စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Saturday, May 17, 2014

*ကျောင်းကြီးပေါ်မှာ မောင်ငယ် ဆော့ တော့ *


••••••••••••••••••အိုးစူး••••••

ကိုရင်ဝတ်တုံးကပါ။
မောင်ရင်လောင်း ၃၇ ပါး။
၎နှစ်က
နေ ၁၅နှစ်ထိပါတယ်။အဖေကမ
ဝတ်နိုင်တဲ့ လူတွေရောအားလုံး
ဝတ်ပေးတာပါ။ဘုန်းကြီးကလည်း
ကိုရင်တွေများတော့ သိပ်မကျပ်
မတ်နိုင်ဘူး။သူ့ ကျောင်းပေါ်မဆန့် 
တော့ ကျောင်းကြီးပေါ်မှာကျိန်းကြ
ရတယ်။ကလေးတွေဖြစ်တဲ့ အပြင်
၃၇မိသားမို့ ဘောက်သောက်ထင်
ရာမြင်ရာတွေပါ။အဆိုးဆုံးကဘိုး
သင်း ဆိုတဲ့ ကိုရင် ဘရုတ်ကျဆုံး
၇ရက်ကိုရင်ဝတ်တာ တရက်မှမ
အိပ်ဘူး ။ တခြားကိုရင်တွေအိပ်နေ
တာလိုက်ဘရုတ်ကျတယ်။အိုးမဲ
သုတ် တယ်အအိပ်ကြီးတဲ့ ကိုရင်
ဆိုရင်မျက်နှာမကဘူး တင်ပါးတောင်သုတ်တယ်။သပိတ်
ထဲကကျန်တဲ့ ဆားတွေပါးစပ်ထဲ
လိုက်ထဲ့ တယ်။တချို့ ကပါးစပ်ဟ
အိပ်တာကိုး။ ခြေမကိုကြိုးချည်ပြီး
ကျောင်းတိုင်မှာဆွဲတယ်။အအိပ်
ကြီးတဲ့ ကိုရင်တွေ မတော်ရာ နေရာတောင်အချည်ခံရတယ်။အ
မျိုးစုံအောင်လုပ်ပြီး ကိုးရိုးကားယား
ဖြစ်တာကြည့် တဟားဟားထိုင်ရီ
တဲ့ ကိုရင်ဘိုးသင်းပါ။အဆိုးဆုံးက
ကိုရင်ဘိုးချွန်အိပ်နေတုံးဘယ်က
ကောက်လာတဲ့ ခပေါင်းစီးကရက်
အတိုကိုပါးစပ်မှာတပ်ပေးပြီး မီးညှိ
ပေးထားတော့ ကိုရင်ဘိုးချွန် ခဗျာ
အသက်ရှုတိုင်း စီးကရက်အငွေ့ 
တွေဗိုက်ထဲ ရှိုက်သွင်းသလိုဖြစ်ပြီး
ဆေးလိပ်လည်းကုန်ရောဝုန်းကနဲ
ထထိုင်ပြီးဒယီးတယိုင်ဒေါင်ချာစိုင်း
ကာ ကံကောင်းလို့ မသေတာပါ။
ဒီကိစ္စဘုန်းကြီးသိလို့ ကြိမ်စာကျွေး
ရော။အမှတ်မရှိတဲ့ ကိုရင်ဘိုးသင်း
ကဒုံရင်း။
လူမထွက်ခင်တရက်အလို ကျောင်း
ရှေ့ အုတ်လှေကားပေါ်ကိုရင်တွေစု
ပြီးထင်ရာမြင်ရာပြောနေကြတယ်။
သရဲ တစ္ဆေအကြောင်း။
ကိုရင်ဘိုးသင်းက သူ့ ဝါသနာအရ
သရဲဆိုတာ မရှိကို မရှိဘူး လုပ်ပါ
လေရော။သူ့ အမြင်ကပ် သူလုပ်
တာခံထားရတဲ့ ကိုရင်တွေက ရှိ
တယ်လို့ မျက်စိမှိတ်ဖင်ပိတ်ငြင်းကြ
ရော။ကိုရင်ဘိုးသင်းက သင်္ချိုင်းထဲ
တောင်သရဲမရှိဘူးတဲ့ ။ရှိတယ်ဆို
တော့ လောင်းမလား တဲ့ ။လောင်း
ပြီးသားပေါ့ ။လောင်းကြေးက ချို
ချဉ် တထုပ်။သက်သေပြရမှာက
သင်္ချိုင်းထဲကအုတ်ဂူဘေးမှာအ
သားငုတ်တခုသွားရိုက်ပြီးပြန်လာ
ရမယ်။သရဲကိုစိမ်သွားခေါ်တာပေါ့ 
လုပ်မဲ့ လူက မရှိဘူးလို့ ငြင်းတဲ့ 
ကိုရင်ဘိုးသင်း ကိုယ်တိုင်။
ညမှောင်စပ်စပ်အချိန် ဘုန်းကြီးမ
သိအောင် ကိုရင်တအုပ်လှုပ်ရှား
ကြပြီ။ဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်း
ကသိပ်မဝေးဘူး။သစ်ပင်တွေအုပ်
အုပ်ဆိုင်းဆိုင်းနဲ့ လမိုက်ညဆို
တော့ ကြောချမ်းစရာ။ခွေးအူသံ
တော့မကြားရဘူး ခွေးတွေကသရဲ
ထက်ကိုရင်တွေကိုကြောက်လို့ အ
နားမကပ်တာလားမသိဘူး။ငှက်ဆိုး
တွေတော့ တဂစ် ဂစ်နဲ့ ထ ထပျံ
သွားတယ် တိတ်ဆိတ်တာတခုပဲ
ပိုကြောက်လန့် အောင်ခြောက်နေ
သလို ကိုရင်ဘိုးသင်းကပြုံးပြုံးကျန်
တဲ့ ကိုရင်တွေလက်ဖျားခြေဖျား
တွေအေးနေပြီ။
သင်္ချိုင်းပေါက်ရောက်တော့ ကျန်
တဲ့ ကိုရင်တွေရပ် ဘိုးသင်းတပါးထဲ
ရင်ကော့ ခေါင်းမော့ ဝါးငုတ်လေး
ရယ်တင်းဘုတ်ကလေးကိုင်လို့ ဝင်
သွားတယ်။နဲနဲကြီးတဲ့ ကိုရင်တွေက
ဘိုးသင်းကိုမယုံဘူး။တွေ့ ကရာ
လုပ်ပြီးပြန်လှည့် လာမှာစိုးလို့ 
နောက်ကအသာလိုက်ကြည့် မတဲ့ 
ကျနော်ကျန်မနေခဲ့ ရဲသလိုလိုက်လဲ
မသွားရဲ ။ဂွတော့ကျပြီ။အတော်
ဒုက္ခပေးတဲ့ ဘိုးသင်း။နောက်ဆုံး
အားလုံးတိတ်တဆိတ်လိုက်ချောင်း
ကြတယ်။
လရောင်မဟုတ်ပေမဲ့ ကြယ်မိုးသား
ရောင်မှိန်မှိန်အောက်မှာ မဲမဲ မဲမဲနဲ့ 
ခပ်ဆိုင်းဆိုင်းသွားနေတာနီညိုညို
သင်္ကန်းမို့ ဘိုးသင်းမှန်းသိရတယ်။
အမယ် နောက်ဖက်လှမ်းလှမ်းကြည့် လို့ 
ပုန်းရလျှိုးရသေး။အပင်အုပ်တွေ
လွန်တော့ လူသေမြှုတ်တဲ့ ကွင်း
ကြီးထဲရောက်ပြီ။ကျနော်တို့ က
ကွင်းစပ်အပင်ခြုံဘုတ်တွေနောက်
က။ဘိုးသင်းကသတ္တိတော့ ကောင်း
သား ။မနေ့ ကမြှုတ်ထားတဲ့ ဒေါ်ဧ
မြေပုံထိပ်တည့် တည့် မှာရပ်လို့ ဝါး
ငုတ်ဒုတ်ကိုမြေပုံဘေးမှာတင်း
ဘုတ်နဲ့ ဒုတ် ခနဲ ဒုတ်ကနဲရိုက်နေ
တယ်။
အဲဒီအချိန်ငှက်ဆိုးတစ်ကောင်က
ကျနော်တို့ ဘေးခြုံထဲက ဂစ် ဖလပ်
ဖလပ် ဆိုထပျံပါရော။အငယ်ဆုံးကို
ရင်ဖြစ်တဲ့ ကျနော့ တူမောင်ပေါတာ
ဝါး ဆိုထငိုပါလေရော။
ဘိုးသင်းကငုတ်ရိုက်နေရင်း ဖြတ်
ကနဲ့ တွန့် သွားတာမြင်လိုက်တယ်။
ပြီးတော့ ကျနော်တို့ ရှိရာအမှောင်
ထဲကိုလှမ်းကြည့် ပြီးဆန့် ကျင်ဖက်
အရပ်ကိုပြေးပါလေရော။ပြေးပေမဲ့ 
မြေပုံနားတ၀ိုက်ပတ်ခြာလည်နေပြီး
ဟပ်ထိုးလဲသွားတာတွေ့ တယ်။
ပါးစပ်ကလည်း အသံပြာကြီးနဲ့ စူး
စူးဝါးဝါးအော်လို့ ကျနော်တို့ ကိုရင်
အုပ်တွေလည်းခြေဦးတည့် ရာပြေး
တာပေါ့ တစ်ယောက်တစ်ယောက်
တက်နင်း သစ်ငုတ်ထိုး သင်္ကန်းပြဲ
နဖူးကွဲနဲ့ သင်္ချိုင်းအပြင်ရောက်လာ
ကြတယ်။အကြောက်မပြေသေးဘူး
ဘိုးသင်းအသံပြာကြီးကလိပ်ပြာ
လွင့် မတတ်နားထဲစွဲနေတုံး။
ခဏနေတော့ ကိုရင်ကြီးတွေက
ထွက်မလာတဲ့ ဘိုးသင်းအခြေအ
နေသွားကြည့် မယ်လုပ်ပြန်ရော။
လိုက်ခဲ့ မယ် နေခဲ့ မယ်နဲ့ ငြင်းခုံကြ
ပြီးနောက်ဆုံးအားလုံးပဲစောစောက
လိုဝင်လိုက်ကြပြန်ရော။
အထဲရောက်တော့ ဘိုးသင်းကခွေ
ခွေလေးလဲတုံးအနားကပ်ကြည့် 
ကြတာ အမြှုတ်တစီစီနဲ့ ဘိုးသင်း
အသက်တော့ ရှိသေးတယ် သတိ
လစ်နေပြီ။ကိုရင်ကြီးတွေလှုပ်နှိုးမ
ရလို့ ထမ်းခေါ်ရအောင်ပွေ့ ချီလိုက်
တာ လက်စသတ်တော့ ဘိုးသင်း
ကငုတ်ရိုက်တာသူ့ သင်္ကန်းပါရော
ရိုက်ထားတာကိုး။
ကိုရင်ပေါငိုသံကို သရဲခြောက်တာ
မှတ်ပြီးလှည့် အပြေးသင်္ကန်းက
မြေကြီးထဲငုတ်နဲ့ ဆွဲရိုက်ထားတော့
သူ့ ကိုသရဲလှမ်းဆွဲတယ်ထင်ပြီးအ
ကြောက်လွန် သတိလစ်သွားရှာ
တာ ကံကောင်းလို့ မသေတယ်။
ဘုန်းကြီးသိသွားလို့ ၃၇ပါးစလုံး
၇ရက်မပြည့် ခင်မောင်းထုတ်ခံရပါ
ရောလားခင်ဗျာ။
အိုးစူး။

No comments:

Post a Comment