စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, April 3, 2014



ဒီနေ့ မအားသေးလို့
မရေးသေးဘူးလို တွက်ထားတာ။လျှောက်သွားရင်းကား စောင့်ရပျင်းလို့ တစ်ပုဒ်လောက်ရေးလိုက်အုံးမယ်။
ဒီတလောလဲ အလုပ်ကိစ္စ တွေနဲ့ နပမ်းလုံးနေတာနဲ့ page ကို ဂရုစိုက်မအားဘူး ဖြစ်နေတယ်။
နားလည်ပေးကြပါနော်။

ကျန်တဲ့ admin အကိုတွေလဲ နားလည်ပေးနော်။
page မှာ စာရေး ဝါသနာပါတဲ့သူတွေ လဲ ပါဝင်ရေးလို့ရပါတယ်နော်။
ဖိတ်ခေါ်ပါတယ်။ဝါသနာပါရင်ပေါ့။
ဦးစိုးနဲ့ ကိုကြီးက တစ်ကယ့်ဝါသနာ အိုးတွေပါ။လေးစားပါတယ်။
အရေးအသားတွေ တစ်ကယ်ကောင်းကြပါတယ်။
ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး။
တစ်ခါက ကျနော် ခရီးသွားတုန်းကြုံခဲ့တဲ့ အဖြစ်အပျက်လေး ပြောပြပါ့မယ်။
ကျနော်တို့ သူငယ်ချင်းလေးယောက်စုပြီး ဘုရားသွားဖူးကြတယ်။
ဘုရားနာမည်တော့ မပြောတော့ပါဘူး။မြန်မာနိုင်ငံ အလယ်ပိုင်းဖက်ကပါ။
ဘုရားသွားဖူးတာ ညဖက်သွားတယ်။မိုးလင်းတော့ ဘုရားရောက် ဘုရားဖူးပြီး ညဖက်ပြန်တာပေါ့။
အဲ အသွားတုန်းက ချောချောချူချူ ပဲ ။ပြန်တော့ ပြဿနာက စပြီ။ ကားစီးတော့ လမ်းဘေး ဘက်ခြမ်းကို နှစ်ယောက် တတွဲ ထိုင်စီးကြတာပေါ့။ အချိန်က ၈ နာရီဝန်းကျင်လောက်ရှိမယ်။ သူငယ်ချင်းက လမ်းဘေးမှာ ကားမီး အရှိန်နဲ့ ကောင်မလေးတစ်ယောက်တွေ့လိုက်တယ်။သူက ကျနော့်ကို လက်တို့ပြီးပြတယ်။
ကျနော်ကြည့်တော့ဘာမှ မရှိဘူး။အဲ့ဒါနဲ့ ကျနော်လဲ ပြန်မှေးနေတာ။ခဏကြာတော့ ကျနော့်ကို လက်တို့ပြီးခေါ်ပြန်ရော။
ကျနော်က သူပြတဲ့နေရာကြည့်တော့ ကောင်မလေးတစ်ယောက်ကို ဖျက်ကနဲ တွေ့လိုက်တယ်။
သူငယ်ချင်းပြောတာက အဲ့ဒါခုနက တွေ့တဲ့ ကောင်မလေးပဲတဲ့။
" ဟင်"
ကားက သွားနေတာလေ။ရပ်နေတာမှ မဟုတ်တာ။ ခုနကကောင်မလေးက ခုပြန်တွေ့ စရာလား။ပြီးတော့ ကောင်းမလေး တစ်ယောက်တည်း အမှောင်ထဲမှာ ဘာလုပ်နေတာလဲ။
တစ်ယောက်တည်း စဉ်းစားခန်းဖွင့်နေတုန်း မှန်လုံကားတစ်စီးလုံး တုန်ခါထွက်သွားတယ်။အကုန်လုံးအကြည့်က ကားနောက်မှန်ဆီရောက်သွားခဲ့တယ်။ကားနောက်မှန်ပေါ်မှာ လက်ဝါးနှစ်ဖက်အရာ ထင်ထင်ကြီး မြင်လိုက်ရတယ်။
ကားသမားက လဲ ကြောက်ပြီး အသားကုန်မောင်းပြေးတာ။
ကားအနောက်မှန်ကို ရိုက်နေတာများ တဘုန်းဘုန်းနဲ့ မှန်ပါကွဲတယ်။ကားသမားလဲ မြန်နိုင်သလောက်မြန်အောင် အရှိန်တင်ပြီးမောင်းတာများ ဘုရားတသံတွေ ကားထဲ ညံထွက်သွားတယ်။ကားသမားက နီးစပ်ရာ ဆီဆိုင်မှာ ကားဝင်ရပ်ပြီး။ သိနားလည်တဲ့ လူကြီးတွေက မေးတော့တာပေါ့။ဘုရားသွားတုန်းက ဘယ်သူဘာမဟုတ်တာတွေ လုပ်လာလဲပေါ့။
အတော်ကြာမေးမှ ကျနော့်သူငယ်ချင်းတစ်ယောက်က ဘုရားကနေ အိုးလေးတစ်လုံးကြိုက်လို့ ယူလာမိပါတယ် လို့ ၊ဝန်ခံတော့ ကားပေါ်က ခရီးသည်တွေ အားလုံးဝိုင်းမရိုက်ရုံတမယ်ပဲ၊
သူက မခိုးတတ်ပါဘူး။ကြိုက်လို့ မတောင်းပဲ ယူလာမိတာပါ
မနည်းရှင်းပြလိုက်ရတယ်။ကားသမားဆို စိတ်တိုတာ ထထိုးတော့မယ် တကဲကဲ၊
လူကြီးတွေက လူစုခွဲ လိုက်ပြီး ဆီဆိုင်မှာပဲ တစ်ည အိပ်လိုက်ကြတယ်။တော်သေးတာပေါ့ သရဲမက ဆီဆိုင်ထိ မလိုက်လာပေလို့။
မနက်လင်းတော့ ဘုရားကိုပြန်မောင်းပြီး အိုးကိုသူ့နေရာသူ သွားပြန်ထားပေးလိုက်တယ်။
အဲ့တော့မှ စိတ်အေးချမ်းသာစွာ ပြန်ရတော့တယ် ဗျာ။
သူငယ်ချင်းတို့လည်း ဘုရားပစ္စည်း ကျောင်းပစ္စည်းတွေကို မသိအောင် လျှောက်မယူကြနဲ့နော်။
ခဏနေ ဂုတ်ချိုးခံထိအုံးမယ်

ခ်ခ်
မှတ်ချက်။ ။ပုံထဲက ကားမဟုတ်ပါ။တွေ့ရာပုံကောက်တင်ထားတာပါ။

ပျော်ရွှင်နိုင်ကြပါစေ။

#သရဲလေး...sky#


No comments:

Post a Comment