စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၆)

လူပြတ်လတ်သည့် သစ်တောအုပ်တနေရာဝယ် သေမင်း Rem၊ သေမင်း Ryuk နှင့် Light တို့ သုံးဦး ရှိနေကြသည်။

Rem ၏လက်ထဲသို့ သေမင်းစာအုပ်ထည့်ပေးလိုက်ပြီး Light ပြောလိုက်သည်။
"ကျုပ် ဒီသေမင်းစာအုပ်ကို စွန့်လွှတ်လိုက်တယ်"

"မင်းကိုပဲ အားကိုးရတော့မှာပဲ။ Misa ကိုဂရုစိုက်ပါ"
Rem ကပြောလိုက်ပြီး လေပေါ်ပျံတက် ထွက်ခွာသွားလေ၏။

Rem တဖြည်းဖြည်း ဝေးဝေးပြီး ပျောက်သွားသည်အထိ Light ငေးကြည့်နေမိသည်။
..... ထင်တဲ့အတိုင်းပါပဲ။ Rem ရဲ့ စာအုပ်ကို စွန့်လွှတ်လိုက်ပေမယ့် Ryuk ရဲ့စာအုပ် ရှိနေသရွေ့ Rem ကိုလည်း ငါမေ့မသွားဘူး။ ဒါပေမယ့် Rem အခုကိစ္စတွေဟာ ခင်ဗျား လူ့ပြည်ကို သေမင်းစာအုပ် နောက်တအုပ် ယူလာတာကြောင့်ဖြစ်ရတာဗျ .....

"မင်းတကယ်ဆုံးဖြတ်ပြီးပြီလား Light"
Ryuk က မျှော်လင့်တကြီးမေးလေသည်။

"ဆုံးဖြတ်ပြီးပြီ"

"ဟာကွာ.. ငါ့သေမင်းစာအုပ်ကို ဒီလို လူပြတ်ပြတ်နေရာတခုမှာ လွှင့်ပစ်ခံရလိမ့်မယ်လို့ ငါတခါမှ မစဉ်းစားမိဘူးကွ။ မင်း မပစ်လို့ မရဘူးလား"

"ဒီမှာ Ryuk ခင်ဗျား သေချာနားထောင်စမ်းပါ။ ခုလောလောဆယ် စာအုပ်ကို ပစ်လိုက်တာ မဟုတ်သေးဘူးဗျ။ ဖွက်ရုံလေး ဖွက်ထားမှာ။ အဲ..တကယ်လို့ နောက်တခေါက် ကျုပ်ပါးစပ်က 'လွှင့်ပစ်' ဆိုတဲ့စကားလုံး ထွက်လာတယ်ဆိုရင်တော့ အဲဒီအချိန်ဟာ ကျုပ်တကယ် သေမင်းစာအုပ်ကို စွန့်လွှတ်လိုက်တဲ့အချိန်ပဲ။ ကျုပ်ပြောတဲ့စကားရဲ့ ဘယ်နေရာမှာပဲပါပါ၊ စကားက တခြားဘယ်အဓိပ္ပာယ်ပဲဖြစ်ဖြစ်၊ အဲဒီစကားလုံးပါရင် ကျုပ် သေမင်းစာအုပ်ကို စွန့်လွှတ်တာနော်"

"အေး..ပြီးရော"

Misa ကို ချုပ်ထားသည့်အခန်းတွင်

Rem ထွက်သွားကတည်းက အိပ်ပျော်သွားသည့် Misa လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
"ဟေး..ဟေး..ဘယ်ရောက်နေလဲ။ ရှင် ကျမနောက်က အမြဲလိုက်ချောင်းနေတဲ့လူမဟုတ်လား"
ချိုချိုလွင်လွင် အသံလေးနှင့် အော်နေလေ၏။ သူ Kira ဘ၀ကို လုံးဝ မှတ်မိချင်းမရှိတော့ပြီလေ။

TV ရှေ့မှ L ဆတ်ကနဲ့ ခေါင်းထောင်လာသည်။

"ဟိတ်...တော်ပါပြီ။ မနောက်ပါနဲ့တော့"
Misa ဆက်ပြီး ပြောနေသည်။ သူ့အသံက တယောက်ယောက်နှင့် စနောက်နေသည့် အသံမျိုး။

စုံစမ်းရေးမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။
"ဟင်.. သူဘာတွေ ပြောနေတာလဲ"

"အေးလေ.. ရုတ်တရက်ကြီး သူ့ပြောပုံ ဆိုပုံတွေ လုံးလုံးပြောင်းသွားပါလား"

"ဟိတ်..ဒီမှာ ကိုယ်တော်ရဲ့။ မိန်းကလေးတယောက်ကို ဒါမျိုးချုပ်ပြီး အနိုင်ကျင့်တယ်ဆိုတာ ပြစ်မှုအကြီးကြီးနော်။ လွှတ်ပေးတော့ကွာ"
Misa ၏စကားလုံးများက စုံစမ်းရေးမှ လူများကို နားလည်ရခက်စေသည်။

"ဘယ်လိုလဲကွ။ နိုးကတည်းက ဒါတွေချည်းပဲ စွတ်ပြောနေပါလား"

"ဟွန်း..ဒါမျိုးတွေလုပ်ပြီး အပြစ်မရှိဟန်ဆောင်နေတာပါ။ ဒီလိုအချိုးနဲ့ မလှိမ့်တပတ်လုပ်လို့ရမယ် ထင်နေသလားမသိ"

Misa ကတော့ သူ့ဟာသူ ဆက်နေလေ၏။
"ကဲကဲ..ရှင် ဆက်ပြီး နောက်ချင်သေးလည်း နောက်ပေါ့။ ဒီလိုလုပ်၊ ကျမ မျက်စိတွေကို ဖုံးထားတဲ့ အ၀တ်ကြီးတော့ ဖြုတ်ပေးလေ။ ကျမလည်း ရှင့်ကို တွေ့ချင်တာပေါ့လို့"

L တခုစဉ်းစားမိပြီး Mogi ဆီဖုန်းလှမ်းဆက်ကာ
"Mogi ခင်ဗျား Misa ကိုဖမ်းတုန်းက ဒုတိယKira အဖြစ် မသင်္ကာမှုနဲ့ ဖမ်းတာလို့ ပြောပြီးမှ ဖမ်းတာမဟုတ်လား"

"အင်း ပြောတယ်။ သူ့ပါးစပ်နဲ့ မျက်စိကို နောက်ကနေ အ၀တ်နဲ့အုပ်ပြီးမှ ပြောပြီးဖမ်းတာ။ သူကောင်းကောင်းကြားပါတယ်။ လက်ထိပ်ခတ်တော့လည်း မငြင်းဘူး။ အဲဒီတုန်းက သူ့ကြည့်ရတာ လုံးဝ စိတ်လျှော့လိုက်တဲ့ပုံပဲ"

သို့သော် Misa ပြောနေသည့် စကားလုံးများကား
"ကျမ ရှင့်ကို လက်မှတ်တွေလည်းထိုးပေးမယ်၊ လက်ဆွဲလည်း နှုတ်ဆက်မယ်။ အို.. ပါးကိုပါ မွှေးမွှေးပေးပါ့မယ်ရှင်။ လွှတ်ပေးပါတော့။ ကျမ ထွက်လည်းမပြေးပါဘူး"

..... သူနဲ့ ငါနဲ့ ဒုတိယ Kira ဟုတ်မဟုတ်ဆိုတာတွေ ပြောနေခဲ့တာပဲ။ ဘာလို့အခု ဒါတွေရှောက်ပြောနေတာလဲ ......
တွေးရင်း L လှမ်းပြောလိုက်သည်။
"မင်း အရင်ကတော့ ငါတို့မေးသမျှကို ငြင်းပြီး 'ကျမကို သတ်ပါ' ဘာညာတောင်ပြောနေပြီးတော့ ဘာလို့ ခုမှ ပေါက်ကရလေးဆယ် လျှောက်ပြောနေရတာလဲ"

"ရှင်..ဘာတွေ ပြောနေတာလဲ။ ကျမ ကိုအလစ်ဖမ်းချုပ်ပြီး ရှင်ပဲ ခေါ်လာတာမဟုတ်ဘူးလား။ သြော်...သိပြီ.. ဘာလဲ..ရှင်က စုံထောက်ကြီးပုံစံနဲ့ 'Misa စစ်ဆေးရေး' တွေဘာတွေ ဆော့ချင်တယ်ပေါ့လေ"

စုံစမ်းရေးမှ လူများ မျက်လုံးများပြူးကာ မျက်နှာများပင်ပူလာသည်။
"မင်းကိုဘာလို့ ဖမ်းချုပ်ထားလဲ သိရဲ့လား"

"ဘာကြောင့်လဲ...Misa က နာမည်ကြီးမို့လို့ပေါ့ရှင့်"
L ၏အမေးကို Misa က အေးအေးပင် တုံ့ပြန်လိုက်သည်။

"ဒါပေမယ့်ရှင်.... ကျမကို ခုလောက် လုပ်ထားတာတော့ ရှင် ပထမဆုံးပဲ သိလား"

Misa စကားအဆုံးတွင် စိတ်မထိန်းနိုင်တော့သည့် Matsuda က အော်လိုက်တော့သည်။
"ကောင်မ! မင်း လုပ်ဇာတ်တွေ ရပ်လိုက်စမ်း!!!!"

ထိုအခါမှ Misa ဆတ်ကနဲ တုန်သွားအောင်ပင် လန့်သွားရှာသည်။
"ရှင်...ဘာတွေဖြစ်နေတာလဲဟင်...ကျမကြောက်တယ်..လွှတ်ပေးကြပါ!! လွှတ်ပေးကြပါ!!"

L တို့တသိုက်ကား ဘာကို ယုံလို့ယုံရမည်မသိ။

"လွှတ်ပေးကြပါဆို။ ဒီမှာ ကျမ အိမ်သာသွားချင်လာပြီရှင့်"

"ခုနလေးကပဲ မင်းအိမ်သာသွားထားတာကွ၊ မသွားရဘူး"

"ဘာရယ်!! မသွားရဘူးဆိုရင် ဒီတိုင်း ပေါက်ချလိုက်ရမှာလား! သြော်..လက်စသတ်တော့ ရှင်က ကျမ ရွှဲရွှဲစိုသွားတာကို ကြည့်ချင်တယ်ပေါ့။ နှာဘူးကြီး!! တဏှာရူးကြီး!!"

L အကြီးအကျယ် စိတ်ညစ်သွားပြီး နည်းနည်းလျှော့ပေးလိုက်ပြီး
"Amane .. ငါတို့ စကားကောင်းတွေပဲ ပြောကြရအောင်ကွာ။ ငါမေးတာ ဖြေစမ်းပါ။ မင်း Yagami Light ကို သိလား။ သိရင် မင်းတို့နှစ်ယောက် ဘယ်လို စသိခဲ့ကြတာလဲ"
ပျော့ပျော့ပြောင်းပြောင်း မေးလိုက်လေသည်။

"ကိုယ့်ရည်းစားကိုယ် မသိဘဲ နေမလားရှင့်"
Misa ၏အဖြေကို ကြားရသည်နှင့် L ခေါင်းရှုပ်ရပြန်ပြီ။
... ဟူး..အရင် နေ့တွေကတော့ ဘာမေးမေး ၀န်မခံဘူး။ ခုတော့ ဟိုကောင့်ကို သူ့ရည်းစားပါလို့ မမေးဘဲနဲ့တောင် ထုတ်ပြောနေပြန်ပြီ။ ဘာတွေဖြစ်ကုန်တာလဲ ........

ထိုစဉ်မှာပင် L ဆီသို့ Light ထံမှ ဖုန်းဝင်လာပြီး စုံစမ်းရေးအဖွဲ့ထံ လာခွင့်တောင်းလေသည်။ Misa နှင့်ပြောဆိုနေမှုများအားလုံးရပ်၊ TV ပိတ်ပြီး Light ကိုစောင့်နေကြတော့သည်။

L ရောက်လာသောအခါ
"Ryuzaki.. ငါ မင်းကို ဖုန်းထဲမှာ ပြောခဲ့တဲ့အတိုင်းပဲ။ ငါ Kira ဖြစ်နေနိုင်တယ်"

ရောက်ရောက်ခြင်း မဆိုင်းမတွ ပြောလိုက်သည့် စကားကြောင့် ရဲချုပ် အကြီးအကျယ်ထိတ်လန့်သွားပြီး
"Light..မင်းရူးနေပြီလား။ ဘာတွေပြောနေတာလဲ!! ဘာဖြစ်လာတာလဲ!! ပြောစမ်း...မင်း အဖေ့ကို ပြောစမ်းပါ!!"
Light ၏ပခုံးကို ဆွဲခါလှုပ်ယမ်းရင်း ပြောနေလေတော့သည်။

L မှာလည်း
.... မင်းဟာ Kira ပါဆိုတာ ငါ့မှာ ဘာသက်သေမှ မရှိဘူး။ ဒါပေမယ့် 'ငါ Kira ဖြစ်နိုင်တယ်' လို့ပြောတာကတော့ ဟန်ဆောင်တာပဲ။ ဖြစ်နိုင်တာ မဟုတ်ဘူး ဟေ့ကောင် ဖြစ်နေတာကွ။ မင်း ဘာရည်ရွယ်ချက်နဲ့ ခုလို လုပ်နေတာလဲ .......

"အဖေ..L ဟာ ကမ္ဘာပေါ်က အကောင်းဆုံး စုံထောက်တယောက်ဆိုတာ လူတိုင်းအသိပဲ။ အဲဒီ L က ကျနော့်ကို Kira ပါလို့ ယူဆနေတယ်ဆိုရင် ကျနော် Kira တကယ်ဖြစ်နေလို့ နေမှာပေါ့"

"Light ရာ..မဟုတ်တာတွေကွာ"
ရဲချုပ်က အားမလို အားမရ ပြောရှာသည်။

"FBI agent Ray Penbar သေတဲ့အချိန်အထိ စုံစမ်းခံခဲ့ရတဲ့လူ၊ Aoyama မှာ မေ ၂၂ တုန်းက ရှိနေခဲ့တဲ့လူ၊ နောက်ပြီး ဒုတိယ Kira ပါလို့ သံသယမှုနဲ့ အဖမ်းခံထားရတဲ့ Amane Misa ရဲ့ချဉ်းကပ်မှု ခံရတဲ့လူ၊ အားလုံးဟာ သားဖြစ်နေတယ်လေ အဖေ။ သားသာ L နေရာမှာဆိုလည်း Yagami Light ဟာ Kira ပါလို့ ဆုံးဖြတ်မှာပါပဲ။ တခုရှိတာကတော့ သားကိုယ်သား မသိလိုက်ဘဲနဲ့ Kira အလုပ်တွေလုပ်နေတာ ဖြစ်နိုင်တယ်"
Light က အလွန်စိတ်မကောင်းဖြစ်နေသည့်ပုံဖြင့် ခေါင်းငိုက်စိုက်ချကာ ပြောနေတော့၏။

L က Light ကိုစိုက်ကြည့်နေရင်း
.... အောင်မယ်.. သူ့ကိုယ်သူ မသိလိုက်ဘဲနဲ့ တဲ့။ လာ လာချည်သေး......

Light က ဆက်ရေရွတ်နေလေသည်။
"ကိုယ့်ကိုယ်ကိုတောင် နားမလည်တော့ပါဘူး အဖေရာ။ ကျနော် အိပ်ပျော်နေတဲ့အချိန်တို့ ဘာတို့မှာ လူတွေ သတ်မိနေလားမှ မသိတာ"

"အဲဒီလိုတော့ မင်းမသတ်ဘူးကွ"
L ဖြတ်ပြောလိုက်တော့

"ဘာရယ်"
Light ပင်ကြောင်သွားသေးသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအခန်းထဲမှာ ကင်မရာတွေဆင်ပြီး ငါတို့ ၅ ရက်တိတိ စောင့်ကြည့်ခဲ့ဖူးတယ်"

"ကင်မရာတွေ!"
Light က အလွန်အံ့သြသွားဟန်နှင့် ပြောလိုက်သည်။

"အေး။ မင်း ညဘက်အိပ်တာ ပုံမှန်ပါပဲ။ ဒုစရိုက်သမားတွေရဲ့ သတင်းတွေကို မင်းမတွေ့ဘဲ သူတို့တွေ ဆက်သေနေကြလို့ ကင်မရာတွေကို ငါပြန်ဖြုတ်ခဲ့တယ်။ အနည်းဆုံး မင်းဟာ Kira ဖြစ်နေတယ်ဆိုရင်တောင် ကင်မရာပေါ်မှာတော့ အပြစ်ကင်းအောင် နေနေတယ်လို့ ငါယူဆခဲ့တာပဲ"

"ဟင်..'မင်းဟာ Kira ဖြစ်နေတယ်ဆိုရင်တောင် အပြစ်ကင်းအောင်နေတယ်' ဟုတ်လား။ အေး ဖြစ်နိုင်ပါတယ်လေ။ အမှန်အတိုင်းပြောရရင် တချို့လူဆိုးတွေ သေသွားတာမှ ကောင်းသေးတယ်လို့တော့ ငါမကြာမကြာ စဉ်းစားမိတယ်ကွ။ ဒီလို အတွေးအခေါ်မျိုး ရှိတဲ့လူ ဘယ်သူမဆို Kira ဖြစ်နိုင်တာပေါ့"
စိတ်ပျက်နေသော လေသံဖြင့် Light ကပြောလိုက်တော့

"ဟ..ငါလည်း ဒီလိုပါပဲ Light ရ။ တချို့ကောင်တွေ သေတာအေးတယ်လို့ ငါလည်း တွေးမိတာပါပဲ။ ဒါပေမယ့် အဲလို တွေးမိတိုင်းတော့ ငါတို့ လူလိုက်သတ်နေတာမှ မဟုတ်တာပဲကွ။ နောက်ပြီးတော့ မင်းမသိလိုက်ဘဲနဲ့ သေကုန်ကြတယ်ဆိုတာလည်း ကင်မရာတွေ သက်သေရှိတယ်လေ"
Matsuda က ၀င်ရောက်ပြောလာသည်။

သို့သော် Aizawa ကလက်မခံ။
"မဟုတ်သေးဘူး။ အဲဒီတုန်းက စောင့်ကြည့်တယ်ဆိုတာ သူ့အိမ်တွင်း လှုပ်ရှားမှုပဲ စောင့်ကြည့်နိုင်တာ။ အဲဒီ ၅ ရက်လုံးမှာ ၂၄ နာရီလုံး လိုက်ကြည့်နေခဲ့တာမှ မဟုတ်တာ။ အိမ်ထဲမှာ မရှိတဲ့အချိန်တွေမှာ တနည်းနည်းနဲ့ လူတွေ သတ်လို့ ရနေတာပဲ"

L ကဘာမှ ၀င်မပြောသေးသော်လည်း သူ့ဦးနှောက်မှာတော့ အလုပ်များလျက်။
.... ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ မင်း တွက်ထားခဲ့ရဲ့လား Light။ အင်း..ဒီကောင့်ကို Misa လိုမျိုး ရေရှည်ချုပ်ထားပြီး အဲဒီလို ချုပ်ထားတဲ့အချိန်မှာ လူတွေဆက်သေနေခဲ့ရင် သူဟာ Kira မဟုတ်ပါဘူးလို့ သက်သေပြပြီး ဖြစ်သွားမှာပေါ့။ မင်း ဒီလို ကြံစည်ခဲ့တာလား Light ....

"အခု ပြောဆိုနေကြတဲ့ စကားအသွားအလာတွေကို ကျနော် သိပ်သဘောမကျဘူး။ ဒါပေမယ့် သူပြောတာကို ကျနော်လက်ခံတယ်။ Yagami Light ကို ရေရှည် ချုပ်ထားမယ်"
L အေးဆေးတည်ငြိမ်စွာ ပြောလိုက်တော့၏။

"ဘာရယ်!"
ရဲချုပ် လန့်သွားလေပြီ။

"လုပ်မယ်ဆိုလည်း အခုလုပ်မှ။ Light ကို မျက်စိအောက်က မလွတ်တမ်း စောင့်ကြည့်နေရမှ ဖြစ်မယ်"
L က သေသေချာချာ ထပ်ပြောလိုက်သည်။

"ဟာ..အဓိပ္ပာယ်မရှိတာ။ ငါ့သားဟာ ဘယ်နည်းနဲ့မှ Kira မဖြစ်နိုင်ဘူးကွ!"
ရဲချုပ်ကား မကျေနပ်။

"ထားလိုက်ပါ အဖေ။ သားကိုယ်သားတောင် Kira ဟုတ်မဟုတ် မသိတာ။ သား Kira ကိုဖမ်းဖို့ မဖြစ်နိုင်ဘူး။ L တခုပြောထားမယ်။ ဘာပဲဖြစ်ဖြစ်၊ ငါဘာပဲပြောပြော မင်းစိတ်ထဲမှာ ငါ Kira မဟုတ်ဘူးလို့ မသေချာဘဲနဲ့ လုံးဝ လွှတ်မပေးပါနဲ့"

"စိတ်ချ ဟေ့ကောင်။ ရဲချုပ် ခင်ဗျာ.. Light အိမ်ကနေ အကြာကြီး ပျောက်နေမယ့်ကိစ္စအတွက် အကြောင်းတခုခုရှာပြီး ရဲချုပ်မိသားစုကို ပြောထားပေးပါ"

L ကတောင်းဆိုသော်
"ဟ..ငါက ငါ့သားကို ဘာကြောင့် အချုပ်ထဲပို့ထားရမယ်ဆိုတာတောင် နားမလည်တာ ဘာကိစ္စ မင်းပြောတာတွေ လုပ်ရမှာလဲ"
ရဲချုပ်ကား ဒေါအပွကြီး ပွနေပေပြီ။

"အဖေက ခေါင်းမာနေတာကိုး။ သားကိုယ်သား Kira မဟုတ်ပါဘူးလို့ သေချာဖို့ ဒီတနည်းပဲ လုပ်စရာရှိတာပါ"

"မင်း တကယ်ပြောနေတာလား Light"
ရဲချုပ်က မယုံကြည်နိုင်စွာ မေးလေသည်။

"တကယ်ပါ။ Kira သား ကိုယ်ထဲမှာများ ရှိနေမလားဆိုတဲ့ အတွေးကြီးကို ဒီနည်းနဲ့ပဲ ဖယ်ရှားလို့ရမှာ"

ထို့နောက်တွင်ကား Light အား လက်ထိတ်ခတ်၊ မျက်လုံးများကို အ၀တ်စည်းကာ Aizawa တာဝန်ယူ၍ ခေါ်သွားလေပြီ။

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်
သေဆုံးရန် အချိန်နှင့် သေဆုံးရမည့် အခြေအနေတို့ကို ပြောင်းလဲခွင့်ရှိသည်။ သို့သော် သေဆုံးရမည့်သူကိုကား ပြောင်းလဲခွင့်မရှိချေ။

သေမင်းစာအုပ်ကို ပျောက်ဆုံးသွားလျင်သော်လည်းကောင်း၊ ခိုးယူခံရလျင်သော်လည်းကောင်း၊ ရက်ပေါင်း ၄၉၀ အတွင်းပြန်လည် မရယူနိုင်ပါက သေမင်းစာအုပ်ပိုင်ဆိုင်ခွင့် ပျက်ပြယ်သည်

No comments:

Post a Comment