စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Saturday, May 17, 2014

#နောက်တီးနောက်တောက်#



တစ်ရက် ကျနော် အိမ်ရှေ့က သစ်ပင်ရိပ်အောက်မှာ နှပ်နေတုန်း သူငယ်ချင်း ကျော်စွာ ရောက်ချလာတယ်။
ကျော်စွာက ရုတ်တရက် အသံမပေးပဲ လာတော့ လန့်သွားပြီး ထဆဲပါလေရော။
ထယောင်တာလေ။ကိုကလဲ ကို့အတွေးနဲ့ ကိုဆိုတော့။ကျနော်ကသူ့ကို ကျော်ကြီးလို့ခေါ်တာ။
" ကျော်ကြီး ဘာကိစ္စလဲ "
" သတင်းထူး ကွ"
" ဘာများလဲ သတင်းထူး "
" သထုံ ဘားအံ လမ်းပေါ်က ----- ကျောင်းမှာ သရဲခြောက်လို့ဆိုပဲ ၊ ကျောင်းစောင့်တောင် မနေရဲလို့တဲ့ ၊ ငါတို့ သွားစပ်စုမလား "
" ဒါဆို သွားမယ်လေ "

ဒါမျိုး ကတော့ နှစ်ခါခေါ် စရာ မလိုပါဘူး၊ သွားပြီးသားလေ ဟိဟိ ။ (----- လုပ်ထားတာက ကျောင်းနာမည် ပါ။ ကျောင်းလို့ပဲ မှတ်ထားပေါ့ဗျာ။ မပြောပြတော့ဘူးနော်။ခဏနေ ကျောင်းသားတွေ အရမ်းလန့်နေမှာစိုးလို့  )
ိကျော်ကြီးက

" ဒါဆို ဒီညလစ်ကြမယ် "
" ok လေ ၊ ဒီည ဘယ်အချိန်သွားမလဲ "
" ည ငါလာခေါ်မယ် "
လို့ပြောပြီး ပြန်သွားတယ်။ရင်ထဲမှာတော့ သရဲသွားရှာမယ်ဆိုတော့ ရင်တထိတ်ထိတ်ပဲ ၊ ပြောသာပြောတာ၊ ကြောက်တော့ ကြောက်နေတယ်။
ည ၁၁ ထိုးတော့ ကျော်ကြီးရောက်ချလာတယ်။
ကျော်ကြီးက

" သယ်ရင်း အပြင်မှာ အချိုရည်သွားသောက်မယ် လာ "
လို့ အချက်ပြပြီးခေါ်တယ်လေ။အိမ်မှာ အမေရှိနေတော့ ခေါ်နည်းက ပါးနပ်လှပါတယ်။
ကျော်ကြီးနဲ့ ၁၁ ကျော်လောက် အိမ်ကနေ ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ ထွက်လာခဲ့တယ်။ နာရီဝက်ကျော်ကျော်လောက်မောင်းပြီး ကျော်ကြီးပြောတဲ့ ကျောင်းကြီးကို ရောက်လာခဲ့တယ်။ ကျောင်းက နှစ်ထပ်ဗျ။ အမှောင်ထဲမှာဆိုတော့ ( မြန်မာပြည်မှာ လင်းတဲ့နေရာမှမရှိတာ မဟုတ်ဘူးလား)
ပြောနေတာနဲ့ ကို့နိုင်ငံ အကြောင်း သူများသိကုန်ပြီး 

အမှောင်ထဲမှာ ဆိုတော့ တစ္ဆေ ကြီးတစ်ကောင် ငုတ်တုတ်ကြီး ထိုင်နေသလိုပဲ၊ ကျောချမ်းစရာကြီး။ကျော်ကြီးနဲ့ ကျနော်နဲ့ ဓာတ်မီးကို အဝတ်ပတ်ပြီး ခပ်အုပ်အုပ်လေး ထွန်းပြီးကျောင်းကြီးထဲကို လှမ်းဝင်လာခဲ့တယ်။ နှစ်ဆောင်ပြိုင်ကျောင်းကြီး အလယ်ကနေလျှောက်လာပြီး ညာဘက်ကွေ့လိုက်တော့ ဟောခန်းကြီးရှေ့ရောက်သွားတယ်။တံခါးကို ပိတ်ရုံလေးပဲ ပိတ်ထားတာ သော့မခတ်ထားဘူး။
" ဟာ တံခါးက တွန်းလို့မရဘူးကွ "
" ဟင် ဘာ ဘာ ဖြစ်လို့လဲကွ ငကျော်ရ "
" ဆွဲပါ လို့ရေးထားလို့ "
" သူတောင်းစား ငါက ဘာများဖြစ်လဲလို့ အရေးထဲလာနောက်နေတယ် "
" ဟား ဟား ငါက နောက်တာပါကွာ ၊ မကြောက်ပါနဲ့ လာ အထဲဝင်ကြမယ် "
ပြောပြီး တံခါးကို တောင်မကိုင်ရသေးဘူး " ကျွီ " ကနဲ ပွင့်လာတယ်။ နှစ်ယောက်စလုံး အနောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်တယ်။ အဝတ်ပတ်ထားတဲ့ ဓာတ်မီးနဲ့ လှမ်းထိုးကြည့်တော့ ဘာမှမရှိဘူး။ အသင့်ယူလာတဲ့ camera ကိုထုတ်ပြီး မှတ်တမ်းတင်ဖို့ စရိုက်တော့တယ်။ ငကျော်အနောက်က ကုတ်ကုတ်လေး camera လေးကိုင်ပြီးလိုက်လာခဲ့တယ်။
ဟောခန်းထဲကို လိုက်ပတ်ပြီး ဘာမှမတွေ့တာနဲ့ ပြန်ထွက်လာခဲ့တယ်။ကျောင်းထဲမှာ အတန်ကြာအောင် လိုက်ပတ်ကြည့်တယ်။တစ်နာရီ နီးပါးလောက်လျှောက်ပတ်ပြီး အခန်းတစ်ခန်းရှေ့ အရောက် ရုတ်တရက် camera မှန်ထဲမှာ အရိပ်တွေ့လိုက်ရတယ်။ငကျော်ကို လှမ်းဆွဲလိုက်ပြီး ခဏရပ်ခိုင်းလိုက်တယ်။ငကျော်က အလိုက်သိစွာနဲ့ မှန်ထဲမှာလာချောင်းကြည့်တယ်။ camera ကို ဟိုလှည့် ဒီလှည့် လုပ်ကြည့်တော့ တွေ့ပါပြီးဗျ။ အခန်းထောင့်မှာ ကျနော်တို့ကို ကျောခိုင်းပြီးရပ်နေတာ။ဆံပင်က ကျောလောက်ရှိမယ်။ကျောင်းစိမ်းနဲ့ မတ်တတ်လေးရပ်ပြီးငြိမ်နေရော။ငကျော်က ရပ်နေတဲ့နေရာကို ဓာတ်မီးနဲ့ ထိုးကြည့်တယ်။ အပြင်မှာမရှိဘူးဗျ။ camera ထဲမှာပဲ ပေါ်တယ်။ဒါနဲ့ camera ကိုတစ်ခြားနေရာ ရွေ့ကြည့်တယ်။ ရှိနေတယ်ဗျ။ နေရာစုံအောင်လိုက်ရွေ့ကြည့်တယ်။ မပျောက်ဘူး။ ကျောခိုင်းထားရာကနေ တစ်ဖြည်းဖြည်း မျက်နှာက လှည့်လာတယ်။မျက်နှာမှာ သွေးတွေပေလို့ ဆံပင်ကိုဖားလျား ချထားတယ်။
ငယ်ငယ် ချောချောလေးဗျ။ ဟီး 
" အကိုတို့ ကျမကို ကယ်ပါ "
အသံကြီးက ကြောက်စရာကြီး ဘယ်လိုကြီးမှန်းမသိဘူး။
" ဘယ်လိုကယ်ရမှာလဲ "
" ကျမကို အထဲကနေ ထုတ်ပေးပါ "
"ဟင် ဘယ်အထဲမှာ ရောက်နေလို့လဲ camera ထဲမှာလား "
" မ ဟုတ် ဘူး နင့် မျက် လုံး ထဲ မှာ ဟား ဟား ဟား ဟား ......"
" အား..."
အားကိုးတစ်ကြီး ငကျော်ကို နောက်လှည့်ကြည့်လိုက်တော့ မရှိတော့ဘူး။ဘသားချောက ပြေးပြီ။ အသံကြီးကလဲ တစ်ဖြည်းဖြည်း ဟိန်းနေတယ်။ကျနော်လည်းပြေးပြီးဗျ။ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်တဲ့ ကျနော် နောက်ဆုံးပဲ၊ ပြေးတာတစ်ချိုးထဲပဲ၊ ဆိုင်ကယ်ပေါ်ခွပြီး အသားကုန်ယူတာ။ အိမ်တောင်ဘယ်လိုရောက်လိုရောက်မှန်းမသိဘူး။ ငကျော်လဲ ရှာမတွေ့တော့ဘူး ဖိနပ်လဲ မပါဘူး။ camera လဲ မတွေ့တော့ဘူး။ ပြန်ရောက်တာနဲ့ တစ်ချိုးထဲ အိပ်ယာထဲ ဝင်ကွေးပါလေရော။
နှစ်ရက်လောက် ဖျားသွားတယ်ဗျာ။ တစ်ကယ် ကြောက်စရာ ကြီးပါ။နောက်တစ်ခါ မသွားတော့ဘူးလား ဆိုတော့ သက်သာရင် သွားအုံးမှာ ဟီးဟီး မမှတ်သေးဘူး။
ဒီတစ်ခါသွားရင် ဘယ်သူလိုက်မလဲ ။ လိုက်ချင်တဲ့လူ လက်မလေးတွေ ထောင်ခဲ့နော်။ လိုက်ခေါ်မယ်။

မတွေ့ရတာကြာလို့ ကိုကြီးတို့ ဦးစိုးတို့ကို အားနာပါတယ်။
ခုတလော page ကို မရောက်ဘူးဗျာ။ လိုင်းပေါ်တောင်မတက်တာပါ။
အားရင် ဝင်ရေးပေးပါအုံးမယ်။

အားလုံးကို လေးစားလျှက်

#သရဲလေး....sky#

No comments:

Post a Comment