စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, March 13, 2014

"ပုံပြင်မဟုတ်ပါ"


အချိန်အားဖြင့် ၁၉၈၅ခုနှစ်ခန့်ကဖြစ်ပါသည်။မြစ်သားမြို့ပေါ်တွင် မြို့မအရှေ့ရပ် ၊မြို့မအနောက်ရပ်၊မင်းကုန်းရပ်၊ရှမ်းပွဲရပ်၊ရွှေသဌေးရပ်၊ဘူတာရပ်ဟူ၍ မြို့ပေါ် ၆ရပ်ကွက်လုံးရှိ လူအများ(နတ်ယုံကြည်သူများ)ကိုးကွယ်ရန်အတွက် မြို့မအရှေ့ရပ်ကွက်၏အရှေ့ထိပ်ကုန်းမြင့်ပေါ်တွင် နတ်ကွန်းတည်၍နတ်စင်ကုန်းမြေဟုအထင်ကရ သတ်မှတ်ထားခဲ့ပါသည်။
ထိုနတ်စင်ကုန်းတွင် မြင်းဖြူရှင်နတ်နန်းနှင့် ကိုးသိန်းရင်နတ်နန်းတို့ရှိရာ မြင်းဖြူရှင်နတ်နန်းရှေ့၌ လူကြီးသုံးလေးဖက်စာမက ရှိပေသည်။

မြစ်သားမြို့သည် လယ်တွင်းကိုးခရိုင်တွင်ပါဝင်၍ နတ်ရေနတ်မြောင်းမှ စီးလာသောရေကိုအားပြု၍ တောင်သူလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သဖြင့် မိမိတို့ စိုက်ပျိုးသော သီးနှံစပါးအထွက်တိုးရန် ရှေးရူပြီး နတ်ကွန်းရှေ့မှောက်၌ တစ်နှစ်တခါ နတ်ကနားပွဲ ပြုလုပ်လေ့ရှိပါသည်။


နှစ်ပေါင်းပရိစ္ဆေကြာလာသည်နှင့်အမျှ နတ်ကွန်းရှေ့မှ ညောင်ပင်ကြီးသည် အသီး အရွက်ကင်းပြီး သစ်ခြောက်ပင်ကြီးအဖြစ်ရှိနေပေသည်။ရာသီဥတု ဒဏ်ကြောင့် ထိုအပင်ကြီး ပြိုလဲလျှင် နတ်စင်ကုန်းပေါ်တွင် သွားလာနေကျသော လူများအတွက် ဒုက္ခပေးနိုင်သည့်အတွက် ရပ်မိရပ်ဖများ ရက်ကွက်နှင့် ဆွေးနွေးညှိနို်င်းရပါသည်။
ရပ်မိရပ်ဖများဖြစ်ကြသော ဘကြီးပွေး ၊ဘကြီးပိန်၊ဘကြီးစိန်နှင့် ဘိုးထွန်းခင်တို့အနေဖြင့် ညောင်ပင်ကြီးကို အခြေမှခုတ်လှဲရန်သဘောတူသော်လည်း ဦးဆောင်ခုတ်လှဲရေးတာဝန်ကို ဘယ်သူမှမယူချင်၍ အခက်တွေ့နေပါသည်။ထိုအခိုက် တောင်ပိုင်းမှနေသော ကြီးမောင်တစ်ယောက်ရောက်လာ၍
"ဗျို့ ဘကြီးပွေး နတ်ကြီးစင်က ညောင်ပင်လှဲဖို့ လူရှာမရဖြစ်နေတယ်ဆိုဗျ၊ ဘာမှမပူနဲ့ ကြီးမောင်လာရင် အဆင်ပြေပြီလို့ မှတ်လိုက် ၊ကဲ ပြော ဘယ်နေ့ခုတ်လှဲရမလဲ"
'ဟုတ်ပါ့မလား ကြီးမောင်ရာ မင်းကရူးရူးမူးမူးနဲ့ တကယ်မလုပ်ဖြစ်ရင် ငါတို့ဘဲ အလုပ်ရူပ်ရဦးမှာ'
"ဟဲဟဲ ဟဲဟဲ ၊ဘကြီးပွေးက ကြီးမောင်ကို တယ်ပြီး အထင်သေးတာကိုးဗျ ၊ကဲ ဘကြီးပိန်တို့ ဘကြီးစိန်တို့ရှေ့မှာ စိန် လိုက်ရအောင်ဗျာ၊ ကျုပ်ကတော့ ရော့နဂါးရော့ပတ္တမြား ဘဲ ၊ခုတပုလင်းဖိုးပေးလိုက် ၊ကျန်တာ ညောင်ပင်တစ်ပင်လုံး မြေပြင်မှာ ဗုန်းဗုန်းလဲကျသွားတာ မြင်မှပေး၊ ဘယ့်နှယ့်လဲ"
ကြီးမောင်စကားကြောင့် အခက်တွေ့နေသော ဘကြီးစိန်တို့မှာလည်း ကြည့်လုပ်ကြတာပေါ့ဆိုပြီး တပုလင်းဘိုးပေးလိုက်ရာ ကြီးမောင်တစ်ယောက် အရက်ဆိုင်သို့ နောက်တခေါက်ပြန်ပြေးသွားပါတော့သည်။
ညနေစောင်းနွားရိုင်းသွန်းချိန် နတ်စင်ကုန်းပေါ်တွင် ကြီးမောင်တစ်ယောက် မြင်းဖြူရှင် ရုပ်တုကို လက်ညိုးငေါက်ငေါက်ထိုး၍
"ဟား ဟား ဟား ဟားမြင်းဖြူရှင်ကြီးတဲ့
ကိုယ်စီးတဲ့မြင်း အထီးလား အမလား ဆိုတာရောသိရဲ့လား၊မြင်းစီးပြီး အထီးမှန်းမသိ၊အမမှန်းမသိ ဆိုရင်တော့ ဒီနန်းမှာလာမနေနဲ့ဗျာ မျက်စိရူပ်တယ် ၊မနေနဲ့ ဆိုရင် ခုကျုပ်နှင်နေတဲ့အချိန်မှာ ထွက်နော်၊မနက်ဖြန်မှဆိုရင်တော့ ခင်ဗျားရှေ့ကညောင်ပင်ရော ခင်ဗျားရော ဂျော ပြတ်ပြီသာမှတ်ပေတော့ ဟား ဟား ဟား ဟား"မြင်းဖြူရှင်ရုပ်တုကို ကြီမ်းဝါးနေရာမှ ညောင်ပင်ကြီးဘက်သွား၍ ညောင်ပင်ပတ်ပတ်လည်ကို သေးပန်းပြီးမှ သူ့အိမ်သို့ ပြန်သွားပါသည်။
ထိုနေ့ညမှာပင်
"အမယ်လေး လုပ်ကြပါဦးဗျ ကျုပ်ကိုမြင်းနဲ့တိုက်သတ်နေဗျ၊ အမေရေ ကယ်ပါဦးဗျ ကြောက်ပါပြီဗျ ဟီး ဟီး ဟီးဟီး"ပြောရင်း ငိုရင်းအသံကြောင့် အသံကြားရာ ကြီးမောင်အိမ်တွင် ကြီးမောင်သည် ၎င်း၏ရင်ဘတ်ပေါ်မှ မမြင်ရသောအရာတခုကို ရှိသမျှအားကုန်သုံး၍ လက်နှစ်ဘက်ဖြင့် တွန်းထုတ်နေပြီး မျက်လုံးမှာလည်း တဖြည်းဖြည်းပိုမို ပြူးထွက်လာပါသည်။နံနက်မိုးလင်းတွင် ဆေးရုံပို့ရာ ဆရာဝန်ကြီးမှ ဘာရောဂါမျှမရှိဆိုသဖြင့် ကြီးမောင်ကို သူ့အိမ်တွင်ပြန်ထားရပါသည်။ထိုကြေညင့် အတွေကြုံရှိသော အမေမြိုင်ကို အကူအညီတောင်း၍ နတ်ကွန်းတွင် ကန်တော့ပွဲနှင့်တောင်းပန်ရာ ပွဲမှာလွင့်စင် ပြုတ်ကျသွားပါသည်။အမေမြိုင်ကကြီးမောင်၏မိန်းမကို
"ကဲ ဝိုင်းစီရေ ညည်းလဲအမြင်ဘဲ ငါဘယ်လောက်တောင်းပန်ပေမယ့် ခွင့်လွတ်ဟန်မတူဘူး အိမ်ပြန်ပြီးသာ အတတ်နိုင်ဆုံး ပြုစုပေးလိုက်တော့ ငါတော့ သိပ်မထင်လှဘူး"ဟု ပြောနေစဉ် ကြီးမောင်အမေရောက်လာပြီး ကြီးမောင်တစ်ယောက် အသက်ပျောက်သွားပြီဖြစ်ကြောင်း လာပြောသည်။
အသုဘတို့ထုံးစံအတိုင်း ကြီးမောင်ကိုရေချိုးပေးစဉ် ရင်ဘတ်ပေါ်၌အညိုအမည်းအမှတ်သားများကို မြင်ရသည်။ညောင်ပင်လှဲဖို့ ထပ်ဆွေးနွေးကြပြန်ရာ"ကဲပြောနေလို့ပြီးမှာမဟုတ်ဘူး၊ လမ်းထဲက အမေပုကိုသွားခေါ်ဗျာ ၊အမေပုနဲ့ ပွဲထိုးပြီး မြင်းဖြူရှင်ကို ညောင်ပင်ခုတ်ခွင့်တောင်းပန်မယ် ရိုရိုသေသေ တင်မြှောက်ကြရင် ခွင့်ပြုမှာလို့ ထင်ပါတယ်"
အမေပုရောက်လာသောအခါ ဖြူးဖြူးခါ၍ငြင်းပါတော့သည်။ဘကြီးပွေးက "အမေပု ဒီညောင်ပင်ခုတ်လို့ နောက်ထပ်သေရဦးမယ်ဆိုရင် ကျုပ်အရင်အသေခံမယ်ဗျာ ဒါကတစ်ရက်ကွက်လုံးနဲ့ဆိုင်န့ကိစ္စမို့ အမေပုအနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီပေးတယ်လို့သဘောထားပါဗျာ"ဟု ပြောသောအခါ အမေပုလည်း ရက်ကွက်အတွက်ဆိုပြီး လက်ခံလိုက်ပါသည်။
နောက်နေ့ နံနက်တွင် ညောင်ပင်ရင်းတွင် ဓားထောင်၍ကန်တော့ပွဲဆက်ကာ ညောင်ပင်ကို ခုတ်လှဲခွင့်ပေးပါရန် အကြိမ်ကြိမ်တောင်းပန်သောအခါ ထောင်ထားသောဓားသည် လဲသွားသဖြင့် အားလုံးရွှင်ပြုံးသွားကြပါသည်။ဘကြီးပွေးမှ လဲနေသောဓားကို ယူ၍ အပင်နှင့်မလွတ်ကင်းသည့် ပစ္စည်းနှင့်လူများဖယ်ရှားခိုင်းပြီး ညောင်ပင်၏ အမြစ်များကို ခုတ်ပိုင်းနေရာတွင် ညောင်ပင်ကြီးသည် ပင်စည်လုံးပတ်အနေအထားအရ "ဝုန်း ကနဲ ဗုန်းကနဲ" လဲရမည့်အစား တအိအိဖြင့် ကြိုးနှင့်ထိန်းဆွဲလိအလား တအိအိသာကျဆင်းသွားပါတော့သည်။ ။ ။
Credit to.မင်းရဲထွန်းမြင့်.မြစ်သား

No comments:

Post a Comment