စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၈.၂)

လေယာဉ်ပျံသည် သဲကန္တာရတခုအတွင်းသို့ ဆင်းသက်လာသည်။

N သည် satellite မှ ပေးပို့လာသောပုံများကို ကြည့်ရင်း Light ဆီသို့ ဖုန်းခေါ်လိုက်သည်။
"L ငါတို့ လေယာဉ်ဆင်းတဲ့နေရာက ပုံတွေရပြီ။ မင်းဆီ ပုံတွေ ဆက်တိုက် ပို့ပေးနေမယ်"

Light ကွန်ပျူတာပေါ်မှ N ပို့လာသော ပုံများကို ထိုင်ကြည့်နေသည်။

ရဲချုပ်ကား လေယာဉ်ပေါ်မှ ဆင်းကာ တယောက်တည်း ကန္တာရအလည်တွင် လမ်းလျှောက်လာစဉ် သူ့ရှေ့တည့်တည့်မှ မြေပြင်သည် ကြွတက်လာကာ မြေကြီးထဲ စိုက်ဆင်းသွားသော လှေကားတခု ပေါ်လာသည်ကို တွေ့ရလေသည်။

"မြင်တဲ့ အတိုင်းပါပဲ Yagami။ အထဲကို ၀င်ခဲ့လိုက်ပါ"
သူ့နားကြပ်မှ တဆင့် အမိန့်သံ ကြားရပြန်သည်။

မြင်ကွင်းကို ကြည့်နေသော N ရော Light ပါ မျက်လုံးပြူးသွားကြသည်။
.... အကျိုးနဲ ဒီလောက် ကန္တာရထဲမှာ မြေအောက် စခန်း ဆောက်ထားပါလား။ satellite နဲ့ ကြည့်လို့ရမယ်ဆိုတာ သိလို့ ဒီလို စီစဉ်ထားတာ ဖြစ်ရမယ်။ ငါတို့ ဘာမှ ဆက်တွေ့ရမှာ မဟုတ်တော့ဘူး .......

ရဲချုပ်ကား မြေအောက်ထဲသို့ ရောက်ရှိသွားလေပြီ။
သူ စစချင်း မြင်ရသည်က သူ့ရှေ့ မလှမ်းမကမ်း ဆုံလည်မှန်လုံတံခါးထဲ ပိတ်ကာ အချုပ်ခံထားရသည့် သူ့သမီး Sayu။
သူ့ရှေ့တည့်တည့်တွင်လည်း မှန်ချပ်ကြီး တခုကာလျက်။
Sayu သူ့ကို အော်ဟစ် စကားပြောနေသည်မှာ သိသာသော်လည်း သူ ဘာသံမှ မကြားရပေ။

ထိုအချိန်တွင် မှန်၏ အခြားတဖက်မှ မျက်နှာဖုံးစွပ် လူတဦး သေနတ်ကိုင်၍ ထွက်လာကာ မပြောမဆို Sayu ကိုတည့်တည့်ချိန်၍ အချက်ပေါင်းများစွာ ပစ်လိုက်တော့သည်။

"အား!!!"
ရဲချုပ် စိုးရိမ်တကြီးနှင့် အော်လေ၏။

သေနတ်သံများ ရပ်သွားသည်။
Sayu ကား မှန်တံခါးထဲတွင် မျက်လုံးလေး အ၀ိုင်းသားနှင့် ကြက်သေသေလျက်။
မှန်ကား ဘာမှ မဖြစ်။

ထိုအခါမှ မျက်နှာဖုံးစွပ်က စကားစပြောသည်။
"တွေ့လား ဒါတွေက ကျည်ကာမှန်တွေ။ ဟိုတုန်းက မာဖီးယားအဖွဲ့တွေ ဒီလို အလဲအလှယ်တွေ လုပ်ရင် ဒီနေရာ သုံးခဲ့တာပေါ့။ ကျုပ်တို့ကတော့ ပိုကောင်းအောင် ပြင်ထားပါတယ်။ ကဲ စာအုပ်ကို ဟောဟိုက အပေါက်လေးထဲ ထည့်လိုက်ပါ"
ပြောပြောဆိုဆို မှန်တံခါးတချပ်တွင် ဖေါက်ထားသည့် အပေါက်ကို ပြလိုက်သည်။

"ခင်ဗျား စာအုပ်ကို ထည့်လိုက်တာနဲ့ မှန်တံခါးချပ်ကို Lock လုပ်ထားတာ ပြုတ်သွားမယ်။ တချက်လည်မယ်။ အဲဒီတော့ ကျုပ်က စာအုပ်ကို ယူလို့ရမယ်။ ခင်ဗျားက ခင်ဗျားသမီးကို ပြန်ရမယ်။ ပြောတဲ့အတိုင်း မလုပ်ရင်တော့ ခင်ဗျားသမီးကို ကျုပ်က ဟောဒီအပေါက်ထဲကနေ တကယ်ပစ်ရလိမ့်မယ်"
Sayu အားချုပ်ထားသည့် သူ့ဘက်အခြမ်းမှန်ချပ်တွင် ဖေါက်ထားပြန်သည့် အပေါက်မှနေ၍ သေနတ်ထည့်ပြကာ ပြောလိုက်လေသည်။

"စာအုပ် အစစ် ဟုတ်မဟုတ်ဆိုတာလဲ ကျုပ်စစ်ဆေးရဦးမယ်။ ခင်ဗျား မြန်မြန်လေး စာအုပ်ကို ထည့်လိုက်ပါ"
မျက်နှာဖုံးစွပ်က ဆက်ပြောလာသည်။

ရဲချုပ် မတတ်သာသည့်အဆုံး စာအုပ်ကို ဖြန့်လျက် ထည့်ပေးလိုက်ရသော်လည်း လက်ကိုမလွှတ်။
"စစ်မယ် ဟုတ်လား။ ဘယ်လို စစ်မှာလဲ။ လူသတ်ကြည့်မယ်ဆိုရင်တော့ ခွင့်မပြုနိုင်ဘူးကွ"
သူ့ထုံးစံအတိုင်း ဥပဒေဘက်တော်သားတို့၏ စကားများ ပြောမိပြန်သည်။

"အလို.. ခင်ဗျား ပေးမစစ်ဘူးဆိုရင် ကျုပ်က ခင်ဗျားသမီးကို သတ်ရလိမ့်မယ်"

N နှင့် Light တို့မှာ

"L မင်း ဘာကြံထားလဲ။ အခုလို ဘယ်သူမှန်းမသိတဲ့ ကောင်တွေလက်ထဲ စာအုပ်ထည့်ပေးလိုက်လို့ ပြဿနာမရှိဘူးလို့တော့ မင်းတွေးမထားလောက်ပါဘူးနော်"
N က ဖုန်းမှတဆင့် Light ကိုမေးလေပြီ။

.... ချီးမှပဲ။ ငါခုမှ ဒီကို ရောက်လာတာ၊ ငါက ဘာတွေလုပ်ထားနိုင်မှာလဲ။ ပြဿနာတော့ တက်ပြီ ....
Light ကြံရာမရ ဖြစ်ကာ အကြပ်ရိုက်နေလေပြီ။

Misa ကား Light ကိုကြည့်ရင်း စိတ်ပူလာသည်။
"Light ရှင့်ကြည့်ရတာ အရမ်းကို စိတ်ရှုပ်နေတဲ့ပုံပဲ။ အဆင်ပြေရဲ့လားဟင်"

"Misa မင်းပါးစပ်ကို ပိတ်ပြီးတော့ ငါခိုင်းထားတာပဲ လုပ်စမ်း!!"
Light ဒေါကန်ကာ Misa ကို ပိတ်ဟောက်လိုက်တော့သည်။

"မင်းကို ဂျပန်က လူတွေ ဆက်သတ်ခိုင်းထားတယ်မဟုတ်လား။ လုပ်စရာရှိတာကို လုပ်။ စကားမများနဲ့။ မင်းရော ငါရော ဒီရောက်နေတဲ့ အချိန်မှာ လူတွေ မသေတော့ဘူးဆိုရင် ဘယ်လောက် ရှုပ်ကုန်မယ်ဆိုတာ နားလည်ရဲ့လား"

"ဟုတ်ဟုတ်... ဟုတ်ကဲ့။ ဟို.. ဒါနဲ့ သူတို့က ဘယ်သူတွေလဲဟင်"
Misa မနေနိုင်မထိုင်နိုင် မေးလိုက်မိပြန်သည်။

"တယ် ဒီမိန်းမ၊ ကိုယ့်အလုပ် ကိုယ်လုပ်စမ်း!!! အလိုကမ်းဆိုးကို မသိဘူး။ စိတ်ပျက်ဖို့ကို ကောင်းတယ်"
Light အော်လိုက်၊ ရေရွတ်လိုက်လုပ်ရင်း သူ့နာရီမှ ခလုပ်ကို နှိပ်ကာ သေမင်းစာအုပ်ထဲမှ ဖြဲယူထားသည့် စာရွက်ပိုင်းကလေးကို ကြည့်လိုက်ပြန်သည်။

..... အချိန်ရှိသေးတယ်။ ငါ Sayu ကိုတကယ်ပဲ သတ်ရတော့မလား .......
Light အသည့်အသန် စဉ်းစားနေရပြီ။

သူ စာရွက်လေးပေါ် ဘောပင်တင်ပြီးမှ
.... မဖြစ်သေးပါဘူး။ ခု ဘာတွေဖြစ်နေလဲဆိုတာ ရဲတွေတောင်သိမှ မသိတာ ........

မြေအောက်စခန်းတွင်
မျက်နှာဖုံးစွပ်က နာမည်တခု ရေးခြစ်လိုက်၏။

မရှေးမနှောင်းပင် Melo အနားတွင် ရပ်နေသည့်သူတဦး လဲကျသေဆုံးသွားလေ၏။
"အေး ငါတို့ မာဖီးယားတွေဆီက ခိုးတာဝှက်တာလုပ်ရင် ဒီလိုပဲ သေရမယ်"
ဂျပန် မာဖီးယားခေါင်းဆောင်က အံ့အားတကြီးဖြစ်နေကြသော သူ့တပည့်များကို ပြောလိုက်လေသည်။

"သေသွားရှာပြီဟေ့"
မြေအောက်စခန်းထဲမှ မျက်နှာဖုံးစွပ် သူ့ဆီရောက်လာသော သတင်းကို နားထောင်ယင်း ပြုံးလိုက်သည်။

"အစစ်ဆိုပဲ။ ကဲ စာအုပ်ကို လွှတ်လိုက်တော့၊ ပြီးရင် ခင်ဗျားသမီးကို ခေါ်သွားလို့ရပြီ"
မျက်နှာဖုံးစွပ် စကားအဆုံးတွင် ရဲချုပ် သက်ပြင်းချလျက် စာအုပ်ကို လွှတ်လိုက်လေတော့သည်။

မကြာမီ Light ရော N တို့ပါ မြေအောက်ထဲမှ ပြန်ထွက်လာသည့် ရဲချုပ်နှင့် Sayu တို့ပုံကို တွေ့ကြရလေပြီ။
သူတို့ကို Helicopter တစင်းက စောင့်နေလေ၏။

မြေပြင်အပေါက်ဝနှင့် မလှမ်းမကမ်းတွင် မြေကြီးထဲမှ Helicopter တစင်းပေါ်လာပြန်သည်။

"ဒီကောင်တွေ ဘယ်သူတွေမှန်း မသိသေးဘူး။ ဆက်ပြီး စောင့်ကြည့်နေမှ ဖြစ်မယ်"
FBI ဒါရိုက်တာက ပြောသည်။

"သေချာတာတော့ စာအုပ် အလဲအလှယ် ဖြစ်သွားပြီပဲ"
N ကပြောသည်။

"ဒီကောင်တွေ ဘာဆက်ကြံမလဲ မပြောနိုင်ဘူး။ Helicopter ကို လိုက်ကြည့်နေဖို့က မလွယ်ပေမယ့် Satellite နဲ့လိုက်ကြည့်ရမှာပဲ"
Light က ပြောတော့

"မင်း ပါးစပ်လေးနဲ့ ပြောတာတော့ လွယ်သားပဲ။ ဒါပေမယ့် ငါတို့ ကြိုးစားပြီး လိုက်ကြည့်ပါ့မယ်လေ"
N ပြန်ပြောလိုက်သည်။

သို့သော် သူတို့ မထင်ထားသည့် အဖြစ်အပျက်ကို မြင်ရတော့၏။
ထိုအရာကား ကန္တာရအလယ်မှ ထွက်ပေါ်လာသည့် ဒုံးပျံပင်တည်း။

"L ဟိုကောင်တွေ မင်းကို တကွက်ကြောသွားပြန်ပြီ"
N လှမ်းပြောလိုက်သည်။

"ဟိုက် ဒုံးပျံကြီး"
Light အလန့်တကြားပင် ရေရွတ်လိုက်မိသည်။

"အေး.. အဲဒါကိုတော့ Satellite နဲ့ လိုက်ကြည့်လို့ မရဘူးကွ"
N အေးအေးပင် ပြန်ပြောလိုက်သည်။

... ကွိုင်ပြီ။ စာအုပ်က ဒုံးပျံထဲမှာလား။ Helicopter ပေါ်မှာလား။ ဘယ်ဟာကို လိုက်ကြည့်ရမှာလဲ .....
Light အတွေးများ ယောက်ယက်ခတ်ကာ ခေါင်းရှုတ်နေလေပြီ။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များက စာအုပ် ဘယ်ထဲပါသွားကြောင်း သိသာသွားစေသည်။

မာဖီးယားအဖွဲ့မှ Helicopter ကို ဖောက်ခွဲဖျက်ဆီးလိုက်သောကြောင့် ဖြစ်ပေသည်။

စာအုပ်ကား ဒုံးပျံနှင့်အတူ ပါသွားချေပြီ။ ထို့အပြင် ဒုံးပျံ၏တည်နေရာကိုလည်း ရေဒါတွင် ဖမ်း၍မရတော့ချေ။

Light ကား စိတ်ပျက်လက်ပျက် ငေးငိုင်လျက်။

.... စာအုပ်ရပြီးရင် သူတို့ ဘာဆက်လုပ်မလဲ။ တွေးစရာတောင်မလိုပါဘူးလေ။ ငါ့အဖွဲ့ကို ရှင်းမှာပေါ့ ......
N လည်း စိတ်မကောင်းစွာ တွေးနေမိသည်။

သူထင်ထားသည့်အတိုင်းပင် နောက်ရက်များတွင် SPK အဖွဲ့ဝင်ဖြစ်နေသော FBI, CIA တို့မှ လူအများသိနေပြီးသား အကြီးအကဲများ၊ ၀န်ထမ်းများ ပုံစံမျိုးစုံဖြင့် သေဆုံးကုန်ကြလေသည်။

Light ဆီသို့ N ဆက်သွယ်လိုက်သည်။
"L သူတို့ အကြံအောင်မြင်သွားပြီ"

"ဘာကို အောင်မြင်တာလဲ"

"ငါ့အဖွဲ့ထဲက လူတွေ တော်တော်များများ သေကုန်ပြီလေ။ မင်းနဲ့ မင်းလူတွေ အသုံးမကျလို့ပဲ။ စာအုပ်ကို နည်းနည်းလေးမှ ကာကွယ်ဖို့ မကြိုးစားပဲ ပေးပစ်လိုက်တယ်"

"မင်း ခေါင်းဆောင်ရင်ကော အဖြေနောက်တမျိုးထွက်မှာမို့လား"

"မထွက်ပါဘူး။ ဒီကောင်တွေ ဒီလောက်ပြင်ဆင်ထားတာ၊ ဘယ်သူ ခေါင်းဆောင် ခေါင်းဆောင် အဖြေပြောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့ငါ တယောက်နဲ့တယောက် မကူတာကလည်း သူတို့အတွက် ကောင်းသွားတာပါပါတယ်။ ငါတို့ ၂ ယောက် အတူပေါင်းလုပ်မှ အဆင်ပြေလိမ့်မယ်။ ရှင်းရှင်းပြောရရင် ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကို ငါ မသိဘူးတော့ မဟုတ်ဘူးကွ"

"ဟေ!"
Light အံ့သြသွားသည်။

"ငါ သံသယရှိတဲ့ကောင်ရဲ့ နာမည်ပြောင်က Melo ပဲ။ သူ့ဓါတ်ပုံ ဘယ်သူ့ဆီမှာမှ မရှိဘူး၊ သူ့နာမည်ရင်းလည်း ဘယ်သူမှ မသိဘူး။ ငါတို့ သိတဲ့ဟာ တခုပဲရှိတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က အင်္ဂလန်နိုင်ငံ Winchester က Wammy's House ဆိုတဲ့ မိဘမဲ့ကလေးကျောင်းမှာ သူရှိနေခဲ့တယ် ဆိုတာပဲ"

.... Wammy's House တဲ့လား။ Watari ထောင်ခဲ့တဲ့ ကျောင်းပေါ့ ....
Light ဆက်စပ်တွေးမိသွားသည်။

"Melo ဟာ ဒီကိစ္စကို ကစားပွဲတခုလို လုပ်နေတာ။ Kira ကို အရင်ဖမ်းနိုင်တဲ့လူဟာ အနိုင် ဆိုပြီးတော့ပေါ့"
N သူ့စကားကို အဆုံးသတ်လိုက်တော့သည်။

သေမင်းတိုင်းပြည်

သေမင်းစာအုပ်များ ထိန်းသိမ်းရန်တာဝန်ယူထားသော သေမင်းတယောက် သေမင်းဘုရင်ရှေ့ အခစားဝင်လာသည်။

"ဘုရင်ကြီး Alamo Jastin (အာလာမို ဂျပ်စတင်) ခင်ဗျား"

"Alamonia Jastin (အာလာမိုးနီးယား ဂျပ်စတင်) ကွ"

"ဟုတ်ကဲ့။ ကျနော် သေမင်းစာအုပ် တအုပ် ပျောက်သွားတဲ့အကြောင်း အဖိုးကြီးကို ပြောပြလိုက်တယ်။ သူပြောတာတော့ အဲဒီတအုပ်က Ryuk လွတ်ကျသွားတယ်ဆိုတဲ့ စာအုပ်တဲ့။ အဲဒါ ဘာများဆက်လုပ်ရမလဲလို့"

"အဲလိုဆိုလည်း Ryuk အဲဒီစာအုပ် မင်းကို ပြန်ပေးအောင် လုပ်ပေါ့ကွ"

"ဒါဆို ကျနော် သေမင်းတိုင်းပြည်ကနေ ခဏခွာရဦးမယ်ပေါ့"

"အခုပဲ သွားရင်ကောင်းလိမ့်မယ်"
သေမင်းဘုရင် အေးစက်စက်ပြောလိုက်တော့သည်။

No comments:

Post a Comment