စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, April 3, 2014




သရဲအကြောင်းအရေးကောင်းလို့ 
~~•~~•~~•~~•~~•~~•~

မနေ့ ကတူမလေးတစ်ယောက်ပဲ
များနေတဲ့ ပုံလေးဖေ့ ဘုတ်ပေါ်တင်
တယ်။

မကြာပါဘူး ကော်မန့် တွေတက်
လာတယ်။ ဓါတ်ပုံဘေးမှာ သရဲမပုံ
ကြီးကဘာလို့ ပေါ်နေတာလဲတဲ့ ။
စ တယ်မှတ်နေတာ။လူတိုင်းပြော
တာများတော့သေချာပြန်ကြည့် 
တာ ဟုတ်တယ်ဗျ။
ဆံပင်ဖားလျားချလို့ ဓာတ်ပုံထဲမှာ
သရဲမပုံကြီးပေါ်နေတယ်။
ရုတ်တရက်ဆိုတော့ ခေါင်းကဆံ
ပင်တွေထောင် နားရင်းတွေပူပြီး
သွေးခုန်နှုန်းတွေ ဒိတ် ဒိတ် နဲ့ 
လန့် သွားတယ်။ အလုပ်ထဲက
ကောင်မလေးတွေလည်းအရင်
ရက်ကျနော်ရေးတဲ့ သရဲအကြောင်း
တွေဖတ်ထားတော့ထိတ်ထိတ်ပြာ
ပြာဖြစ်နေကြတယ်။
နောက်မှသမီးကပြောလို့ သိရတာ
ကကင်မရာ ၃၆၀ နဲ့ ရိုက်ရင် သရဲ
ပုံထည့် လို့ ရတဲ့ အဖက်ဖ် ပါတယ်တဲ့ 
အဖြစ်က ကလေးတွေဆော့ရင်း
ခလုတ်မှားနှိပ်မိတာမသိပဲ ရိုက်
လိုက်မိတာကိုး။သတိမထားလိုက်
မိတာပေါ့ ။
ဒါနဲ့ ရယ်ရယ်မောမောပြောပြီး ပြီး
သွားပြီမှတ်နေတာ ခဏနေတော့ 
အလုပ်ထဲကကောင်မလေးတစ်
ယောက်က တခွီး ခွီး နဲ့ တက် ပါ
လေရော။ မျက်ဖြူဆိုက်ပြီး ပါးစပ်
ကအမြှုတ်တွေထွက် ခြေထောက်
တွေ လက်တွေ ကွေးကောက်ပြီး
ရှူး ရှူး တွေထွက်ကျတဲ့ အထိပဲ
သတိလည်းလစ်သွားတယ်။
ကျန်တဲ့ ကောင်မလေးတွေနဲ့ ဝိုင်း
ပြီး နှာနပ် နှိက်နယ် တတ်သမျှ
မှတ်သမျှ ပြုစုကြလို့ ကြာမှ သတိရ
လာတယ်။
မေးကြည့် တော့ နှလုံးရောဂါ အခံ
ရှိတာရယ် ကြောက်လန့် သွားတာ
ရယ်ပေါင်းပြီး ဖြစ်သွားတာကိုး။
မကြုံစဖူး အကြုံထူးတဲ့  အိမ်က
မဟေသီ ဒေ၀ီရဲ့ တစ်ချက်လွှတ်အ
မိန့် က သူရဲအကြောင်းဘယ်တော့
မှမရေးရ တဲ့ ဗျာ။
အခုတောင် ခိုးရေးတာ။


 အိုးစူး ။

No comments:

Post a Comment