စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၅.၂)

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

လူတယောက်သည် သေမင်းစာအုပ်၏ ပိုင်ရှင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ သေမင်းစာအုပ် (သို့) သေမင်းစာအုပ်၏ အပိုင်းအစ တခုကို ထိမိ၊ ကိုင်မိခဲ့လျှင် ထိုသူသည် ထိုသေမင်းစာအုပ်ပိုင်ရှင် သေမင်းအား မြင်နိုင်မည်၊ ထိုသေမင်း၏ ပြောစကားများကို ကြားနိုင်မည်။

L ထံသို့ အမေရိကန် သမ္မတထံမှ ဖုန်းဝင်လာသည်။
"L.. ကျုပ်ဆီကို FBI က အခုပဲ သတင်းပို့တယ်။ ဂျပန်ကို မင်း တောင်းဆိုလို့ ပို့ပေးထားတဲ့ agent ၁၂ ယောက်လုံး နှလုံးရောဂါနဲ့ သေသွားပြီတဲ့။ ဒါ Kira လက်ချက်ပဲဆိုတာ မေးနေစရာတောင် မလိုဘူးပဲ။ သမ္မတ တယောက်အနေနဲ့ ကျုပ်လူတွေကို ထပ်အသေမခံနိုင်တော့ဘူး L။ အခု ဖုန်းခေါ်တာကတော့ ဂျပန်မှာ လုပ်နေတဲ့ FBI စုံစမ်းရေးတွေအားလုံးကို ကျုပ်တို့ ရပ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာ မင်းကို အသိပေးတာပဲ"

ခဏ အကြာတွင်ပင် ရဲချုပ် Yagami ထံမှ ဖုန်းဝင်လာပြန်သည်။
"L.. ကျုပ်ကို FBI ဒါရိုက်တာ ဖုန်းခေါ်လာတယ်။ သူပြောတာတော့ မင်းက FBI agent တွေကို ဒီအမှုလိုက်နေတဲ့ လူတွေကို စောင့်ကြည့်ခိုင်းခဲ့တယ် ဆိုပါလား"

"မှန်ပါတယ် ရဲချုပ်"

"အေး..ရှင်းစမ်းပါဦးကွ။ မင်းက ကျုပ်တို့ကို မသင်္ကာလို့လား"

"Kira ဘယ်သူလဲဆိုတာ သိဖို့ ဒီလိုလုပ်ဖို့ လိုအပ်တယ်လို့ ထင်လို့ပါ"

"ဟေ့..အဓိပ္ပာယ်မရှိတာ။ ကျုပ် လက်မခံဘူးကွ။ မင်းနဲ့ အတူတူတွဲ အလုပ်လုပ်နေတဲ့လူတွေကိုမှ မင်းကမယုံကြည်ဘူးလား"

ဂျပန်ရဲအဖွဲ့သားများကား ကျွက်စီကျွက်စီဖြစ်လေပြီ။
"တွေ့လားကွ ငါတို့ ထင်တဲ့အတိုင်းပဲ။ L ကိုသိပ်ယုံလို့မဖြစ်ဘူး"

"Kira က FBI agent တွေကို သတ်လိုက်တယ်ဆို.."

"အေးလေ။ ဒါဘာပြောတာလဲဆိုတော့ သူ့ကို ဆန့်ကျင်တဲ့လူဆိုရင် လူဆိုးမဟုတ်လည်း ဘယ်သူ့မဆို သတ်မယ်လို့ ဆိုလိုတာပေါ့ကွ"

Light အိမ်တွင် မိသားစု ၄ ဦးစလုံး အတူတကွ ထိုင်နေကြသည်။
"ဖေဖေ ဘာဖြစ်လို့ ထူးထူးဆန်းဆန်း မိသားစု စုံညီ စကားပြောချင်တယ် လုပ်ရတာလဲ"
Sayu ကမေးတော့

"ဖေဖေ အခု Kira အမှုကို ဦးဆောင်ပြီးလိုက်နေတယ်။ အေး..မနေ့ကပဲ Kira အမှုနဲ့ ပတ်သက်နေတဲ့ FBI agent ၁၂ ယောက် ဒီမှာ အသတ်ခံလိုက်ရတယ်"

"ဟယ်.."

"ပြောချင်တာက Kira ကို ဖမ်းဖို့ ကြိုးစားနေတဲ့ ဖေဖေတို့လို လူတွေလည်း အသတ်ခံရနိုင်တယ် ဆိုတာပဲ။ အဖေ့ လုပ်ဖော်ကိုင်ဖက်တွေ တော်တော်များများလည်း ဒါ့ကြောင့်ပဲ နှုတ်ထွက်ကုန်ကြပြီ"

"ဖေဖေလည်း ထွက်လိုက်ပါ။ သမီး ဖေဖေ့ကို မသေစေချင်ဘူး"

"ဟုတ်ပတော်။ ရှင့်အသက်က ရှင့်ရာထူး၊ ရှင့်သိက္ခာထက် အရေးကြီးပါတယ်"

"မထွက်နိုင်ဘူး။ ငါဒီမကောင်းဆိုးဝါးကောင်ကို အရှုံးမပေးနိုင်ဘူး"

"အဖေ့ဆုံးဖြတ်ချက်ကို သားထောက်ခံတယ် အဖေ။ အဖေ့အတွက် သားဂုဏ်ယူပါတယ်။ ဖေဖေသာ တခုခုဖြစ်သွားခဲ့မယ်ဆိုရင် သားကိုယ်တိုင် Kira ကိုဖမ်းပြီး ကြိုးစင်ပို့ပစ်မယ်"
Light ပြတ်ပြတ်သားသားပင် ထပြောလိုက်၏။

နောက်တနေ့ ရဲဌာနချုပ်တွင်

"ကဲ မင်းတို့ အားလုံးသိတဲ့အတိုင်းပဲ၊ Kira ဟာ သူ့ကို ဆန့်ကျင်တဲ့သူ ဘယ်သူမဆို သတ်မှာပဲ။ အဲဒီတော့ မင်းတို့ရဲ့ ဘ၀၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးကို စဉ်းစားပါ။ အမှုက နှုတ်ထွက်ချင်တဲ့လူတွေ အခုနှုတ်ထွက် နိုင်တယ်။ အခုထွက်လိုက်တဲ့အတွက်လည်း မင်းတို့ ဘာမှ မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်။ ဘာပဲဖြစ်ဖြစ် Kira ကို မရမနေ ဖမ်းမယ်လို့ ဆုံးဖြတ်ထားတဲ့လူတွေပဲ နေခဲ့ကြပါ"
ရဲချုပ်၏ စကားအဆုံးတွင် ကျန်ရစ်ခဲ့သူမှာ ရဲချုပ် Yagami အပါအ၀င် ၆ ဦးသာ။

"အေးလေ..Kira ကို အသက်အသေခံပြီး ဆန့်ကျင်ရဲတဲ့လူရှိသေးတယ် ဆိုတာကိုက ၀မ်းသာစရာပါ"
ဝမ်းသာ ၀မ်းနည်းဖြင့် ရဲချုပ်ပြောသည်။

ထုံးစံအတိုင်း L ကွန်ပျူတာမှ တဆင့် စကားပြောလာသည်။
"ခုကျန်ခဲ့တဲ့ တရားဥပဒေဘက်ကနေရဲရဲ ရပ်တည်ရဲတဲ့လူတွေကို ကျုပ်လေးစားတယ်၊ ယုံကြည်တယ်"

"ဟေ့..နေစမ်းပါဦး။ မင်းက ငါတို့ကို ယုံကြည်တယ် ဆိုပေမယ့် ငါတို့က မင်းကို မယုံဘူးကွ"

"L.. ငါတို့က အသက်ကို စွန့်ပြီး လူမြင်သူမြင် အလုပ် လုပ်ကြမယ့်ကောင်တွေ။ မင်းကတော့ ငါတို့ကို မျက်နှာလေးတောင် မပြဘဲ ခိုင်းနေတယ်။ ဒီလိုလူနဲ့ ငါတို့ အလုပ်အတူ မလုပ်နိုင်ဘူးကွ"

ကျန်ခဲ့သည့်သူများ တယောက်တခွန်း ပေါက်ကွဲကုန်တော့၏။

ရဲချုပ်မှလည်း
"L.. ကျုပ်တို့နဲ့ အတူ Kira ကိုဖမ်းမယ်ဆိုရင် မင်းကိုယ်တိုင် ဒီကို လာခဲ့ပါလား"

"ကျုပ် ခင်ဗျားတို့ကို ယုံကြည်တယ်လို့ ပြောပြီးပြီလေ"
L ၏ စကားသံအဆုံး Watari မှ laptop ကို ကျန်လူ ၆ ယောက်ဖက်သို့ လှည့်ပြလိုက်သည်။

ကွန်ပျူတာပေါ်တွင်ကား စာသားတခုပေါ်လျက်
'အခုကိစ္စကို ကျုပ်တို့ ၈ ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်အဖြစ်ပဲ ထားချင်တယ်။ ကျုပ်ယုံတဲ့ ခင်ဗျားတို့ ၆ ယောက်ကို လူချင်းတွေ့မယ်။ ဒါပေမယ့် အရင်ဆုံး ရဲဌာနချုပ် အဆောက်အဦးထဲကနေ အပြင်ထွက်ပြီး ကျုပ်ကို တကယ်ယုံ မယုံ ခင်ဗျားတို့ချင်း တိုင်ပင်ကြစေချင်တယ်'

"ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျုပ်တို့ ၆ ယောက်ကို တွေ့မယ်လို့ ပြောရတာလဲ။ ကမ္ဘာပေါ်က အမှုတွေ အများကြီးကို သူတကယ်ဖေါ်နိုင်ခဲ့တယ်ဆိုရင် အခုဟာလည်း သူ့ဟာသူ လိုက်ပေါ့။ သူဟာ ဘယ်တော့မှလည်း လူလုံးပြခဲ့တာမဟုတ်ဘူး။ ပြလည်း အတုပဲ ဖြစ်ဖို့များမယ်ထင်တယ်"

"ကျနော်တော့ ယုံတယ်။ ဒီအမှုလိုက်ဖို့ L ရဲ့ ဆက်စပ်တွေးခေါ်နိုင်တဲ့ အကူအညီလည်း လိုမယ်လို့ ထင်တယ်လေ"

"ငါလည်း ယုံတယ်ကွ"

အားလုံးဆွေးနွေးနေစဉ် ရဲချုပ်ဝင်ပြောလာသည်
"ဟိုးအစကတည်းက L ပြောခဲ့တယ်လေ။ ဒီအမှုအတွက် ရဲအဖွဲ့ရဲ့ အကူအညီ လိုမယ်လို့။ ဒီလိုအခြေအနေရောက်လာတဲ့အထိ L တမင်ထိုင်စောင့်နေတာရော မဖြစ်နိုင်ဘူးလား။ သူ့ကို မယုံတဲ့လူတွေ အဖွဲ့ထဲမှာ ရှိခဲ့တယ်။ ငါတို့အဖွဲ့ထဲက သတင်းတွေ တနည်းနည်းနဲ့ အပြင်ကို ရောက်နေတယ်။ သူယုံလို့ မရတဲ့လူတွေ အများကြီးပဲလေ"

"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ L ကိုမယုံဘူးဗျ။ သူနဲ့ တွဲအလုပ်မလုပ်နိုင်ဘူး"
ဆိုကာ တယောက် ထွက်သွားပြန်သည်။

သို့ဖြင့် L နှင့်စတင်တွေ့ဆုံရန် အချိန်းအချက်ပြုကြပြီ။
"ကျုပ် အခုလောလောဆည် Tetou(တဲတိုး) ဟိုတယ်မှာရှိတယ်။ ၂ ရက် ၃ ရက်တခါတိုင်း ဟိုတယ်ပြောင်းမယ်။ ကျုပ်တို့ရဲ့ ဌာနချုပ်ဟာ ဟိုတယ်ခန်းပဲ။ ကျုပ်ပြောတာကို သဘောတူနိုင်ရင် အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ညသန်းခေါင်မှာ လာခဲ့ပါ။ တဖွဲ့နဲ့ တဖွဲ့ နာရီဝက်တော့ ခြားပစေနော်"

L တယောက်တည်း စဉ်းစားနေမိသည်။
......Kira မင်းနဲ့ငါ တော်တော်တော့ တွေ့ဖို့နီးလာပြီ။ ငါ့ကိုယ်ငါ L ဆိုတာ ပထမဆုံး အကြိမ်အဖြစ် သူများတွေကို ပေးသိတော့မယ်။ မင်းသာ ဒီကိစ္စကို တနည်းနည်းနဲ့ သိသွားမယ်ဆိုရင် ငါတို့ပိုပြီး မြန်မြန်တွေ့ကြရတော့မှာပေါ့ .......

Light တယောက်တည်း တွေးနေမိသည်။
...... ဒီရက်တွေမှာ ငါ ခြေလှမ်းကျဲကျဲ လှမ်းခဲ့ပြီးပြီ။ အမှားတခုခုများ ပါခဲ့သေးသလား။ နောက်ထပ် ဘာဆက်လုပ်မလဲ။ ပွဲကတော့ တော်တော့်ကို ကောင်းလာပြီ L.......

ညသန်းခေါင်
"ဒေါက်..ဒေါက်"
L ၏ဟိုတယ် အခန်းတံခါးကို ခေါက်သံ ပေါ်လာသည်။

"ဖွင့်ပြီးသာ ၀င်ခဲ့ပါဗျာ"
အခန်းတွင်းမှ L ၏အသံထွက်လာ၏

No comments:

Post a Comment