စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၇)

"L သေသွားပြီ ဟုတ်လား၊ ဘယ်လို သေတာလဲ၊ Kira သတ်တာ ခံလိုက်ရတာလား"
ကလေး ၂ ယောက်အနက်မှ အနည်းငယ် အသက်ကြီးဟန်တူသော ကလေးက ကျောင်းအုပ်ကို အလောတကြီးမေးလိုက်သည်။

"အဲလို ဖြစ်ဖို့များတယ်"

"Kira ကို သေတွင်းပို့မလို့ လုပ်နေရင်းနဲ့ သူကိုယ်တိုင် Kira အသတ်ခံလိုက်ရတယ်လို့ ပြောချင်တာလားဗျ"
ကလေးငယ် အကြီးအကျယ် မခံမရပ်နိုင်ဖြစ်ကာ စိတ်လှုပ်ရှားနေလေပြီ။

ထိုစဉ် တယောက်တည်း ထိုင်ကာ Puzzle ဆက်နေခဲ့သည့် တခြားကလေးငယ်က ပြီးသွားသည့် puzzle ကို သွန်ချလိုက်ရင်း
"Melo (မဲလို) မင်းဘယ်လိုဖြစ်နေတာလဲ။ ဘယ်သူမဆို ကိုယ်ပြိုင်နေတဲ့ပွဲကို မနိုင်ဘူးဆိုရင်၊ ကိုယ်ဝင်ပါနေတဲ့ အရှုပ်ကို မရှင်းနိုင်ရင်၊ အရှုံးသမားဖြစ်သွားတာပါပဲ"

"ဒါဖြင့် L က Near (နီယာ) နဲ့ ကျနော် နှစ်ယောက်မှာ ဘယ်သူ သူ့နေရာ ဆက်ခံဖို့ ရွေးသွားလဲ"
Melo ကျောင်းအုပ်ကိုသာ ပြန်မေးလိုက်သည်။
Near ကတော့ Puzzle ကိုသာ အေးအေး အစ အဆုံး ပြန်ဆက်နေလေသည်။

"သူ Kira အသတ်ခံလိုက်ရတာဆိုတော့ ဘယ်သူ့ကိုမှ ရွေးမသွားလိုက်နိုင်ပါဘူး။ ကဲ Melo ရော၊ Near ရော၊ မင်းတို့နှစ်ယောက် အတူတူ ပေါင်းလုပ်ရမယ်ဆို ဘယ်လိုနေလဲ"
ကျောင်းအုပ်က မေးလိုက်တော့

"အင်း၊ ဖြစ်ပါတယ်"
Puzzle အဆက် မပျက်ဘဲ Near ကဖြေလိုက်သည်။

သို့သော်
"အဲလိုတော့ မဖြစ်ဘူး ဆရာ။ ကျနော် Near နဲ့ မတည့်ဘူးဆိုတာ ဆရာလည်း ကောင်းကောင်းသိသားပဲ။ ပြီးတော့.. ပြီးတော့.. ဆရာက သူနဲ့ကျနော်ဆိုရင်..."
Melo စကားဆက်မပြောဖြစ်။

ကျောင်းအုပ်ကလည်း ဘာမှ မပြော၊ ငြိမ်သက်စွာသာ ထိုင်၍ စားပွဲပေါ်လက်ထောက်၊ မျက်စိမှိတ်ကာနေလေ၏။
Near ကလည်း puzzle ဆက်မပျက်။

အတန်ကြာမှ Melo က
"ကျနော်သိပြီ။ L နေရာကို ဆက်ခံမယ့်လူဟာ Near ပဲ။ သူဟာ ကျနော့်လိုမဟုတ်ဘူး။ ပြဿနာ တွေကို Puzzle ဆက်သလိုဘဲ ဆက်စပ်တွေးခေါ်တတ်တယ်။ ဆရာ သူ့ကိုပဲ ရွေးမှာ။ ကျနော်လည်း ဒီကျောင်းကနေ ထွက်သွားတော့မယ်"
ပြောပြောဆိုဆို Melo ရုံးခန်းထဲမှ လှည့်ထွက်လေတော့၏။

"Melo!!"
ကျောင်းအုပ်လှမ်းခေါ်သော်လည်း Melo ပြန်လှည့်မလာတော့။

"ကျနော် ၁၅နှစ်ရှိပြီ။ ကျနော့်ဘ၀ကို ကျနော့်ဟာ ကျနော် စိတ်တိုင်းကျ နေသွားတော့မယ် "

Near ကား ငြိမ်သက်စွာ။

ထိုအဖြစ်အပျက်သည် L သေဆုံးပြီးကာစ ၂၀၀၇ ခု ၁၂ လပိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။

၂၀၁၂ ခု မတ်လ ၅ ရက်နေ့
အမေရိကန် သမ္မတ အိမ်ဖြူတော်အတွင်း FBI အကြီးအကဲနှင့်အတူ Near ရောက်ရှိနေသည်။
သူနှင့်အတူ Kira အမှုနှင့်ပတ်သက်ပြီး နှစ်အတန်ကြာ စုံစမ်းထားသမျှ အချက်အလက်များစွာစုဆောင်းထားသည့် CD အချပ်ငယ်များ များစွာပါလာသည်။ ဤနေရာသို့လည်း FBI အကြီးအကဲ၏ ထောက်ခံချက်ဖြင့်သာ ရောက်ရှိလာခြင်းဖြစ်ပြီး သူစုံစမ်းခဲ့သမျှ အချက်အလက်များကို ပြန်လည် ရှင်းပြနေခြင်းဖြစ်လေသည်။

"သူတို့ Higuchi ကိုဖမ်းမိတယ်ဆိုတဲ့ အချိန်မှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတယောက်ရဲ့ အပြောအရ ကိုယ်သတ်ချင်တဲ့လူကို မြင်ယောင်ပြီး အဲဒီစာအုပ်ထဲမှာ လူနာမည်ရေးလိုက်ရင် အဲဒီလူ သေတယ်လို့ ပြောတာကို ကြားမိတယ်တဲ့"
Near သမ္မတကို အဖြစ်အပျက်များ ရှင်းပြနေသည်။

"ဒါဖြင့် အဲဒီစာအုပ်ဟာ လူသတ်နိုင်တဲ့ စာအုပ်ပေါ့"

"ဟုတ်တယ်။ အဲဒီစာအုပ်ဟာ ဂျပန် ရဲတပ်ဖွဲ့ရဲ့ လက်ထဲမှာ ရှိလိမ့်မယ်"

သမ္မတကား Near ကို တအံ့တသြစိုက်ကြည့်လျက်။

"သမ္မတကြီးခင်ဗျား၊ လက်ရှိ L ဆိုတဲ့လူဟာ တကယ်တမ်းတော့ ဂျပန်ရဲတပ်ဖွဲ့က တကမ္ဘာလုံး အထိတ်တလန့်မဖြစ်သွားအောင် ဟန်ပြထားထားတဲ့လူပါ။ တကယ့် L ကသေသွားပါပြီ"
Near တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဒါရိုက်တာ Mason၊ ဒီကောင်လေးက ဘာလဲ"
သမ္မတကြီးမှ FBI အကြီးအကဲကို အံ့သြတကြီး မေးလိုက်တော့

"L နေရာကို ဆက်ခံတဲ့ ကောင်လေးလို့ပဲ ဆိုကြပါစို့"

ဤသို့ဖြင့် အမေရိကန်ပြည်ထောင်စုတွင် Near ရောက်ရှိနေချိန်အတွင်း SPK (Special Provision for KIRA [Kira ရန် ကာကွယ်ရေး အထူးအဖွဲ့]) ဟုခေါ်သည့် L နှင့် သက်ဆိုင်ခြင်းမရှိသော Kira စုံစမ်းရေးအဖွဲ့ကို FBI နှင့် CIA တို့မှ စုံထောက်များကို အဓိကထားကာ ဖွဲ့စည်းလေ၏။

ရဲချုပ် Yagami ၏အိမ်တွင်
ရဲချုပ်၊ Light၊ Misa၊ Matsuda တို့ ၀ိုင်းဖွဲ့စကားပြောဖြစ်နေကြသည်။

သူတို့ပြောနေသော အကြောင်းကား Internet ပေါ်တွင် မိမိသေစေလိုသော လူတို့၏နာမည်များကို Kira မြင်အောင် ဖော်ပြနေကြသော အကြောင်းအရာဖြစ်လေသည်။

"ခက်တာပဲ။ ငါတို့မှာ Kira အမှုကို ဘာမှလည်း ထပ်မဖော်နိုင်ဖြစ်နေတဲ့ကြားက"
ရဲချုပ်က ညည်းသည်။

"ကျနော်ကတော့ဗျာ အဲဒီလို ကိုယ်သေစေချင်တဲ့လူတွေနာမည်ကို တင်တဲ့လူတွေပါ သေသွားစေချင်တော့တာပဲ။ ခက်တာက Kira ကိုယ်တိုင်က အဲဒီလိုတင်ထားတဲ့နာမည်တွေကြည့်ပြီး သတ်နေတဲ့ပုံရှိတော့ တင်တဲ့သူတွေကိုတော့ သတ်မယ်မထင်ဘူး"
Matsuda သူ့စိတ်ထဲ ရှိသည်များကို ထုတ်ပြောနေလေသည်။

"အေးဗျာ။ ဒါပေမယ့် တဖက်ကတွေးတော့လည်း ခင်ဗျား ဘာမှ မဟုတ်တာမလုပ်ရင် ဘာအန္တရာယ်မှ မရှိဘူးဆိုတော့ ဒီကမ္ဘာကြီး ကောင်းဖို့ပဲ ဖြစ်နေတာလို့တောင် တွေးလို့ရတာပေါ့။ ဒီလိုပဲ လူတွေအများကြီး တွေးကြမှာပဲလေ"
Light ခပ်တည်တည်နှင့် ၀င်ပြောလေသည်။

Ryuk ကား သဘောအကျကြီးကျလျက်။
"ဟီးဟီး.. မင်းတော်တော် အပြောကောင်းတဲ့ကောင်"

... ခင်ဗျားကြီး စောင့်ကြည့်နေစမ်းပါ။ လူတိုင်းလူတိုင်း အဲဒီလိုမျိုးတွေးရမယ့် တနေ့ ရောက်ကိုရောက်လာလိမ့်မယ် ....
Light စိတ်ထဲမှပင် ပြန်ပြောလိုက်လေသည်။

"ကဲကဲ တော်ကြပါတော့ကွယ်။ ဒီ အကြောင်းပဲ ပြောနေကြပြန်ပြီလား"
Light အမေ ရောက်လာကာ ကော်ဖီများနှင့် ဧည့်ခံမှပင် စကားစ ပြတ်သွားလေတော့သည်။

ထိုစဉ်မှာပင် အပျိုဖားဖားကြီးဖြစ်နေပြီဖြစ်သော Sayu ပြန်ရောက်လာလေသည်။
Sayu က Matsuda ကို နောက်လိုက်၊ Matsuda က Sayu ကို အတည်ပိုးလိုက်၊ Misa က Sayu နှင့် Matsuda ကိုနောက်လိုက် နှင့် ပျော်ရွှင်နေကြလေ၏။

"ကဲ၊ ကိုကိုတို့ နှစ်ယောက်လည်း အလုပ်နဲ့ အကိုင်နဲ့ အတည်တကျဖြစ်နေပြီဟာ၊ မင်္ဂလာဆောင်ကြတော့"
Sayu က ပြုံးပြုံးနှင့် အတည်ပြောလိုက်လေတော့သည်။

"အမယ်လေး.. ညီမလေးက အကြံပေးကောင်းလိုက်တာ။ သိပ်ကောင်းတဲ့အကြံ"
Misa ကား Light ကိုဖက်ကာ သဘောအကျကြီးကျလျက်။

သူတို့ ပျော်နေကြသည်ကို ကြည့်၍ သေမင်း Ryuk ကတော့ စဉ်းစားခန်းဝင်လျက်။
.... အင်း သေမင်းစာအုပ် ပိုင်ဆိုင်ရတဲ့ လူတိုင်း ကံဆိုးမိုးမှောင် ကျရမှာချည်းပဲ။ ဒီလောက် ကံဆိုးတဲ့ မိသားစုက ဒီလို ပျော်စရာတွေတောင် ကြံစည်နေတယ်ဆိုတော့.. အင်း ရှေ့ဆက်ဖြစ်မှာတွေကတော့ စိတ်ဝင်စားစရာ ကောင်းဦးတော့မယ် ....

ထိုအချိန်မှာပင် ရဲချုပ်ထံသို့ Aizawa ထံမှဖုန်းဝင်လာသည်။
ဂျပန်ရဲတပ်ဖွဲ့ ညွှန်ချုပ် Takimura ပြန်ပေးဆွဲခံရသည့်အကြောင်း။ မည်သူ့လက်ချက်ဖြစ်သည်ဆိုသည်ကို မသိရသေးကြောင်း။
ရဲချုပ်၊ Matsuda နှင့် Light တို့ ရဲဌာနချုပ်သို့ ချက်ချင်း ထွက်ခွာလာရလေပြီ။

Aizawa မှစောင့်ကြို၍ ရှင်းပြသည်။
"လွန်ခဲ့တဲ့ ၄၅ မိနစ် ညနေ ၆ နာရီ ၁၅ မှာဖုန်းဝင်လာတာပါ။ ညွှန်ချုပ်ရဲ့ ဟန်းဖုန်းကိုသုံးပြီးဆက်ပါတယ်"

"တောင်းဆိုချက်က ဘာတဲ့လဲ"
ရဲချုပ်က မေးလိုက်သည်။

"သေမင်းစာအုပ်တဲ့"

Aizawa စကားအဆုံးတွင် အားလုံးထိတ်လန့်သွားကြလေသည်။
သေမင်းစာအုပ်အကြောင်းကို လူထုအများ သိကြသည်မဟုတ်။ တကယ်တမ်းသိသည်မှာ သူတို့ လူအုပ်စု အနည်းငယ်လေးသာ။ L ရှိစဉ်ကပင် တခြားနိုင်ငံခေါင်းဆောင်များကို အသိပေး၍ အသုံးပြုခွင့်တောင်းရန် စီစဉ်ခဲ့သော်လည်း L သေဆုံးသွားမှုကြောင့် မည်သူ့ကိုမျှ အသိမပေးဖြစ်ခဲ့။

... ဒါ ဘယ်ကောင့်လက်ချက်လဲ။ ဘာကိစ္စနဲ့ လုပ်တာလဲ ....
Light မှာလည်း ခေါင်းစားနေလေပြီ။

"သေမင်းစာအုပ်အကြောင်း တနည်းနည်းနဲ့ ပေါက်ကြားသွားခဲ့တာဆိုရင်တော့ လိုချင်တဲ့လူတွေ ရှိမှာပါပဲ"
Aizawa ပြောနေသည်။

"ဖေဖေ ဒီစာအုပ်အကြောင်း လူတွေ အများကြီးသိလို့ မဖြစ်ဘူး။ မပေါက်ကြားပါစေနဲ့"
Light အလောတကြီး ၀င်ပြောလိုက်သည်။

"အေး၊ ဟုတ်တယ်။ အားလုံး ဒုက္ခရောက်ကုန်မယ်။ ငါတို့ သိပြီးသားလူတွေကလွဲလို့ ဘယ်သူမှ မသိကြစေနဲ့။ ဒီပြန်ပေးမှုကိုလည်း ရဲတွေကလွဲလို့ လူထု မသိစေနဲ့ဦး"
ရဲချုပ် အမိန့်ပေးလေပြီ။

.... သေမင်းစာအုပ် ရှိတဲ့အကြောင်းနဲ့ အဲဒီစာအုပ် ဂျပန် ရဲတပ်ဖွဲ့လက်ထဲမှာ ရှိတယ်ဆိုတဲ့အကြောင်း သိတဲ့လူ တယောက်ယောက်တော့ ရှိနေပြီ ....
Light အတွေးတွေ ယောက်ယက်ခတ်လျက်။

တယောက်တည်း ရုံးခန်းထဲတွင် ထိုင်ကာ စိတ်ရှုပ်နေသော ရဲချုပ်ဆီသို့ သတင်းပေးချက် ၀င်လာသည်။
"ရဲချုပ်ခင်ဗျား၊ ညွှန်ချုပ်နဲ့ တွေ့ဖို့ လူတယောက်ရောက်နေပါတယ်"

လာရောက်တွေ့ဆုံသူကား
"ကျုပ် FBI က John McEnroe ပါ။ နာမည်အစစ်တော့ မဟုတ်ဘူးပေါ့လေ။ Kira ရန်က ကာကွယ်ရအောင် ဒီလိုပဲ အတုပြောထားရတာ။ ရိုင်းတယ်တော့ မထင်နဲ့ဗျာ၊ နာမည်အစစ်လည်း ကျုပ်က မပြောပြနိုင်ဘူး"

"အင်း ညွှန်ချုပ်တော့ လောလောဆယ် မရှိဘူးဗျ။ ခင်ဗျား အဆင်ပြေမယ်ဆိုရင်တော့ ကျနော်နဲ့ပဲ ပြောဆိုနိုင်ပါတယ်"

"ဖြစ်ပါတယ်လေ။ လိုရင်းပဲ ပြောကြတာပေါ့။ ဂျပန်ရဲတပ်ဖွဲ့ဟာ Kira စုံစမ်းရေး ဆက်လုပ်ဖို့ အရည်အချင်းမရှိဘူး။ အဲဒီတော့ စုံစမ်းရေး အောင်မြင်ဖို့အတွက် ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့ စာအုပ်ကို ကျုပ်တို့ကို လွှဲပေးဖို့ လာပြောတာပဲ"

ထိုသူ့စကားအဆုံးတွင် ရဲချုပ် ပေါက်ကွဲသွားလေ၏။
"ဟင် ဒါဖြင့် ခုကိစ္စက FBI လက်ချက်ပေါ့။ မင်းတို့ ညွှန်ချုပ်ကို ဘာလုပ်လိုက်ကြသလဲ!!"
ပြောပြောဆိုဆို ထိုသူ၏ အင်္ကျီစကို ဆွဲကာ လှုပ်ရမ်းမေးလေတော့၏။

"ဟဟ.. နေစမ်းပါဦး ခင်ဗျား ဘယ်လိုဖြစ်တာလဲ"

"မင်း ငါ့ကို အရူးမလုပ်နဲ့ !! ညွှန်ချုပ်ကို ပြန်ပေးဆွဲသွားတာ မင်းတို့ပဲ မဟုတ်လား!!"

"ဟာ..ကျုပ်တို့က ဘာကိစ္စ ပြန်ပေးဆွဲရမှာလဲ"

ထိုစကားများကို အဝေးတနေရာမှ ထိုင်နားထောင်နေသူက Near။

"တယောက်ယောက်တော့ ဂျပန်ရဲ ညွှန်ချုပ်ကို ပြန်ပေးဆွဲသွားပြီဗျ"

"ဘယ်သူ ဖြစ်မလဲ"

"မသိသေးဘူး။ ဒါပေမယ့် စာအုပ်လည်း တောင်းတယ်ဆိုတော့.."
Near သူ့ဆံပင်များကို သူလိမ်ကာ လိမ်ကာဆော့ရင်း

"Commander Lester ဒီပြန်ပေးမှုကို ကျုပ်တို့ ကူညီမယ်လို့ ပြောလိုက်ပါ။ တကယ်လို့ အခြေအနေပေးခဲ့ရင် ကျနော်တို့ စာအုပ်ကို ရအောင် ခိုးရမယ်"
Near လှမ်းပြီး အမိန့်ပေးလိုက်တော့သည်။

ညွှန်ချုပ် Takimura ကား မြေအောက်ခန်းတခုထဲတွင် ချုပ်နှောင်ခံထားရလေ၏။
သူ့ကို ဖမ်းဆီးထားသော အဖွဲ့နှင့်အတူ ရှိနေသူက Melo။

"သူ ဘာပြောသေးလဲ"

"ဂျပန်ရဲတပ်ဖွဲ့ဟာ Kira စုံစမ်းရေးမှာ မပါတော့ဘူးတဲ့။ တကယ်တမ်း Kira စုံစမ်းရေး ဆက်လုပ်နေတာ Yagami ရယ်၊ Mogi ရယ်၊ Matsuda ရယ်ပဲတဲ့။ ကျုပ်ပြောတာ ဟုတ်ရဲ့လား"
ညွှန်ချုပ်ကို စောင့်ကြည့်နေသည့် လူမိုက်က မေးလိုက်တော့

"ဟုတ်ပါတယ်။ Ukita တယောက်ကတော့ အသတ်ခံလိုက်ရတယ်လေ"
ညွှန်ချုပ်က ခေါင်းငိုက်စိုက်ချရင်း ဖြေလေသည်။

"ခင်ဗျားက ရဲတပ်ဖွဲ့ အကြီးအကဲလည်းဆိုသေး၊ စာအုပ်ရှိတယ်ဆိုတာတောင် မသိဘူး။ တော်တော် အသုံးမကျတာပဲ"

"အေးလေ။ ဒါကြောင့်ပြောတာ ဂျပန်ရဲတွေ နည်းနည်းမှ အသုံးမကျပါဘူးဆိုနေ"

သူတို့တယောက်တပေါက် ပြောနေကြစဉ် ညွှန်ချုပ်ရှိရာသို့ Melo ရောက်လာ၍ အားလုံး လမ်းဖယ်ပေးလိုက်ကြသည်။

"အဲဒီအဖွဲ့ထဲမှာ Yagami ဟာ ပါဝါ အရှိဆုံးပေါ့။ ဟုတ်လား"
Melo မေးတော့

"ဟုတ်ပါတယ်"

"ကျုပ် အယူအဆအရ စာအုပ် ၂ အုပ်ရှိရမယ်။ တအုပ်က Kira ဆီမှာ၊ တအုပ်က ဂျပန်ရဲတွေလက်ထဲမှာ။ အဲဒီ ၂ အုပ်လုံး ကျုပ်တို့ရအောင် ယူမယ်"
Melo ပြတ်ပြတ်သားသား ပြောချလိုက်လေ၏။

"ဒါဆိုလည်း Melo ပြောတဲ့အတိုင်းပေါ့။ လွန်ခဲ့တဲ့ တနှစ်ခွဲ Melo ငါတို့နဲ့ လာပေါင်းကတည်းက သူပြောတာတွေ တခုမှ မမှားသေးဘူး"
လူမိုက်များထဲမှ အကြီးအကဲက ပြောသည်။

"ဟုတ်ပါတယ်။ ဒါပေမယ့် Kira ကရှိမှန်းတောင် မသိတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ကိုတောင် Melo ရအောင် သတ်နိုင်သေးတာ၊ ဒီစာအုပ်လေး နှစ်အုပ်အတွက် ဒီလောက်လုပ်စရာ လိုလို့လားဗျာ"
တယောက် ကမေးတော့

"ကျုပ်က စာအုပ်ကိုပဲ ရအောင် ယူချင်တာ မဟုတ်ဘူး။ ကျုပ်အတွက် အတားအဆီးဖြစ်နေတဲ့ ကောင်တွေ အကုန်လုံးကို ရှင်းပစ်ချင်တာ။ နံပါတ်တစ် နေရာကို ကျုပ်ရအောင် ယူချင်တာ"
Melo မာမာထန်ထန် ပြန်ပြောလိုက်၏။

.... Near ထက်သာဖို့ ငါ ဘယ်နည်းကိုမဆို သုံးရလိမ့်မယ် ......

ထိုအချိန်တွင် Light ကား သေမင်းစာအုပ်အတွင်း နာမည်တခုကို ရေးသွင်းနေခဲ့လေပြီ။


သေမင်းစာအုပ် အသုံးပြုပုံ ကောက်နှုတ်ချက်

'မတော်တဆမှုဖြင့် သေမည်' ဟု သေဆုံးရမည့်အခြေအနေကို ရေးသွင်းခဲ့သည်ရှိသော် ရေးသွင်းသည့်အချိန်မှ ၆ မိနစ်နှင့် ၄၀ စက္ကန့်အကြာတွင် ဖြစ်ရိုးဖြစ်စဉ် မတော်တဆဖြစ်မှု တခုခုဖြင့် သေဆုံးလိမ့်မည်။

မိမိ သေစေလိုသည့်သူ သေဆုံးရမည့် အခြေအနေသည် အခြားသူများကိုပါ သေဆုံးစေနိုင်သည်ဖြစ်ခဲ့သော် ထိုသူသည် နှလုံးရောဂါဖြင့်သာ သေဆုံးလိမ့်မည်

No comments:

Post a Comment