စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၁.၂)

သေမင်းစာအုပ် လျှို့ဝှက်ချက်
သေမင်းများသည်ပင် သေမင်းစာအုပ်အကြောင်း ဂဃနဏ မသိပေ။

"ရှိသမျှ အခွေတွေ အကုန်ပေးစမ်း၊ ရူးကြောင်ကြောင်လုပ်မနေနဲ့"
ရဲချုပ်က သေနတ် တရမ်းရမ်းနှင့် ဖိဟောက်မှ

"ပေးပါ့မယ်၊ ပေးပါ့မယ်၊ ခင်ဗျားရဲ့ သေနတ်ကြီးကို လိုက်လိုက် ချိန်မနေပါနဲ့"

ထိုစဉ်မှာပင် ရဲကားတစီး Sakura-TV အဆောက်အဦးရှေ့သို့ ထိုးဆိုက်လာသည်ကို TV တွင်တွေ့ရလေသည်။

"တခြားရဲတွေလည်း Kira ကိုပြန်ချဖို့ ရောက်လာပြီပဲ။ ကျုပ်တို့ကြီးပဲ မဟုတ်တော့ဘူး"
အားတက်သရောနှင့် Matsuda ကပြောလိုက်သည်။

"Aizawa.. လက်ထောက်ညွှန်မှူး Kitamura ကိုဖုန်းခေါ်ပေးပါဗျာ"
L ကတောင်းဆိုလိုက်၏။

Kitamura ရဲ့ လက်ကိုင်ဖုန်းသို့ Aizawa ထံမှ ဖုန်းဝင်လာသည်။
"ဟေ့ Aizawa မင်းကို ဖုန်းမဆက်ပါနဲ့ လို့ ငါပြောထားတယ် မဟုတ်ဘူးလား"

"L ဖုန်းဆက်နေတာပါ။ အခုဖြစ်နေတာတွေကို ကြည့်ပြီး Sakura-TV ဆီကို ရဲတွေ ကိုယ့်သဘောနဲ့ကိုယ် ထပ်သွားကြမှာ စိုးလို့ပါ။ ကျနော်တို့ သေချာပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်တာမဟုတ်ရင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပါတယ်"

"ဟ..ဒါပေမယ့် တို့ရဲတွေ..."
Kitamura စကားမဆုံးမီပင် ရဲကားထဲမှ ထွက်လာသော ရဲသား နှစ်ယောက် ပြိုလဲကျသွားသည်ကို TV ထဲတွင်မြင်လိုက်ရလေသည်။

"L မင်း အကြံအစည်ကိုသာ ပြောပေတော့"
Kitamura ပြောလိုက်လေတော့၏။

L တို့ဆီတွင်လည်း
Watari ဆီသို့ ရဲချုပ်က ခါးပတ်မှ အရေးပေါ်ခလုတ်ကို နှိပ်၍ ဆက်သွယ်လိုက်သည်။
"ရဲချုပ် Yagami ခင်ဗျာ၊ L စကားပြောနေပါတယ်။ ကားနဲ့ တိုက်ဝင်သွားတာ ရဲချုပ်ထင်ရဲ့"

"ဟုတ်တယ်။ ဘယ်လိုမှ ကြည့်မနေနိုင်တော့လို့ လုပ်လိုက်တာပဲ။ ခု ကျုပ် အခွေတွေအားလုံး သိမ်းလိုက်ပြီ။ အဲဒီကို ယူလာခဲ့မယ်"

"ရဲချုပ်က ဆေးရုံကထွက်လာတာဆိုတော့ ကျန်းမာရေးအခြေအနေကရော.. အဆင်ပြေပါ့မလား"

"ဟား..ကောင်းမှကောင်း။ ခုလို လုပ်လိုက်ရမှ နေရထိုင်ရ တော်တော့်ကို ကောင်းသွားတာ။ တခုပဲ။ ကျုပ် ဘယ်လို ပြန်ထွက်ရမလဲ။ ဒီအဆောက်အဦး မျက်နှာစာကတော့ အန္တရာယ်ကြီးတယ်။ ဒါပေမယ့် ကားနဲ့ဆိုရင်တော့ လုံခြုံမယ်ထင်တာပဲ။ ခက်တာက နောက်ရောက်လာတဲ့ ရဲကားကလည်း ပိတ်နေတယ်"

"ရဲချုပ် ခဏ ကိုင်ထားပါ"

L အခြားတဖက်မှ ဖုန်းကိုကိုင်၍
"Kitamura ခင်ဗျား။ ကားနဲ့တိုက်ဝင်သွားတာ ရဲချုပ် Yagami ပါပဲ။ ပြင်ဆင်မှုတွေ အခြေအနေဘယ်လိုရှိပါလဲ"

"အားလုံး အဆင်သင့်ပဲ L"

L ရဲချုပ်နှင့်ပြောနေသော ဖုန်းကိုကိုင်၍ ပြောပြန်သည်။
"Yagami ခင်ဗျား။ နောက် ၅ မိနစ်နေရင် ရှေ့ပေါက်ကနေသာ ထွက်လာခဲ့ပါ"

ရဲချုပ်လန့်သွားသည်။ ဘာမှတော့ ပြန်မပြောဖြစ်။
..... ဟိုက်..ဒီတိုင်းကြီး ထွက်သွားရမယ် .......

၅ မိနစ်ကြာသော်
ရဲချုပ် တလှမ်းချင်းလှမ်းထွက်လာသည်။
ဟိုးရှေ့ အပေါက်ဝတွင် မီးများထိန်ထိန်ညီးနေသည်ကို လှမ်းမြင်နေရသည်။

အဆောက်အဦးရှေ့တွင် မှန်လုံရဲကားကြီးများ တန်းစီရပ်ထားသည်။ ကားများ၏ အောက်ဘက်တွင် အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံပြည့်နှင့် လူတရပ်မြင့်သည့် ဒိုင်းများနောက်တွင် ကျောခြင်းကပ်ကာ တန်းစီရပ်နေသော ရဲများ၊ ကားခေါင်မိုးများပေါ်တွင် အလားတူ ရပ်နေသော ရဲများ၊ သူတို့မရပ်နိုင်သည့် ကားနှစ်စင်းကြားလွတ်နေသောနေရာများတွင် ပိတ်စအနက်ကြီးများကာလျက်၊ မီးမောင်းများကို ၀င်ပေါက်၏ ပတ်ပတ်လည် အရပ်လေးမျက်နှာသို့ ထိုး၍ အဆောက်အဦးထဲမှ အဖြစ်အပျက်များကို လုံးဝ မမြင်နိုင်အောင် စီစဉ်ထားသည်ကို တွေ့ရလေ၏။

အဆောက်အဦးဝင်ပေါက်တွင်တော့ ရဲချုပ်ကို ကြိုဆိုနေသည့်ကားက အဆင်သင့်။

တာဝန်ရှိသူများက အော်ဟစ်သတိပေးနေကြဆဲ။
"အားလုံး မျက်နှာတွေ လုံးဝ မပေါ်ကြစေနဲ့။ တယောက်နဲ့တယောက် မခွာနဲ့။ ကပ်ထား"
"Kira အဆောက်အဦးထဲမှာ မဟုတ်ဘူး၊ ဒီအနီးအနားမှာပဲရှိတယ်"

ရဲချုပ်ကား ကားပေါ်တက်၍ လျင်မြန်စွာ ထွက်ခွာသွားလေပြီ။

"ကဲ..Kira ဟာ ဒီနေရာကို လှမ်းမြင်နေရတဲ့ တနေရာမှာ ရှိနေတယ်။ အားလုံး ဖြန့်ရှာကြမယ်။ လုံးဝ မျက်နှာမပေါ်ပါစေနဲ့။ ခေါင်းဆောင်းဦးထုပ်တွေ လုံးဝ မချွတ်ကြနဲ့"

ထိုသို့ ပြောနေချိန်တွင် အနီးအနား အဆောက်အဦတခု၏ အခန်းငယ်ထဲတွင်ကား Kira အသုံးပြုခဲ့သော အဝေးကြည့် မှန်ပြောင်းကလေးသာ ကျန်ရစ်တော့သည်။

L အခွေများ၊ စာအိတ်များကို စစ်ဆေးနေလေသည်။
..... Osaka (အိုဆာကာ) မြို့ကတံဆိပ်တုံးပါလား။ ဒါပေမယ့် လူတွေမသေခင် လုပ်ရမယ့်ဟာတွေကို Kira ကထိန်းချုပ်နိုင်တယ်။ သူကိုယ်တိုင် Osaka မသွားပဲ ဒါတွေကို ပို့ခိုင်းလိုက်လို့ရတယ်......

"Aizawa.. ဒါတွေ မှုခင်းသုတေသန ဓာတ်ခွဲခန်းကို ပို့လိုက်ပါ"
စာအိတ်များကို ပေးလိုက်၏

"ကျနော်တော့ ဒီအခွေတွေ သေချာ ကြည့်လိုက်ဦးမယ်"

နောက်တရက်ရောက်သော်
"အခြေအနေ ဘယ်လိုလဲ Ryuzaki"
ရဲချုပ်က မေးလာသည်။

"စိတ်ဝင်စားစရာ ကောင်းတယ်ဗျ။ ရဲတွေက သူနဲ့ ပူးပေါင်းမယ်ဆိုရင် နံပါတ် ၃ အခွေကို လွှင့်ရမယ်။ မပူးပေါင်းရင် နံပါတ် ၄ ကို လွင့်ရမယ်။ နံပါတ် ၃ ထဲမှာက ပူးပေါင်းရင် လိုက်နာရမယ့် အချက်တွေပါတယ်။ ဒုစရိုက်သမားတွေရဲ့သတင်းတွေ ပိုပြီး ထုတ်ပြန်ဖို့၊ အဓိကအားဖြင့်တော့ လူတွေထိခိုက်ဒဏ်ရာရခဲ့တဲ့ အမှုကြီးတွေကို ဦးစားပေး ထုတ်ပြန်ဖို့၊ ပြစ်မှုသေးပေမယ့်လည်း အားနည်းတဲ့လူတွေကို အနိုင်ကျင့်တာဆိုရင်လည်း ထုတ်ပြန်ဖို့တွေပါပဲ။ ဘယ်သူ့ကို အပြစ်ပေးမယ်ဆိုတာကိုတော့ Kira ကပဲ ဆုံးဖြတ်မယ်တဲ့။ သူနဲ့ ပူးပေါင်းမယ်ဆိုတာ အပြောမဟုတ် တကယ်ဆိုတာ ယုံကြည်နိုင်အောင်လို့ L ရယ်၊ ရဲထိပ်တန်း အကြီးအကဲတွေရယ် ကိုယ်တိုင် TV မှာ ကြေငြာချက် ထုတ်ပြန်ပေးရမယ်တဲ့။ တနည်းအားဖြင့်တော့ တခုခု သူ သံသယရှိတာလုပ်တာနဲ့ ကျနော်တို့ကို သတ်ပစ်နိုင်အောင်ပေါ့"

"မလွယ်ပါလား။ ဒါဖြင့် မပူးပေါင်းဘူးဆိုတဲ့ နံပါတ် ၄ ကရော"

"ခုနကပြောသွားတာတွေကို နည်းနည်းလေးပြောင်းပြီး ပြောထားတာပါပဲ၊ သိပ်မထူးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က သူပြောတာကို ငြင်းရမှာပဲလေ။ အဲဒီတော့ Sakura-TV ကို ဒီအခွေ လွှင့်ခွင့်သာ ပေးလိုက်ပါ"

ထိုအခါ
"ရဲတွေ ကျုပ်နဲ့ မပူးပေါင်းနိုင်ဘူးဆိုတာ စိတ်မကောင်းစရာပဲ။ ကျုပ်ကို ဆန့်ကျင်လိုက်ပြီဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါမှမဟုတ် ဒီစုံစမ်းရေးကို ဦးဆောင်နေတယ်ဆိုတဲ့ L၊ တယောက်ယောက်ကိုတော့ ကျုပ်သတ်ရတော့မယ်။ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက်နိုင်ဖို့ ဘယ်သူ အစတေးခံရမလဲဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ကြပေတော့။ ကျုပ် ၄ ရက်အချိန်ပေးလိုက်တယ်"

Light ၏အခန်းတွင်
"ဟားဟားဟား...ဘုရားသခင်ဟာ ငါ့ဘက်မှာရှိနေတော့တာကိုး။ ဒါ သေမင်းနောက်တယောက်ပေါ့"
TV ကြည့်ပြီး Light တယောက် အကျေနပ်ကြီး ကျေနပ်နေလေ၏။

"အေးကွ။ သေချာသလောက်ပဲ"
Ryuk ကထောက်ခံလိုက်သည်။

"လူ့ပြည်ကို နောက်သေမင်းတယောက် ဆင်းလာပြီပေါ့။ ပြီးတော့ သူ့ရဲ့ သေမင်းစာအုပ်ရထားတဲ့လူဟာ Kira ကို လေးစား ကိုးကွယ်တဲ့လူ ဖြစ်နေတယ်။ အင်း..ဒီလူ့မှာ သေမင်းမျက်စိလည်း ရှိနေပုံပဲ။ ကျုပ်ထက်ကို လူသတ်နိုင်စွမ်းရည် မြင့်နေတာပေါ့ဗျာ။ ခုတိုင်းဆိုရင်တော့ နောက် ၄ ရက်နေရင် L တယောက် TV ပေါ်မှာတင် ကိစ္စတုံးပြီဗျို့။ ဒါပေမယ့် ဒီ Kira အတု လုပ်ချင်ရာတွေ လျှောက်လုပ်လို့ Kira သိက္ခာကျထားရတာကိုတော့ ကျုပ်သိပ်မကျေနပ်လှဘူး။ ဒီကောင် ဒါမျိုး စိတ်ထင်တိုင်း လျှောက်လုပ်နေရင် L သူ့ကို ဖမ်းမိသွားနိုင်တယ်။ အဲလိုဆိုရင်တော့ သေမင်းစာအုပ်အကြောင်း အကုန်ပေါ်တော့မှာပဲ။ ဒီ အတုကောင်ကို အကြာကြီးတော့ လွှတ်ထားလို့ မဖြစ်ဘူး။ အဲဒီတော့ လောလောဆယ် စုံစမ်းရေးအဖွဲ့ထဲဝင်ပါလိုက်တာ အကောင်းဆုံးပဲ။ ဒါမှ L ရော ဒီကောင်ရော ဘာတွေလုပ်နေကြတယ်၊ ဘာတွေကြံစည်နေတယ်ဆိုတာ အမြဲသိနေမှာ"

L ၏ဟိုတယ်ခန်း
"Ryuzaki ရေ ကျုပ်ထင်တဲ့အတိုင်းပဲ။ ရှိသမျှ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ L အစစ်ကို TV ပေါ်မှာ မြင်ချင်နေကြလေရဲ့"
အခန်းထဲဝင်လာသော ရဲချုပ်က ပြောလိုက်သည်။

"သူတို့ ဆုံးဖြတ်ချက် မှန်ပါတယ်လေ။ ဒီတနည်းပဲ လုပ်စရာရှိတာပဲ။ ထားလိုက်ပါ။ ကျနော်တို့မှာ နောက် ၃ ရက် ကျန်သေးတာပဲ။ ကျနော် ကြံပါဦးမယ်"
L ကပြန်ဖြေသည်။ ပါးစပ်ထဲသို့ ကိတ်မုန့် ပစ်သွင်းလိုက်ပြီးမှ
"Kira လို့ဟန်ဆောင်နေတဲ့ကောင်ရဲ့ အသတ်ခံရမှာတော့ ကျနော် သိပ်သဘောမကျလှဘူးဗျာ"

"ဟင်..မင်းပြောတာ ဘယ်လိုကြီးလဲ"

"ဒီတယောက်က အတုဖြစ်ဖို့များတယ်။ အင်း..မဟုတ်သေးပါဘူး။ ဒုတိယ Kira ဖြစ်လိမ့်မယ်"

အားလုံး မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြပြီး
"ဘာရယ်..ဒုတိယ Kira"

"Kira နောက်တယောက် ရှိနေတယ်လို့ မင်းဘာကြောင့် ပြောနိုင်ရတာလဲ။ သေချာလေး ရှင်းစမ်းပါဦး"
တယောက်တပေါက် ဖြစ်ကုန်ကြလေသည်။

"ပထမဆုံး အခွေထဲမှာ ပါတဲ့ Kira သတ်မယ်ဆိုတဲ့ လူတွေဟာ အမျိုးသမီး မဂ္ဂဇင်းတွေနဲ့ နေ့ခင်းပိုင်း လွှင့်တဲ့ အစီအစဉ်တွေမှာပဲ ပါတဲ့ အမှုသေးတရားခံတွေဖြစ်နေတယ်။ တကယ့် Kira အစစ်အတွက် အဲလောက် အမှုသေးသေး တရားခံတွေ မလိုဘူး။ ခက်တာက ဒုတိယ Kira ဟာ လူသတ်ပြရမှာ ဖြစ်တဲ့အတွက် Kira အစစ် သတ်ပစ်နိုင်တဲ့ တရားခံတွေကိုလည်း သုံးလို့မရဘူး။ တော်ကြာ သူသတ်မယ်လို့ ပြောထားပြီးမှ Kira အစစ်က အရင်သတ်သွားရင် ဒုက္ခရောက်တော့မှာကိုး"

"ဒီတယောက် ဒုတိယ Kira ဖြစ်ဖို့ရော ဘယ်လောက် သေချာသလဲ"
ရဲချုပ်ကမေးတော့

"ဒီတခါတော့ ၇၀ ရာခိုင်နှုန်းလောက်ကို သေချာတယ် ရဲချုပ်။ သူ လုပ်ပုံကိုင်ပုံတွေကို မကြိုက်ဘူး။ Kira နဲ့လုံးလုံး မတူဘူး"

"ဘယ်လို မတူတာလဲ"

"အခုအချိန်ထိ Kira ဟာ သူ့ကို ဖမ်းဖို့ ကြိုးစားနေတဲ့လူတွေက လွဲလို့ တခြားအပြစ်မဲ့တဲ့လူတွေကို မသတ်ခဲ့ဘူး။ အခုတယောက်ကတော့ လွှတ်သတ်နေတာပဲ။ ဒီတယောက်ကိုမိရင် နောက်တယောက်ကို မိဖို့လည်း သဲလွန်စတွေရမယ်လို့ ကျနော်ထင်တယ်။ ရဲချုပ်ခင်ဗျား၊ ရဲချုပ်ရဲ့သားကို ကျနော်တို့နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ခေါ်ရင် ဖြစ်မလား"

"ဒါဟာ သူ့ကို လုံးလုံး သံသယကင်းလို့ပြောတာလို့ ကျုပ်ယူဆရမှာလား"

"မဟုတ်ပါဘူး။ ကျနော် အဲလို မဆိုလိုဘူး။ ဒါပေမယ့် သူတွေးပုံခေါ်ပုံ တော်တော်ကောင်းတယ်လို့တော့ ကျနော်ထင်တယ်"

"ထားပါတော့လေ။ ကျုပ်သားက လက်ခံမယ်ဆိုရင်တော့ ကျုပ်တားစရာအကြောင်း မရှိပါဘူး"

"ကျေးဇူးတင်ပါတယ် ရဲချုပ်။ တခုတော့ မှာထားပါရစေ။ ဒီKiraဟာ အတုလို့ ကျနော်တို့ ယူဆထားတယ်ဆိုတာကို သူမသိပါစေနဲ့။ တကယ့် Kira ကိုလိုက်နေတယ်ဆိုတဲ့ ပုံစံမျိုးပဲ အားလုံးနေပေးကြပါ"

ဈေးတန်းလေးတခု၏ အထက်တွင် သေမင်း Rem ပျံဝဲလိုက်ပါလာနေသည်။ အောက်ဖက်တွင် လမ်းလျှောက်နေသူကား ရုပ်ဖျက်ထားသော မိန်းမငယ်တယောက်။

"ဟေ့ Misa (မီစာ) မင်းကို ငါ သေမင်းစာအုပ်ပေးလိုက်တာ ဒီကိစ္စတွေ လုပ်ဖို့ မဟုတ်ဘူးကွ။ ကိုယ့်ကိစ္စကိုယ် သုံးပါလား"
သေမင်းက လှမ်းပြောလိုက်သည်။

"ဒါလည်း ကိုယ့်ကိစ္စကိုယ် သုံးနေတာပါပဲ။ Kira လုပ်တာတွေကို ကျမ သဘောတူတယ်။ ပြီးတော့ Kira ကိုလည်း တွေ့ချင်တာကိုး။ စကားတွေလည်း ပြောချင်သေးတယ်။ အဲဒါတွေကြောင့်သာ TV ရုံးကို အခွေတွေပို့လိုက်တာပေါ့။ ကျမ ရှိနေတယ်ဆိုတဲ့အကြောင်း Kira သိစေချင်တယ်လေ။ ခုဆို Kira ကျမလုပ်ရပ်တွေကို သတိထားနေမိလောက်ပြီ"

"မင်း လုပ်နေတာတွေ ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ သိရဲ့လား။ မင်း သေသွားနိုင်တယ်နော်"

"အို ကျမ ဘာမှ မဖြစ်နိုင်ပါဘူး။ Kira က စိတ်နှလုံးကောင်းရှိတဲ့လူတွေကို မသတ်ပါဘူး။ တကယ်လို့ အခြေအနေတွေဆိုးလို့ သူသေကိုယ်သေ ဖြစ်လာပြီဆိုရင်တောင် ကျမက သေမင်းမျက်လုံးနဲ့ပဲ။ သူ့ထက်ပိုစွမ်းတယ်လေ"

No comments:

Post a Comment