စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၃.၂)

L ကိုယ်တိုင် ဂျပန်ရဲတပ်ဖွဲ့ အကြီးအကဲဆီသို့ ဖုန်းဆက်ပြီး Kira မည်သူမည်ဝါဖြစ်သည်ကို သိရှိထားပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မောင်းနှင်နေသောကား၊ မည်သည့်နေရာမှ မည်သည့်နေရာသို့ မောင်းနေသည်ဖြစ်ကြောင်းများ ပြောပြပြီး ရဲတပ်ဖွဲ့ဝင်များအား ထိုကားနား မကပ်စေရန်တို့ ပြောဆို သတင်းပေးလေသည်။

Sakura TV တွင်ရောက်ရှိနေသော ရဲချုပ် Yagami ကလည်း ယခုတခေါက် ကြော်ငြာ အစီအစဉ်စသည်နှင့် Matsuda နှင့် အမေးအဖြေလုပ်နေသူတို့အား အရုပ်များနှင့်လဲလှယ်ရန်၊ စကားပြောခန်းများကို ကြိုတင်အသံသွင်းထားသည့် အခွေများဖွင့်၍ ဆက်လွှင့်ရန်၊ ကင်မရာများကို လက်ရှိရိုက်မြဲအတိုင်းရိုက်၍ အဆောက်အဦးအတွင်းမှ ၀န်ထမ်းများအားလုံး ဘေးလွတ်ရာသို့ ထွက်ခွာကြရန် ညွှန်ကြားနေလေပြီ။

"ကဲ ငါတို့လည်း သွားကြစို့"
L က Light ကိုပြောလိုက်လေသည်။

"အိုကေလေ"

သို့သော် Misa ကိုကား L ကဌာနချုပ်တွင်ပင် ထားခဲ့ရန် ဆုံးဖြတ်သည်။ ရိုးရိုးထားခဲ့ခြင်းကား မဟုတ်။
ထိုင်ခုံတခုပေါ်တွင် ကြိုးတုပ် လက်ထိပ်ခတ်ကာ ထားခဲ့ခြင်းတည်း။

"ရှင်တို့ ဒါ ဘာလုပ်ကြတာတုန်း!!!!"
Misa ပေါက်ကွဲလေပြီ။

"ဆောရီးပဲ Misa မင်း ဒီမှာ တဆိတ် အေးအေးဆေးဆေး နေခဲ့ပါလို့ တောင်းပန်ပါရစေ"
ပြောပြောဆိုဆိုနှင့် L ကကြိုးဆက်ချည်နေလေသည်။

"ဒီမှာ ရှင်တို့ ကျမကို ဘာထင်နေလဲ!!!"
အော်ဟစ်နေသော Misa ကိုထား၍ Light နှင့် L တို့ Watari ကိုပါခေါ်၍ ရဟတ်ယာဉ် ဖြင့်ထွက်လာခဲ့ကြတော့သည်။

L က ရဟတ်ယာဉ် မောင်းကာ Watari က သေနတ်ကိုထုတ်၍ ပြင်ဆင်နေလေသည်။ Light ကား Higuchi ၏ကားကိုသာ computer screen ပေါ်တွင် လိုက်ကြည့်နေလေသည်။

"ဟ ဟ Higuchi သွားနေတာ Sakura TV ဆီမဟုတ်တော့ဘူးကွ။ Yotsuba ရုံးချုပ်ဆီ သွားတဲ့ဘက်ဖြစ်နေတယ်"

Light ပြောပြီးသည်နှင့် L က Wedy ဆီ ဆက်သွယ်သည်။
"Wedy ရေ.. Yotsuba ရုံးချုပ်က အခွေတွေထဲမှာ Matsuda ပါတဲ့အခွေတွေ အားလုံးရှင်းပြီးတာ သေချာတယ်နော်"

"သေချာပါတယ်၊ စိတ်ချ။ ဒါဖြင့် သူ ရုံးချုပ်ကို သွားနေပြီပေါ့။ ကောင်းသားပဲ။ ကျမ Sakura ကိုသွားပြီး ရဲချုပ်နဲ့အတူ စောင့်နေလိုက်မယ်"
Wedy ပြောပြောဆိုဆိုပင် Sakura TV ဘက်သို့ ကွေ့သွားလေတော့သည်။

မကြာမီပင် Yotsuba ရုံးချုပ်အတွင်းရောက်ရှိကာ လုံခြုံရေးအခွေများတွင် Matsuda ပုံရှာနေသည့် Higuchi အကြီးအကျယ် ဒေါသထွက်နေလေပြီ။
"တောက်!!! ဘယ်ခွေးသူတောင်းစား ၀င်ပြီး ဒီကောင့်ပုံတွေ ဖျက်သွားတာတုန်း"

... ဘယ်လိုပဲဖြစ်ဖြစ် ငါ Sakura TV ကိုသွားရတော့မယ်။ အချိန်သိပ်မကြံတော့ဘူး ....

Yotsuba ရုံးချုပ်မှသည် Sakura TV ဆီသို့ Higuchi ကား ထွက်သွားသည်ကို Light မြင်နေရသည်။

"ဖေဖေ.. Higuchi အဲဒီကို လာနေပြီ။ ၁၅ မိနစ်လောက်ဆို ရောက်မယ်။ သတိထားနော် အဖေ"

"မင်း အဖေ့အတွက် စိတ်မပူစေချင်ဘူး။ ဖေဖေတို့အားလုံး ရယ်ဒီပါပဲကွ"

Sakura TV အဆောက်အဦးအတွင်း
ရိုက်ကူးရေးအခန်း မှောင်ရိပ်ထဲတွင် ရဲချုပ်နှင့် Wedy တို့ငြိမ်သက်စွာ ရှိနေကြသည်။

"သူရောက်လာတော့မယ် Mr.Yagami"
Wedy လေးနက်စွာဖြင့် ပြောလာသည်။

"အင်း..ဟုတ်တယ်"

ရဲချုပ်ထံသို့ သေနတ်တလက် ထိုးပေးရင်း Wedy က
"Aiber က သေနတ်တွေ မကိုင်တတ်ဘူး။ အဲဒီတော့ ကျမတယောက်ပဲ သေနတ်ပါတယ်"

ရဲချုပ်က မယူ။
"ငါ ရဲတပ်ဖွဲ့ဝင် မဟုတ်တော့ဘူးလေ။ ဒီသေနတ်ကို ငါယူလိုက်မိရင် ငါ့ကိုယ်ငါတောင် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ အေး.. မင်းမှာလည်း ဒီသေနတ် ရှိမနေသင့်ဘူး"
Wedy ကိုမကြည့်ဘဲ ရဲချုပ် ပြန်ပြောလိုက်လေသည်။

"ရှင်ဟာ ခုချိန်ထိကို ခေါင်းမာနေတုန်းကိုး"
Wedy မှတ်ချက်သာ ချနိုင်တော့သည်။

အဆောက်အဦ အပြင်ဘက်တွင်ကား Higuchi ရောက်ရှိလာလေပြီ။
ဧည့်ကြိုခန်းမတွင်းသို့ အပြေးဝင်ရောက်လာသော Higuchi အနည်းငယ် သံသယ၀င်သွားမိသည်။
.... ဟင်၊ လူတယောက်မှ မရှိပါလား။ ဘယ်လိုဖြစ်တာလဲ။ အို.. မရှိတော့လည်း ငါ့အတွက် ပိုအဆင်ပြေတာပေါ့ .....
သူ၏ စိတ်စောနေမှုက သူ့သံသယကို အနိုင်ယူသွားလေသည်။

Higuchi ရိုက်ကူးရေးခန်းမဘက်သို့ အပြေးထွက်သွားချိန်မှာပင် Mogi နှင့် Aiber တို့လည်း ဦးခေါင်းပိုင်း မမြင်နိုင်သော ဆိုင်ကယ်ဦးထုတ်အမည်းများဆောင်းလျက် ရောက်ရှိလာတော့သည်။

ရိုက်ကူးရေးခန်းမထဲသို့ ရောက်လာပြီဖြစ်သော Higuchi တွေဝေသွားပြန်သည်။
... ဟင်၊ ဒီထဲမှာပါ လူမရှိဘူးလား ....

ကင်မရာများကို ရှောင်ကွင်း ၀င်ရောက်လာသော Higuchi တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူးသွားလေ၏။
..... ဟာ!! အရုပ်တွေ၊ ငါ တော့ အဘတ်ခံရပြီ .....

သူ သဘောပေါက်နောက်ကျသွားလေပြီ။
"ဒါ မင်းအတွက် လမ်းဆုံးပဲ Higuchi!!!"
ရဲချုပ်အသံက ဟိန်းထွက်လာသည်။

Wedy ကလည်း သေနတ်နဲ့ချိန်ရင်း မှောင်ရိပ်ထဲမှ ပေါ်လာသည်။
"ရှင့်လက်မြှောက်ထားလိုက်စမ်း!! နည်းနည်းမှ မလှုပ်နဲ့နော်"

သူတို့ နှစ်ယောက်လုံး ခေါင်းဆောင်းများနှင့် Higuchi ရှေ့သို့ ရောက်လာချိန်တွင် Higuchi နောက်မှလည်း ခြေသံများကြားရပြီး Mogi နှင့် Aiber တို့ ရောက်လာတော့သည်။

လေးဘက်လေးတန် အ၀ိုင်းခံနေရသော Higuchi ဘာမှမသိသလိုနှင့်
"ဟာ ခင်ဗျားတို့ မှားနေကြပြီနဲ့တူတယ်။ ကျနော် ဒီလာတာ ဒါရိုက်တာကြီး Demegawa ကိုတွေ့ဖို့ပါဗျ"
Higuchi ပြောသာပြောနေသော်လည်း အခြေအနေ မကောင်းမှန်းတော့ ရိပ်မိနေသည်။
..... သူတို့ အားလုံး မျက်နှာတွေ ဖုံးထားကြတယ်။ သဘောက ငါမျက်နှာမြင်တာနဲ့ သတ်လို့ရတယ်ဆိုတာ သိနေကြတယ်ပေါ့။ ဟင်းဟင်း ........

"ကျနော် Yotsuba ကုမ္ပဏီကပါ။ ကျနော့်ကတ်ပြားလေး ပြပါမယ်"
ကြောက်ကြောက်လန့်လန့်ဟန်နှင့် ပြောကာ လက်ထဲမှ အိတ်ကို ဖွင့်လေသည်။

"ဒိုင်း!!!!"
Higuchi အိတ်ထဲမှ သေနတ်ကို ထုတ်ကာ ရှေ့တည့်တည့်မှ ရဲချုပ်ကို ပစ်ချလိုက်ပြီး ပြေးထွက်သွားတော့သည်။

"ဟာ ရဲချုပ်!!"
Mogi ကအော်ပြီး ရဲချုပ်ကို ပွေ့သည်။ Higuchi တွင် သေနတ်ပါလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။

"Higuchi မှာ သေနတ်ပါတယ်။ ခု ရဲချုပ်ကို သေနတ်နဲ့ပစ်ပြီး Higuchi ထွက်ပြေးသွားပြီ"
Mogi က ရဲချုပ်ကို ပွေ့ထားရင်း သတင်းလှမ်းပို့နေသည်။

ကံကောင်းသည်က ရဲချုပ် လက်ကိုသာ သေနတ်မှန်သွားခြင်းပင်။
"ခုချက်ချင်းလိုက်ရင် မှီသေးတယ်ကွ။ လိုက်ကြ လိုက်ကြ"
ဒဏ်ရာနှင့် ရဲချုပ်က ပြောပြောဆိုဆို ကုန်းရုန်း ထသည်။

"ခုမှတော့ ငါတို့ဟာ ငါတို့ပဲ ရအောင် ဖမ်းရတော့မှာပဲ"
L က Light ကိုပြောလိုက်သည်။

"ဦးရော.. ရယ်ဒီပဲနော်"
Watari ကိုလှမ်းမေးလိုက်တော့

"အေး ရယ်ဒီပဲ"
သေနတ်ကိုင်ထားသော Watari ကပြန်ဖြေသည်။

"ကဲ ရော့ဟေ့ကောင် ငါတို့ Kira နဲ့ရင်ဆိုင်ရမှာဆိုတော့ ဒါလေးတော့လိုတယ်"
L က သူ့ဘေးမှ သေနတ်တလက်ဆွဲထုတ်ကာ Light ကိုပေးရင်း ပြောလိုက်၏။

"ဟေ့အေး...ဂျပန်မှာ ဒီလို သေနတ်ကိုင်တာ တရားမ၀င်ဘူးကွ"
Light ကပြန်ပြောတော့

"အင်း.. မင်းအဖေလည်း မင်းလိုပဲ ပြောခဲ့လိမ့်မယ်လို့ ငါထင်တယ်ကွ"
L မှတ်ချက်ချလေသည်။

Higuchi သည် ကျပ်ညပ်နေသည့် လမ်းမများအစား ကားရှင်းသည့် မိုးပျံ အမြန်လမ်းမကြီးပေါ်သို့ မောင်းတက်လိုက်သည်။ မကြာမီပင် တရိပ်ရိပ်ပြေးနေသော Higuchi ၏ ကားရှေ့မှ စူးရှသော အလင်းတန်းများ ပေါ်လာပြီး ရဲကားများ လမ်းအပြည့် ပိတ်ရပ်ထားသည်ကို တွေ့ရတော့၏။

..... ထောင်ချောက်ပဲ။ Kira စုံစမ်းရေးမှာ ရဲတွေ လက်ရှောင်နေမယ်လို့ ပြောခဲ့တာပဲ။ ခုတိုင်းဆို ဒီကောင်တွေ ၀င်ပါနေတာပေါ့ .......
Higuchi ပြာယာခတ်သွားလေပြီ။

ရဟတ်ယာဉ်ပေါ်မှ L တို့ပင် ရဲကားများကို ကြည့်ကာ အံ့အားသင့်နေလေသည်။

"ဘယ်လိုဖြစ်တာလဲကွ။ ငါလဲ ရဲတွေကို အကူအညီ မတောင်းထားမိပါဘူး"
Watari ပင် မနေနိုင်။

"ဖြစ်နိုင်တာ တယောက်ပဲရှိတယ်"

"ဟုတ်တယ်။ သူပဲ"

ရှေ့ဆုံးမှ ရဲကားထဲတွင် ထိုင်နေသူကား သူတို့ စုံစမ်းရေးအဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည့် Aizawa ။

Higuchi ကားကို အလျင်အမြင် ဂငယ်ကွေ့ပြန်ကွေ့လိုက်သည်။ ယခုတခါ သူမျက်နှာချင်းဆိုင်နေရသည်က စုံစမ်းရေးအဖွဲ့မှ ကား ၂ စင်းနှင့် လမ်းလယ်တည့်တည့် မြေပြင်မှ အနည်းငယ်အမြင့်တွင် ရပ်နေသည့် L တို့၏ ရဟတ်ယာဉ်တစီးသာ။

ကား၂ စီးကြား ရဟတ်ယာဉ်အောက်သို့ Higuchi အရှိန်ပြင်းစွာ မောင်းဝင်လိုက်သည်နှင့် သေနတ်နှင့် အသင့်ချိန်ကာ စောင့်ဆိုင်းနေသော Watari တည်ငြိမ်စွာ မောင်းဖြုတ်ချလိုက်သည်။

Higuchi ကား၏ ရှေ့ဘီးကို ကျည်ဆန် တိုက်ရိုက်မှန်ကာ ကွဲထွက်သွားပြီး ကားမှာ ဟန်ချက်ပျက်ကာ လမ်းဘေးအုတ်နံရံကို ၀င်ဆောင့်၍ ရပ်သွားလေတော့၏။

ရဲကားများ Higuchi ကားကို ၀န်းရံ ရပ်လိုက်ချိန်တွင် ခေါင်းငိုက်စိုက်ကျနေသော Higuchi ရုတ်တရက် သေနတ်နှင့် သူ့နားထင်ကို သူထောက်ကာ မောင်းဖြုတ်လုလုအချိန်တွင်

"ဒိုင်း"
Watari ထံမှ သေနတ်သံထွက်လာကာ Higuchi လက်ထဲမှ သေနတ်လွတ်ကျသွားလေတော့၏။

"ခုတော့ အားလုံးပြီးသွားပြီပေါ့"
Light ကပြောတော့

"အေး.. ပြီးသွားပါပြီ"
L ပြန်ဖြေလိုက်လေတော့သည်။

No comments:

Post a Comment