စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၁.၂)

L သည် Kira ဟု မသင်္ကာသူနှစ်ဦးကို ရက် ၅၀ စောင့်ကြည့် ချုပ်နှောင်ထားခဲ့ဖူးကြောင်း၊ ၁၃ ရက်ဥပဒေအကြောင်း သိရှိပြီးမှ လွှတ်ပေးခဲ့ကြောင်း။ ထိုသို့လွှတ်ပေးရာတွင်လည်း ရဲချုပ် Yagami ကိုယ်တိုင် သူတို့နှစ်ဦးအား သုတ်သင်မည်ဟု ဟန်ပြသရုပ်ဆောင်ခဲ့ကြောင်း၊ ထိုအချိန်က အပြန်အလှန် ပြောခဲ့ကြသည့် စကားများ၊ Kira အစစ်အမှန်ဖြစ်ပါက ရဲချုပ်ကို သတ်ကိုသတ်လိမ့်မည်ဟု L ကယူဆခဲ့ကြောင်းများ၊ သူတို့သိသော သေမင်း၊ သေမင်းစာအုပ်၊ သေမင်းမျက်စိအကြောင်းများ Near အား Aizawa ပြောပြလေသည်။

... Kira ကတော့ တကယ့်ကောင်ပဲ။ အချုပ်ထဲဝင်ပြီး သူအပြစ်ကင်းတယ်တောင် ပြရဲတယ်ဆိုတော့ ....
Near တွေးနေမိရင်း

"နေပါဦးဗျ။ အဲဒီကောင်ကို ဘယ်လို အချုပ်ထဲ ထည့်ဖြစ်သွားတာလဲ။ သူကိုယ်တိုင်က ခင်ဗျားတို့ကို ချုပ်ခိုင်းတာများလား"

Aizawa ဖြေရမလား၊ မဖြေပဲနေရမလား တွေဝေသွားသည်။

Aizawa ထံမှ အသံတိတ်နေတော့ Near က
"ရပြီ၊ ဒီလောက်ဆို သဘောပေါက်ပြီ။ L မသင်္ကာတဲ့ အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ"

"ကျုပ်က လက်ရှိ L အောက်မှာ အလုပ်လုပ်နေသေးတယ်လေ။ အခုတော့ ဒီလောက်ပဲ ပြောနိုင်မယ်"
Aizawa ဖြေဖို့ ငြင်းလိုက်သည်။

"ဟုတ်ပြီလေ။ အခုလို သိသင့်တဲ့ အရေးပါတဲ့အချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့ လူတွေရဲ့နာမည်ကို မြင်နိုင်တယ်ဆိုတဲ့ သေမင်းမျက်စိ အကြောင်းပေါ့။ ဒီအချက်က သိပ်ကို အရေးပါတဲ့အချက် ဖြစ်လာလိမ့်မယ်"
Near ကျေးဇူးတင်လိုက်သည်။

ဖုန်းချပြီးသွားသော်
"Kira နဲ့ ရဲချုပ် Yagami တို့က သားအဖတွေဗျ။ လုံးဝ သေချာသွားပြီ"
Near ပြောချလိုက်တော့ ကျန် SPK အဖွဲ့သားများ မျက်လုံးပြူးသွားသည်။

"ဟ.. မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။ ဘာလိုလုပ် သေချာရပြန်တာတုံး"

"ခုနက Aizawa ပြောသွားတယ်လေ။ ရဲချုပ်က ပြောတယ် 'မင်းကို ငါသတ်မယ်၊ ပြီးရင် ငါ့ကိုယ်ငါ သတ်သေမယ်' ဆိုတာလေ။ ဒီစကားမျိုးက သားအဖချင်းမှ ပြောမှာပေါ့။ တခြား တစိမ်းကို သတ်မှတော့ ဘယ်သတ်သေစရာ လိုမလဲ။ အဲဒီတော့ သေချာပေါက် ပြောလို့ရတာက.. ရဲချုပ် Yagami ရဲ့သားဟာ Yagami Light.. ဆိုတော့ Light ဟာ Kira.. ဂျပန်ရဲထဲမှာ Kira ရှိနေတယ်၊ ရှိနေတဲ့ Kira ဟာ ဒုတိယ L.. အဲတော့ ဒုတိယ L ဟာ Yagami Light ဆိုတဲ့ Kira.. ဒါပဲ"

နောက်တနေ့ Kira စုံစမ်းရေးဌာနချုပ်တွင်
"ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် Light။ ငါ Near နဲ့ အဆက်အသွယ် လုပ်ပြီးပြီ"
Aizawa ရုတ်တရက် ပြောချလိုက်သည်။

"ရပါတယ်၊ ကျနော်က ဆက်သွယ်ကြပါလို့ ပြောထားသားပဲ။ အဲတော့ လုပ်ပါဦး ဘာတွေ ပြောဖြစ်ကြလဲ... သြော် မဟုတ်သေးပါဘူး၊ ကျနော် မေးလို့ ဘယ်ကောင်းပါ့မလဲနော်"
Light ကခပ်အေးအေး ပြန်ပြောလိုက်သည်။

"ငါ မင်း Kira မဟုတ်ဘူးလို့ သေသေချာချာ သိချင်တယ်။ စိတ်တော့ မကောင်းပါဘူး၊ မင်းရော Misa ရောကို ငါတို့ အရင်လိုပဲ စောင့်ကြည့်ချင်တယ်၊ ပြီးတော့ မင်းတို့ အခန်းတွေကို ရှာချင်တယ်၊ မင်းတို့ဆီမှာ စာအုပ် ရှိချင်ရှိနေမှာ"
Aizawa ပြတ်ပြတ်ပြောလိုက်တော့

"နေစမ်းပါဦး Aizawa ရ"
Matsuda က ကန့်ကွက်ချင်သည်။

"ထားလိုက်ပါ Matsuda။ စိတ်ရှင်းသွားတာ ကောင်းပါတယ်။ ခင်ဗျားတို့ စိတ်ကြိုက် သွားရှာကြပါ။ Misa ကိုပါ အကြောင်းမကြားဘဲ သွားရင် ပိုကောင်းမယ်၊ တော်ကြာ ကျနော်တို့မှာ စာအုပ်ရှိနေရင် ဖွက်ဖို့ အချိန်ရနေဦးမယ်"
Light အေးအေးပဲ ပြောလိုက်လေသည်။

သူ့စိတ်ထဲတွင်ကား
.... ခင်ဗျားတို့ စိတ်ကြိုက် ရှာကြစမ်းပါလေ။ စာအုပ်ကို ဘယ်လိုမှ တွေ့မှာ မဟုတ်ပါဘူး ...

သို့ဖြင့် Aizawa နှင့် Mogi တို့ Light တို့အခန်းသို့ ရောက်ရှိလာခဲ့တော့သည်။
တံခါးဖွင့်ပေးသော Misa ကိုကြည့်၍ နှစ်ယောက်သား မျက်လုံးပြူးသွားကြသေးသည်။
Misa ကား ရင်စည်း ခါးပြတ်၊ မီနီစကတ်လေးနှင့်။
"ဟယ် ရှင်တို့ ဘယ်က လှည့်လာတာလဲ။ Light တော့မရှိဘူး၊ သူ့မှာ Kira စုံစမ်းရေးနဲ့ အလုပ်ရှုပ်နေတာနဲ့ အိမ်တောင် မကပ်နိုင်ဘူးဖြစ်နေတာနဲ့ ကျမပဲ တယောက်တည်း ဖြစ်ဖြစ်နေတာ"

... အင်း ဒီလို အ၀တ်အစားနဲ့တော့ ဘယ်နည်းနဲ့မှ သူ့ကိုယ်ပေါ်မှာ စာအုပ် ဖွက်ထားနိုင်မှာ မဟုတ်ဘူး ...
Aizawa တွေးလိုက်ရင်း
"Light အိမ်မှာ ဗုံးထောင်ထားနိုင်တယ်လို့ သတင်းရလို့ လာခဲ့တာ။ ဒီသတင်းက မဖြစ်တော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် သေချာအောင် တအိမ်လုံးရှာဖို့ လာခဲ့တာပါ"

"အင်းလေ စိတ်ချရတာ ကောင်းတာပေါ့။ ရှာကြပါ"

Aizawa နှင့် Mogi တို့ တအိမ်လုံး နှံ့နှံ့စပ်စပ်ရှာကြသော်လည်း သေမင်းစာအုပ်ကိုကား မတွေ့ပေ။

"ဘယ်လိုလဲရှင့်၊ စိုးရိမ်စရာများ တွေ့သေးလား"

"မတွေ့ပါဘူး။ သတင်းပေးတဲ့ကောင် ပေါက်ကရ နောက်လိုက်တာ ထင်ပါတယ်။ ဒါပေမယ့် စိတ်ချရအောင် Mogi တော့ ဒီအိမ်မှာနေခဲ့ပြီး သုံးလေးရက် စောင့်ကြည့်ပါလိမ့်မယ်"

"ကောင်းသားပဲ။ ကျေးဇူးပါရှင်"

ထိုအချိန်တွင် Sakura TV မှ Demegawa ကား ထုံးစံအတိုင်း Kira's Kingdom အစီအစဉ်ကို ထုတ်လွှင့်နေလေ၏။

တပိုင်းတစ ဆောက်လုပ်ဆဲ ခမ်းနားကြီးကျယ်သည့် အဆောက်အဦးကြီးကိုပြရင်း
"Kira ရဲ့ ကိုယ်စားလှယ် Demegawa စကားပြောနေပါတယ်။ ကျုပ်တို့ အရှင်သခင် Kira အတွက် နန်းတော်ကြီး တည်ဆောက်နေတယ်။ ဒီအဆောက်အဦးကြီးပြီးသွားရင် အရှင် Kira ကို ဟောဒီပလ္လင်ကြီးပေါ်မှာ ဘိသိက်သွန်းပါ့မယ်။ အားလုံးပြီးစီးဖို့ နောက်ထပ် ငွေ တသန်းလောက်လိုနေသေးတယ်။ လှူကြပါ၊ လှူကြပါ"

"ဟ.. ဒီကောင်ကြီးကတော့ လုပ်စားနေပြန်ပြီလား မသိဘူး။ တကယ် Kira အတွက်ဆိုရင်တောင် Kira ထောက်ခံတဲ့လူတွေကိုယ်တိုင် Kira ကို အကြည်အညို ပျက်တော့မှာပေါ့။ ဒီလောက် ပိုက်ဆံတွေ လျှောက်ဖြုန်းနေတာ"
Matsuda ထုတ်ပြောမိသည်။

ကွန်ပျူတာရှေ့ ထိုင်နေသော Light တွေဝေသွားသည်။
.... အင်း Demegawa ဟာ ငါ့အတွက် အသုံးမ၀င်တော့ဘူး။ ပြီးတော့ ငါခိုင်းတာလည်း မဟုတ်ဘဲ လုပ်ချင်ရာတွေ လျှောက်လုပ်နေတယ်။ တကယ်ပဲ Kira တော့ နာမည်ပျက်တော့မယ် ....

"ဟောဒီမှာ Kira နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်မယ့် ကျုပ်ရွေးထားတဲ့ Kira အမှုထမ်းတွေ"
Demegawa နှင့်အတူ အခြား ၄ ယောက်ကို TV တွင်တွေ့ရသည်။

ထိုအချိန်မှာပင် တိုက်ခန်းတခန်းအတွင်း TV ရှေ့ထိုင်နေသူတဦး စာအုပ်တအုပ်ကို ဆွဲလှန်လိုက်သည်။
ထိုစာအုပ်ကား သေမင်းစာအုပ်။ သူ့နောက်တွင် သေမင်း Ryuk။ သူ့မျက်လုံးကား သေမင်းမျက်လုံး။

မကြာမီပင် Demegawa နှင့် အတူရပ်နေသူအားလုံး လဲကျသေဆုံးကုန်သည်ကို မြင်ကြရတော့သည်။

"ဟာ ဘယ်လိုဖြစ်တာတုန်း"

"Kira ဘာလို့ သူ့နောက်လိုက်တွေကို သူပြန်သတ်ရတာလဲ"

"ဒီကောင်တွေ လုပ်တာ လွန်များ လွန်သွားလို့လား"

အားလုံး တယောက်တပေါက် ဖြစ်ကုန်ကြစဉ်

"ဘာလို့လဲဆိုတာ ကျနော်တို့ တယောက်မှ မသိပါဘူးဗျာ။ ဒါပေမယ့် အတော်လေး ရက်စက်တာတော့ အမှန်ပဲ"
Light ၀င်ပြောလိုက်သည်။

.... ဟ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ Light ရော Misa ရော ဘယ်လိုနည်းနဲ့မှ စာအုပ်ကို မသုံးနိုင်ပဲနဲ့ ဘာလို့ လူတွေ သေကုန်ရတာလဲ ...
Aizawa စဉ်းစားရခက်လေပြီ။

.... ငါ မင်းကို ရွေးတာ သိပ်မှန်တယ် Mikami Teru (မီကာမီ တယ်ရု)။ ငါပြောစရာ မလိုဘဲ ငါ့စိတ်ထဲ ဘယ်လိုရှိမလဲဆိုတာ မင်းသိနေပါလား ...
Light ကား အကျေနပ်ကြီး ကျေနပ်နေလေတော့သည်။

မည်သူမျှ မသိလိုက်သည့် Light ၏ လုပ်ဆောင်ချက်များ

Aizawa တို့ Near ကိုဆက်သွယ်တော့မည်ဟု သိလိုက်ရကတည်းက Misa အား သေမင်းစာအုပ်ကို စွန့်လွှတ်၍ သာမန် အိမ်ထောင်ရှင်မိန်းကလေးဘ၀တွင်သာနေစေလိုကြောင်း Light မှ စေတနာအပြည့်ထားဟန်ဖြင့် ပြောဆိုခဲ့သည်။ သို့သော် Kira ဘ၀ကို မစွန့်လွှတ်မီ စာအုပ်ကို သူ ရွေးချယ်ထားသည့် အခြားလူတယောက်ဆီသို့ စာတိုက်မှတဆင့် လွှဲပြောင်းပေးစေခဲ့သည်။ ထိုသူကား Mikami Teru တည်း။ Light သည် Kira အသစ်ရှာဖွေရာတွင် မည်သူသည် သူ့ကို တကယ်ကိုးကွယ်သည်၊ အလေးထားသည်ကို TV၊ Internet၊ သတင်းစာ အားလုံးတို့ကို ဂရုတစိုက်လေ့လာ ရှာဖွေခဲ့သည်။ ထိုထဲတွင် Mikami ၏ Kira နှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ရေးသားမှုများကို သူသတိထားမိခဲ့ခြင်းဖြစ်ပြီး သူခိုင်းသမျှလုပ်မည့် သူ့ကို ဘုရားလို ကိုးကွယ်မည့်သူဟု သတ်မှတ်ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်

No comments:

Post a Comment