စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Saturday, March 8, 2014

* တစ္စေ တီးတိုး * ……•……•……•……



နာနာဘာဝ ၀ိဥာဉ် လောက က
တော့ ဟုတ်ဟန်မတူဘူး။ ။
ဘုံ၃၁ ကသတ္တ၀ါ တစ်မျိုးဖြစ်ဖို့ များ
တယ်။ တစ်ကယ် ရှိတာတော့ သေ
ချာသတဲ့ ။
တောထဲ တောင်ထဲ နေ့ ခင်းနေ့ 
လည်တောင်တွေ့ ရတတ်သတဲ့ ။
အကောင်အထည်ကိုတွေ့ ဖူးတဲ့ 
သူရှားတယ်။ အသံဘဲကြားရတဲ့ 
သဘောပေါ့ ။
လူတွေ အနားနားကပ်ပြီး တိုးတိုး
တိုးတိုး ပြောလိုက် ရှေ့ နားမှာ အ
နောက်ဖက်မှာ လူ ၃ လေးယောက်
ငြင်းခုံနေသလို စကားပြောသံတွေ
ဘာအကြောင်းအရာပြောမှန်းတော့
သေချာဂဏမသိရဘူးတဲ့ ။
ကြည့် ရတာ အတင်းအုပ် တဲ့ မိန်း
မတွေ သေလို့ သရဲဖြစ်တာလားမ
သိဘူးနှော်။ လူကြီးတွေပြောပြတာ
ကတော့ တစ္စေတီးတိုဒကောင်ဟာ
ကြောက်စရာမကောင်း ခရီးသွားရ
တာအဖော်ရှိသလိုလို အပြင်းပြေ
သတဲ့ ။အကောင်အထည်ကြီးဖြဲ
ယဲခြောက်တာတို့  အသားစိမ်း ငါး
စိမ်းတွေလိုက်ဆွဲတာတို့ မလုပ်ဘူး
တဲ့ ။
တစ်ခါက ဘဒွေးစံတင်တို့ လင်မ
ယား သနပ်ဖက်ခြံကအပြန်လိုက်
လာဖူးသတဲ့ ။လ္ဘက် သနပ်ဖက်တို့ 
ဆိုတာ တောထဲရွာပြင် တောင်ကုန်
လှိုတွေ ချောင်းကမ်းပါးတွေနဲ့ ခြံ
တည်ရတာ ရွာနဲ့ နာရီဝက် တစ်နာ
ရီ ခြေလျင်လမ်းလျောက်သွားရ
တာ ပလိုင်းတွေတောင်းတွေ စား
အိုးစားခွက်နဲ့ ဓား ပေါက်ဆိန်ပေါက်
ပြား အစရှိတဲ့ ပစ္စည်းကရိယာအစုံ
နဲ့ လမ်းလျှောက်နိုင်တဲ့ ကလေးက
လက်ကတွဲ လမ်းမလျှောက်တတ်
သေးတဲ့ ကလေးကပလိုင်းထဲထည့်
လွယ်ပြီး အိမ်ရှိလူကုန် ခြံထဲသွား
ကြတာ။
ခြံတဲရောက်တော့ တောင်ခြေခြံစပ်
မှာထိုးထားတဲ့ သက်ကယ်တဲလေး
မှာ ကလေးတွေထား မီးဖိုမှာမီးမွှေး
တောထဲကကန်ဇွန်းဥ ပိန်းဥ တွေ
ဒန်အိုးနဲ့ ပြုတ် မိဘတွေက ခြံထဲ
လ္ဘက်ခူး သနပ်ဖက်ခူးသွားကြ။က
လေးတွေက ချောင်းထဲဆင်းငါးဖမ်း
ငှက်ပစ် မီးဖုတ်စား တရေးတမော
အိပ်တဲ့ လူကအိပ်ပေါ့ ။
ကျနော်တို့ ညီအကိုနှစ်ယောက်
အိပ်နေတုံးတော့ တဲဘေးကနေ
တိုးတိုး တိုးတိုးနဲ့ မိန်းမအသံလိုလို
အဖွားကြီးရီသံလိုလိုကြားဖူးတယ်။
တဲပြင်ထွက်ကြည့် တော့ လဲဘာမှ
မရှိဘူး။အသံလည်းတိတ်သွား
တယ်။သတ္တ၀ါတစ်ကောင်ကောင်လည်းဖြစ်နိုင်ပါတယ်။အတိအကျ
တော့ ပြောမရဘူး။လူကြီးတွေမ
ဟုတ်တာတော့ သေချာတယ်။လူ
ကြီးတွေကတစ်ဖက်တောင်ကြော
ရောက်အောင်အလုပ်သွားတတ်လို
ပါ။
ဘဒွေးစံတင်တို့ လင်မယားက
ခြံမှာအလုပ်များလို့ ရွာပြန်မိုးချုပ်
သွားတုံး ရွာကလူတွေ နဲအဆက်
ပြတ်သွားတော့ ကျားတို့ ဝက်ဝံတို့ 
နဲ့ တွေ့ မှာကြောက်ကြောက်နဲ့ ပြန်
လာကြတာ။ ရှေ့ နားကလူတစ်အုပ်
စကားတပြောပြောသွားနေတာ
ကြားရလို့ အမှီလိုက်တာ မိနစ်၂၀
လောက်ကြာလည်းမမှီ ဘူးတဲ့ အ
သံပဲကြားရပြီး အမြန်လိုက်လည်း
မမှီဘူးတဲ့ ဟောဟဲလိုက်မှ အ
နောက်ဖက်က ဟားတိုက်ရီသံတွေ
ညာသံပေးပြီးလိုက်လာသလိုကြား
သာကြားရ လူတွေကျန်သေးတာ
ပဲဆိုပြီးရပ်စောင့် နေတာတောင်ပေါ်
မလာဘူးတဲ့ ။ရွာထဲရောက်မှအသံ
ပျောက်သွားသတဲ့ ။
အဲလို နောက်တီးနောက်တောက်
တစ္စေ လည်းရှိတဲ့ အကြောင်းရေး
သားလိုက်ရပါသည်။
Ohe Sue Usoe ။

No comments:

Post a Comment