စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၇.၂)

နောက်တနေ့
Takimura သူ့ကိုယ်သူ သတ်သေသွားလေပြီ။

..... ဒါဟာ Kira ရဲ့လက်ချက်ဆိုရင် ငါတို့ ဘာမှ စိုးရိမ်စရာ မလိုဘူး။ ငါတို့ ဘယ်သူ ဘယ်ဝါဆိုတာ သူသိတာမှ မဟုတ်ဘဲ။ ဒါ့ကြောင့်လည်း Takimura ကို နှုတ်ပိတ်လိုက်တာပေါ့။ အဲဒီတော့ Kira ဟာ ဒီပြန်ပေးမှုကို သိနေတဲ့ လူတွေထဲက တယောက်ပဲပေါ့.....

"ကဲ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ Melo"
လူဆိုးခေါင်းဆောင် မေးတော့

"Yagami Souichiro ရဲ့သမီး Yagami Sayu ကို ပြန်ပေးဆွဲကြတာပေါ့"
Melo အေးအေးပင် ပြန်ဖြေလိုက်၏။

ထိုအချိန် Light ၏တိုက်ခန်းသစ်တွင် စုံစမ်းရေးအဖွဲ့ဝင်များ အလုပ်များနေကြသည်။
"ခက်တာပဲ ခုထိ ဘာသဲလွန်စမှလည်း မရသေးဘူး"

"အင်း။ ပြန်ပေးသမားတွေကလည်း ဘာမှ မဆက်သွယ်သေးဘူး။ ဘာတွေဖြစ်နေပါလိမ့်"

"Light အဖေ့ကို FBI က Rally Connors ဆိုတဲ့ပုဂ္ဂိုလ်က သူ့ကိုယ်သူ John McKenro ဆိုပြီး ဆက်သွယ်လာတယ်။ ဒီကောင်ပေါ့"
ရဲချုပ်က computer ပေါ်မှ FBI agent ပုံကို ပြ၍ ပြောသည်။

"ဟုတ်လား ဖေဖေ၊ သူတို့ ဆက်သွယ်လာတယ်ဆိုတော့ ကောင်းတာပေါ့"

"အေး၊ ဒီကောင်တွေက ခု ပြန်ပေးမှုမှာပါ ကူပေးမယ်လို့ပြောတယ်ကွ။ အဖေကတော့ သူတို့ကို ယုံကြည်လို့ရတယ်လို့ထင်တယ်လေ"

.... ညွှန်ချုပ်လည်း ခုလောက်ဆို သေလောက်ပါပြီ။ သူတို့ ဘာလို့ မဆက်သွယ်သေးပါလိမ့်။ သူသေသွားလို့များ အပေးအယူကိစ္စတွေ မဆက်သွယ်တော့တာလား။ အဲဒီလိုသာ ဆိုရင်တော့ ဒီကောင်တွေ ခပ်ချာချာ ကောင်တွေပဲ .......
Light စဉ်းစားနေမိသည်။

"ကျနော်တို့ သတိတော့ ထားရလိမ့်မယ်။ ညွှန်ချုပ်ဟာ သေမင်းစာအုပ်အကြောင်း မသိပေမယ့် L နဲ့ ကျနော်တို့နဲ့ တူတူ အလုပ်လုပ်ခဲ့တာကိုတော့ သိထားတယ်။ ဒီကိစ္စသာ သတင်းပေါက်ကြားသွားမယ်ဆိုရင် .."
Light စကားမဆုံးမီပင် Misa ညအိပ်ဝတ်စုံလေးနှင့် ရောက်လာကာ

"Light ကျမ အိပ်တော့မယ်နော်"
Misa ကနွဲ့ကလျလေးပြောလိုက်လေတော့သည်။

"အင်းအင်း အိပ်ချေတော့။ ဒီမှာ အလုပ်ဆက်လုပ်လိုက်ဦးမယ်။ Good Night ကွာ"

"Good Night Light ရေ"
နှုတ်ဆက်ကာ ထွက်သွားသော Misa ကိုကြည့်ရင်းမှ Light သတိဝင်လာသည်။

"ဟာ! ကျနော်တို့တင် သတိထားရမှာ မဟုတ်ဘူး။ ကျနော်တို့ မိသားစုတွေလည်း အန္တရာယ်ရှိနိုင်တယ်!"
Light အလန့်တကြား ပြောလိုက်သည်။

ထိုစဉ်မှာပင် ရဲချုပ်ဆီသို့ ပြန်ပေးသမားများမှ ဖုန်းဆက်လေပြီ။

"Yagami စကားပြောနေတယ်"

တဖက်မှ ရိသဲ့သဲ့နှင့် စကားသံထွက်လာသည်။
"သြော် လက်ထောက်ညွှန်ချုပ်၊ ရဲချုပ်ကြီး Yagami ကိုး။ ဒီလိုဗျာ.. ညွှန်ချုပ်နဲ့ စာအုပ် အလဲအလှယ်လုပ်ဖို့ကိစ္စပျက်သွားပြီဆိုတာ ပြောမလို့ပါ။ Takimura သေပြီ"

ရဲချုပ် အလွန်အမင်း ဒေါသထွက်သွားလေ၏။
"ဘာ! ခွေးမသားတွေ!"

"နေပါဦးလေ၊ စကားမဆုံးသေးပါဘူး။ ညွှန်ချုပ်သေပေမယ့် ကျုပ်တို့က စာအုပ်တော့ လိုချင်ပါသေးတယ်။ ဒီတခါ စာအုပ်နဲ့ လဲဖို့ကတော့ Yagami Sayu ကလေးပါလို့"

ရဲချုပ်ရော Light ပါ ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။
တဖက်မှ စကားဆက်ပြောနေသည်။
"ခင်ဗျားတို့က ရဲတွေဆိုတော့ ရုပ်ရှင်တွေထဲကလို ရဲကို မဆက်သွယ်ဖို့တို့ ဘာတို့ ပြောဖို့တော့ မလိုတော့ဘူးပေါ့လေ။ ဒါပေမယ့် ရဲတွေ အုံလိုက်ကျင်းလိုက် လှုပ်လှုပ်ရှားရှား လုပ်လာပြီဆိုလို့ကတော့ ခင်ဗျားသမီး အသေပဲဆိုတာလေး ခေါင်းထဲထည့်ထားပါ။ Takimura ကိုကျုပ်သတ်လိုက်တဲ့ပုံစံလေး ခင်ဗျားကို ခုပဲ ပို့ပေးလိုက်မယ်။ လိုလိုမယ်မယ် ကြည့်ထားလိုက်ပါဦး၊ တော်ကြာ ခင်ဗျားသမီး ဘယ်လိုပုံစံနဲ့ သေမလဲဆိုတာ မသိဘဲ နေဦးမယ်။ ကဲ၊ ကျန်တာတော့ မနက်ဖြန်မှ ကျုပ်ဆက်ပြောတော့မယ်"
ပြောပြောဆိုဆို တဖက်မှ ဖုန်းချသွားလေပြီ။
မကြာမီပင် ရဲချုပ်ဖုန်းထဲသို့ Takimura ၏ သေနေပုံ message ၀င်လာလေ၏။

Light ခေါင်းခဲလေပြီ။
..... ငါ လုပ်လိုက်တဲ့ အရှုပ်ပဲ။ ဒီကောင်တွေ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး .......

Ryuk လည်း ပျော်နေလေပြီ။
"ဟဲဟဲ Light။ ခုလိုဆိုတော့လည်း အဖြစ်အပျက်လေးတွေက စိတ်ဝင်စားစရာ ကောင်းလာပြန်ပြီဟေ့"

ရဲချုပ် နှင့် Light တို့ သေချာအောင် Sayu ကိုဖုန်းဆက်ကြည့်လေသည်။ ကိုင်မည့်သူမရှိ။
Sayu ၏ဖုန်းကား လမ်းဘေးတနေရာတွင် ကျလျက်သား။

အိမ်ကို ဖုန်းဆက်ကြည့်ကြ၏။ Sayu ပြန်မရောက်သေး။
ပြန်ပေးသမားတို့ပြောသွားသည်များ သေချာနေလေပြီ။

"အဖေ၊ ညွှန်ချုပ်ကို သတ်လိုက်တာ ပြန်ပေးသမားတွေ မဖြစ်နိုင်ဘူး၊ Kira ပဲ ဖြစ်ရမယ်"
Light ဇာတ်လမ်း စလေပြီ။

"ဟေ"

"ဟုတ်တယ်။ သေမင်းစာအုပ် သူတို့လက်ထဲ မရောက်အောင် ညွှန်ချုပ်ကို သတ်လိုက်တာဖြစ်လိမ့်မယ်။ Kira က သူ့ကိုယ်သူ တရားဥပဒေဘက်ကသူ၊ အမှန်တရားဘက်တော်သားလို့ သတ်မှတ်ထားတာ မဟုတ်လား။ အဲတော့ ဒီလို လူဆိုးတွေလက်ထဲ စာအုပ်ရောက်မှာ မလိုလားလို့ လုပ်တာဖြစ်ရမယ်။ ဒါပေမယ့် ဒီလို သတ်လိုက်တာသာ Kira ဆိုရင် သူ့မှာ ရဲတပ်ဖွဲ့ထဲက သတင်းတွေ တနည်းနည်းနဲ့ ရနေနိုင်တဲ့ နည်းလမ်းရှိနေလို့ပဲ။ အဲဒီတော့ ကျနော်တို့ ခုထက်ပိုပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကြမှဖြစ်မယ်"

Ryuk ကား Light ၏စကားများကို သဘောအကျကြီးကျလျက်။

မည်သို့ဆိုစေ Near တို့အဖွဲ့မှလည်း ထိုသတင်းကို ရရှိသွားလေ၏။
"ပြန်ပေးသမားတွေကတော့ သူတို့ ခက်ခက်ခဲခဲ ပြန်ပေးဆွဲထားရတဲ့လူကို သတ်မှာ မဟုတ်ဘူး။ Kira ပဲဖြစ်လိမ့်မယ်"
Near သူ့အမြင်ကို ပြောလိုက်တော့

"ဒါဖြင့် Takimura ကို Kira သတ်တာပေါ့။ ပြန်ပေးသမားတွေ မဟုတ်ဘူးပေါ့"
FBI မှလူများပင်ေ၀၀ါးဝါး ဖြစ်ကုန်သည်။

"Kira သတ်တာ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ အဲဒီဖြစ်နိုင်ခြေသာ တကယ်ဆိုလို့ကတော့ Kira ဟာ ဂျပန်ရဲတပ်ဖွဲ့ထဲက သတင်းကို တနည်းနည်းနဲ့ ရအောင်ယူနိုင်လို့ပဲ။ ထားပါတော့လေ။ ဒါနဲ့ ဒီလူ ခုဘယ်မှာရှိလဲ ဦးတို့များ သိမလား"
Near ပြောရင်းဆိုရင်း Melo ၏ဓာတ်ပုံကို ထုတ်၍ FBI agent ကိုမေးလိုက်လေသည်။

"လွန်ခဲ့တဲ့ လေးနှစ်ကျော်တုန်းက မင်းနဲ့ တကျောင်းတည်းတက်ခဲ့တဲ့ကောင်ပဲ။ ဒါပေမယ့် အဲဒီအချိန်ကစပြီး သူဘယ်ရောက်သွားမှန်းမသိတော့ဘူး"

... Melo မင်း ဘယ်ဟာက အရေးကြီးမှန်း မစဉ်းစားမိနိုင်အောင်ကို စိတ်လိုက်မာန်ပါနဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေသလား။ ဒါမှမဟုတ် ဒီကိစ္စဟာ မင်းနဲ့ နည်းနည်းမှ မပတ်သက်ဘူးလား။ ဒါပေမယ့် မင်းဓါတ်ပုံကို ဘာလို့ ကျောင်းမှာ ထားခဲ့တာလဲ ......
Near အတွေးရခက်နေတော့သည်။

နောက်တနေ့
ရဲချုပ် Yagami ဆီသို့ ပြန်ပေးသမားများထံမှ ဖုန်းဝင်လာလေပြီ။
"နောက်ဆုံးတော့ ခင်ဗျားသမီး ဒီရောက်လာပြီ"

"ဘယ် ဒီကို ရောက်လာတာလဲ"
ရဲချုပ် မကျေမနပ်နှင့် မေးလိုက်သည်။

"ဘယ်ဒီလဲဆိုတာ ခင်ဗျား သိရမှာပေါ့။ ၂ ရက်အတွင်း L.A. ကိုရောက်အောင်လာခဲ့။ အဲဒီမှာ အလဲအလှယ် လုပ်မယ်။ စာအုပ်လည်း မမေ့နဲ့ဦး၊ ခင်ဗျားသမီး သေသွားဦးမယ်"

"ငါ့သမီး ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုတာ သေချာမှ အလဲအလှယ်လုပ်နိုင်မယ်ကွ။ ငါ့သမီးနဲ့ စကားပေးပြောစမ်း"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒေါသကြီးလှချည်လားရဲချုပ်ရာ။ စကားတော့ ပေးမပြောနိုင်ဘူး၊ ဓါတ်ပုံလေးတော့ ပေးကြည့်ပါ့မယ်"
စကားအဆုံးတွင် ဖုန်းချသွားတော့၏။
မကြာမီပင် ကြိုးတုပ်ချည်နှောင်ခံထားရသည့် Sayu ၏ပုံ ရဲချုပ်ဖုန်းထဲသို့ ရောက်လာလေ၏။ ပုံထဲတွင် Sayu နောက်မှ TV ကိုမြင်နေရသည်။

"ရဲချုပ် ဒါ L.A. 5th district ကခေါ်နေတာဗျ။ Trace လိုက်လို့ရပြီ"

Light ချက်ချင်းပင် L.A. တွင်ပြနေသည့် TV လိုင်းများကို ဖမ်းကြည့်လေသည်။
"ဟုတ်တယ်။ Sayu နောက်က TV ပေါ်က program ကလည်း ခုလွှင့်နေတဲ့ဟာပဲ။ ဒါ Sayu ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ ကျနော်တို့ကို ပေးသိလိုက်တာပဲ"

ရဲချုပ် မတ်တပ်ထရပ်လိုက်၏။ ပြီးတော့ ပြတ်သားစွာပြောလိုက်သည်။
"ငါ L.A. ကို သေမင်းစာအုပ်ယူပြီးသွားမယ်။ ဒါ အဖေတယောက်အနေနဲ့ရော၊ ရဲတပ်ဖွဲ့ ဒုညွှန်ချုပ်တယောက်အနေနဲ့ရော ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ့ဆုံးဖြတ်ချက်အတွက် ငါတာဝန်ယူတယ်"

Light ပြာပြာသလဲလဲ တားလေသည်။
"အဖေ၊ သေချာ စဉ်းစားပြီး အစီအစဉ်တွေ ကြိုလုပ်ရင်ကောင်းမယ်နော်"

"ငါ ဟိုကို ၂ ရက်အတွင်းရောက်ရမယ်။ ငါ့မှာ အချိန်မရှိဘူး"

Light အကြံရသွားပြီး သူ့အကြံကိုရှင်းပြလိုက်သည်။
ထို့နောက် အားလုံးရှေ့တွင်ပင် FBI ဒါရိုက်တာထံ ဖုန်းဆက်လေသည်။
"L ပါ"

ဒါရိုက်တာ Near ကိုကြည့်ရင်း တိုးတိုးလှမ်းပြောလိုက်သည်။
"L တဲ့။ ခုလက်ရှိကောင်"

"ရဲချုပ် Yagami က FBI agent John McKenro လာသွားတဲ့အကြောင်းကျနော့်ကို ပြောပြထားလို့ဆက်တာပါ။ ပြန်ပေးကိစ္စကူညီမယ်ဆိုတဲ့ဟာ ခုရော ကူညီနိုင်ဦးမလားလို့"

"ဟာ ကူညီရမှာပေါ့"
ဒါရိုက်တာ စကားအဆုံးတွင် Near က

"ကျနော့်ကို ဖုန်းပေးပါ"

ဒါရိုက်တာထံမှ ဖုန်းရရချင်းပင် Near ပြောချလိုက်သည်။
"တွေ့ရတာ ၀မ်းသာပါတယ် ဒုတိယ L"

နားထောင်နေကြသော စုံစမ်းရေး အဖွဲ့ဝင်များနှင့် Light အကြီးအကျယ် အံ့သြသွားလေပြီ။
"ဒုတိယ.. မင်းဘာတွေပြောနေတာလဲ။ ဘယ်သူလဲ"
သူ စိတ်ကို ငြိမ်အောင်ထိန်းပြီးမှ ပြန်မေးလိုက်သည်။

"ငါတို့က L အကူအညီမယူဘဲနဲ့ Kira ကိုရအောင်ဖမ်းမယ့် အဖွဲ့ပဲ။ နာမည်က SPK တဲ့။ L သေသွားတဲ့အကြောင်းကို ငါတို့ သိတယ်။ မင်း မှတ်ထားလိုက်ဦး။ ငါက SPK ခေါင်းဆောင်ပဲ။ နာမည်က N"

Light တွေးရပေပြီ။
.... L သေတဲ့အကြောင်း သိနေတယ်။ SPK တဲ့၊ ဒီကောင်တွေ ဘယ်ကလဲ။ သူ့နာမည်က N တဲ့။ ငါ့ကိုများ အရူးလုပ်နေတာလား။ ဘာတွေလဲ .....

No comments:

Post a Comment