စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၂)

... လူသတ်မှုတွေ ရပ်သွားရင်တော့ Higuchi တယောက် Kira ပါဝါတွေ ရထားပြီဆိုတာ သေချာပြီပေါ့။ ပြဿနာက လူသတ်မှုတွေသာ တကယ်ရပ်သွားရင် သူ ဘယ်လိုနည်းနဲ့ လူသတ်တယ်ဆိုတာ မသိနိုင်တော့တာပဲ။ ငါတခုခုတော့ လုပ်မှဖြစ်မယ် ........
L တိတ်တဆိတ် တွေးတောနေ၏။

"Misa မင်း Higuchi ၀န်ခံလာအောင် ဘယ်လိုများလုပ်လိုက်သလဲ"
Light က မယုံသင်္ကာဖြင့်မေးလေသည်။

"ဟင်..ဒါလား။ အဲ.. သူက ကျမကို အသေအလဲ ကြွေနေတာလေ။ ပြီးတော့ ကျမကို ဒုတိယ Kira လို့သူတို့က ထင်ထားကြတာ မဟုတ်လား။ ဒါနဲ့ ကျမက Kira ကိုလက်ထပ်ချင်တာ ကျမအိပ်မက်ပဲဆိုပြီး သူ့ကို ပြောလိုက်တာနဲ့ သူ Kira ပါလို့ တန်းဝန်ခံတော့တာပဲ"

"မင်း ရူးနေလား။ ဒီလို အန္တရာယ်ရှိတဲ့ကိစ္စတွေကို စွတ်မလုပ်ပါနဲ့လို့ ငါပြောထားရဲ့သားနဲ့"
Light က ပစ်ဟောက်လိုက်တော့၏။

"ဟွန်..ဒါပေမယ့် ကျမလုပ်လို့ပဲ Higuchi ဟာ Kira ဆိုတာ သိပြီလေ။ သူ့ကို ဖမ်းဖို့ပဲ ကျန်တော့တာပဲဟာ။ မဟုတ်ဘူးလား"

"အေးလေကွာ သူ့ကို ချီးကျူးသင့်ပါတယ်။ ဒါပေမယ့် ခုတိုင်းဆိုရင်တော့ လူသတ်တဲ့နည်းကို သိရမှာ မဟုတ်တော့ဘူး။ Higuchi ကိုမဖမ်းခင်မှာ သူဘယ်လို လူသတ်လည်းတော့ သိချင်သေးတယ်"
L က၀င်ပြောလေသည်။

"လူသတ်မှုတွေ ရပ်သွားရင် သူ ဘယ်လိုလူသတ်လည်း သိရမှာ မဟုတ်တော့ဘူးလို့ ပြောချင်တာလား"
Light ကမေးတော့

"အေးလေ။ ဘယ်လိုပဲဖြစ်ဖြစ် Higuchi ကိုဖမ်းဖို့ဆိုတာလည်း လူတွေမသေတော့ဘူးလို့ သေချာပြီးမှ ဖမ်းရမှာမဟုတ်လား။ ငါ့ကို နည်းနည်းလောက်တော့ စဉ်းစားခွင့် ပေးစမ်းပါ"
L ပြန်ပြောလေသည်။

Wedy ၏ပညာစွမ်းဖြင့် Yotsuba ရုံးချုပ်အတွင်း လျှို့ဝှက်ကင်မရာများတပ်ဆင်၍ ဒါရိုက်တာ တဦးချင်းစီကို သူတို့ လေ့လာအကဲခတ်နိုင်လေပြီ။ ဒါရိုက်တာ အားလုံး၏ အိမ်များအတွင်းသို့ ခိုးဝင်ကာ ကင်မရာများတပ်ဆင်ရန် ကြိုးစားရာတွင်မူ Higuchi ၏အိမ်သည် အခက်ခဲဆုံးဖြစ်ကြောင်း၊ နောက်ထပ် အချိန်ယူရဦးမည်ဖြစ်ကြောင်း Wedy ကသတင်းပို့လာသေးသည်။

Higuchi ကိုဦးစားပေးရမည်ဖြစ်၍ သူ၏အိမ်အပြင် Higuchi ၏ရှိသမျှ ကား ၆ စင်းလုံးတွင်ပါ ကင်မရာများနှင့် အသံဖမ်းစက်များတပ်ဆင်ပေးရန် Wedy အား L ပြောလိုက်လေတော့၏။

Misa ကား ခေါင်းခြောက်လေပြီ။
.... ဒုက္ခပဲ။ သူတို့သာ ဒါတွေအကုန် မြန်မြန်တပ်လိုက်နိုင်လို့ကတော့ ငါ့အကြံတွေ ကမောက်ကမ ဖြစ်ကုန်တော့မယ် .....

L ငြိမ်သက်စွာ ထိုင်နေရာမှ တည်ငြိမ်စွာ စကားတလုံးချင်းစီပြောလိုက်သည်။
"Light ငါ ဒီအကြောင်းထပ်ပြောရတဲ့အတွက်တော့ ဆောရီးကွာ။ ဒါပေမယ့် မင်းကိုငါ ပွင့်ပွင့်လင်းလင်း မေးမှဖြစ်မယ်ကွ"

"မေးလေ"

"မင်း သူတို့ကို ဘယ်လိုသတ်လဲ မှတ်မိလား"

L ၏စကား အဆုံးတွင် Light ဒေါသထောင်းကနဲ ထွက်သွားလေပြီ။
"မင်း ဒါကို ထပ်ပြောပြန်ပြီလား။ ငါ Kira မဟုတ်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ.."

ဒေါနှင့်မောနှင့် ပြောနေသော Light ကို L က စကားဖြတ်ပြောလိုက်သည်။
"ငါ မေးတာကို ဖြေစမ်းပါ။ မင်း မှတ်မိသလား"

Light အေးစက်စက်နှင့် L ကိုကြည့်ပြီး
"မမှတ်မိဘူး"

L ကားမလျှော့။ Misa ဘက်သို့ လှည့်ကာ
"မင်းရော မှတ်မိလား Misa"

"ကျမလည်း Kira မဟုတ်တဲ့အတွက် မမှတ်မိဘူးရှင့်"
Misa ဘောက်ဆတ်ဆတ် ပြန်ဖြေလိုက်လေသည်။

"ငါခုပြောမှာကို မင်းသေချာ စဉ်းစားပါ Light။ မင်း ဖြေတာပေါ်မူတည်ပြီး ငါတို့ Kira ကိုဖမ်းလို့ရနိုင်တယ်"
L လေးလေးနက်နက်ပြောလိုက်ပြီး

"Yagami Light ဟာ Kira ဖြစ်ခဲ့တယ်၊ သူ့ရဲ့ Kira ပါဝါတွေ တခြားတယောက်ဆီကို လွှဲပြောင်းပေးလိုက်တယ်၊ ခုအချိန်မှာ သူဟာ Kira ဖြစ်ခဲ့ဖူးတယ်ဆိုတာကို လုံးလုံး မမှတ်မိတော့ဘူး ဆိုပြီးတော့ စဉ်းစားပေးပါ။ ဘယ်လိုလဲ မင်းအဲလို စဉ်းစားပေးနိုင်ပါ့မလား"

Light အဖြေပြန်ပေးလိုက်သည်။
"စမ်းကြည့်မယ်လေ"

ထိုအခါ L ကမေးခွန်းတခု ကောက်မေးလိုက်လေသည်။
"Yagami Light ရဲ့ ပါဝါတွေ လွှဲပေးလိုက်တာ သူကိုယ်တိုင် တမင်တကာ လုပ်တာလား၊ ဒါမှမဟုတ် အဲဒီ ပါဝါတွေကိုကပဲ ဒီလို လွှဲပြောင်းတတ်တဲ့ သဘောသဘာဝရှိလို့လား"

Light မျက်စိမှိတ်ရင်း ခဏတာစဉ်းစားပြီးသော်
"မင်းပြောတဲ့အတိုင်း စဉ်းစားရမယ်ဆိုရင်တော့ Yagami Light ကိုယ်တိုင်ကို လွှဲပေးလိုက်တာကွ"

"အင်း ဟုတ်မယ်။ မင်းကိုယ်တိုင်မဟုတ်ဘဲ တခြားတယောက်က ဘယ်လိုလူသတ်တယ်ဆိုတဲ့ နည်းလမ်းမပေါ်စေချင်လို့ ပါဝါတွေ လွှဲပေးလိုက်တာဆိုရင် ဒီလောက် အချိန်အကြာကြီးဆွဲပြီး နောက်ကျနေမှ လွှဲပေးတယ်ဆိုတာ သဘာဝမကျဘူး။ အေးပေါ့လေ တကယ်လို့ ဒီကောင်ဟာ လူတွေအားလုံးကို မိုးပေါ်ကနေမြင်နေရတဲ့တန်ခိုးရှင် ဖြစ်နေရင်တော့ သူ့ကိုဖမ်းဖို့ မဖြစ်နိုင်ဘူးပေါ့။ ငါ့ကို သတ်ရင်သတ်၊ မသတ်ရင်လည်း သူ ငါ့ကို တသက်လုံး အရူးလုပ်သွားတာ ခံရတော့မှာပဲ။ ဒါပေမယ့် ဒီလိုကောင်မျိုးလည်း တကယ်တော့ မရှိနိုင်ပါဘူး"
L သူ့ဟာသူ စဉ်းစားရင်း တတွတ်တွတ် ပြောနေမိတော့သည်။

"Light ဟာ Kira တကယ်ဖြစ်ခဲ့တယ်ဆိုရင်တောင် Kira ပါဝါဟာ လက်ရှိ Kira ဖြစ်နေတဲ့လူရဲ့ စိတ်ဆန္ဒအတိုင်း ပြောင်းလဲလို့ရတယ်လို့ အဖြေထွက်နေတယ်။ ကျေးဇူးပဲ Light။ မင်းပြောပြလို့ ငါ တော်တော်ကြီးကို စိတ်သက်သာသွားပြီ"

Watari လာပို့သော မုန့်များစားရင်း L ဆက်ပြောပြန်သည်။
"Higuchi လုံးဝ ပါဝါလွှဲပေးဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေတခု ငါတို့ဖန်တီးပြီး သူ့ကို လူမသတ်မဖြစ် သတ်ခိုင်းရမယ်။ အဲဒီတော့မှ ငါတို့ သူ ဘယ်လိုလူသတ်လဲဆိုတာ သိမှာ"

"ဘယ်လို လုပ်မှာတုန်းကွ"

"Sakura TV ကိုအသုံးချမယ်"

"ဘယ်လို အသုံးချမှာလဲရှင့်"
Misa လည်းစိတ်ဝင်စားလာသည်။

"သူတို့တွေ အခု 'Kira Special' ဆိုပြီး အစီအစဉ်တခု လွှင့်ပြီး လုပ်စားနေတယ်လေ။ အဲဒီအစီအစဉ်မှာ ၃ နာရီစာ အချိန်တခုတောင်းမယ်။ အစီအစဉ် အဆုံးမှာ Kira ဘယ်သူလဲဆိုတာ ထုတ်ဖော်ပြောမယ်ဆိုပြီး ကြေငြာခိုင်းလိုက်မယ်"
L ကပြောတော့

"ဟာ လူတွေ ယုံကြပါ့မလား။ Sakura ကကောင်တွေက တချိန်လုံး ပေါက်ကရတွေလွှင့်နေတဲ့ဟာ။ ယုံတယ်ထားဦး၊ Higuchi ကရော ကြည့်နေပါ့မလား"
Matsuda ၀င်ပြောလေသည်။

"Higuchi ကြည့်ဖို့ကတော့လွယ်ပါတယ်။ Namikawa ကို ဖုန်းဆက်ခိုင်းပြီးတော့ 'ဟေ့ကောင် Sakura ကိုဖွင့်ကြည့်စမ်း၊ အခြေအနေမကောင်းဘူး' ဆိုပြီး ပြောခိုင်းလိုက်ရင် ကိစ္စပြတ်ပါတယ်။ ပြီးတော့ TV ပေါ်မှာ ပြောမယ့်လူကို Higuchi ကလည်းသိ၊ ဟိုလူကလည်း Higuchi ကိုအပြင်မှာသိတဲ့သူဆိုရင် ပိုကောင်းမယ်။ ဒါမှ Higuchi လုံးဝ ပြာသွားမှာ"
Light ပြောလိုက်၏။

"ဟာ သဘောပေါက်ပြီ။ Aiber ကိုသုံးမှာ မဟုတ်လား။ သူဟာ တကယ်တော့ သတင်းဝင်နှိုက်နေတဲ့လူဆိုပြီး ထုတ်ပြောမယ်ပေါ့"
Matsuda သူ့ကိုယ်သူ သဘောကျစွာဖြင့် ၀င်ပြောတော့

"လုံးလုံးကို မှားတာပဲ။ Aiber ကို သုံးမှာမဟုတ်ဘူး။ Higuchi သတ်ရမယ့်လူဟာ Aiber လိုခက်ခက်ခဲခဲ သတ်ရမယ့်လူ ဖြစ်လို့ မဖြစ်ဘူး။ သူသတ်ရမယ့်လူကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်ဖို့လိုတယ်"
L ချက်ချင်းပြန်ပြောလိုက်သည်။

"ဟာ ဒီလိုလူ ဘယ်မှာ ရှိလို့လဲ"
Matsuda ခေါင်းရှုပ်သွားလေပြီ။

သို့သော် ကျန်သူများကား Matsuda ကိုဝိုင်းကြည့်ကြပြီး တညီတညွတ်တည်း ပြောကြသည်မှာ
"Matsuda!"

"သေသွားပြီလို့ သူတို့ထင်နေတဲ့ Matsuda ကို TV ပေါ်မှာ တွေ့လိုက်ရရင် Higuchi ဘယ်လိုမှ မယုံစရာ အကြောင်းမရှိတော့ဘူး။ သူတို့ဆီကို Matsuda လာပြီး ချောင်းနားထောင်ခဲ့တာပဲဆိုတာကို ချက်ချင်းသဘောပေါက်သွားမှာပဲ"
Light ပြောအပြီးတွင် Matsuda ကား မျက်လုံးအပြူးသား ဖြစ်နေလေပြီ။

"ဟုတ်ပ။ Sakura TV ကို မှန်အမည်းတွေ၊ အသံဖျက်ထားတဲ့ မိုက်တွေသုံးခိုင်းမယ်။ TV မှာ လူရိပ်တွေပဲ ပေါ်နေမယ်။ အစီအစဉ် လွှင့်နေတုန်းတန်းလန်းမှာ မတော်တဆ ပုံစံနဲ့ မှန်တွေလဲကျသွားပြီး Matsuda ကိုထင်ထင်ရှားရှား ပြခိုင်းလိုက်မယ်"
L ပါ ပြောအပြီးတွင်တော့ Matsuda ပါးစပ်အဟောင်းသားပါ ဖြစ်သွားလေတော့သည်။

"ဟယ်.. ကောင်းလိုက်တဲ့အကြံတော့"
Misa ပင်သဘောကျနေလေသည်။

"ပြီးတာနဲ့ Kira ရဲ့ နာမည်အပြည့်အစုံ အစီအစဉ် မပြီးခင်ကြေငြာမယ်လို့ပါ ပြောခိုင်းရမယ်"

"အဲလိုဆိုရင်တော့ Matsuda ရဲ့နာမည်အရင်းကို Higuchi မသိသိအောင် အသည်းအသန်လုပ်ရတော့မယ်။ သူ့မှာ ရွေးစရာ လမ်းမရှိတော့ဘူး"

"အင်း..ပြီးတော့ သူ Matsuda ကိုသတ်ဖို့ ကြိုးစားရတော့မယ်"

Light နှင့် L တို့နှစ်ယောက် တယောက်တခွန်းပြောရင်း အကြံအစည်ကို ကျေနပ်နေကြလေသည်။ Matsuda ကား စကားမပြောနိုင်ဘဲ ဆက်သာနားထောင်နေရရှာသည်။

"တခုပဲကွ။ Higuchi သာ ဒုတိယ Kira လိုအစွမ်းရှိလို့ကတော့ Matsuda သေပြီ"
L ၏စကားအဆုံးတွင် Matsuda အသံထွက်ရင်း ဆတ်ကနဲပင် တုန်သွားလေ၏။

"သိပ်မလန့်ပါနဲ့လေ။ ခင်ဗျား ခုထိ မသေသေးတာရယ်၊ သူ Misa ကိုအသည်းအသန် လိုချင်နေတာရယ်ကို ကြည့်ရင် သူ့မှာ ဒီလိုအစွမ်းအစ မရှိသေးဘူးဆိုတာ မှန်းလို့ရပါတယ်"
Light က နှစ်သိမ့်လိုက်လေသည်။

"အင်း လူသတ်မှုတွေ ရပ်သွားတာနဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ရမယ်။ လူတွေ ဆက်သေ မသေ ၂ ရက် ၃ ရက်လောက် စောင့်ကြည့်ကြတာပေါ့။ Matsuda လည်း ဒီရက်အတွင်းမှာ စဉ်းစားပေါ့၊ ဒီအစီအစဉ်ကို သဘောတူ မတူဆိုတာ"
L ဆုံးဖြတ်လိုက်တော့သည်။

Matsuda အသက်ပြင်းပြင်းတချက်ရှုပြီး L ရှေ့သို့လျှောက်သွားလိုက်ပြီး
"၂ ရက် ၃ ရက် မလိုပါဘူး။ အခုဆုံးဖြတ်နိုင်တယ်။ လုပ်သာလုပ်ပါ"
လုံးဝ ဆုံးဖြတ်ထားသော မျက်နှာဖြင့် ပြတ်သားစွာပင် ပြောချလိုက်လေသည်။

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

သေမင်းတဦး သေဆုံးသွားပါက သူ၏ ကျန်ရစ်ခဲ့သော သေမင်းစာအုပ်အား ပထမဆုံး ကိုယ်တွယ်မိသော သေမင်းသည် စာအုပ်ပိုင်ရှင် ဖြစ်လာမည်။ သို့သော် သေဆုံးသွားသော သေမင်းတို့၏ စာအုပ်များကို သေမင်းဘုရင်ထံသို့သာ အပ်နှံကြလေ့ရှိသည်။

လူသား သေမင်းစာအုပ်ပိုင်ရှင်တို့သည် တဦး၏ သေမင်းစာအုပ်ကို နောက်တဦးက အပြန်အလှန် ထိမိ၊ ကိုယ်တွယ်မိမှသာ တဦးသေမင်းကို တဦးတွေ့မြင်နိုင်သည်

No comments:

Post a Comment