စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၈)

Light ဖုန်းကိုင်ထားရင်း အတွေးများ ယောက်ယက်ခတ်နေလေပြီ။
..... N တဲ့။ L နဲ့တုန်းကလိုပဲ ငါ့စိတ်ထဲမှာ ခံစားနေရပါလား။ ဒီကောင်ဟာ L လိုကောင်ပဲလား ......

"ငါတို့ L ကို အားမကိုးဘူးလို့ ပြောပြီးပြီနော်။ တခုထပ်ပြောထားလိုက်ဦးမယ်။ အခုဆို CIA ရော FBI ရောက L အစား ငါ့ကိုပဲ သူတို့ခေါင်းဆောင်အဖြစ် လက်ခံလိုက်ပြီ။ ဒါပေမယ့် ဂျပန်ရဲတပ်ဖွဲ့ ညွှန်ချုပ်ကို သတ်လိုက်တဲ့ ကိစ္စက ခွင့်မလွှတ်နိုင်စရာလည်း ဖြစ်နေတယ်၊ Kira နဲ့လည်းပတ်သက်နေတယ်၊ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး Kira ကိုဖမ်းမိနိုင်တဲ့အတွက် ဒီအမှုကို ငါတို့ အပြည့်အ၀ကူဖို့ ဆုံးဖြတ်တယ်။ ဒီအကူအညီဟာ မင်းတို့အတွက်ရော ငါတို့အတွက်ရော အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်လေ"
Near တလုံးချင်း အေးအေးဆေးဆေး ပြောလိုက်သည်။

Light စကားပြန်မပြောနိုင်။
.... Kira ကိုဖမ်းမိနိုင်တယ်ဆိုပဲ။ ဒီကောင် ဘာကောင်လဲ။ ကိုယ့်ကိုယ်ကို ယုံကြည်လှချည်လား ......

"မင်းဘာဖြစ်သွားတာလဲ L၊ စကားတောင် ပြန်မပြောနိုင်ပါလား"

"ဘာမှ မဖြစ်ပါဘူး။ မင်းကိုငါ ပြောစရာ ကျန်သေးလို့။ အမှန်ကတော့ ညွှန်ချုပ်သေပြီးတဲ့နောက်မှာ ရဲချုပ်ရဲ့ သမီးကို အဲဒီအဖွဲ့ကပဲ ပြန်ပေးဆွဲသွားတယ်။ အလဲအလှယ်ကို L.A မှာ ၂ ရက်အတွင်း လုပ်မယ်တဲ့"

"ဘာ အလဲအလှယ်လဲ။ စာအုပ်နဲ့ လဲဖို့လား"

"အေး"

"ဟုတ်ပြီလေ။ မင်းတို့ကို ကူညီဖို့ agent တွေများနိုင်သလောက် များများ စီစဉ်ပေးထားမယ်။ ဘာအတွက် ကူညီရမယ်ဆိုတာတော့ သူတို့ကို သေချာ မပြောဘဲ ထားရမှာပေါ့။ ကျန်တာအားလုံးတော့ မင်းပဲ ဦးဆောင်ပေါ့၊ မင်းကို ငါယုံထားလိုက်မယ်"
Near ပြောပြီး ဖုန်းချသွားလေသည်။

"Near ဒီ L အတုကောင်က Kira ကို ခုထိ ကောင်းကောင်းတောင် သဲလွန်စ မလိုက်နိုင်သေးတာ၊ ဒီကောင့်ကို သူ့လက်သူ့ခြေ ပေးလုပ်လို့ ဖြစ်ပါ့မလားကွ"
FBI ဒါရိုက်တာက မေးတော့

"ဖြစ်ပါတယ်။ သူ Kira ကို မိအောင် မဖမ်းနိုင်လို့ကို ကျနော် သူ့ကို ဦးဆောင်ခိုင်းလိုက်တာ။ အဲဒါကျနော်တို့ အတွက် အသုံးကျမယ့် အားနည်းချက်ပဲ။ ကောင်မလေးကိုတော့ ကျနော် သနားပါတယ်။ လူ့အသက်ဆိုတာ အရေးကြီးတာပါပဲ။ ဒါပေမယ့် ကျနော်တို့ SPK အဖွဲ့ရဲ့ အဓိက ရည်မှန်းချက်က စာအုပ်ရဖို့ Kira ကိုဖမ်းဖို့ မဟုတ်လား"
Near ပြန်ဖြေလိုက်လေသည်။

ဂျပန်တွင်
"Light ဒီကိစ္စမှာ အဖေသေသွားလည်း အရေးမကြီးဘူး၊ အသေခံရဲတယ်။ အေး တခုတော့ရှိတယ်။ အဲဒီအခါကျရင်တော့ Sayu ကို မင်းကောင်းကောင်း စောင့်ရှောက်လိုက်ပါ"
ရဲချုပ်က Light ကိုပြောလာသည်။

"မဟုတ်တာတွေ မပြောပါနဲ့ အဖေရာ။ အဖေ့ဟာ အဖေတော့ ဒီစကားတွေဟာ နည်းလမ်းကျချင်ကျမယ်။ ဒါပေမယ့် သားတို့လို ကျန်တဲ့ မိသားစုတွေ ဘယ်လိုခံစားရမယ်ဆိုတာ အဖေနားလည်မှာ မဟုတ်ဘူး။ Sayu ရှေ့မှာ အဖေလုံးဝ မသေရဘူး။ ဟိုရောက်ရင် သားတို့ကို အဖေ လုံးဝ ဆက်သွယ်လို့ မရတော့တဲ့ အခြေအနေတခု ရောက်ချင်ရောက်လာနိုင်တယ်။ တကယ်လို့ အဲဒီအခြေအနေရောက်သွားခဲ့ရင် အဖေရော၊ Sayu ရော မသေမယ့် နည်းလမ်းကိုပဲ ရွေးပါ့မယ်ဆိုတဲ့ ကတိတခုတော့ သားကိုပေးပါ"
Light သူ့အဖေကို စိုက်ကြည့်၍ လေးလေးနက်နက် ပြောလိုက်လေသည်။

ရဲချုပ်ကား ဘာမှ များများ ပြန်မပြောနိုင်။
"Light ရယ်"

Light သူ့အခန်းပြန်ရောက်သော် Misa အား အမေရိကား သွားရမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
"အို ပျော်လိုက်တာ။ ၂ ယောက်တူတူသွားရမယ်ပေါ့"
Misa ပျော်မြူးကာ နေလေသည်။

"ဟုတ်တယ်။ ဒါပေမယ့် မင်း မျက်စိကိုတော့ ဒီတခါ သုံးရတော့မယ်ကွ"
Light ပြောကာ အခန်းထဲဝင်သွားတော့သည်။

"ရတယ်။ ဒါဆို ခုပဲ အထုပ်အပိုးတွေ သွားပြင်တော့မယ်နော်"
မြူးတူးပြီး Misa အ၀တ်များ ရွေးကာထည့်နေသည်။

သူ သတိထားမိသည့် အချိန်တွင် ရေချိုးခန်းတံခါးပွင့်ကာ Light တယောက်တည်း မှန်ရှေ့တွင်ရပ်နေသည်ကို တွေ့ရ၏။
Misa ရေချိုးခန်းပေါက်နား ကပ်သွားမိသည်။

"Sayu ကိုသတ်လိုက်တာကများ အကောင်းဆုံး ဖြစ်နေမလား"
စိတ်ရှုပ်စွာဖြင့် တယောက်တည်း အသံထွက်ငြီးလိုက်သော Light အသံကို Misa ကြားလိုက်ရလေသည်။

Light ၏အစီအစဉ်အရ Light နှင့် Matsuda တို့က L.A. သို့ ရဲချုပ်အရင် ရောက်နှင့်ကာ အရာရာ ကြိုတင်စီစဉ်ထားမည်။
ဂျပန်မှ နောက်ကျထွက်ခွာမည့် ရဲချုပ်ကို Aizawa ကနောက်ကွယ်မှ လိုက်လံ စောင့်ရှောက်ရမည်။ ရုပ်ဖျက်၍ လေယာဉ်တစင်းတည်း အတူတူ စီးလာမည်။

ရဲချုပ် လေယာဉ်ဆီသို့ သွားနေချိန်တွင် သူ့နောက်မှ လူတယောက်ကပ်လာကာ
"Mr Yagami"

ထိုလူကို အဝေးမှ စောင့်ကြည့်နေသည့် Aizawa လည်းသတိထားလိုက်မိသည်။

"မင်း ဘယ်သူလဲ။ ပြန်ပေးသမားထဲက တယောက်လား"
ရဲချုပ်က အိနြေ္ဒမပျက်ပြန်မေးလိုက်သည်။

"ကျုပ်တို့ flight no SE333 ကိုစီးမယ်။ ခင်ဗျားအတွက် လက်မှတ်ကျုပ်ဆီမှာပါတယ်။ မြန်မြန်လေးသွားလိုက်ရအောင်။ လေယာဉ် ထွက်ချိန်နီးပြီ။ ဂိတ် ၁၈ ကနေထွက်မယ်"
ထိုသူကလည်း ရဲချုပ်အမေးကို မဖြေဘဲ ပြောစရာရှိသည်ကိုသာ ပြောလိုက်သည်။

"ကျုပ်နားလည်ပြီ"
ရဲချုပ် ဒီထက်ပို၍ ဘာမှ မပြောနိုင်တော့။

Aizawa ကလည်း ရဲချုပ်နောက်ကလိုက်လာရင်း အမေရိကား ရောက်နေပြီဖြစ်သော Light ဆီချက်ချင်းလှမ်းဆက်သွယ်သည်။
"ရဲချုပ်ကို လေဆိပ်ထဲမှာတင် လူတယောက် လာပြီး စကားပြောနေတယ်။ ကျုပ် ဖမ်းလိုက်ရတော့မလား"

"မဖမ်းပါနဲ့။ ခုနေဖမ်းလို့ ဘာမှ အကျိုးထူးမှာ မဟုတ်ဘူး။ စောင့်သာ ကြည့်နေပါ"
Light ပြန်ပြောလိုက်သည်။

ရဲချုပ်နှင့် လူစိမ်းကား ဂိတ် ၁၈ ထဲသို့ ၀င်သွားလေပြီ။
"ဟာ ကျုပ်စီးရမယ့် လေယာဉ်မဟုတ်ဘဲ တခြား ဂိတ်ထဲဝင်သွားပြီ။ ရဲကတ်ပြားပြပြီး ၀င်လိုက်ရမလား"
Aizawa စိတ်လှုပ်ရှားစွာ မေးလေ၏။

"စိတ်ထိန်းပါဗျာ။ ခင်ဗျားဝင်လိုက်သွားလို့ သူတို့သိသွားရင် စီစဉ်ထားတာတွေ အားလုံးပျက်ကုန်မယ်။ သူတို့ လေယာဉ် ဘယ်ကိုသွားမှာလဲ"
Light ပြန်မေးလိုက်သည်။

"L.A. ပဲ"

"တော်သေးတာပေါ့။ ဒါပေမယ့် ဒီကိစ္စ ရိုးတော့ မရိုးသားဘူး"
Light စိတ်လှုပ်ရှားလာလေပြီ။

ရဲချုပ် လိုက်ပါစီးနင်းလာသော လေယာဉ်ကား ဂျပန်နိုင်ငံမှ ထွက်ခွာ၍ နာရီအနည်းငယ်ကြာသော် ပျံသန်းရမည့်လမ်းကြောင်းမှ ဖယ်ခွာ၍ ပျံသန်းနေသည်ကို လေကြောင်းထိန်းသိမ်းရေးဌာနမှ တွေ့မြင်ရလေသည်။

"Flight SE333 လမ်းကြောင်းမှားနေပြီ။ ကြားလား၊ ကြားလား အကြောင်းပြန်ပါ"
မြေပြင်ရှိဝန်ထမ်းများက လေယာဉ်မှူးဆီသို့ ဆယ်သွယ်သည်။

"Flight SE333 အကြောင်းပြန်နေတယ်။ လမ်းမှားတာမဟုတ်ပါဘူး။ ကျုပ်တို့ ခရီးသည်တယောက်ကို တနေရာ ပို့စရာရှိလို့ပါ။ စိတ်ပူရင်တော့ ရေဒါကနေ ကြည့်သာနေဗျာ။ ကျုပ်တို့က လေယာဉ်ပြန်ပေးဆွဲတာမဟုတ်တော့ ရေဒါတော့ ပိတ်မပစ်ပါဘူး။ တခုတော့ ရှိတယ်နော်၊ ကျုပ်တို့ကိစ္စကို ၀င်ရှုပ်မယ်ဆိုရင်တော့ လေယာဉ်ပျက်ကျသွားဖို့ရှိတယ်"
လေယာဉ်မှူးက ပြန်ပြောလိုက်တော့သည်။
သူ့ဘေးရှိ လက်ထောက်လေယာဉ်မှူးကား ကြိုးတုပ်ခံရလျက်။

ထိုသတင်းကား တမုဟုတ်ချင်း သတင်းဌာနများသို့ ပြန့်နှံ့သွားပြီး Light တို့ပါ သိရတော့သည်။
..... သေစမ်းကွာ။ ဒီလောက်ပြင်ဆင်ထားတာတောင် ဒီလိုဖြစ်သေးတယ်။ ဘယ်ကောင်တွေမို့ ဒီလောက်တောင် လုပ်နိုင်ရတာလဲ။ ငါ့မှာ ရွေးစရာလမ်းမရှိတော့ဘူး။ ဟိုအကောင့်ကိုပဲ အကူအညီ တောင်းရတော့မယ် ........
Light တွေးရင်း FBI ဒါရိုက်တာဆီ ဖုန်းဆက်လေတော့သည်။

"L ပါ ဒါရိုက်တာကြီး။ N နဲ့ပြောပါရစေ"

"ဖြစ်ပါတယ်"
ဒါရိုက်တာက ဖုန်းကို Near ဆီသို့ပေးလိုက်သည်။

"ပြောပါ"
Near ကပြောတော့

"ပြဿနာတွေ မင်းလည်း ကြားပြီးသားဖြစ်မှာပါ။ လေကြောင်းလိုင်းတွေ၊ ရဲတွေ၊ စစ်တပ်တွေ ကို ဘာမှမလုပ်ဘဲ ဒီတိုင်းစောင့်ကြည့်နေဖို့ အမိန့်ပေးထားပေးပါ"
Light သူဖြစ်စေချင်သည်ကို ပြောလိုက်သည်။

"ဟုတ်ပြီလေ။ လေယာဉ်ဆင်းတဲ့နေရာကို ငါတို့ Satellite ကနေ စောင့်ကြည့်ပေးမယ်။ တခြား အကူအညီလိုလည်း ထပ်ပြောပေါ့"
Near အေးအေးပင် သဘောတူလိုက်လေသည်။

လေယာဉ်ပေါ်တွင်
လူစိမ်းက သူ့အိပ်ထဲမှ ကြိုးမဲ့ နားကြပ်လေးထုပ်၍ ရဲချုပ်ကိုပေးရင်း
"ဒီ wireless earphone လေးနားမှာ တပ်လိုက်ပါ"

ရဲချုပ် သူ့နားသို့ နားကြပ်တပ်ပြီး မကြာမီပင် အသံတိုးတိုးတခုဝင်လာသည်။
"ရဲချုပ်ကြီး Yagami။ သေချာနားထောင်ပါ။ ကျုပ် ခင်ဗျားသမီးကို ပြန်ပေးဆွဲသွားတဲ့လူပဲ။ ဒါပေမယ့် ခင်ဗျားသမီးရဲ့ အသက်ကို ကျုပ်ရန်မရှာချင်ဘူး။ ကျုပ်လိုချင်တာ စာအုပ်ပဲ။ အဲဒီစာအုပ်ရရင် ခင်ဗျားတို့ ၂ ယောက်လုံးကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးမယ်။ အလဲအလှယ်ကိစ္စလည်း ကျုပ် စီစဉ်ထားပြီးပြီ။ ခင်ဗျား ဘာမှ ခေါင်းရှုပ်စရာမလိုဘူး၊ ကျုပ်ပြောတဲ့ အတိုင်း လိုက်လုပ်ယုံပဲ"
အသံရှင်ကား Melo။

......... အင်း ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိတဲ့ကောင်က တောင်းတဲ့ လူသတ်စာအုပ်ကို ငါ့သမီးနဲ့ လဲရမယ်။ ငါ ဘာကို ရွေးရမှာလဲ။ ရဲတယောက်အနေနဲ့ ဆုံးဖြတ်ရမလား၊ အဖေတယောက်အနေနဲ့ ဆုံးဖြတ်ရမလား .......
ရဲချုပ် ရင်မောနေတော့သည်။

သေမင်းစာအုပ် လျှို့ဝှက်ချက်

သေမင်းမျက်စိပိုင်ရှင် လူသား မြင်ရသော အခြားလူတို့၏ နာမည်များသည် သေမင်းစာအုပ်ထဲတွင် ရေးထည့်ရမည့် နာမည်အမှန်များဖြစ်သည်။
လူတဦးတယောက်သည် မွေးစာရင်းတွင် နာမည်ဖော်ပြထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ ထိုလူသား၏ နာမည်ကို သေမင်းမျက်စိပိုင်ရှင်လူသား မြင်နိုင်သည်

No comments:

Post a Comment