ Near ဆက်သွယ်လာလေပြီ။
"Misa ကို လွှတ်ပေးလိုက်ပြီ။ မင်းတို့ သူ့ကို ဖုန်းဆက်ကြည့်လိုက်ပါဦး"

Light ချက်ချင်းပင် Misa ဆီသို့ ဖုန်းခေါ်ကြည့်လိုက်သည်။
"ဘာလို့လဲတော့ မသိဘူး။ ကျမကို Teito Hotel က အကောင်းဆုံးအခန်းမှာ ထားထားတယ်။ ဇိမ်ကို ကျနေတာပဲ"

"ဟုတ်လား။ ကောင်းသားပဲ။ အဲဒီမှာပဲ နေနေဦးနော်"
Light ပြော၍ ဖုန်းချလိုက်ပြီး

"Near ငါ့ကို Mogi နဲ့လည်း ပေးပြောဦး။ စာအုပ်က မီးခံသေတ္တာထဲမှာ။ ငါတို့ တယောက်ချင်းစီရဲ့ password လိုတယ်"

"အိုကေလေ။ ပေးပြောရမှာပေါ့"

Mogi ဆီမှ password ကို Light ကိုယ်တိုင် နှိပ်ပေးလိုက်သည်။
Aizawa သည်နောက်ဆုံး password ကိုနှိပ်လိုက်ပြီး စာအုပ်ကို ထုတ်ယူလိုက်တော့သည်။
ထို့နောက် အိတ်တခုနှင့်ထည့်ကာ သူ့ခန္ဓာကိုယ်တွင် သေချာစွာစည်းနှောင်ထားလိုက်သည်။

"Near စာအုပ်ကို ကျုပ်ကိုယ်တိုင်ယူခဲ့မယ်။ စိတ်ချပါ"
Near ဆီသို့ Aizawa သတင်းပို့လိုက်သည်။

"Mr.Aizawa စာအုပ်ကို ယူလာဖို့ မင်းသဘောတူရဲ့လား L"
Near မေးတော့

"တူပါတယ်။ သူ့ကို သယ်ခိုင်းမှ မင်းတို့လည်း သဘောကျမယ်လေ။ အားလုံး အဆင်ပြေတာပေါ့"
Light ပြန်ဖြေလိုက်သည်။

"ဟုတ်ပြီ။ ဒါဆို ချိန်းတဲ့နေရာမှာ တွေ့ကြယုံပဲ"

ဆိပ်ကမ်းကုန်လှောင်ရုံသို့သွားရင်း Light ကျေနပ်စွာ တွေးတောနေသည်။
... ခုတော့ အားလုံး ပြီးတော့မှာပေါ့။ မဟုတ်သေးဘူး.. ခုမှ အားလုံးစမှာ။ Kira ရဲ့ အလုံးစုံပြည့်စုံကောင်းမွန်တဲ့ ကမ္ဘာသစ်ကြီး စတော့မှာ။ အင်း.. သေမင်းစာအုပ် ရှိတယ်ဆိုတာ သိတဲ့လူတွေအားလုံးကိုလည်း သတ်ရတော့မှာပဲ ...

ဆိပ်ကမ်းကုန်လှောင်ရုံ
Light တံခါးကိုဆွဲဖွင့်လိုက်သော် မျက်နှာဖုံးစွပ်ကာ ကြမ်းပေါ်တွင် အေးအေးဆေးဆေး ငုတ်တုတ်ထိုင်နေသည့် Near၊ သူ့နောက်တွင် တန်းစီရပ်နေကြသည့် SPK အဖွဲ့ဝင်များနှင့် Mogi ကိုတွေ့ရလေပြီ

No comments:

Post a Comment