စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၅)

အတွေးလွန်နေသည့် Light ကို Rem ကလှမ်းပြောလိုက်သည်။
"ကဲ..မင်း ဘယ်တော့ သူ့ကို သတ်ချင်တာလဲပြော။ ငါ့ကိုသာ သူ့ဆီခေါ်သွားရင် ချက်ချင်းသတ်ပြီးသားပဲ"

"မြန်လေကောင်းလေပဲဗျ။ မနက်ဖြန်ဆိုရင်ကော.. နေဦး.. ခုချက်ချင်းကြီး အလောသုံးဆယ်ဆုံးဖြတ်တာ မဖြစ်သင့်ဘူး။ ဒီလိုလုပ်ဗျာ။ ကျုပ် သူ့ကို ဘယ်တော့ ဘယ်လို သတ်ရမယ်ဆိုတာ ဒီတည သေချာစဉ်းစားလိုက်ဦးမယ်။ ပြီးမှပဲ ခင်ဗျားကို ပြောတော့မယ်"

"အိုကေလေ။ မင်းသဘောပေါ့"

"တခုရှိသေးတယ်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကျုပ်က သတ်ပါလို့ အချက်မပေးမချင်း မသတ်ရဘူး။ ဘယ်အခြေအနေဖြစ်ဖြစ်နော်"

"အေး မသတ်ဘူးကွာ။ မင်း စိတ်ချနေစမ်းပါ"

Rem ထံမှ ကတိရသွားသော်အခါ Misa ထံမှ ဖုန်းနံပါတ်တောင်းလေသည်။
"Misa မင်း ဖုန်းနံပါတ်ပေးစမ်းပါ"

"ရှင်ဟာလေ ဒါကို ခုမှ တောင်းရသလား။ ရှင့်နံပါတ်လည်း ကျမကို ပေးလေ"

"ငါ့နံပါတ်တော့ မင်းကို မပေးနိုင်ဘူးကွ"

"ဟင်..ဘာလို့လဲ။ ကျမတို့က စုံတွဲတွေပဲဟာ။ တယောက်ဖုန်းနံပါတ်တော့ တယောက် သိသင့်တာပေါ့"
မကျေမနပ်နှင့် Misa ပြောလေသည်။

"ငါပြောပြီးပြီပဲ။ ရဲတွေက ငါ့ကို သိပ်ယုံတာမဟုတ်ဘူး။ ဒီခေတ်ကြီးမှာ ကြိုက်တဲ့ဖုန်းကို သူတို့ အချိန်မရွေး ခိုးနားထောင်နိုင်နေပြီကွ၊ သိရဲ့လား"

Misa တွေဝေသွားပြီးမှ
"ဟယ် သိပြီသိပြီ။ ဒီမှာ ဒါယူထား။ လိုရမယ်ရ ဖုန်းတွေ လျှောက်ဝယ်ထားတာ ကျမမှာ ၃ လုံးတောင် ဖြစ်နေတာ"
ဆိုပြီး သူ့ဖုန်းတလုံး ထုတ်ပေးလိုက်တော့၏။

"ကောင်းသားပဲကွ။ ဒီတိုင်းဆိုရင်တော့ အဆင်ပြေပါတယ်"

"အို.. ကောင်းလိုက်တာ..ကျမ ရှင့်ကို နေ့တိုင်း အလွမ်းပြေ ခေါ်မယ်နော်"

"ဆောရီးပဲ။ ငါ ဖုန်းကို ပိတ်ထားမှာ။ လိုအပ်မှ မင်းကို ငါခေါ်လိုက်မယ်"

Misa စိတ်ရှုပ်သွားပြန်သည်။
"ဟာ..ဘယ်ဖြစ်မလဲလို့။ ရှင်က ဘယ်တော့ ခေါ်မှာ မို့လို့လဲ"

"မနက်ဖြန် ဖြစ်ဖြစ်ပေါ့။ L ကို သတ်ဖြစ်ဖြစ်၊ မသတ်ဖြစ်ဖြစ် မင်းကိုခေါ်မှာပါ"

"ဟွန့်။ သူခေါ်မယ့် ဖုန်းက အချစ်အကြောင်းပြောဖို့ မဟုတ်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ်လေ၊ အဲဒါတွေပြောပြီးမှ အချစ်အကြောင်းပြောရလည်း မဆိုးပါဘူး"

"ကဲပါကွာ.. မင်းအိမ်ပြန်သင့်ပြီထင်တယ်"

"ဟွန်.. ခုမှ ၇ နာရီ ရှိသေးတာကို။ တခုခု သွားဝယ်ကြမယ်လေ၊ ပြီးတော့ နေ၀င်တာကို နှစ်ယောက်တူတူထိုင်ကြည့်ကြ.. အို ခုမှ ချစ်သူတွေအတွက် အချိန် စယုံရှိသေးတာ.."
ပျော်ရွှင်စွာဖြင့် စကားတွေ တတွတ်တွတ် ရွတ်နေသည့် Misa နားသို့ Light ကပ်သွားကာ

"Misa"
ငြင်သာစွာခေါ်လိုက်သည်။

မျက်လုံးအ၀ိုင်းသားနှင့် မော့ကြည့်လာသည့် Misa ၏နှုတ်ခမ်းဖူးဖူးလေးကို Light ကမပြောမဆိုနှင့် နမ်းချလိုက်တော့လေသည်။

Misa မျက်လုံးလေးဝိုင်းကာ ငြိမ်ကျသွားပြီး Light ၏ အနမ်းရေယဉ်ကျောဝယ် မြောပါသွားလေပြီ။

အတန်ကြာမှ Light ကဖြေးဖြေးချင်း လူချင်းခွာလိုက်ပြီး
"ကဲ.. ဒီနေ့တော့ ပြန်တော့နော်"
Misa ကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။

"ဟုတ်"
တိုးတိုးလေးပင် Misa ပြန်ဖြေ၏။ သူ့မျက်ဝန်းနက်များကား ရီဝေလျက်။

"မှာစရာရှိသေးတယ်။ အပြင်မှာ Rem ကိုစကားပြောရင် ဘယ်သူမှ မရှိတာသေချာမှ ပြောနော်။ အော်ကြီးဟစ်ကျယ်လည်း လုပ်မနေနဲ့ဦး။ တိတ်တိတ်ဆိတ်ဆိတ်လုပ်၊ ကြားလား"

"ဟုတ်"
Misa ကား အိပ်မက် မက်နေသည့် သူတဦးလိုပင်။ သူ့စိတ်တွေ တိမ်တွေပေါ်မှာ မျောလျက်ရှိတုန်း။ နှလုံးသည် ငြင်သာစွာပေမယ့် လျင်မြန်စွာခုန်နေတုန်း။

Misa ပြန်သွားသောအခါ
"ဟေ့ကောင်ရာ၊ မင်း Misa ကိုမပြောမဆို ကောက်နမ်းလိုက်တာ ငါတောင် ကြောင်သွားတယ်။ ဘယ်လို ဖြစ်ရတာတုန်း"
Ryuk ကစပ်စုလာသည်။

"သူ ကျုပ်ကို လုံးလုံး ကြွေသွားအောင် လုပ်လိုက်တာပါ။ ဒိထက်အရေးကြီးတာက မနက်ဖြန် L ကို သတ်ဖို့၊ မသတ်ဖို့ ဆုံးဖြတ်ဖို့ပဲ။ သူ့ကို L ပါလို့ လူတွေက မသိကြတဲ့အတွက် သူသေသွားရင် အဓိက သံသယဖြစ်ခံရမှာက ကျုပ်ဖြစ်နေတယ်"

"အေးပေါ့။ မင်းက သူနဲ့ သူငယ်ချင်းပါလို့ ပြောပြီးကတည်းက မင်းသူ့ကို သတ်ဖို့ စိတ်ပြတ်ပါ့မလားလို့တော့ ငါထင်နေသားပဲ"

"ဟင်းဟင်း.. ကျုပ်က သူ့စကားကို နင်းပြီး လိုက်လိုက်လျောလျော ပြောလိုက်တာပါ။ တကယ်တော့ L ဟာ Kira ရဲ့ ရန်သူပဲလေ"

.....ဟုတ်တယ်၊ L ဟာ ငါ့ရဲ့ ရန်သူ။ ဒါ့ကြောင့် ငါ သူ့ကို သတ်ရမယ်။ မတော်တဆမှုနဲ့ သေတယ်ဆိုရင်တော့ ငါ့ကို မသင်္ကာ ဖြစ်မှာ မဟုတ်လောက်ဘူး။ ဖြစ်ဦးတော့၊ ဘာသက်သေမှ ရှိမှာမှ မဟုတ်တာ။ သူမရှိတော့ရင် ဘာဆက်ဖြစ်မလဲဆိုတာကတော့ ဘယ်လိုမှ မသိနိုင်ဘူး။ မတတ်နိုင်ဘူးလေ ဘာဖြစ်ဖြစ်ပေါ့၊ ဖြစ်ကာမှ ဖြစ်ရော သတ်ရမှာပဲ။ L, Ryzaki, Ryuga ဘယ်သူပဲဖြစ်ဖြစ် .. မနက်ဖြန်ဟာ မင်းအတွက် နောက်ဆုံးပဲကွ .....

L ၏ဟိုတယ်ခန်းတွင်
သိမ်းဆည်း ရရှိထားသော သဲလွန်စများကို L စစ်ဆေးနေသည်။ ထိုအရာများကား ဆံပင်မွှေးများ၊ မုန့်ခြောက် အပိုင်းအစများ။

"ရဲချုပ်.. ဒီရက်ပိုင်းမှာ ကျနော်သေသွားလို့ကတော့ Light ဟာ Kira ပဲဗျ"
ရုတ်တရက် အစမရှိ အဆုံးမရှိ L ကပြောချလိုက်သည်။

"ဟဟ.. ဘယ်လိုဖြစ်လို့ မင်းက သေရမှာလဲ"
"အင်းလေ.. ဘာလို့ ဒါတွေပြောနေတာလဲ"
"Light ကရော ဘာလို့ Kira ဖြစ်ရမှာလဲ"

တယောက်တပေါက် ၀ိုင်းမေးကြသော်လည်း L က မသိသလိုပင်။
"ကျနော် မရှိတော့ရင် Watari ကိုခင်ဗျားတို့ ဆက်သုံးလို့ရအောင် အစီအစဉ်တွေ လုပ်ခဲ့ပါ့မယ်။ နောက်ပိုင်းကိစ္စတော့ ခင်ဗျားတို့ စိတ်ကြိုက်လုပ်ကြပေါ့"

ရဲချုပ်ကား စိတ်မရှည်။
"မင်းပြောတော့ ငါ့သားကို မသင်္ကာတဲ့အချက်တွေ တော်တော်များများ ရှင်းသွားပြီဆိုကွ။ ခုပြောတော့ တမျိုးပါလား။ မင်းဘယ်လောက်တောင် ငါ့သားကို သံသယတွေ ရှိနေလို့လဲ"

"ကျနော် မပြောတတ်ဘူးဗျာ။ ကျနော့်ကိုယ်ကျနော်တောင် တခါတလေ ငါတွေးတာခေါ်တာတွေ မှန်ရဲ့လားလို့ မသေချာတော့ဘူး။ ဒါမျိုးတခါမှ မဖြစ်ဖူးဘူးဗျ။ တကယ်လို့ Kira နဲ့ ဒုတိယ Kira တွေ့ပြီးပြီဆိုရင် ကျနော် အကြီးအကျယ်ကို ဒုက္ခရောက်ပြီပဲ။ အင်းလေ.. အဲဒါတွေကြောင့်လဲ ကျနော့်ဟာကျနော် ဘာတွေဖြစ်နေမှန်း မသိတော့တာပေါ့"
ကော်ဖီတခွက် မော့ပြီးမှ L က စကားဆက်ပြန်သည်။
"ကျနော့်မှာ တခြား ဖြစ်နိုင်တဲ့လူ မတွေ့တဲ့အတွက် Light ကိုပဲ သံသယရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲ..ဘာပဲဖြစ်ဖြစ် ကျနော် အသတ်ခံရရင်တော့ Light ဟာ Kira ပဲဆိုတာ သေချာတယ်"

...... ငါ Light ကိုနောက်တခေါက် သွေးတိုးစမ်းရဦးမယ်။ မတတ်နိုင်ဘူး၊ ဒီတနည်းပဲ လုပ်စရာရှိတယ်။ ဘာဖြစ်ဖြစ်ပေါ့ .....

နောက်တရက် Light နှင့် Takada တို့ စုံတွဲခုတ်လာကြစဉ်
"ဟိုက်.."

လမ်းဘေးမှ ခုံတွင် L ကိုတွေ့လိုက်ရသောကြောင့် Light ရုတ်တရက် ကြောင်သွားသည်။
"ဟေး Light ..အဆင်ပြေရဲ့လားကွ"

ရုပ်တည်နှင့် L ကနှုတ်ဆက်တော့ Light နည်းနည်းတင်းသွားပြီး
"Takada ကျနော် သူနဲ့ ကိစ္စနည်းနည်းရှိလို့ နောက်မှ လိုက်ခဲ့မယ်နော်"

"ဟင်...သြော်..ဟုတ်ပြီလေ"
Takada ထွက်သွားလေ၏။

"ဟေ့ကောင် ဖြစ်ရဲ့လားကွ၊ ကောင်မလေး တင်းသွားဦးမယ်နော်"
L ကထပ်ဆွပြန်သည်။

"ရတယ်။ အရေးမကြီးဘူး။ မင်းက လူရှေ့ထွက်ပြီး မင်းမျက်ခွက်ပြရမှာ ကြောက်တယ်မဟုတ်လား။ ဘာကိစ္စ ခုရောက်လာတာလဲ။ ဒုက္ခရောက်နေဦးမယ်နော်"
Light ကလည်း ရိလေသည်။

"အင်း..မင်း Kira မဟုတ်သရွေ့တော့ ငါဒုက္ခမရောက်ပါဘူး။ အပြင်လူတွေထဲမှာ မင်းတယောက်ပဲ ငါ့ကို L လို့သိတာကို။ ဒါ့ကြောင့်လည်း စုံစမ်းရေးကလူတွေကို ငါပြောခဲ့တာပေါ့၊ ဒီရက်ပိုင်းအတွင်း ငါသေသွားလို့ကတော့ မင်းဟာ Kira ပဲလို့"

L ၏စကားကို ကြားလိုက်ရသည့်လိုက် မျက်နှာပင် ပျက်ချင်သွားပြီး စိတ်ထဲမှပင် ကျိန်ဆဲနေမိသည်။
..... ခွေးသူတောင်းစား၊ ငါ့ထက် တလှမ်းဦးသွားပြန်ပြီ .....

"ဟိုနေ့က မင်းပြောသွားတယ်လေ၊ ငါကျောင်းမလာတော့ မင်းတောင် ပျင်းနေတယ်ဆိုပြီး။ ဒါ့ကြောင့် ထွက်လာတာကွ။ ဒီကိုလာလို့ ငါ မသေရဘူးဆိုရင်တော့ တက္ကသိုလ်ကြီးက ပျော်စရာကြီးပါ"
L ကခပ်အေးအေးပင် ဆက်ပြောလာသည်။

"အေးလကွာ။ မင်းမရှိတော့ ငါနဲ့ level တူ စကားပြောနိုင်တဲ့လူ မရှိဘူးလေ။ ပျင်းစရာကြီးပေါ့"

"သြော် ဒါဖြင့် မင်းက ပျင်းလို့ Takada နဲ့တွဲနေတာလား"

"ဆိုပါတော့ကွာ"
စကားများပြောနေရသော်လည်း Light ၏အတွေးများကား ရှုပ်ယှက်ခတ်လျက်။
..... ငါ ဒီကောင့်ကို ဒီနေ့သတ်လို့ ဖြစ်ပါ့မလား။ မဖြစ်သေးဘူးနဲ့တူတယ်။ သူ ဒီလို သွေးအေးအေးနဲ့ ငါ့ကို စကားလာပြောနေတာကိုက သူ့ကို ငါမသတ်ဖြစ်အောင် သတိပေးနေတာပဲ။ သတ်လိုက်တာနဲ့ ငါ Kira ပါဆိုတာ စုံစမ်းရေးကို ကြေငြာလိုက်သလို ဖြစ်မှာပဲ .........

"လာကွာ လက်ဖက်ရည်ဆိုင် သွားထိုင်ရအောင်"
L က ပြောတော့

"အေး သွားကြတာပေါ့ ငါလည်း အတန်းမရှိဘူးကွ"

လက်ဖက်ရည်ဆိုင်သို့ သူတို့ လမ်းလျှောက်လာနေစဉ်
"Light ရေ.."

ကြားနေကျ အော်သံနှင့်အတူ Misa အပြေးကလေး ရောက်လာသည်ကို တွေ့ရတော့သည်။

"ဒီနားမှာ ရိုက်ကွင်းရှိလို့ ခဏ၀င်လာတာ"

Light ရုတ်တရက် ဘာလုပ်ရမှန်းမသိ။ L အနေနှင့် Misa ဒုတိယ Kira ဖြစ်ကြောင်းသိသွားမှာ စိုးရိမ်နေမိသည်။

"ရှင့် သူငယ်ချင်းလား Light။ ပုံစံက ထူးဆန်းတယ်နော်"
L ၏ ဖြစ်ကတတ်ဆန်း ပုံကို ကြည့်၍ Misa ဆက်ပြောနေသည်။

.... ဟား ငါဘာတွေ စိုးရိမ်နေတာလဲ။ ခုဆို L ရဲ့နာမည်ကို Misa မြင်ပြီးပြီ။ ငါသူ့ကို အချိန်မရွေးသတ်လို့ရပြီပေါ့ .......
Light တွေးရင်း ကျေနပ်သွား၏။

"ကျမ Light ရဲ့ သူငယ်ချင်း Misa Amane ပါရှင့်။ တွေ့ရတာ ၀မ်းသာပါတယ်နော်"

"ဟုတ်ကဲ့။ ကျနော် Ryuga Hideki ပါ"

Misa ကြောင်သွားသည်။ သူမြင်လိုက်ရသော နာမည်က ဤနာမည် မဟုတ်ဘူးမဟုတ်လား။
"ရှင်..Ryuga Hideki တဲ့လား"
အူကြောင်ကြောင်လေးမေးရင်း L ခေါင်းပေါ်က နာမည်ကို သေချာအောင် ပြန်အကြည့် Light ကသူတို့နှစ်ယောက်ကြားသို့ ၀င်ရပ်ရင်း

"ဟုတ်တယ်။ ဟိုနာမည်ကြီး အဆိုတော်မင်းသားနဲ့ အတူတူပဲ။ ရယ်ရတယ်နော်"

.... ဟင် ကျမမြင်ရတဲ့ နာမည်နဲ့ မတူပါလား ......
Misa ဘာမှပြန်မပြောပေမယ့် အတွေးများနေမိသည်။

..... ဒီတခေါက် မင်းအပြင်ထွက်လာတာ သိပ်မှားသွားပြီ Ryuga ......
Light တွေးရင်း L ကိုလှည့်ကြည့်လိုက်တော့ ကျေနပ်စွာ ပြုံးရယ်နေသည်ကို တွေ့ရသည်။

.... ဒီကောင် ဘာတွေ သဘောကျနေတာလဲ။ သူ ရိပ်မိသွားတာတော့ မဟုတ်လောက်ပါဘူး။ အေးလေ Misa ဟာ ဒုတိယ Kira လို့ ရိပ်မိသွားရင်တောင် ဒါဟာ သူ့အတွက် ရယ်စရာမှ မဟုတ်တာ ..........

"ငါမင်းကို မနာလိုတောင် ဖြစ်မိသကွာ။ Misa ကို သြဂုတ်လထုတ် 'Eighteen' မဂ္ဂဇင်းမှာ မြင်ပြီးကတည်းက ငါ တအားသဘောကျနေတာကွ"
L ကပြောလိုက်မှ Light စိတ်သက်သွား၏။

"ဟယ် ဟုတ်လား။ ၀မ်းသာလိုက်တာရှင်"
Misa ကလည်း ပျော်ပြီး နာမည်မတူတာတောင် မေ့သွားသည်။

သူတို့ ပြောနေကြစဉ်မှာပင် ကျောင်းသူတချို့မြင်သွားပြီး Misa ဆီသို့ အပြေးဝိုင်းလာကြပြီး စကားတွေပြောကြ၊ လက်မှတ်တွေ ထိုးခိုင်းကြနှင့် လူအုပ်ကြီး ဖြစ်သွားလေပြီ။
"ဟယ်တော့.. ဖင်ကိုင်တယ် ဖင်ကိုင်တယ်!"
Misa ကြုံးအော်လိုက်ပြီး လှည့်ကြည့်တော့ သူ့နောက်တွင် ရှိနေသည်က L။
Light အပါအ၀င် အားလုံးက ၀ိုင်းပြီး ပြူးကြည့်ကြတော့ L က

"ဘယ်ကောင်လဲကွ။ ဘယ်သူလဲ။ ကျုပ် သူ့ကိုရအောင်ဖမ်းမယ် Misa မပူနဲ့"
စပ်ဖြဲဖြဲဖြင့် ပြောတော့ Misa ကရယ်သည်။

"ရှင်က တော်တော် ရယ်ရတာပဲနော်"
ဆိုပြီး ပြေပြေလည်လည် ဖြစ်သွားပြန်သည်။

မကြာမီ အမျိုးသမီးကြီးတယောက်ရောက်လာပြီး
"Misa .. အမလေး ရှာလိုက်ရတာ။ လာပါ လာပါ။ ဟိုမှာ နင့်ကို စောင့်နေကြပြီ။ နောက်ကျတော့မှာပဲ"
ဆိုကာ ဆွဲထုတ်သွားတော့သည်။

"Light ရေ တာ့တာ။ အလုပ်ပြီးရင် ထပ်တွေ့မယ်နော်"
Misa ကား အော်ပြောသွားသေးသည်။

.... ငါ ဖုန်းလေးခေါ်ပြီး L ရဲ့နာမည် မေးလိုက်ရင် ပြီးပြီ ......
Light သူ့အတွေးနှင့်သူ ကျေနပ်နေတော့၏။

"ကဲ သူလည်း သွားပြီ။ ငါတို့လည်း သွားကြရအောင်ကွာ"
L ကသတိပေးတော့မှ

"အေး..မင်းသွားနှင့်ကွာ။ ငါ အိမ်သာပြေးလိုက်ဦးမယ်"

"အိုကေ၊ ဒါဆိုငါ ဆိုင်ကပဲ စောင့်တော့မယ်"
ဆိုကာ L ဆက်လျှောက်သွားလေသည်။

.... ဘာပဲပြောပြော မင်းနဲ့ငါ ဉာဏ်ပြိုင်ရတာတွေ ပျော်စရာသိပ်ကောင်းခဲ့ပါတယ် L။ မင်းနာမည်ကို သိပြီး ငါကိုယ်တိုင် သတ်ခွင့်ရတော့မယ့်အတွက်တော့ ငါသိပ်ကျေနပ်တယ်ဆိုတာ မင်းသိမှာ မဟုတ်တော့ဘူး ...
Light တဖက်သို့လှည့်ကာ လမ်းလျှောက်ရင်း Misa ပေးထားသော ဖုန်းကိုထုတ်ကာ ခေါ်လိုက်လေသည်။

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်
နာမည်၊ သေရမည့် အချိန်၊ သေရမည့် အခြေအနေတို့ကို သေမင်းစာအုပ်အတွင်း ရေးထည့်ပြီး နောက် ၆ မိနစ်နှင့် ၄၀ စက္ကန့်အတွင်းတွင် သေရမည့်အခြေအနေနှင့် သေရမည့်အချိန်တို့ကို သေဆုံးရမည့်သူ မသေဆုံးမချင်း အကြိမ်ကြိမ်ပြောင်းလဲခွင့်ရှိသည်။

ပြင်ဆင်ချင်း ပြုသည်ဆိုပါက ပြင်ဆင်မည့် စကားလုံးများကို မျဉ်းဖြောင့်နှစ်ကြောင်းနှင့် ခြစ်၍ဖျက်ရမည်

No comments:

Post a Comment