စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, April 3, 2014

ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အ ကြောင်းရာ လေးပါ..
………………………………………………
တော်သလင်းမိုး ကန်ကင်းဘောင် ကျိုး
သိသည်အတိုင်း အဲ့နေက မိုးက တစ်နာ
ခွဲသာသာပဲရွာခဲ့ပေမဲ့ ချောင်းရေ မြောင်းရေ
တွေက အပေါ်လျှံတက်သွားတဲ့အထိပါပဲ.......XD


ကျောင်းထွက်ပီး တဲ့ နောက်ပိုင်းမှာ အဘိုးအဘွား
တွေရဲ့ ဓါးမဦးကျ လယ်ယာတွေမှာ
မိဘ တွေကို ကူညီလုပ်ကိုင် ပေးခဲ့ပါတယ်....
သရဲချောက်ခံ ခဲ့ရတဲ့ အ ကြောင်းမ ပြောမီ
အရင် ဆုံး နော်တို့ မြေကွက်တွေအ ကြောင်း
ပြောပါစ ရေ......
နော် တို့ လုပ်တဲ့ ယာကွက်ထဲက နှစ်ခုက
ကျတ်&အစောင့်အ ရှောက် တွေ ရှိကြတယ်......
နော် ကိုင် တိုင် ကလဲ လက်ခံပါတယ်.ဘာလို့လဲဆိုတော့ တိုက်ဆိုင် မှု
(သို့)ကြုံတွေ့မှု
တွေ့ကြောင့်ပါ....နော်တို့ဘက်က
ယာကွက် တော်တော်
များများက ယာဝင် ယာထွက်
အစောင့် အရှောက်တွေကို
ကြက်ဖို ကြက်မ ကျွေးတဲ့ ဓလေ့ ရှိတယ်..
အဓိက ကတော့ မြွေ အန္တရာယ်
ကြောင့်ပါ...
ရွာ ရဲ့ အရှေ့ဘက်မှာ ယာကွက်တွေ
ရှိသလို မြှောက်ဘက်
မှာလဲ ယာကွက်တွေ
ရှိပါတယ်...
မြှောက်ဘက်ကယာကွက် ကျတော့
တစ်နှစ်တစ်ခါ ယာခင်းအနောက်ဘက်က
ရေကန်ထဲမှာ ကလေး လူကြီး
ယောင်္ကျားမိန်းမ ရေခပ်ခံ
တွေကြားရတတ်တယ်....
အနီင်္းနား မှာရှိတဲ့ တဲပိုင် ရှင်
တွေ ပြောပြချက်ပါ....
အရှေ့ ကွက်က တော့ လူတိုင်းလဲ
ပြောကြပါတယ်.....D
ယာခင်း အလည်မှာ တဲလေး ဆောက်
ထားပါတယ်..
လူသွားလမ်းကလဲ ယာခင်းဘေးကပဲ
သွားကြတယ်...
တစ်ခါတစ်ခါ တဲထဲက စကားပြောသံ
အိုးခွက်တိုက်သံ
တွေကြားရတတ်တယ်တဲ့.....D
အရှေ့ယာက တော့ဟုတ်ပါတယ်...
အဲ့လိုတွေများကြီးပါပဲ....
ဟိုးအရင် ကတည်းကပါ....
အဘွားးတိုလက်ထက်ကတည်းက
ပြော့ပြဖူးတယ်....
ယာခင်း အရှေ့ထိပ်က ဝါးရုံ တွေထဲမှာ
ကျတ် တွေနေခဲ့ဖူးတယ်တဲ့.....
တစ်ခါက ဟိုးတောဖက်က လူတွေ
ရွာဖက်ကို
ရေအိုးလာရောင်းကြတယ်တဲ့......
ဒီလိုနဲ့ နေဝင် ချိန်ရောက်လာ
တော့ အမှတ်မထင်
ရွာကြီးတွေတယ်တဲ့...
ကလေးသံ လူကြီးသံ နဲ့ ရွာကြီး
ကလဲ စည်းကားတယ်တဲ့...
ဒီလိုနဲ့ လူကြီးအိမ်ကို မေးတော့
လမ်းညွှန်ပြသတယ်တဲ့.....
လူကြီးအိမ်ရောက်တော့....အဲ့လူ
ကြီးက မေးတယ်...
ဘာလာလုပ်ကြတာလဲမေးတော့...
ရေအိုးလာရောင်းကြတယ်တယ်လို့
ဆိုလိုက်တော့......
မကြာပါဘူး ရေအိုးတွေ အလျှိုလျှို
လာဝယ်သွားကြတယ်တဲ့.....
အဲ့နောက် အိပ်ဖို့ နေရာပေးပီးးး
နောက်ဘေးအခန်းထဲ
ဝင် သွားတာ သူကြီးလဲ ထွက်မလာဘူး
သူကြီးကတော်လဲ ထွက်မလာ
တော့ဘူးတဲ့....
ဒီလိုနဲ့ အိပ်လိုက်တာ..မနက်ကျ...
ဝါးရုံပင် ကြီးအ ပေါ်
ရောက်နေတယ်တဲ့...XD*_*
ရောင်းလိုက်တဲ့ရေအိုးတွေကို ဝါးရုံ
ပင် တွေအောက်
မှာ ဟိုတစ်အိုး ဒီတစ်အိုး ပြန်တွေ့တယ်တဲ့....
အခုတော့ ဝါးရုံတောခြံ လေးက သေး
သေးပဲ ရှိတော့တယ်....
အဲ့ဒါအဘွား တို့လက်ထက်က ပြော
ပြတာ..ယာကွက်နဲ့ ပက်သက်လို့
ထူးခြားမှု တွေများပါတယ်....
ယာကွက်ထဲမှာ ညစ်ညမ်းတဲ့ စကားတွေကို
မ ပြောရဘူးးးနော် တို့တွေ တားတဲ့
ကြားက ဆက်ပြော နေရင် ပြောတဲ့
သူက ယာကွက်ထဲမှာပဲ(သို့) အိမ်ရောက်
ရင် အ ကောင်းကြီးက နေ ပယောဂ
ဝင် သလို ဗိုက်အောင့်တာမျိုး
အမျိုးမျိုးဖစ်ပီး ပြန်တောင်းပန် ရတယ်...
တောင်းပန်ပီးရင် သူတို့ကို မေးကြည့်ရတယ်..
ကြက်သားနဲ့လား ဝက်သားနဲ့လား
မေးကြည့်ရတယ်.....XD
ပီးရင် သူတို့ ကြိုက်တဲ့ အသားနဲ့ နေလညိ့ ၁၂ နာရီမှာ ကြေးဇွန်း
နဲ့ ကြက်သားဟင်း(သို့)ဝက်သား
ဟင်း အိုးကို ခေါက်ပီးခေါ်တယ်....
ကျွေးပုံ ကျွေးနည်းတော့ပြောမ ပြော
တော့ပါဘူးး
ကျွေးဖူးတဲ့သူတွေ နားလည်မှာပါ...
အဲ့နေရာ ဓါးကို ထောင် ထားခဲ့
ရတယ်...
သူတို့က ကျေနပ်တယ်ဆို..ထားခဲ့အတိုင်
ဓါးက နေရာမပျက်ဘူးးး
သူတို့မ ကျေနပိ ရင် ဓါးက လဲနေတယိ..
နေရာပျက်နေတယ်ဆို..,ပြန်မေးပီးး
ပြန်ကျွေးကြရပါတယ်.....
ထုံးတန်းအစဉ်လာ ဖစ်နေပါပီ....
………………………………………………………
အဲ့ဒါကတော့ ယာကွက်တွေရဲ့အ ကြောင်းပါ.
ပထမ ပြောပြခဲ့တဲ့ တော်သလန်းလပြည့်
နေကပါ..မှတ်မှတ် ရ ရ ပါ...
သင်းချိုင်းကုန်းကဇရပ် မှာ ကိုယ်တိုင်
မကြုံခဲ့ရ ပေမဲ့
အခု ကိုယ်တိုင် ကြုံရ တော့လဲ...
ကြောက်စရာ အရမ်းကောင်းပါတယ်.. XD
သရဲချောက်ခြင်းနဲ့ပက်သက်လို့ ရင်းနှီးခဲ့ပီးသားပါ
ငယ်ငယိကတည်းကပါ..
အဲ့အ ကြောင်းအရာတွေကို...
နောက်မှပြန်ပြောပြပါ့မယ်...*_*cx
အဲ့နေ့က ထုံးစံအတိုင်း အိမ်မှာ နှမ်း
ရိတ်ဖို့ အဖွဲ့
ငှားထားပါတယ်...အိမ်မှာအကြီးဆုံးပါ
ဒါပေမဲ့ ကျောင်းထွက်တာ
တစ်နှစ်ကျော်ဆိုတော့ ဘာမှ သိပ်ပီး
မလုပ်တတ်ပါဘူးးးး
အဖွဲ့ခေါင်းနဲ့ အဖေ နဲ့ ဈေးစကား
ပြတ်ပီးသားပါ...D
နော် နဲ့ ဝင်းစိုး လေးနဲ့က ရေပို့ တာဝန်နဲ့
နှမ်းပုံ တွေကို ရေဦးတိုက်
နေရာမှ မပုံမိဖို့ နောက်က
လိုက် ကြည့်ရမယ်တဲ့.....XD
ဒီလိုနဲ့ ညနေ ၅နာရီလောက်ကျ
အားလုံးပီးသွားခဲ့
ပါတယ်..အလုပ်သမားတွေလဲ
ပြန် ဝင်းစိုးလေး လဲ
ပြန်ခိုင်းပီး နော် ကတော့
ဓါးတစ်လက် နဲ့ ကျွန်းဖက် တွေခုတ်
မီး နှမ်းပုံ တွေ ကို လိုက် အုပ်နေတယ်....
အဲ့လိုနဲ့ ပီးခါနီးမှာ မိုးရွာလာတယ်ဗျာာ
ရွာလိုက်တဲ့မိုးးးတော်သလင်းမိုး
ကန်သင်းဘောင် ကျိုး
ဆိုသည့်အတိုင်း အငြိုးနေရွာနေ
သလားထင် ရပါတယ်....
အဲ့လိုနဲ့ ရွာပြန်လာပါတယ်....
ရွာနဲ့ တော်တော် ဝေးပါတယ်...
1 နာရီသာသာ လမ်းလျှောက်
ရပါတယ်....ပြန်လာလိုက်တာ
နော် အခုနက ပြောတဲ့ ယာကွက်
နားရောက် လာပါတယ်..
နော် တို့ယာကွက် အနောက်စပ်
မှာ ချောင်းရိုးလေး
ရှိတယ်....
နော် ရောက်သွားချိန်မှာ ရေ တွေက
ချောင်းရိုးအပေါ်က နေ
လျှံပီး ယာဘက်တောင် တက်နေ သေးတယ်...
မမှောင် သေးဘူးဆိုပေမဲ့ ရေကျချိန်
ကို စောင့်ရင်းနဲ့
အချိန်လင့်လာခဲ့တယ်.....
မှောင် စပြုလာတော့ ရိုးစပ်နား
မနေ တော့ပါဘူးးးး...
ကြောက်တတ်တယ်....XD
ရွာ မှာ ဖစ်ခဲ့ဖူးပီးသားပါ......
နာမည်တော့ အတိအကျ မရေးတော့ပါဘူး..
နော် က စမ်းကလေး ရွာမှာ နေတဲ့သူပါ..
ရွာ က ဦးဟန်ဆောင် တစ်ယောက်
အရက် လေး နည်းနည်းသောက်ပီး
တောထဲက အစောင့် တဲ့ကို ရွာကနေ
ပြန်ခဲ့တယ်ဗျာာ....။
ဖစ်ပုံကတော့ မှောင် စပြုနေပီ...
ကျွန်တော်ယာကွက်က ချောင်းရိုး
တော့ မဟုတ်ပါဘူးး
လူတိုင်းခေါ်တဲ့ ဒေါ်စိန်တင် ချောင်းရိုးပေါ့
လက်ထဲမှာလဲ အမဲသား စိမ်းရယ်
ချက်ပီးသားလဲ ပါတယ်.....
ချောင်းရိုး ကူးတာပေါ့ဗျာာ
ထုံးစံအတိုင်း.....
တံတားပေါ်က ဖြတ်လျှောက်တော့
ဦးဟန်ဆောင် တစ်ယောက် ကလေး
ငိုသံနဲ့ မိန်းကလေး တစ်ယောက်
အော်သံ တံတားအောက်က
ထွက်ပေါ်လာတယ်......

ဒုတိယပိုင်း ဆက်ဖတ်ရန်

No comments:

Post a Comment