စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၂)

Mikami Teru အကြောင်း တစေ့တစောင်း
သူသည် သာမန် ဂျပန်ပြည်သူများထက် ကောင်းမှု၊ မကောင်းမှုများကို ခွဲခြားသိမြင်ပြီး တရားမျှတမှုကို လွန်စွာလိုလားသူဖြစ်သည်။ သူငယ်စဉ်က ခံစားခဲ့ရသည့် စိတ်ဒဏ်ရာများကလည်း ထိုအချက်ကို ပို၍တွန်းအားပေးလေသည်။

သူ၏ ဘ၀သည် အလယ်တန်းကျောင်းသားဘ၀မှာပင် တမျိုးတဖုံ ပြောင်းလဲရန် ဖြစ်လာခဲ့သည်။ သူသည် အရာရာကို တိကျ မှန်ကန်စွာ လုပ်တတ်သည်။ အိပ်ချိန်မှန် စားချိန်မှန် စာကျက်ချိန်မှန်ပြီး ထူးချွန်သော ကျောင်းသားဖြစ်သည်။ စာတော်ထက်မြက်၍ အတန်းခေါင်းဆောင်ဖြစ်သော Mikami သည် အုပ်စုဖွဲ့ဆိုးသွမ်းကြသော ကျောင်းသားများနှင့် ရန်သူများဖြစ်လာခဲ့သည်။

တရားမျှတမှုကို မြတ်နိုးသော Mikami သည် မည်သူ အနိုင်ကျင့်ခံနေရသည်ဖြစ်စေ၊ အင်အားချင်းမမျှတသည့်ကြားမှ အနိုင်ကျင့်ခံရသူဘက်တွင်သာ ရပ်တည်ကူညီခဲ့သည်။ ထို့ကြောင့်လည်း သူသည် အကြိမ်ပေါင်းများစွာ အရှုံးဘက်တွင်သာ ရှိခဲ့သည်။ မည်သို့ဆိုစေ သူကူညီခဲ့သော ကျောင်းသားများ၏ 'ကျေးဇူးပါကွာ' ဟုပြောသော စကားလုံးတိုင်းသည် သူ့ကြိုးစားအားထုတ်မှုအတွက် တွန်းအားဖြစ်ကာ တရားမျှတမှုကို ကာကွယ်ရန် ပို၍ အားတက်လာစေသည်။ သို့ဖြင့် အချိန်တန်သော် သူ၏ စွန့်စားမှုအောင်မြင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ဘက်တွင် ရပ်တည်လာသော ကျောင်းသားများ များပြားလာပြီး အုပ်စုနှင့် သောင်းကျန်းကြသော ကျောင်းသားများရန်မှ ကင်းဝေးခဲ့လေ၏။

ထိုအောင်မြင်မှုသည် အထက်တန်းကျောင်းသားဘ၀ အရောက်တွင် လုံးဝ ပျက်စီးသွားခဲ့သည်။ သူကူညီခဲ့ဖူးသူများပင် သူ့ကိုရန်ပြုသူများဘက်မှ ရပ်တည်လာသည်။ အရင်တချိန်က ဘယ်ဘက်မှမပါသူများသည် သူ့ကို လှောင်ရယ်သူများ ဖြစ်လာသည်။

ထိုအခါ တရားမျှတမှုသည် အစဉ်အမြဲ မအောင်မြင်နိုင်ဟု Mikami ယူဆလာသည်။ ထို့ပြင် ထိုအခြေအနေမျိုးတွင် မတရားမှုကို အမြစ်ပြတ်သုတ်သင်ခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု သူ ခံယူလာခဲ့လေသည်။ ထို့ကြောင့် သူ့အား အနိုင်ကျင့်နေသူများ ဤလောကတွင် ရှိမနေသင့်ဟု သူ ဆုံးဖြတ်ခဲ့သည်။

ထိုသို့ဖြင့် Mikami သည် ဤကမ္ဘာကြီးပေါ်တွင် လူဆိုးနှင့် လူကောင်းဟူ၍ လူတန်းစား နှစ်မျိုးတည်းသာရှိသည်ဟု မှတ်ယူလာခဲ့တော့သည်။

တလောကလုံးတွင် သူ့ကို နားလည်သူမှာ သူ့အမေ တယောက်သာရှိသည်ဟု Mikami ထင်မြင်ခဲ့သည်။ သူ့အမေသည် သူ့ကို နားလည်စာနာခဲ့သည်။ သူ့အတွက်စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဒဏ်ရာဒဏ်ချက်များဖြင့် အိမ်ပြန်ရောက်ရောက်လာသော သားကို ဤသို့ တကိုယ်တော် စွန့်စားခန်းများ မလုပ်ရန်၊ ဤသို့ လုပ်ခြင်းဖြင့် မည်သို့မျှ အကျိုးရှိမည် မဟုတ်ဆိုသည်ကို နားလည်ရန် ရှင်းပြပြောဆိုခဲ့သည်။

ထိုအခါ သူ၏မိခင်သည်ပင် မကောင်းမှုဘက်တွင် ရှိနေသည်ဟု Mikami ယူဆခဲ့သည်။ မကောင်းမှုဘက်တွင် ရှိနေသည်ဖြစ်၍ သူ၏မိခင်သည် ဤလောကတွင် ရှိမနေသင့်ဟု ဆုံးဖြတ်ခဲ့သည်။

Mikami ၏အတွေးအခေါ် အယူအဆများ ပို၍ ခိုင်မာစေမည့် နေ့တရက်သည် မကြာမီ ရောက်လာခဲ့သည်။ သူ၏ အဓိကရန်သူ ၄ ဦးသည် ယာဉ်တိုက်မှုတခုဖြစ်ပြီး ၄ ဦးစလုံး သေဆုံးသွားကြသည်။ ထို ယာဉ်တိုက်မှုတွင် လူသွားလမ်းပေါ် လမ်းလျှောက်နေသူတဦးပါ သေဆုံးခဲ့သည်။ ထိုသူသည် Mikami ၏ မိခင်ဖြစ်သည်။

လောကကြီးတွင် သူ ရှိမနေစေချင်သူ အားလုံး တနေ့တည်း တချိန်တည်းတွင် သေဆုံးသွားခဲ့လေပြီ။ သူ့မိခင်အတွက် စိတ်မကောင်းဖြစ်ခဲ့သော်လည်း ဤအဖြစ်အပျက်သည် ကျန်သူများ စိတ်ချမ်းသာမှုအတွက် အဖြစ်သင့်ဆုံးဟု Mikami ခံယူခဲ့သည်။ သူ၏ ခံယူချက်မမှားကြောင်း ငြိမ်းချမ်းစိုပြည်လာသည့် သူ၏အတန်းသည် သက်သေဖြစ်ခဲ့လေသည်။

Mikami အသက်ကြီးလာသည်နှင့်အမျှ သူ့ယူဆချက်များ ပိုမိုခိုင်မာလာသည်။ သူသည် တက္ကသိုလ်တွင်၊ အလုပ်ခွင်တွင် ဆန်ကုန်မြေလေး၊ လူ့ပေါ်ကြော့များ အများအပြားတွေ့ခဲ့သည်။ ထိုကဲ့သို့သောသူများ အများအပြား ရှိခြင်းကြောင့်သာ မကောင်းမှုများ ကြီးစိုးလာသည်ဟု သူ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ၄င်းတို့ကိုလည်း သုတ်သင်ခြင်းမှတပါး အခြားလမ်းမရှိဟု ယူဆခဲ့သည်။

ဤသို့ဖြင့် အရာရာကို အချိန်မှန်လုပ်တတ်ပြီး စာတော်သော ကျောင်းသားလေး Mikami သည် မကောင်းမှုကို တိုက်ဖျက်ရန် ဥပဒေ ဘာသာရပ်ကို လိုက်စားကာ ရှေ့နေတဦးဖြစ်လာတော့သည်။ တရားမျှတမှုကို ကာကွယ်ပြီး ဆိုးသွမ်းသောင်းကျန်းသူများကို ထိုက်သင့်သည့် ပြစ်ဒဏ် ပေးရန် သူအစွမ်းကုန် ကြိုးစားခဲ့သည်။ ထိုစဉ်အတွင်း ထူးဆန်းမှုများကို ကြုံတွေ့လာရသည်။ သူကိုယ်တိုင်က သေသင့်သည့်သူဟု သတ်မှတ်ခဲ့သူများ တဦးပြီးတဦး သေဆုံးကုန်ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်များသည် Kira လက်ချက်ဖြစ်ကြောင်း မကြာမီပင် သူသိလာရတော့သည်။ ထိုအခါ သူသည် လွန်စွာ ၀မ်းသာကြည်နူး၏။ ဤ အဖြစ်အပျက်များသည် တိုက်ဆိုင်မှု မဟုတ်၊ ဘုရားသခင်သည် သူ့အား စောင့်ကြည့်၍ သူ၏ အလိုဆန္ဒများကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်ဟု ခံယူလာ၏။ Kira ကို ဘုရားသခင်ဟုပင် ခံယူလာတော့သည်။

သို့ဖြင့်သူသည် Kira သူ့ကို သတိထားနိုင်မည့် နေရာများစွာသို့ သွားခဲ့သည်။ ဓာတ်ပုံများတွင် မြင်နိုင်မည့်နေရာ၊ TV တွင်မြင်နိုင်မည့်နေရာ၊ မြင်ကွင်း အကောင်းဆုံးနေရာများတွင် Kira မြင်နိုင်ရန် သူနေခဲ့သည်၊ Kira သတိထားနိုင်မည့် ဟောပြောပွဲများတွင် သူပါဝင်ခဲ့သည်။

တနေ့တွင် Kira ထံမှ သူသည် Kira ဖြစ်ထိုက်သူဟု ဂုဏ်ပြုစာ၊ သူလုပ်ရမည့် အလုပ်များ ညွှန်ကြားစာနှင့်အတူ စာအုပ်တအုပ် Mikami လက်တွင်းသို့ ရောက်လာတော့သည်။

ထိုသို့ဖြင့် Mikami သည် ညွှန်ကြားစာ ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ၊ သူကောင်းမည်ထင်သလို Kira တာဝန်များကို ကျေနပ်ပျော်ရွှင်စွာ ထမ်းဆောင်နေလေတော့သည်။

သေမင်းစာအုပ် လျှို့ဝှက်ချက်

သေမင်း၏ ဆန္ဒကြောင့်မဟုတ်ဘဲ လူတဦးတယောက်သည် သေမင်းစာအုပ် ပိုင်ဆိုင်သွားပါက ယင်းသေမင်းသည် စာအုပ်ပြန်လည်ရယူရန်တာဝန်ဖြင့် လူ့ပြည်တွင် နေထိုင်နိုင်သည်။

ဤအခြေအနေတွင် အခြားသေမင်းစာအုပ်(များ) လူ့ပြည်တွင် တချိန်တည်း ရှိနေသည် ဆိုပါက သေမင်းများသည် မိမိနှင့် သက်ဆိုင်သော သေမင်းစာအုပ်ပိုင်ရှင် လူသားအား အခြား စာအုပ်ပိုင်ရှင် မည်သူဖြစ်သည်၊ သေမင်းစာအုပ် မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်များကို ပြောပြပိုင်ခွင့် မရှိချေ

No comments:

Post a Comment