Tuesday, March 11, 2014
#ဘုံပျောက်တဲ့လူပျိုကြီး#
ကျနော် ဆယ်တန်းဖြေပြီးတော့ အလုပ်မရှိတာနဲ့ ဦးလေးရဲ့ ရာဘာခြံမှာ ဝိုင်းလုပ်ရင်း ကြုံခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခုပါ။
ဆယ်တန်းဖြေပြီးတော့ အလုပ်မရှိတာနဲ့ ဦးလေးက သူ့ခြံမှာ ဝိုင်းလုပ်ပေးပါ။ သင်္ကြန် အသုံးစရိတ်ပေးမယ် ဆိုတာနဲ့ အတော်ပဲဆိုပြီး ဦးလေး ခြံမှာ သွားနေတယ်။
ရာဘာခြံဆိုတော့ သိတဲ့အတိုင်း တောထဲမှာလေ ၊
မီးလဲ မရှိ ၊ ပြီးတော့ ဦးခြံက ဧက ၁၀၀ ဆိုတော့ ခြံထဲမှာ အလုပ်သမားနေဖို့ တဲက သုံးလုံး ပဲရှိတာ အလုပ်သမားတွေက အကုန်လုံးပေါင်း ၁၃ ယောက်၊ ခြံက အကြမ်းပဲရှိသေးတာ ။ ဘာပင်မှ မစိုက်ရသေးဘူး ။
ကျနော်က အိယောင်ဝါး ပေါ့ ၊
ဘာမှ လုပ်မတတ် ကိုင်မတတ်ဆိုတော့.၊ ဦးကလဲ တစ်လ မှ နှစ်ရက်ပဲ ခြံထဲကိုလာတာ ၊ ခြံကို ကျနော့် ကို ပေးကြည့်ခိုင်းတယ်လေ…
လိုရင်းမရောက်တော့ဘူး ၊ ပတ်ကြွား နေတာ
ကျနော်တို့နဲ့ ကပ်ရပ် ခြံက. ၊ ခြံချင်းသာ ကပ်တာ ခေါ်မကြား အော်မကြား နေရာ မျိုးပေါ့ ၊ ခြံက ဧက ၁၀၀ ဆိုတော့ ပြီးတော့ ကျနော်တို့ နေတဲ့နေရာက ခြံရဲ့ အနောက်ဆုံးအပိုင်းမှာ နေတာ။ ကပ်ရပ် ခြံ က အတော် ဝေးတယ် ၊ ပျင်းတဲ့နေ့ဆို သူတို့ ခြံမှာ စကားသွားထိုင်ပြောနေကြ ၊
မိုးချုပ်မှ ပြန်တာ
တစ်နေ့ ကျနော်သွားတော့ ထူးဆန်းတဲ့ အဖြစ်တစ်ခု ကြားလိုက်ရတယ်။
အဖြစ်က ဒီလို......
သူတို့ခြံမှာ အလုပ်သမား ၈ ယောက် ရှိတယ် ၊ တဲဆောက်ထားတဲ့ နေရာက တောင်ကုန်ရဲ့ အောက်နားက စမ်းချောင်းလေးနားမှာ ၊ တဲအိမ်လေးက လေးလုံး နီးနီး လေး ဆောက်ထားကြတာ ၊ အရေးအကြောင်းဆို အကူအညီ ရအောင် ဆိုပြီး နီးနီးလေး ဆောက်ထားကြတာ၊
ကျနော်ရောက်သွားတော့ အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက သူ့အဖွဲ့ထဲက လူပျိုကြီး တစ်ယောက် မူမမှန်တဲ့ အကြောင်း ပြောနေတာ ။ကျနော်လည်းစိတ်ဝင်စားတာနဲ့ နားထောင်နေတယ်။
အဲ့ လူပျိုကြီးက အသက် ၃၀ ဝန်းကျင်လောက်ရှိပြီ ၊ စိတ်မမှန်တာပဲ ပြောရမလား ၊ တောထဲတောင်ထဲမှာ အမှားလုပ်လာတာပဲပြောရမလား ၊ ညဖက်ဆို ခြံကြီးကို ပတ်ပြေးတော့တာပဲ.၊ ပါးစပ်က လဲ ဘာတွေ အော်လို့အော်မှန်း မသိဘူး ။ ထူးတော့ ထူးခြားနေပြီ ၊ ဖြစ်နေတာ မကြာသေးဘူး နှစ်ရက်လောက်ပဲ ရှိသေးတယ် ၊ တစ်ခု ထူးဆန်းတာက ပတ်ပြေးတဲ့ အချိန်ဆို အိင်္ကျင်္ိအမဲ ဝတ်လေ့ရှိတယ်။ သူတို့လည်း အလှည့်ကျစောင့်ကြည့်ဖို့ တာဝန်ခွဲလိုက်တယ်။ ၇ ယောက်ဆိုတော့ တစ်ယောက် တစ်ညပေါ့ ၊ မေးတော့လည်း သူမဟုတ်သလို ပဲ ဘာမှ မမှတ်မိတာလား မပြောတာလားတော့ မသိဘူး ၊
ည အတော် လေး မိုးချုပ်လာတော့ ကျနော်နဲ့ အဖော်သုံးယောက် (တစ်ယောက်တည်း လာမရဲလို့ အဖော် ခေါ်သွားတာ) တဲ ဆီကို ပြန်လာခဲ့တယ် ။ နှစ်ရက်လောက် ကျနော်က အလုပ်နည်းနည်း ရှုပ်နေတော့ သူတို့ တဲဖက်ကို မရောက်ဖြစ်ဘူး ၊ နောက်နေ့ သုံးရက်မြောက်မနက်မှာ သူတို့ တဲက အလုပ်သမားတစ်ယောက် ပြေးလာပြီး ကျနော်တို့ကို လာပြောတယ် ။ လူပျိုကြီးတစ်ယောက် ကိုယ့် ကို ကိုယ် ဆွဲကြိုး ချသေလို့တဲ့ ။ အကုန်လုံး အမြန်ပြေးလိုက် ပြီးသွားကြည့်ကြတယ်။ ခေါင်းဆောင်ဦးလေးကို မေးကြည့်တော့ သူက....
ငါတို့လည်း တတ်နိုင်သလောက် စောင့်ကြည့်တာပဲ ၊ မနက်ကတော့ သူနေမကောင်းဘူးတဲ့ အသက်ရှုရ ခက်နေတယ်တဲ့ လည်ချောင်းထဲက တစ်မျိုးကြီးဖြစ်နေတယ် ဆိုပြီ
ပြောတယ်တဲ့ အဲ့ဒါနဲ့ ချော့ပြီး အိပ်ခိုင်းလိုက်တာ အိပ်ပျော်သွားတယ် ။ ညရောက်တော့ သူတို့ စောင့်ကြည့်နေပါသေးတယ် ။
အလှည်ကျပြောထား ပင်မဲ့ အကုန်လုံးက စိတ်ပူပြီး မအိပ်တာများတော့ မနက် ၃း၃၀ လောက် အိပ်ပျော် သွားကြတယ် ၊ ခေါင်းဆောင် ဦးလေးက ၅း၀၀ လောက်နိုးပြီး ကြည့်တော့ မတွေ့တော့ဘူး အဲ့ဒါနဲ့ အပြင်ထွက်ပြီးလိုက်ရှာတာ အိမ်ရှေ့က ပျဉ်းကတိုးပင် မှာ ဆွဲကြိုးချပြီး သေနေတာ ၊ ခေါင်းဆောင် ဦးလေးက အကုန်လုံးကိုနှိုးပြီး ခေါ်ပြတာပေါ့ တာဝန်ရှိတဲ့ သူတွေကို သွားခေါ် ပေါ့ လုပ်တတ်တဲ့ သူကိုလည်းသွားခေါ်ပေါ့ ။ သူပြောပြတာတော့ ဒီလို ဆွဲကြိုးချပြီးသေတာ တွေ့လို့ မလုပ်တတ်ပဲ ကြိုးသွားဖြုတ်ပေးရင် ကို့ ဆီကိုပါ ကူးတယ်တဲ့ သူတို့ အယူပဲ နေမှာပါ။ ကျနော်လည်းဘာမှ မလုပ်တတ်တော့ သူတို့လုပ်တာပဲ ကြည့်နေတာပေါ့ ၊ ဆွဲကြိုးချသေ တဲ့ သူက မျက်လုံးကြီးပြူးပြီး လျှာကလဲ အပြင်ကို ထွက်လို့ ရေးနေရင်း ကြက်သီးပါ ထတယ် ပြန်မြင်နေတာ ။ခုထိ မမေ့သေးဘူး ၊ လုပ်တတ်တဲ့ သူတစ်ချို့ ရောက်လာပြီး အသုဘ ချဖို့ ချက်ခြင်း စီစဉ် ကျတယ် ။ ပြီးတော့ အသုဘ ချဖို့ သင်္ချင်္ိင်းကို သွားပြီး အလောင်းမြေချဖို့ စီစဉ် ကြတယ်။ အလောင်းမြေချပြီးတော့ တဲကို ပြန်လာကြတယ် ။ ပြန်ရောက်တော့ လူပျိုကြီးနေခဲ့တဲ့ တဲက မီးလောင်လို့ ပြာကျနေပြီး ၊
အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ် ၊ အဲ့မှာ ခြံစောင့်နေခဲ့တဲ့ သူက သူရှို့လိုက်တာတဲ့ ၊ သူက လူပျိုကြီး ပြန်လာမှာကြောက်လို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို အကုန်မီးရှို့ ဖျက်ဆီး လိုက်တာတဲ့ ၊ ခေါင်း ဆောင် ဦးလေးကြီးက စိတ်တိုပြီး ဆဲတာ စုံလို့ ၊ သူက အစိမ်းသေဆိုတော့ ၇ ရက်မပြည့်မချင်း သူ့ကိုသူ သေလို့သေမှန်း သိမှာ မဟုတ်သေးဘူး ၊ အဲ့ဒါကြောင့် သူ့အိမ်တော့ သူပြန်လာမှာ ပဲ.၊
အဲ့လို လုပ်လိုက်တော့ သူဘယ်မှာ သွားနေမှာလဲ ဆိုပြီး ဆူတာပေါ့ ။
ညရောက်တော့ အသုဘမှာ ဖဲထိုင်ရိုက်နေတုန်း လူပျိုကြီး တဲဟောင်း ဖက်က မီးကျွမ်း နေတဲ့ တိုင်ကို တစ်ခုခုနဲ့ ရိုက်လိုက်သလိုပဲ "ဖြောင်း " ကနဲ အသံ အကျယ်ကြီးကြားလိုက်ရတယ် …
အကုန်လုံးလဲ ကြားပါတယ်၊ အဲ့ဒါနဲ့ အပြင်ထွက်ကြည့်တော့ ဘယ်သူမှ မရှိဘူး ။ ခဏအကြာတော့ တောက်ခေါက်သံတွေ အဆက်မပြတ်ကြားနေ ရတယ် ။ ခေါင်းဆောင် ဦးလေး ကအပြင်ထွက်ပြီး လူပျိုကြီးနေခဲ့တဲ့ တဲဟောင်းဆီ သွားပြီး တစ်ယောက်တည်း တိုးတိုး ပြောနေတယ် ။ပြီးတော့ ပြန်လာပြီး ဖဲ လာပြန်ထိုင်ရိုက်နေတယ် ။ ငြိမ်သွားပြီး တစ်နာရီလောက် ကြာတော့ လူပျို ကြီးတဲကို မီးရှို့တဲ့ သူက အပြင်ထွက်ပြီး အပေါ့ သွားနေတုန်း တစ်ယောက်ယောက်နဲ့ စကားများပြီး ထိုးကြိတ်နေသံ ကြားလိုက်ရတယ် အကုန်လုံး ထွက်ကြည့်တော့ တစ်ယောက်တည်း တစ်ခုခုကို လိုက်ပြီး ထိုးနေသလိုပဲ ထိုးချက်တွေက အားပါတယ် ။ ခဏ လဲကျသွားလိုက် ပြန်ထပြီး ထိုးလိုက်နဲ့ နောက်ဆုံးတစ်ချက် လဲကျပြီး ပြန်မထလာလို့ သွားပြီးပြေးထူကြတယ်။ မပြီး တဲ အထဲကို ခေါ်လာခဲ့ကြတယ် ၊ပြီးတော့ ပရိတ်ရေတွေ ဘာတွေ တိုက်ပြီး သတိရလာတော့ မေးကြည့်တာ သူက လူပျိုကြီးက သူ့အိမ်ကို မီးနဲ့ ရှို့တာ မကျေနပ်လို့ဆိုပြီး လာထိုးလို့ ပြန်ထိုးတာ့တဲ့ ၊ အရင်ဆုံး မူးနေတော့ သူသေတာကို မေ့သွားတာ ခဏကြာမှ လူပျိုကြီးက သေပြီးဆိုတာ သတိဝင်လာပြီး ကျနော် မေ့လဲသွားတာထင်တယ် ။
ဘာမှမသိတော့ဘူး ။ လို့ပြောတော့ ခေါင်းဆောင်ဦးလေးက ..
ငါပြောသားပဲ သူနေစရာ မရှိတော့ဘူးပေါ့ ခု ၊
နောက်နေ့ တွေလည်း ထိုနည်း ၎င်းပဲ အသံတွေ တောက်ခေါက်သံတွေ ကြားနေမြဲ ၇ ရက်ပြည့် ရက်လည် ပြီး ဘုန်းကြီး ပင့် တရားနာ အမျှဝေပြီး တာနဲ့ ကျနော်လည်း အဲ့နေ့ပဲ အိမ်ပြန်တာပဲ ။ အိမ်ရောက်တော့ ဦးကိုပြောပြီး မသွားတော့ဘူး ပြောတော့
ဦးက ဘာဖြစ်လို့ လဲ ဟ ……
ူသူ့ခြံနဲ့ ကို့ ခြံက အဝေးကြီးပါ ၊ ဦးက ဘယ်လိုပြောပြော ကျနော် ကြောက်လို့ ပြန်မသွားတော့ပါဘူး .......
#သရဲလေး...sky#
Labels:
သရဲအကြောင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment