စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, February 23, 2014

သေမင်းစာအုပ် (၁.၂)


"ဟိတ် ကောင်မလေး...တယောက်တည်း ဘယ်လဲကွ"
"Takuo တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ မြင်လည်း မြင်တတ်ပလေကွာ"
မိန်းကလေး ငယ်ငယ် ချောချော တယောက်အား ဆိုင်ကယ်စီး လမ်းသူရဲများ ရိတိတိ လုပ်နေသည်ကို ညဖက် ကျောင်းအပြန် လမ်းလျှောက်လာသော Light တွေ့လိုက်ရသည်။
"ကျုပ်နာမည် Shibumaru Takuo (ရှီဘူမာယူတာကူ)။ မင်းလေးကတော့ Shibutaku လို့ပဲ ခေါ်ပေါ့ကွာ။"
"မနှောင့်ယှက်ပါနဲ့ရှင်။ တောင်းပန်ပါတယ်"
"ဟေ့..သူက ငါတို့ကို မနှောင့်ယှက်ပါနဲ့ ဆိုပါလားဟ"
"အေးဟ..အဲလို ပြောပုံလေးကိုက ချစ်စရာ ကောင်းနေတာဟေ့"
မှောင်စပျိုးနေပြီဖြစ်ပြီး လူကပြတ်လှသည်။ လမ်းသူရဲတို့၏ ရှေ့ဖက် စာအုပ်ဆိုင်အတွင်းသို့ Light ချိုးဝင်လိုက်ပြီး ဆိုင်အတွင်းမှ အခြေအနေကို မသိမသာ ဆက်အကဲခတ်နေမိ၏။
လမ်းသူရဲ တယောက်က ရုတ်တရက် မိန်းကလေးကို နောက်မှဝင်ချုပ်၍ အခြားတယောက်က အ၀တ်အစားများကို ကြမ်းတမ်းစွာ ဆွဲချွတ်ရန် ကြိုးစားလေပြီ။
"မလုပ်ပါနဲ့.. မလုပ်ပါနဲ့.."
ထိုအချိန် စာအုပ်ဆိုင်ထဲတွင်
သေမင်းစာအုပ်ထဲ Light နာမည် ရေးချလိုက်သည်က
'Shibumaru Takuo။ ကားတိုက် သေရမည်။'
....ကဲ ဘာဆက်ဖြစ်မလဲ၊ စောင့်ယုံပဲ....
မကြာမီပင် ရုန်းရင်းကန်ရင်း မိန်းကလေး လွတ်ထွက်လာပြီး နင်းကန်ပြေး။
Shibumaru ဆိုင်ကယ်ပေါ် ပြေးခွပြီး မိန်းကလေးနောက်လိုက်။
လမ်းမကို ဖြတ်ပြေးသည့် မိန်းကလေးနောက်ကို ဆိုင်ကယ်နှင့် အပြင်းလိုက်စဉ် လမ်းရှင်းရှင်းကို အရှိန်ပြင်းစွာမောင်းလာသည့် ကုန်ကား တစင်းကို Shibumaru မတွေ့လိုက်။
"ဒုန်း"
ကျယ်လောင်သည့် အသံနှင့်အတူ ဆိုင်ကယ်တခြား လူတခြား။ မိန်းကလေးကတော့ လက်မတင်လေး လွတ်ပြီး ဆက်ပြေးသွားပေပြီ။
အဖြစ်အပျက်ကို ကြည့်ပြီး ကျောက်ရုပ်လို ငြိမ်ကျန်ရစ်သည်က Light။ လူက ငြိမ်နေပေမယ့် စိတ်က မငြိမ်။ သူ့ရင်သည် ပြင်းထန်စွာ ခုန်နေသည်။
...စာအုပ်...စာအုပ်...တကယ့် သေမင်းစာအုပ်...
"အရူး..Takuo...မသာကြီး ဘာလို့ ရုတ်တရက် ဆိုင်ကယ် ထစီးသွားရတာလဲ။ ဂေါက်သွားတာလား..."
လမ်းသူရဲများကား တယောက်တခွန်းပြောရင်း အဖြေရှာမရ။
သေမင်းတိုင်းပြည်
Ryuk ရေရွတ်နေမိသည်။
"၅ ရက်တောင်ရှိပြီ။ ငါသွားသင့်ပြီနဲ့တူတယ်"
"ဟေ့ကောင် Ryuk မင်းဘယ်သွားမလို့ကြံနေတာလဲ။ ငါတို့ တိုင်းပြည်ထဲတော့ ဘယ်သွားသွား စိတ်ပျက်စရာ ပျင်းစရာကြီးပါကွာ။ ဘာမှ မထူးပါဘူး"
"ငါ့ သေမင်းစာအုပ် ကျသွားလို့ကွ"
"အေး..မင်း ဒီတခါတော့ နာပြီဟေ့ကောင်။ အဲ အဲ.. နေစမ်းပါဦး။ တို့ ဘုရင် ဆီကနေ နောက်ထပ် စာအုပ်တအုပ် မင်း လိမ်ပြီး တောင်းထားဖူးတယ်လေ။ အဲဒီစာအုပ်ရော မင်းစာအုပ်ရော နှစ်အုပ်လုံး ပျောက်သွားပြီလို့တော့ မပြောနဲ့နော်"
"ဟ ဒီကောင်က ပျောက်သွားတယ်ပြောတာမှ မဟုတ်တာ။ ကျသွားတယ်လို့ ပြောတဲ့ဟာကို။ ဘယ်ကိုကျသွားလဲရော မင်း မှတ်မိရဲ့လားကွ"
"လူ့ပြည် လေ"
"ဟေ!"
ကျန်သည့် သေမင်းများ အံ့အားသင့်နေချိန်တွင် Ryuk ကတော့ လူ့ပြည်သို့ ဆင်းသွားလေပြီ။
သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်
နာမည် ရေးရာတွင် ထိုသူ၏ မျက်နှာကို မြင်ယောင်၍ ရေးရမည် ဆိုခြင်းမှာ နာမည်တူသူများ ဒုက္ခ မရောက်စေရန် ကာကွယ်ထားခြင်းဖြစ်သည်။
လူ့ပြည်
"အိမ်ပြန်နောက်ကျလိုက်တာ Light ရယ်"
"မပူပါနဲ့ မေမေရာ။ သား ပြန်ရောက်လာပြီပဲ။ ဟောဒီမှာ သားရဲ့ Report Card"
"ဟယ်..ဒီတခါလည်း အဆင့် ၁ ပဲ။ ငါ့သားက စာကြိုးစားလိုက်တာ"
"ကဲ အဒါဆို သားအခန်းထဲမှာ စာသွားကျက်တော့မယ်။ လာမခေါ်နဲ့တော့နော်။"
"အေးအေး...သား တခုခုလိုရင်ပြောနော်"
"ဟုတ်ကဲ့ပါ မေမေ။ ဘာမှ မလိုပါဘူး။"
... ငါလိုချင်တာ ရပြီ....
အခန်းတံခါး သော့ခတ်၊ စာကြည့်စားပွဲတွင် ထိုင်ကာ သေမင်းစာအုပ်ကို စိတ်ပါဝင်စားစွာ ကြည့်နေလေ၏။
ထိုစဉ်
"ကြည့်ရတာ စာအုပ်ကို မင်းတော်တော်လေး သဘောကျနေပုံပဲ"
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် Light လန့်သွားသည်။
နောက်လှည့်ကြည့်လိုက်တော့ မြင်ကွင်းကြောင့် သူ လိပ်ပြာတောင် လွင့်သလားမသိ။ ကုတင်ပေါ်ကတောင် လန့်ပြီး ပြုတ်ကျသည်အထိ။
သူ့အခန်းတခုလုံး အပြည့်မြင့်မားသော အရပ်နှင့် မျက်လုံးပြူးပြူး၊ ပါးစပ်ပြဲပြဲ၊ သွားစွယ် ရှည်ရှည်ချွန်ချွန်၊ ကိုယ်လုံးကြီးကာ ခြေတံ လက်တံ ရှည်လှသော သတ္တ၀ါတကောင်။ အနောက်ဖက်တွင် ငှက်တို့ကဲ့သို့ အတောင်ကြီး နှစ်လက် ပါလိုက်သေးသည်။
"ဘာလို့ ဒီလောက် လန့်သွားရတာတုန်းကွ။ ငါ့နာမည် Ryuk။ အဲဒီစာအုပ် ပစ်ချလိုက်တဲ့ သေမင်းဟာ ငါပေါ့။ ဒါနဲ့ မင်းစာအုပ်ကို ကြည့်နေတဲ့ ပုံအရတော့ ဒီစာအုပ်ဟာ သာမန် စာအုပ် မဟုတ်ဘူးဆိုတာ မင်းသိပြီးလောက်ပြီလို့ ငါထင်တယ်။"
"သေမင်း.. ဟုတ်လား။ ကျုပ်မအံ့သြဘူး....Ryuk။ ဒီ သေမင်းစာအုပ်ဟာ တကယ့်အစစ်ဆိုတာလည်း ခင်ဗျားထင်သလိုပဲ ကျုပ်သိပြီးပြီ။ ကောင်းကောင်းလည်း အသုံးချပြီးပြီ။"
စားပွဲပေါ်တင်ထားသည့် စာအုပ်ကို Ryuk လှန်ကြည့်ရင်း..
"သြော်..မင်း မအံ့သြပေမယ့် ငါတော့ မင်းကို လက်ဖျားခါသွားပြီ။ လူတွေလက်ထဲ သေမင်းစာအုပ် ရောက်သွားဖူးတဲ့ အဖြစ်အပျက်တွေ ငါလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ၅ ရက်ထဲနဲ့ ဒီလောက် နာမည်တွေ အများကြီး ရေးချတဲ့လူ မင်းတယောက်ပဲ ငါတွေ့ဖူးသေးတယ်။ လူတော်တော်များများက ဒီလို လူအများကြီး သတ်ရမှာ ၀န်လေးကြတယ်လေ။ မင်းကတော့ စံပါပဲ။"
"ကျုပ်ဘာမဆို ရင်ဆိုင်ဖို့ အသင့်ပဲ Ryuk။ သေမင်းစာအုပ်ကို ကျုပ် သိသိကြီးနဲ့ သုံးခဲ့တယ်။ အဲဒီ စာအုပ်ရဲ့ ပိုင်ရှင် သေမင်းလည်း ခုရောက်လာပြီ။ ခင်ဗျား ဘာလုပ်မလဲ။ ကျုပ်ဝိညာဉ်ကို ယူသွားတော့မလား။"
"ဟမ်...မင်းဘာတွေပြောနေတာလဲ။ မင်းကို ငါဘာမှ မလုပ်ပါဘူး။ သေမင်းစာအုပ် လူ့ပြည်ကို ကျလာကတည်းက အဲဒီစာအုပ်ဟာ လူ့ပြည်ရဲ့ ပစ္စည်းဖြစ်သွားပြီ။ အေး...ရှင်းရှင်း ပြောရရင်တော့ အဲဒီစာအုပ်ပိုင်ရှင်ဟာ မင်းပဲ"
"ကျုပ်ဟာ...."
"ဟုတ်တယ်။ မင်းဟာ။ ဒါပေမယ့် မင်းမလိုချင်ဘူးဆိုရင် တခြားတယောက်ကို ပေးလိုက်လို့ရတယ်။ ဒါပေမယ့် အဲဒီလို ပေးလိုက်ပြီဆိုတာနဲ့ ဒီစာအုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ အားလုံး မင်းမေ့သွားအောင် ငါ့မှာ လုပ်ပိုင်ခွင့်ရှိတယ်"
"ဒါဆို ခင်ဗျား ပြောတာက ဒီစာအုပ်ကို သုံးတဲ့အတွက် ဘာအပေးအယူကိစ္စမှ လုပ်စရာမလိုဘူးဆိုတဲ့ သဘောလား"
"မင်းသိချင်တယ် ဆိုတော့လည်း ပြောပြရတာပေါ့လေ။ ဒီစာအုပ်သုံးတဲ့ လူပဲ ခံစားရမယ့် ထိတ်လန့်စရာတွေ၊ နာကျင်မှုဝေဒနာတွေတော့ ရှိတယ်ကွ။ ခံချင်မှလည်း ခံရမှာပေါ့ကွာ။ အဲ..မင်း သေရတော့မယ်ဆိုရင်တော့ မင်းနာမည်ကို စာအုပ်ထဲရေးထည့်ဖို့က ငါ့တာဝန်ပဲကွ။ တခုရှိသေးတယ်.. သေမင်းစာအုပ် သုံးထားတဲ့ လူအနေနဲ့ သေရင် နတ်ပြည်လည်း မရောက်နိုင်ဘူး၊ ငရဲပြည်လည်း မရောက်နိုင်ဘူးကွ။ ကဲ..ဒါအကုန်ပဲ။ အေးလေ...သေရင်ဘယ်ရောက်မယ်မှန်းမသိဘူးဆိုတာလေးကလည်း မင်းအတွက် စိတ်လှုပ်ရှားစရာပေါ့။"
"သားရေ...Light...ဒေါက်...ဒေါက်"
"ကဲဟေ့ကောင် မင်းအမေခေါ်နေတယ်။ အေးဆေးသာ ဖွင့်ပေးလိုက်ပါ။"
"လာပြီ အမေ"
"ဟိုဘက်အိမ်က လာပေးတဲ့ ပန်းသီးတွေလာပေးတာ သားရဲ့။ မီးလည်း မထွန်းထားပါလား။ ဒီတိုင်းကြီးစာကျက်ရင် မျက်စိတွေ ပျက်တော့မှာပဲ"
....ဟင်..ဘယ်လိုလဲ..Ryuk ကို မေမေ မမြင်ရဘူးပေါ့...
"တွေးမနေနဲ့ ဟေ့ကောင်။ အဲဒါ ငါ့စာအုပ်ကွ။ ဒီတော့ လက်ရှိမင်းက သုံးနေတော့ မင်းတယောက်ပဲ ငါ့ကို မြင်နိုင်တယ်၊ ကြားနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ကွာ သေမင်းစာအုပ်က လူဖြစ်တဲ့ မင်းနဲ့ သေမင်းဖြစ်တဲ့ ငါ့ကို ချည်ထားတဲ့ ကြိုးလေးတချောင်းပေါ့။"
သေမင်း Ryuk က ပြောပြောဆိုဆို Light မေမေ ထားသွားသော ပန်းသီးကို ယူစားလိုက်၏။
"ဟ..လူ့ပြည်က ပန်းသီးများ တယ်ကောင်းပါလား"
"နေဦး..ကျုပ် တခုလောက်တော့ မေးချင်တယ်။ ဘာလို့ ကျုပ်ကို ရွေးတာလဲ။"
"အရည်ကို ရွှန်းနေတာပဲကွာ"
"ကျုပ်မေးတာ ဖြေစမ်းပါ"
"ဂလု..အု..အား...ကောင်းလိုက်တာ။"
"ဟေ့ ခင်ဗျားကို ကျုပ်မေးနေတယ်"
"Light ..ငါက မင်းကို ရွေးတယ်များ ထင်နေသလား။ ငါ့ဟာငါ စာအုပ် ပစ်ချလိုက်တာကွ။ အဲဒါကို မင်းကောက်ရသွားတယ်။ ဒါပဲ။ ဘာလဲ မင်းက တော်လို့ ဥာဏ်ကောင်းလို့များ တမင် ရွေးလိုက်တယ် ထင်လို့လား။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေစမ်းပါနဲ့။ ဘယ်သူ ကောက်ရ ကောက်ရ ဖတ်လို့ရအောင် မင်းတို့ လူ့ပြည်က လူသုံးအများဆုံး အင်္ဂလိပ်စာနဲ့ ရေးထားတာမတွေ့ဘူးလား။"
"ဒါဖြင့် ခင်ဗျားက ဘာကိစ္စ စာအုပ်ကို ပစ်ချရတာလဲ။ အားအားယားယား။"
"ပျင်းလို့ကွ။ ငါတို့ သေမင်းတွေဆိုတာ လုပ်စရာ ဘာမှရှိတာမဟုတ်ဘူး။ အိပ်ရင်အိပ် မအိပ်ရင် လောင်းကစားလေးလုပ်။ ဒါပဲ။ စာအုပ်ဖွင့်ပြီး နာမည်ရေးဖို့လုပ်လို့ကတော့ အပင်ပန်းခံပြီး အလုပ်လုပ်နေတယ်ဆိုပြီး ၀ိုင်းဟားကြတာပဲ။ သေမင်း အချင်းချင်းကျတော့လည်း နာမည်ရေးရင် မှင်ကုန်တာပဲရှိမယ်၊ သတ်လို့ မရဘူးကွ။ လူတွေကို ငါတို့ဆီကနေ လှမ်းသတ်ရတာကလည်း ပြောစရာမကောင်းဘူးကွ။ အဲတော့ လူ့ပြည်မှာ ဆိုရင်တော့ ပိုပျော်စရာကောင်းမယ်လို့ ငါတွေးမိတယ်။"
"အင်း...ငါမေးစမ်းပါရစေဦး။ ဒီထဲမှာ မင်းရေးထားတဲ့ နာမည်တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘာလို့ ကားတိုက်သေတဲ့ တယောက်ကိုပဲ သေရမယ့် အခြေအနေထည့်ရေးတာလဲ။"
"ဒါလား...နာမည်ပဲ ရေးရင် နှလုံးရောဂါနဲ့သေမယ်လေ။ အဲဒါလေးကိုက ဒီသေမင်းစာအုပ်ရဲ့ အကောင်းဆုံး အချက်ကလေး ဖြစ်နေလို့ပဲ Ryuk ရေ။ တကယ့် နာမည်ကြီး လူဆိုးကြီးတွေကို ငါ ရေးထည့်ပြီးပြီ။ အခု နည်းနည်းအမှုသေးတဲ့ လူဆိုးတွေကို ရေးထည့်နေပြီ။"
"ငါမေးတာနဲ့ ဘာဆိုင်လို့လဲ"
"လာမယ်လေ...ဘယ်လောက် တုံးတဲ့လူပဲ ဖြစ်ဖြစ် တယောက်ယောက်က ကမ္ဘာပေါ်က လူဆိုးတွေကို ရှင်းပစ်နေပြီဆိုတာ သတိထားမိလာမယ်။ ကျုပ် ရှိနေတယ်ဆိုတာ ကမ္ဘာကြီးက သိလာရမယ် Ryuk။ အမှန်တရားဘက်က ရပ်တည်မယ့် လူတယောက် ရှိနေတယ်ဆိုတာ တကမ္ဘာလုံး သိရမယ်"
"အေးလေ..အဲလို မင်းက အမှန်တရားဘက်က ရပ်တည် လူဆိုးတွေ ရှင်းပစ်တော့ဘာဖြစ်မှာတုံး။ မင်းဘာလိုချင်တာလဲ။"
"အင်း..ကမ္ဘာကြီးက စိတ်ပျက်စရာကောင်းတယ်။ အဲလို စိတ်ပျက်စရာကောင်းအောင် လုပ်နေတဲ့ တချို့ လူဆိုးသူခိုးတွေဟာ ကမ္ဘာကြီးပေါ်မှာ မရှိတာ ပိုကောင်းတယ်။ အဲဒီတော့ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်အောင် တယောက်ယောက်ကတော့ အနစ်နာခံပြီး လုပ်မှဖြစ်မယ်လေ။ ဘ၀တခုလုံး၊ လိုအပ်ရင် ကိုယ့်ဝိညာဉ်ပါ စွန့်လွှတ်အနစ်နာခံပြီး တကမ္ဘာလုံး ကောင်းဖို့လုပ်ရမယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးဟာ ဒီတိုင်းဆက်သွားနေဖို့ မသင့်တော့လို့ပဲ"
"ကျုပ်မဟုတ်ဘဲ တခြားတယောက်ယောက် ဒီစာအုပ်ကို ရခဲ့ရင် ကမ္ဘာကြီး ကောင်းဖို့အတွက် လုပ်နိုင်မှာပဲ။ ဒါပေမယ့် လုပ်ပါ့မလား။ လုပ်မယ့်လူ ရှိပါ့မလား။ ကျုပ်တော့မထင်ဘူး။ သေချာတာက ကျုပ်လုပ်နိုင်တယ်။ အို..ကုန်ကုန်ပြောရရင် ကျုပ်တယောက်ပဲ လုပ်နိုင်တယ်။"
"ကမ္ဘာကြီးကို သန့်စင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျုပ်လုပ်ခဲ့တယ်။ ကမ္ဘာပေါ်က တကယ့်အဆိုးဆုံးဆိုတဲ့ လူတွေလည်း ကုန်သလောက်ရှိပြီ။ အခုလို ရာဇ၀င်လူဆိုးတွေကုန်ပြီဆိုရင် အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့လူတွေကို နှလုံးရောဂါနဲ့မဟုတ်ပဲ ဖျားနာတာတို့၊ မတော်တဆဖြစ်တာတို့ တခြားနည်းပေါင်းစုံနဲ့ ရှင်းပစ်မယ်။ ဒီလို လုပ်လိုက်တဲ့အတွက် နောက်ဆုံး တချိန်ကျရင် ဘယ်သူမှ မဟုတ်တာလုပ်ရဲမှာ မဟုတ်တော့ဘူး။"
"အဲဒီအခါကျရင် ကမ္ဘာပေါ်မှာ ကျုပ်က ကြင်နာတတ်တယ်၊ အလုပ်ကြိုးစားတယ်၊ ရိုးသားတယ်လို့ ဆုံးဖြတ်သတ်မှတ်တဲ့ လူတွေပဲ ကျန်လိမ့်မယ်"
"အကျိုးနဲ...မင်းသာ အဲဒီအတိုင်း လုပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ မင်းတယောက်တည်း ကျန်လိမ့်မယ် Light ရေ"
"Ryuk.. ကျုပ်က ဒီတိုင်းပြည်မှာ အတော်ဆုံး ကျောင်းသားတယောက်ပါ။ ကျုပ်ဖန်တီးတဲ့ ကမ္ဘာဖြစ်ကို ဖြစ်လာရမယ်။ ပြီးတော့ အဲဒီကမ္ဘာမှာ ကျုပ်က God လုပ်မယ်လေ။"
Light ရဲ့ ပြောစကားကြားလိုက်ရတဲ့ သေမင်း Ryuk မျက်လုံးတောင်ပြူးသွားရဲ့။
"အိုးဟိုး...ငါထင်တဲ့ အတိုင်းပဲ...လူတွေဟာ တော်တော် ရယ်ရတဲ့ ကောင်တွေပဲ
"ဟေ!"
ကျန်သည့် သေမင်းများ အံ့အားသင့်နေချိန်တွင် Ryuk ကတော့ လူ့ပြည်သို့ ဆင်းသွားလေပြီ။
သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်
နာမည် ရေးရာတွင် ထိုသူ၏ မျက်နှာကို မြင်ယောင်၍ ရေးရမည် ဆိုခြင်းမှာ နာမည်တူသူများ ဒုက္ခ မရောက်စေရန် ကာကွယ်ထားခြင်းဖြစ်သည်။


ဆက်ဖတ်ရန်

2 comments:

  1. စာတွေကရောသွားတယ်။
    ဖတ်ရတာ ဖီးငုတ်နေမှာပေါ့

    ReplyDelete
  2. စာတွေကရောသွားတယ်။
    ဖတ်ရတာ ဖီးငုတ်နေမှာပေါ့

    ReplyDelete