စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၀.၂)

Near စဉ်းစားခန်းဝင်နေသည်။
.... ဥပဒေ အတု ဆိုပဲ။ နှလုံးရောဂါနဲ့ သေတာတို့၊ မသေခင်လုပ်မယ့် အပြုအမူတွေ ထိန်းချုပ်တာတို့ တကယ်ဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိပြီးသားပဲ။ စာအုပ် ရှိနေသေးတယ်ဆိုတော့ စာအုပ်ကို ဖျက်ဆီးရင် ဖြစ်မယ့်ကိစ္စက ဘယ်လိုမှ မသိနိုင်သေးဘူး။ ဒါဆို... ၁၃ ရက်အတွင်း လူထပ်မသတ်ရင် မသတ်တဲ့လူ သေမယ်ဆိုတဲ့ဟာပဲကျန်တယ်။ ဒီဟာပဲ အတုဖြစ်လိမ့်မယ် ....

Light ဆီသို့ Near ဖုန်းခေါ်လေပြီ။
"L ငါတို့ Melo ကိုဖမ်းမိလိုက်တယ်"

Light တို့အားလုံး အံ့သြသွားကြသည်။
"ဟေ.. ဟုတ်လား"

သို့သော် Near က စကားမဆုံးသေး။
"အေး.. ဒါပေမယ့် သူပြန်လွတ်သွားတယ်ကွ။ အဲ.. သူ့ဆီက သိဖို့လိုတာလေးတွေ နည်းနည်းပါးပါးတော့ သိလိုက်ရပါတယ်"

Light က မယုံ။
"သူ လွတ်သွားတာ မဖြစ်နိုင်ဘူး။ မင်း လွှတ်ပေးလိုက်တာဖြစ်ရမယ်။ ဟုတ်တယ် မဟုတ်လား"

Near ကလည်း မလျှော့။
"မလွှတ်ပါဘူး။ သူ တကယ်လွတ်သွားတာကွ။ အဲဒါ သူပြောသွားတဲ့ဟာ မင်းကို ပြောပြမလို့။ ဟိုစာအုပ်က သေမင်းရဲ့ စာအုပ်တဲ့ကွ။ မင်းတို့က စာအုပ်ကို သိမ်းထားတဲ့သူဆိုတော့ ဒီကောင်ပြောသွားတာ တကယ် ဟုတ်မဟုတ် ပြောနိုင်မလားလို့"

Light ရင်ထိတ်သွားသော်လည်း စိတ်ငြိမ်ငြိမ်ထားပြီး ဖြေလိုက်သည်။
"အေး သူပြောတာ အမှန်ပဲ။ ငါ ပြောရင် မင်း မယုံမှာစိုးလို့ မပြောပြခဲ့တာ"

Near ခပ်အေးအေးပဲ ဆက်ပြောလိုက်သည်။
"အေးပါလေ။ ငါ အဲဒီ သေမင်းကို မေးချင်တာတွေ ရှိတယ်ကွ။ အမေးချင်ဆုံးကတော့ကွာ၊ စာအုပ်ထဲမှာ ရေးထားတဲ့ ဥပဒေတွေထဲက တချက်က အတုကြီးဆိုတာပဲ"

Light တို့ မျက်လုံးပြူးသွားပြန်သည်။
"ဟေ.. အတု၊ ဟုတ်ရဲ့လား"

"အေး၊ အဲဒီတော့ကွာ.. မင်းသာဆိုရင် ဘယ်အချက်က အတုလို့ ထင်သလဲလို့"

Light ချွေးများပင် စို့လာသည်။ သို့သော် သူ ပြန်ဖြေလိုက်သည်။
"မဖြစ်နိုင်တာတွေ ဖယ်လိုက်ရင်တော့ ၁၃ ရက်အတွင်း လူထပ်မသတ်ရင် မသတ်တဲ့လူ သေမယ် ဆိုတဲ့ ဥပဒေပဲ အတုဖြစ်ဖို့ရှိတယ်"

"ငါထင်တဲ့အတိုင်းပါပဲ။ ငါလည်း အဲဒီ အချက်ကိုပဲ သံသယ ဖြစ်နေတာ"

Light သူ့လူတွေ ယုံကြည်အောင် လုပ်ရတော့မည်ဟု ဆုံးဖြတ်လိုက်ပြီး
"ကဲ သေမင်းရေ၊ စာအုပ်ထဲမှာ ဥပဒေအတုတွေများ ပါနေသလား"

Ryuk ကလည်း အားလုံးရှေ့မှာပင် ခပ်တည်တည်ပဲ ဖြေလိုက်သည်။
"မပါပါဘူး"

ဒီတခါတော့ Near အံ့သြသွားသည်။
"မင်းနားမှာ သေမင်းရှိနေတာလား"

"အေး"

"သြော်.. ကောင်းတယ် ကောင်းတယ်။ ငါ အခုနားလည်သွားပြီ။ မင်းတို့ထဲမှာ Kira ရှိနေတယ်။ အဲဒီကောင်က သေမင်းကိုပါ လိမ်ခိုင်းထားတယ်"

သေမင်း Ryuk ပင်မနေနိုင်၊ Near ကိုကြိတ်ပြီး ချီးကျူးမိသည်။
... ဒီကောင်လေးကလည်း ခေသူမဟုတ်ပဲဟ ....

Light နှင့် Near တို့အပြန်အလှန် ပြောနေကြသည်များကို နားထောင်၍ ကျန်သူများ တီးတိုး တီးတိုးဖြစ်နေကြလေပြီ။

"ဥပဒေ အတု ပါတယ်ဆိုရင် ဒီသေမင်းကြီး လိမ်နေတာပေါ့"

"အဲဒီ ဥပဒေ အတုက ၁၃ ရက်ဥပဒေဆိုရင် Light ကိုချုပ်ထားခဲ့ပြီးမှ ပြန်လွှတ်လိုက်တာ အဓိပ္ပာယ် မရှိဘူး ဖြစ်သွားပြီပေါ့"

"အေးလေ.. အဲဒါ အတုဆို Light ဟာ Kira မဟုတ်ဘူးလို့ ပြောလို့မှ မရတော့ပဲ"

"ဒါပေမယ့် Light က Kira မဖြစ်နိုင်ဘူးလေ။ Light ဟာ သေမင်းစာအုပ်ပိုင်ရှင် မဟုတ်ဘူးဆိုတာ ရဲချုပ်ကိုယ်တိုင် မသေခင် ပြောသွားခဲ့တာပဲ"

ထိုစဉ် Near ကဆက်ပြောလေသည်။
"ဒီလို လုပ်ရအောင်ကွာ။ Melo နာမည်ကို စာအုပ်ထဲ ငါရေးလိုက်မယ်။ Melo သေပြီး ၁၃ ရက်မှာ ငါသေရင် Kira အနိုင်ပေါ့။ ဒီ ၁၃ ရက် ဥပဒေ မှန်မမှန်ကို စစ်ဆေးတာဟာ Kira စုံစမ်းရေးအတွက် ဘာမှ အကျိုးယုတ်စရာမရှိဘူး။ အကျိုးတောင် ဖြစ်ဦးမယ်။ အဲဒီတော့ ငါ သေကာမှ သေရော၊ စမ်းကြည့်ဖို့ ၀န်မလေးဘူး"

Light အကြီးအကျယ် ခေါင်းခြောက်လေပြီ။
... ဒီကောင်တော့ ငါ့ကို လုပ်ပြီ။ ငါငြင်းလိုက်ရင် ဘယ်လိုထင်ကြမလဲ...

"ဒီကိစ္စကို ငါ့အဖွဲ့ဝင်တွေနဲ့ တိုင်ပင်လိုက်ဦးမယ်။ မင်း ခဏစောင့်ပါ"
Light ပြောပြောဆိုဆို Near နဲ့အဆက်အသွယ် ဖြတ်ချလိုက်ပြီး

"ကဲ အားလုံး ကြားကြတဲ့အတိုင်းပဲ။ သူ့အကြံကို လက်မခံချင်ရင် 'ငါတို့က လူ့အသက်ကို တန်ဖိုးထားတယ်။ ဒါ့ကြောင့် ဒီလို အစီအစဉ်တွေ လက်မခံနိုင်ဘူး' လို့ ပြောလိုက်ယုံပဲ။ ဒါပေမယ့် ကျနော်က Kira ဖြစ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ အချုပ်အနှောင် ခံခဲ့ရတယ်လူဆိုတော့ ဒါကို လက်မခံဘူးလို့ ငြင်းမယ်ဆိုရင် အဆင်မပြေဘူး။ ခင်ဗျားတို့ ဘယ်လို သဘောရကြသလဲ"

Matsuda ကတော့ ပွင့်ပွင့်လင်းလင်းပင်။
"Melo က ရဲချုပ်သေတဲ့ကိစ္စမှာ အဓိက တာဝန်ရှိတဲ့ကောင်ပဲ။ သေပေ့စေကွာ၊ ငါကတော့ သဘောတူချင်တယ်"

Ide ကတော့ သဘောမတူ။
"ကျုပ်သဘောမတူဘူး။ ကျုပ်တို့ထဲမှာ Kira မရှိဘူးလို့ ယုံတယ်။ ဒီစာအုပ်နဲ့ လူသတ်မယ့်ကိစ္စကြီးကလည်း မလုပ်သင့်ဘူးလို့ထင်တယ်"

Aizawa ကမူ သူ့သဘောမဟုတ်။
"အင်းလေ.. ရဲချုပ်ရဲ့ ဆန္ဒကိုတော့ လေးစားသင့်တယ် ထင်တာပဲ။ သူသာဆိုရင်လည်း လက်ခံမှာ မဟုတ်ဘူး"

Mogi လည်း ၀င်ပြောသည်။
"ကျုပ်လည်း သဘောမတူဘူးဗျာ"

"ကဲ Near.. မင်း အစီအစဉ်ကို ဘယ်သူမှ သဘောမတူဘူးကွ"
Light အကြောင်းပြန်လိုက်လေပြီ။

"ထင်သားပဲ။ ငါပြောတာ သေချာမှတ်ထားနော်၊ မင်းတို့ထဲမှာ Kira ရှိနေတာ၊ ဒါမှ မဟုတ် အနည်းဆုံးတော့ Kira နဲ့ ပူးပေါင်းကြံစည်နေတဲ့လူရှိတယ်ဆိုတာ အသေအချာပဲ။ အဲဒါကို ငါ သက်သေပြပြမယ်"
Near ပြောပြောဆိုဆို ဖုန်းချသွားတော့သည်။

Kira စုံစမ်းရေးအဖွဲ့ဝင်အားလုံးနီးပါးက Light အားသံသယ မရှိသော်လည်း Aizawa တယောက်ကမူ
.... ၁၃ ရက်ဥပဒေသာ အတုဆိုလို့ကတော့ Light မှာ အပြစ်မရှိဘူးဆိုတဲ့ သက်သေ ဘာတခုမှ မရှိတော့ဘူး။ သူပဲ Kira ဖြစ်ရမယ် ....

Ryuk ကား ရယ်လျက်။
Light ကား အလွန်အမင်း ဒေါသထွက်လျက်။
.... Near မင်း သေကို သေမှဖြစ်တော့မယ် ....

ရက်မကြာမီ
အမေရိကန် သမ္မတထံသို့ Kira ဆီမှ ဖုန်းဝင်လာသည်။
"သမ္မတကြီးရဲ့ ကျုပ်နဲ့ ပတ်သက်တဲ့သဘောထားကို လေးစားပါတယ်။ ဒါပေမယ့် အဲဒီလောက်နဲ့ မလုံလောက်သေးဘူး။ Kira ဆန့်ကျင်ဖို့ ဖွဲ့ထားတဲ့ SPK အဖွဲ့ကိုပါ သမ္မတကြီး ဖျက်ပစ်ဖို့ လိုလိမ့်မယ်။ ပြီးတော့ သမ္မတကြီး အမိန့်နဲ့ ရှိရှိသမျှ FBI တို့ CIA တို့ အမေရိကန် ရဲတပ်ဖွဲ့တို့ကို SPK အဖွဲ့ဝင်တွေ ဘယ်မှာနေတယ်ဆိုတာ စုံစမ်းခိုင်းပါ။ ပြီးရင် ကျုပ်ပြောတဲ့နေရာကို စုံစမ်းလို့ရသမျှအချက်တွေ ပို့ပေးရမယ်။ သမ္မတကြီး အသက်ဘယ်လောက်ရှည်ရှည်နေရမယ်ဆိုတာ သမ္မတကြီး ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်နေတယ်ဆိုတာတော့ ခေါင်းထဲထည့်ထားပါ"

အမေရိကန်သမ္မတကြီးကား စကားတခွန်းသာ ပြန်ပြောနိုင်တော့သည်။
"ကျုပ်နားလည်ပါတယ်"

ထို့နောက် သမ္မတကြီးသည် ဂျပန်နိုင်ငံ Sakura TV သို့ဆက်သွယ်၍ ဒါရိုက်တာကြီး Demegawa ကိုယ်တိုင်ကို အမေရိကန်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီး SPK ဌာနချုပ်ကို ပြောပြမည်ဟု အကြောင်းကြားလိုက်လေသည်။

စုံစမ်းရေး ဌာနချုပ်တွင်
Ide နှင့် Aizawa နှစ်ယောက်တည်း တကုပ်ကုပ်နှင့် ကွန်ပျူတာများရှေ့ အလုပ်ရှုပ်နေကြသည်။
... L ကိုယ်တိုင်က Light ကို Kira ဖြစ်ရမယ်လို့ မသင်္ကာဖြစ်ခဲ့တယ်၊ တကယ်လို့ Light သာ Kira ဆိုရင် ငါတို့က မသင်္ကာလို့ စုံစမ်းဖို့ မပြောနဲ့ မေးလား မြန်းလား လုပ်ရင်ကို အသတ်ခံရနိုင်တယ် ...
Aizawa အတွေးထဲ နစ်မြောနေသည်။

"Aizawa ငါတို့တွေပေါင်းလာတာ ကြာပြီပဲ။ မင်းဘာလုပ်ချင်နေလဲ ငါသိတယ်။ ငါကိုယ်တိုင်လည်း Light ကိုမသင်္ကာတော့ဘူး။ Light နဲ့တွဲအလုပ်လုပ်ဖို့ထက် မင်းနဲ့ပဲတွဲအလုပ်လုပ်ချင်တယ်ကွ။ အဲတော့ မင်း လုပ်စရာ ရှိတာ လုပ်ကွာ"
Ide က တွေဝေနေသော Aizawa အားပြောလိုက်လေသည်။

"ငါ Near ကိုဆက်သွယ်မယ်ကွာ။ Light တော့သိလို့ မဖြစ်ဘူးပေါ့"
Aizawa သူ့အတွေးကို ပြောလိုက်သည်။

"အေးပါ။ မင်း ဘာပဲလုပ်လုပ် ငါ ဘယ်သူ့ကိုမှ မပြောဘူး၊ စိတ်ချ"

သူတို့ သတိမထားမိသည်ကား အခန်းဝတွင် ရောက်နေသော Light သူတို့ပြောစကားများကို အစအဆုံး ကြားနေခဲ့သည် ဆိုသည့်အချက်ပင်။

Light ခပ်တည်တည်နှင့် အခန်းတွင်း ၀င်လာပြီး သူ့ခုံတွင်သူ ထိုင်လိုက်သည်။

... Light မင်း Kira မဟုတ်ပါစေနဲ့လို့ ငါဆုတောင်းပါတယ် ...
Aizawa စိတ်ထဲမှ ပြောနေမိသည်။

ထိုအချိန်မှာပင် Matsuda တယောက် အမောတကောနှင့် အခန်းတွင်းဝင်ရောက်လာပြီး
"ဟိုအရူး Demegawa တော့ လုပ်ချလိုက်ပြန်ပြီ။ Sakura TV ကိုကြည့်ကြပါဦး"

Sakura TV ကား အမေရိကားမှ အဖြစ်အပျက်များကို တိုက်ရိုက် ထုတ်လွှင့်နေသည်။
Demegawa ကား ရဟတ်ယာဉ်ပေါ်မှ
"ကျုပ်တို့အရှင်သခင် Kira ကိုဆန့်ကျင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ အဆောက်အဦးကို ရှာတွေ့ပြီ။ ကျုပ်တို့ ညီအကိုတတွေ ၀ိုင်းကြစို့၊ မကောင်းဆိုးဝါးကောင်တွေကို ဆုံးမကြစို့"

အဆောက်အဦးရှေ့တွင်ကား Kira ထောက်ခံသူလူအုပ်ကြီးမှ မှန်များကိုရိုက်ခွဲ မီးများရှို့ လုပ်နေကြလေပြီ။

Misa မှာလည်း TV ရှေ့ထိုင်ကာ Near ထွက်အလာကိုစောင့်နေလေသည်။
... Near ထွက်လာတာနဲ့ သူ့နာမည်ကို ရေးရမယ်။ Light ရှင့်အတွက် ကျမ အစွမ်းကုန် ကြိုးစားပါ့မယ် ....

အဆောက်အဦး အပေါ်ထပ် အထပ်ပေါင်းများစွာ အမြင့်တွင်ကား
"Near ဒီတိုင်းဆိုရင်တော့ ငါတို့အားလုံး ဆွဲထုတ်ပြီး အရိုက်ခံရဖို့ များတယ်နော်။ တချို့ကောင်တွေ အောက်ထပ်တွေကို ၀င်လာကုန်ပြီ"

အခြေအနေများ ရှုပ်ထွေးနေစဉ်တွင် L ဆီမှ ရိသဲ့သဲ့ ဆက်သွယ်မှု ၀င်လာသည်။
"ဘယ်လို ဖြစ်တာလဲကွ Near။ မင်းတို့ ဒီလောက် လျှို့ဝှက်ထားတာကို ဘယ်လိုလုပ်ပေါ်သွားရတာလဲ။ မင်းနဲ့ မကြည်တဲ့ Melo ရဲ့လက်ချက်လား၊ ဒါမှမဟုတ် မင်းတို့ချာလို့ပဲ လူတွေ သိသွားတာလား"

Near ချက်ချင်းသဘောပေါက်လိုက်သည်။
.... ခွေးမသား၊ သေချာပြီ ....

Light ကားကျေနပ်စွာပြုံးလျက်
.... ငါပဲ နိုင်မှာပါပဲ Near ...

No comments:

Post a Comment