စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၅.၂)

ဖုန်းခေါ်နေသည့် အသံနှင့်မရှေးမနှောင်းမှာပင် နောက်ဘက်ခပ်လှမ်းလှမ်းမှ သီချင်းသံတခု Light ကြားနေရသည်။ သူလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းတွင် သီချင်းသံမြည်နေသော ဖုန်းကို မကိုင်သေးဘဲ လေထဲမြှောက်ထားရင်းကြည့်နေသော L ကို ကျောဘက်မှတွေ့ရသည်။

Light မရေမရာနှင့် ကြည့်နေစဉ်မှာပင် L ကဖုန်းကို ကိုင်လိုက်သည်။
"ဟဲလို"

L ၏အသံသည် Misa ပေးထားသောဖုန်းထဲမှ ထွက်လာ၏။
Light အသံမာမာနှင့် ပြောလိုက်၏။
"မင်းက ဘာ'ဟဲလို'တာလဲ"

"ဟာ..ခုနကဗျာ လူတွေရုန်းရုန်း ရုန်းရုန်းနဲ့ ရှုပ်နေတုန်း တယောက်ယောက် ဖုန်းပြုတ်ကျသွားတယ်နဲ့တူတယ်ဗျ။ အဲဒါနဲ့ ကျနော် ကောက်ထားလိုက်တာပါ"
L က တည်တည်ငြိမ်ငြိမ် ရှင်းပြလေသည်။ သူစကားပြောပုံက တဖက်လူကို Light မှန်းပင် မသိသည့်ပုံ။

..... တောက်၊ လက်စသတ်တော့ ခုနက Misa ကိုသွားကိုင်တာ ဒီကောင် နှာထတာ မဟုတ်ဘူးဘဲ။ ဖုန်းသွားနှိုက်လိုက်တာကိုး ......

"ဟဲလို ဟဲလို.. ဖုန်းကိုင်ထားသေးရဲ့လားဗျ"
L ကဆက်ပြောနေတော့မှ

"ဟေ့ကောင် အဲဒါ Misa ဖုန်းကွ။ ငါပြန်ပေးလိုက်မယ်"
ပြောဆိုပြီး Light က L ထံပြန်လျှောက်သွားလိုက်သည်။

"သြော်..ဟုတ်လားကွ။ အေးအေး"
အံ့သြသယောင်နှင့် ပြောရင်း L ဖုန်းချလိုက်၏။

ပြီးသည်နှင့် နောက်ကိုလှည့်ကာ Light အားဖုန်းပေးပြီး ပြန်လှည့်ထွက်သွားလေသည်။

..... မင်းကတော့ ငါ့ကို နောက်တခေါက် ကျောလိုက်နိုင်ပြန်ပြီလို့ ထင်နေမှာပေါ့ကွ။ ဒါပေမယ့် Misa မှာ နောက်ဖုန်းတလုံး ရှိနေသေးတယ်ကွ ....
Light တယောက်တည်း ကျိတ်ကျေနပ်ရင်း Misa ၏နောက်ဖုန်းတလုံးကို ခေါ်ရန် ဟန်အပြင်တွင်

'တီတီတီ တီတီတီ'
ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသောL ဆီမှ ဖုန်းသံထွက်လာ၍ Light ရပ်ကြည့်နေလိုက်သည်။

"ဟဲလို.. ဟုတ်လား....ကောင်းတယ်.... ဒီကိစ္စတော့ အဆင်ပြေသွားပြီပေါ့...ဟုတ်ကဲ့"
ဖုန်းချပြီး Light ဘက်သို့လှည့်ကာ

"Light မင်းအတွက် သတင်းကောင်းနဲ့ သတင်းဆိုးနဲ့ပဲကွ။ Amane Misa ကို ဒုတိယKira လို့သံသယဖြစ်နိုင်ခြေရှိမှုနဲ့ ဖမ်းလိုက်ပြီ"

L ၏စကားလုံးများကား Light အားအရှိုက်ကို လက်သီးနှင့်ထိုးခံလိုက်ရသည့်ပမာ။
.... ဟာ! ဒီကောင် ဘယ်တုန်းကတည်းက Misa ကို သံသယ ရှိနေခဲ့တာလဲ။ သူ ဒီလောက်မြန်မြန် အဖမ်းခံရတာ မယုံနိုင်စရာပဲ ...

"ဒီလိုကွ။ ဒုတိယ Kira ဟာ video အခွေတွေကို Misa ရဲ့အခန်းကနေ စာတိုက်ကို ပို့တဲ့အချိန်မှာ ငါတို့အတွက် သဲလွန်စတွေ အများကြီး ပါလာတယ်။ စာအိတ်ကပ်တဲ့ Tape တွေမှာ ဆံပင်တွေ၊ အ၀တ်စလေးတွေ၊ မုန့်ခြောက်ဖတ်လေးတွေ၊ ငြိပါလာတယ်ကွ။ အဲဒီဟာလေးတွေကနေ ဓာတ်ခွဲစမ်းသပ်ပြီး လိုက်လိုက်တော့ Misa ဆီရောက်လာတာပေါ့။ သူဟာ ဒုတိယKira ဖြစ်နိုင်တဲ့အတွက် ဖမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်ရင်တော့ လူတွေ ပွက်လောရိုက်ကုန်မယ်။ အဲဒီတော့ သူ့မန်နေဂျာဆီမှာ မူးယစ်ဆေးတွေ့ရှိမှုအတွက် မေးခွန်းမေးဖို့ ခေါ်ထားတယ်လို့ပဲ သတင်းထုတ်မယ်"

..... ငါ အသုံးမကျတာ။ သူ့ကို video တွေပို့ခိုင်းတဲ့အချိန်တုန်းက ဘာတွေဘာတွေ သတိထားဆိုပြီး ငါသေချာ မှာလိုက်သင့်တယ်။ ဘာသဲလွန်စမှ ပါမသွားအောင် သေချာ လုပ်ခိုင်းခဲ့သင့်တယ်။ နောက်ဆုံးတော့ ပုန်းနေမယ့်အစား ငါ့နားမှာ အတင်းကပ်နေနိုင်ခဲ့တဲ့အတွက် L ဟာ သူ့ကိုယ်သူ ကာကွယ်ပြီးသား ဖြစ်သလို၊ အမှုပါ ဖော်လိုက်နိုင်တာပဲ။ ဒီပွဲမှာ ငါရှုံးသွားပြီ၊ ရှုံးသွားပြီ .......
Light တွေးရင်း စိတ်ဓာတ်ကျလေပြီ။

သို့သော် သူတခု တွေးလိုက်မိသည်။
...... ဟာ နေပါဦး။ မရှုံးသေးပါဘူး။ ဟားဟား.. ခုမှ ပွဲက စမှာပါကွ L ရာ .......

L ဟိုတယ်သို့ ပြန်ရောက်ရောက်ချင်း Misa ထံမှ စစ်ချက် ရ၊ မရ Watari ထံလှမ်းမေးလိုက်သော် Misa ဘာမှ မဖြေသေးကြောင်း သိရ၏။

Misa ကိုချုပ်ထားသည့် အခန်းတွင်းသို့ သူတို့ TV မှလှမ်းမြင်နေရသည်။ စုံစမ်းရေး အဖွဲ့ဝင်များသည် မြင်နေရသည့် ပုံရိပ်ကို ကြည့်ရင်း အလွန်အမင်း အံ့သြသွားကြ၏။ Misa ကား
အုတ်နံရံနှင့်ကပ်လျက် ထောင်ရက် သံဘောင်ကြီး နှစ်ခုကြားတွင် မတ်တပ်အနေအထားအတိုင်း Misa ကိုချုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင် သားရေကြိုးများစွာ သိုင်းလျက်၊ လက်များ ခြေထောက်များပါ စည်းနှောင်ခံရလျက်၊ မျက်စိနှစ်လုံးကိုလည်း အုပ်ထားသည့်အပြင် မှန်အမည်းကြီးနှင့် မျက်စိရှေ့တည့်တည့်တွင် ကာလျက်၊ ပြင်းထန်သော မီးလုံးများနှင့်လည်း သူ့တည့်တည့်ကို ထိုးထားလျက်။

"L မင်းဘယ်လို လုပ်လိုက်တာလဲ"
ရဲချုပ်က ဒေါသတကြီးမေးတော့

"သူဟာ ဒုတိယ Kira ဖြစ်နိုင်လို့ ဖမ်းထားတာလေ ရဲချုပ်။ ဒီလောက်တော့ လိုရမယ်ရ ချုပ်ထားမှ ဖြစ်မှာပေါ့ဗျာ"
L တည်တည်ငြိမ်ငြိမ် ပြန်ဖြေပေမယ့် ရဲချုပ်က မတည်ငြိမ်နိုင်။

"Amane Misa ရဲ့အခန်းကို စစ်ဆေးချက်အရ သူ ဒုတိယ Kira ဖြစ်နိုင်တယ်ဆိုတဲ့ စွဲချက်အတွက် လုံလောက်တဲ့ သဲလွန်စတွေရှိတာမှန်တယ်။ ဒါပေမယ့်ကွာ.. ဒီလောက်ကြီးကတော့.."

ရဲချုပ်၏ စကားမဆုံးမီ L ကဆက်ပြောသည်။
"ဟုတ်တယ် သူပဲ ဆိုတာသေချာတယ်။ အဲတော့ အခု သူ လူတွေကို ဘယ်လိုသတ်ခဲ့တယ်ဆိုတဲ့ ၀န်ခံချက်ရမှ ဖြစ်မယ်။ ပြီးတော့ သူနဲ့ Kira သိသလားဆိုတာရယ်၊ သိတယ်ဆိုရင် Kira ဘယ်သူလဲဆိုတာရယ်၊ အားလုံး ရအောင် မေးရမယ်"
ပြောပြီးသည်နှင့် microphone ထဲသို့ လှမ်းပြောပြန်သည်။
"Watari သူ့ဆီက အဖြေတခုခုရဖို့ ဘာလုပ်ဖို့လိုလို လုပ်သာလုပ်ဗျာ"

"အေး..စိတ်သာချ"
Watari ကပြန်ဖြေလိုက်သည်။

"ရဲချုပ်ခင်ဗျား။ ရဲချုပ်ရဲ့သား Light ကိုလည်း Kira အမှုနဲ့ပတ်သက်ပြီး ခေါ်စစ်ရလိမ့်မယ်ဆိုတာ ခေါင်းထဲကြိုထည့်ထားစေချင်ပါတယ်"

၃ ရက်ကြာသော်
Misa စကားပြောနေသည်ဟု Watari သတင်းပို့လာသောကြောင့် စုံစမ်းရေးမှလူများ အပြေးအလွှား TV ဖန်သားပြင်ရှေ့ရောက်လာကြသည်။ Misa ကား အရင်နေ့များကအတိုင်း မတ်ရပ်အနေအထားတွင် မလှုပ်မရက် အချုပ်ခံရလျက်။

"ကျမ ဘယ်လိုမှ မခံနိုင်တော့ဘူး။ ကျမကို သတ်လိုက်ပါတော့"

ကြားလိုက်ရသည့်စကားများကြောင့် L တို့တဖွဲ့လုံး မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြလေသည်။

"သတ်ပါ။ မြန်မြန်လေး သတ်စမ်းပါ"
Misa က ဆက်တိုက်ပင် ပြောနေလေ၏။

"အသက် ၂၀ အရွယ် ကောင်မလေးအတွက် ကျုပ်တို့ ချုပ်ထားတဲ့အခြေအနေက လွန်လွန်းနေတယ်နဲ့တူတယ်"
Aizawa မှတ်ချက်ချမိသည်။

L microphone မှတဆင့် လှမ်းစကားပြောလိုက်သည်။
"Amane Misa ပြောတာ ကြားလား"

"ကြားပါတယ်"
သူ့အသံကား တိုးတိုးလေးသာ ထွက်တော့သည်။

"ကျေးဇူးပြုပြီး ကျမကို မြန်မြန်သတ်ပါတော့ရှင်"
ငိုသံလေးများပင် ပါနေလေပြီ။

"ဒီလိုပြောတာဟာ မင်းက ဒုတိယ Kira ဖြစ်ပါတယ်လို့ ၀န်ခံနေတာလို့ ယူဆရမှာလား"

"ဟင့်အင်း.. ဒုတိယ Kira အကြောင်း ကျမ ဘာမှ မသိပါဘူး။ ကျမ မခံနိုင်တော့ဘူး။ ဒီလိုနေရမယ့်အစား သေပဲ သေပါရစေတော့"
ခပ်ပျော့ပျော့ ပြောနေရင်းမှ Misa အစွမ်းကုန် ထအော်လိုက်သည်။
"လာစမ်းပါ!! မြန်မြန်သတ်စမ်းပါဆို!!! ကျမကို ရှင်သတ်မယ်ဆိုရင် ချက်ချင်းသတ်နိုင်မှန်း ကျမသိတယ်!!!"

Misa ဘေးတွင် တချိန်လုံး စိတ်မကောင်းခြင်းကြီးစွာဖြင့် တွေတွေကြီး ရပ်နေခဲ့သော Rem သဘောပေါက်သွားလေပြီ။ Misa သူ့ကို သတ်ခိုင်းနေခြင်း ဖြစ်သည်ကိုး။
"Misa ရယ်...မင်း တကယ်ပဲပြောနေတာလား"
သေမင်း Rem စိတ်မကောင်းစွာ မေးလိုက်တော့

"ဟုတ်တယ်။ သတ်ပါတော့"
Misa တိုးတိုးလေးပင် ပြန်ဖြေလိုက်သည်။

"ငါ့ကို မင်းသတ်ခိုင်းနေတာနော်"
သေချာအောင် Rem ထပ်မေးလိုက်ပြန်သည်။

"ဟုတ်ပါတယ်။ သတ်ပါရှင်။ ကျမ ခံနိုင်ရည် မရှိတော့ဘူး။ သတ်လိုက်ပါတော့"

Rem ကား ဘယ်လိုမှ ဖြေမဆည်နိုင်။
"မင်းကို ငါသတ်ရမယ်ဆိုရင် Yagami Light ကိုလည်း သတ်ရမှ ဖြစ်မယ်ကွ။ မင်း ဒီလိုဖြစ်ရတာ သူ့အပြစ်တွေပဲ"

"မလုပ်ပါနဲ့.... မလုပ်ပါနဲ့ရှင်.... ကျမကိုသာ သတ်ပါ"
Misa ငို၍ ငို၍ ပြောနေလေသည်။

.... Misa ရယ်၊ နင် ဒီကောင့်အတွက် အသေတောင်ခံမယ်လား .....
Rem ဘာမှပြန်မပြောနိုင်တော့။

Misa စောင့်ရသည်ကို စိတ်မရှည်တော့ပေ။
"တော်ပြီ ရှင်မသတ်ရင်တော့ ...!!"
"Watari !! သူ့လျှာကို သူကိုက်လိမ့်မယ်!! မကိုက်စေနဲ့ !!"
အကြီးအကျယ်အော်လိုက်သော Misa ကိုကြည့်ရင်း L ချက်ချင်းသဘောပေါက်ကာ Misa စကားမဆုံးမီပင် အလျင်အမြန် အမိန့်ပေးလိုက်ရသည်။

Watari ကလည်းမြန်သည်။ ချက်ချင်း အ၀တ်စတစကို ဆွဲယူကာ အော်ဟစ်ရင်း စကားမဆုံးသေးသော Misa ၏ပါးစပ်တွင်းသို့ ထည့်ကာ စည်းနှောင်လိုက်တော့သည်။

"ဒါတွေဟာ သူ့ကို မသတ်ခင် Kira ကလုပ်ခိုင်းနေတာတွေတော့ မဟုတ်လောက်ပါဘူးနော်"
L မဝေခွဲနိုင်ဘဲ ရေရွတ်လိုက်မိတော့သည်။

"Misa မင်းသေမင်းစာအုပ်ကို စွန့်လွှတ်လိုက်ပါ။ မင်း ခေါင်းတချက်ညှိတ်လိုက်တာနဲ့ မင်းဟာ သေမင်းစာအုပ်ကို စွန့်လွှတ်ပြီးသား ဖြစ်သွားမယ်။ သေမင်းတွေနဲ့ ပတ်သက်တာတွေအားလုံးမေ့သွားမယ်။ အဲဒီအခါကြတော့ သေမင်းတွေအကြောင်း ဘာဆိုဘာမှ မသိတဲ့ မင်းကို သူတို့ လွှတ်ပေးရလိမ့်မယ်"
Rem က အကောင်းဆုံး အကြံပေးနေ၏။

Misa ကခေါင်းခါသည်။ သေမင်းတွေနဲ့ ပတ်သက်ပြီး သူ Light ကိုသိခဲ့ရသည် မဟုတ်လော။ သူ Light ကိုမေ့မသွားချင်ပါ။

"Misa..မင်းချစ်တာ Yagami Light ပါ။ သေမင်းတွေ မဟုတ်ပါဘူး။ သေမင်းတွေကို မေ့သွားပေမယ့် မင်းရဲ့ အချစ်စိတ်ကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ စိတ်ချ။ အဲဒီ အချစ်စိတ်ကလေးတခုပဲ မင်းဆီမှာ ကျန်နေစေရမယ်"
Misa ခေါင်း အခါရပ်ပြီး ငြိမ်ကျသွားသည်။

"အဲဒီလို ဖြစ်ဖို့ဆိုရင် မင်း သေမင်းစာအုပ် ကိုစွန့်လွှတ်ပြီး Light ကိုပိုင်ဆိုင်မှု လွှဲပေးမှဖြစ်လိမ့်မယ်"
Misa မျက်ရည်တွေတွေကျရင်း ခေါင်းငြိမ့်လိုက်တော့၏။

Rem စိတ်ထိခိုက်စွာ Misa ကိုကြည့်ရင်း ကျလာသည့်မျက်ရည်တစက်ကို သုတ်ပေးလိုက်မိပြီး ထွက်ခွာသွားတော့သည်။
သူ့လက်သည် Misa ၏ မျက်နှာပေါ်ဝဲကျနေသော ဆံပင်အချို့ကို ပွတ်တိုက်မိပြီး ထိုဆံပင်များ လှုပ်သွားသည်ကို သတိထားလိုက်မိသူက L။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီး မကြာမီ Light ၏အခန်းတွင်းသို့ Rem ရောက်ရှိလာလေသည်။
"ဟ Rem.. ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာတာလဲ"
Ryuk ပင် အံ့သြသွားသည်။

Rem က အချိန်မဆိုင်းဘဲ Light ကိုစိုက်ကြည့်ရင်း
"Yagami Light..သူလွတ်အောင် ငါကူညီပါမယ်လို့ ပြောတာကို Misa လက်မခံဘူး။ ငါ့အထင်တော့ ငါ့အကူအညီနဲ့လွတ်သွားရင် လူတွေက သူဟာ သာမန်လူမဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး သူနဲ့ပတ်သက်နေတဲ့ မင်းပါ ဒုက္ခရောက်မှာ စိုးရိမ်ပုံရတယ်။ ပြီးတော့ သူ့စိတ်နဲ့ ခန္ဓာကိုယ်က ဘယ်လိုမှ မခံနိုင်တော့တဲ့ အခြေအနေရောက်လည်းရောက်ရော သူ့ကို သတ်ပါ ဆိုပြီး ငါ့ကိုပြောတော့တာပဲ။ ဒါတွေဟာ မင်းကို သူသိပ်ချစ်လို့၊ မင်းချစ်တာကို ခံချင်လို့ ဖြစ်နေတာတွေပဲ။ သူငါ့ကို ဘယ်လောက်ပဲ သတ်ဖို့ တောင်းပန် တောင်းပန်၊ ငါသူ့ကို မသတ်ရက်ဘူး။ ဒါပေမယ့် သူခုလို ခံစားနေရတာကိုလဲ မကြည့်ရက်ဘူး။ သူ့ကို ကယ်ဖို့ တလမ်းပဲရှိတယ်"

"သေမင်းစာအုပ် ပိုင်ဆိုင်မှု စွန့်လွှတ်ဖို့လား"
Light က Rem ဆိုလိုချင်သည်ကို ချက်ချင်း သဘောပေါက်သွား၏။

"အေး။ သေမင်းစာအုပ်ကို စွန့်လွှတ်လိုက်တာနဲ့ ဒီစာအုပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ အားလုံးကို မမှတ်မိနိုင်တော့ဘူး။ ပျောက်ပျက်သွားတယ်။ သူ လူသတ်ခဲ့တဲ့အကြောင်းတွေကိုလည်း သိမှာ မဟုတ်တော့ဘူး။ မင်းကိုလည်း Kira လို့သိမှာ မဟုတ်တော့ဘူး။ အဲဒီတော့ မင်းနဲ့ပတ်သက်ပြီး သူ့ဆီကနေ ရဲတွေ ဘာမှ မသိနိုင်တော့ဘူး။ မင်းရဲ့ လျှို့ဝှက်ချက်တွေ ဘယ်လိုမှ မပေါက်ကြားနိုင်တော့ဘူး။ ငါ့ကိုရော၊ Ryuk ကိုရောလည်း သူမမြင်နိုင်၊ မကြားနိုင်တော့ဘူးပေါ့။ ခု Misa ဟာ သေမင်းစာအုပ် ပိုင်ရှင် မဟုတ်တော့ဘူး"

"ခင်ဗျား လုပ်ခဲ့တာ သိပ်မှန်ပါတယ် Rem။ Misa ဟာ သေမင်းစာအုပ်နဲ့၊ သေမင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ ဖြေနိုင်မှာ မဟုတ်တော့တဲ့အတွက် သူတို့ အနှေးနဲ့အမြန် လွှတ်ပေးရမှာပါ"

"အေး..အခုအခြေအနေဟာ မင်းအတွက်တော့ သိပ်ကောင်းနေတယ်။ ဒါပေမယ့် မင်း Misa ကိုရအောင် မကယ်နိုင်ရင် ငါမင်းကို သတ်မယ်"
Rem ၏ သွေးအေးအေးနှင့် ပြောရင်း ထိုးထားသည့် လက်ညှိုးသည် Light ၏ဦးခေါင်းကို ထိမတတ်။

"ကျုပ် သိပါတယ် Rem။ အခု L ဘာဆက်လုပ်နိုင်တယ်၊ ကျုပ် ဘာဆက်လုပ်ရမယ်ဆိုတာလဲ စဉ်းစားထားပါတယ်"

Rem ကိုကြည့်ကာပြောနေရင်းနှင့် Ryuk ဘက်လှည့်ပြီး
"ခင်ဗျားကို ကျုပ် နှုတ်ဆက်ရလိမ့်မယ် Ryuk"

"ဟေ!

No comments:

Post a Comment