စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၄.၂)

"Misa အခုအချိန်မှာ ငါ့အနေနဲ့ ဘယ်လူဆိုးသူခိုးကိုမှ ဒဏ်ခတ်ဖို့ အခြေအနေမပေးဘူး။ ဒီကိစ္စကို ငါ့အစား မင်းပဲလုပ်ပေးပါ"

Light တယောက် Misa နှင့် တံခါးဝမှာပင် စကားများပြောကာ ပြန်လွှတ်လိုက်လေသည်။

L က သေမင်းစာအုပ်ကို သေချာ ကြည့်နေရင်းမှ
"Rem ဒီနေရာမှာ စာအုပ်က ပြဲနေတယ်။ တကယ်လို့ အဲဒီစာရွက်အပြဲပေါ်မှာ နာမည်ရေးမယ်ဆိုရင်ကော လူသေမလား"

"မသိဘူးကွ။ ငါ အဲလိုမျိုး တခါမှ စမ်းမကြည့်ဖူးဘူး"

"ဒါဖြင့် သေမင်းတွေ ပန်းသီးရော စားသလား"

"ကြားတောင် မကြားဖူးဘူး။ ငါတို့ သေမင်းတွေက အစာစားစရာမှ မလိုတာ"

L သေမင်း Rem ကို ဆက်မမေးတော့ဘဲ သူ့နောက်သို့ ရောက်လာသည့် Light အား
"ဟေ့ကောင် မင်း အချိန်မရွေး အိမ်ပြန်လို့ ရပါတယ်ဆိုတာ ဘာလို့ မပြန်သေးဘဲ ဒီမှာ ပေကပ် နေနေတာလဲ။ Misa မှာလည်း မိန်းကလေးတန်မဲ့ မင်းဆီလာလည်ရတယ်။ ဒါကိုလည်း မင်းက အပေါက်ဝမှာတင် စကားရပ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ တကယ်ဆို နှစ်ယောက်သား အပြင်လေး ဘာလေး လျှောက်လည်ပါလားကွ"

"Kira စုံစမ်းရေးက အဆုံးမှ မသတ်သေးဘဲကွ။ ငါက အပြီးအထိ လုပ်မယ်လို့ ဆုံးဖြတ်ထားတာလေ။ ဘာလို့လဲ ငါ ဒီမှာရှိနေတာ မင်းအတွက် အနှောက်အယှက် ဖြစ်နေလို့လား"
Light ရိသဲ့သဲ့ ပြန်ဖြေလိုက်သည်။

"ဒီလိုတော့ မဟုတ်ပါဘူးလေ"
မျက်လုံးထောင့်မှ Light ကိုအကဲခတ်ရင်း L ပြန်ဖြေရင်း
..... မင်း တံခါးဝမှာ Misa ကို ဘာတွေပြောလိုက်သလဲ ........

နောက်တနေ့
တရားခံများ သေဆုံးသည့် သတင်းများ ထွက်ရှိလာလေပြီ။
"မနေ့က စပြီး သေတာ ၁၆ ယောက်ရှိပြီ။ အားလုံး Higuchi သေပြီး နောက်ပိုင်းမှာ သေတာချည်းပဲ"
Aizawa က ရဲချုပ်ကို ပြောပြနေသည်။

"ဒါဖြင့် Higuchi ဟာ Kira မဟုတ်ပြန်ဘူးပေါ့"
ရဲချုပ်က ပြောတော့

"မဟုတ်တာ မဟုတ်ပါဘူး။ သူ့ကို မဖမ်းမိခင်အထိ သူ လူတွေ သတ်နေခဲ့တာတော့ သေချာပါတယ်"
Light ၀င်ပြောလိုက်သည်။

"ဒါဖြင့် နောက်ထပ် Kira တယောက် ပေါ်လာတယ်ဆိုတဲ့ သဘောပေါ့"
Aizawa ကား စိတ်ရှုပ်သွားလေပြီ။

L ကား အတွေးနက်လျက်
.... နောက်ထပ် Kira တယောက်.. ဟုတ်ပါ့မလား .....

Rem လည်း စိတ်ပူလျက်
.... ဒုက္ခပဲ။ ဒါ Misa လက်ချက်ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး .....

သူ စိတ်ပူ၍မှ မဆုံးခင် L ထံမှ စကားသံထွက်လာလေသည်။
"Misa ကို လွှတ်လိုက်ပြီးတဲ့နောက်မှ လူတွေ ပြန်သေလာတာမဟုတ်လား"

"ဟေ့ကောင် တော်တော်။ မင်း အရင်လို နောက်တခေါက် လုပ်ဖို့ မစဉ်းစားနဲ့နော်။ သူနဲ့ ဘာမှ မဆိုင်ဘူး"
Light အတည်ပေါက်နှင့် ၀င်ဟောက်လိုက်သည်။

"အေးလေ။ တကယ်လို့ စာအုပ် နောက်တအုပ်ရှိပြီး နောက်လူတယောက်က လုပ်နေတာဆိုလည်း ငါကတော့ သူ့ကို မိအောင် ဖမ်းနိုင်ဦးမှာပါပဲ။ ပြဿနာတော့ သိပ်မရှိပါဘူး"
L ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပြီး သေမင်းစာအုပ်မှ စာရွက်အပြဲနေရာကို ကြည့်ရင်း စဉ်းစားခန်းဝင်နေမိတော့သည်။

.... ဟိုသေမင်းကောင်ကြီးကတော့ သူမသိဘူးတဲ့။ ဒါပေမယ့် ဒီလိုစာရွက်အပြဲပေါ်မှာတင် လူသတ်လို့ ရတယ်ဆိုရင် ဟိုတုန်းက Light ကိုငါတို့စောင့်ကြည့်နေတုန်းမှာ လူတွေသေတာတို့၊ Higuchi သေတာတို့ဟာ ဒီလိုနည်းနဲ့ Light သတ်လိုက်တာ ဖြစ်နိုင်တာပဲ။ ခက်တာက ၁၃ ရက်အတွင်း လူမသတ်ရင် သေမယ်ဆိုတဲ့ အချက်ပဲ။ Light ရော Misa ရော အသက်ဆက်ရှင်နေတာဟာ ဒီအချက်နဲ့ တည့်တည့်ကြီး ဆန့်ကျင်နေတယ်။ ဒီအချက်သာ မရှိဘူးဆိုရင် ကိစ္စပြတ်ပြီ ........

"တခုရှိတယ်ကွ။ မင်းက ခု Kira ကိုမိအောင် ဖမ်းနိုင်ပြီပဲ ထားပါတော့။ သူ့ကို လူတွေ အစုလိုက်အပြုံလိုက်သတ်မှုနဲ့ တရားစွဲလို့ ရပါ့မလား။ Kira ပါဝါက ဟိုလူ ဒီလူ ကူးနေတယ်ဆိုတော့လေ"
Light မေးလိုက်တော့

"မပူပါနဲ့ ငါ သူ့ကို မိအောင်ဖမ်းနိုင်ရင် သေဒဏ် ဒါမှ မဟုတ် တသက်တကျွန်းတော့ ကျိန်းသေ ကျမှာပါပဲ"
L က အေးအေးဆေးဆေးပင် ပြန်ပြောလေသည်။

သူတို့ စကားကို နားထောင်နေသည့် Rem မျက်လုံးပြူးသွားလေ၏။
.... မင်း ဘာကြံနေတာလဲ Light.. Misa ကိုမိရင်.. ဟင် ခွေးမသား.. ယုတ်မာလိုက်တဲ့ကောင် .......

Rem ရုတ်တရက် Light အကြံအစည်ကို သဘောပေါက်သွားလေပြီ။ သူ့ဘက်ကို မျက်လုံးထောင့်ကပ်ကြည့်ပြီး ကောက်ကျစ်သည့် အပြုံးတချက် Light မျက်နှာပေါ်ဖြတ်သွားသည်ကို Rem သတိထားလိုက်မိသည်။
.... ငါ Misa ကို ရအောင် ကယ်မယ်လို့ ဒီကောင် အပိုင်တွက်ထားတာကိုး။ Misa ကိုကယ်ဖို့ဆိုတာကလည်း L ကို သတ်ဖို့လမ်း တလမ်းပဲရှိတယ်။ L ကိုငါသတ်လိုက်ရင် Misa လည်းငါ့ဆီက သက်တမ်းရပြီး အသက်ရှည်သွားမယ်၊ ငါလည်း သေမယ်၊ ဒီခွေးသားအတွက်လည်း အဓိက အတားအဆီးကြီး ရှင်းပြီးသားဖြစ်သွားမယ်။ ဒီကောင့်အတွက် အကျိုးရှိဖို့ချည်းပဲ။ လူယုတ်မာကောင် ........

Light ကလည်း သူ့ဟာနှင့်သူ ကျေနပ်နေလေသည်။
..... ကဲ မင်းဘာလုပ်မလဲ Rem။ မင်းဟာ သေမင်း ဖြစ်နေပေမယ့် Misa အပေါ်မှာ မရိုးသားဘူးဆိုတာ ငါသိနေတယ်။ Misa အရင်တခါလို ခံစားရမှာကို မင်း ကြည့်ရက်သလား ..........

No comments:

Post a Comment