မန္တလေး ကနေ တောင်ကြီးအသွား
ရွာငံ ရွှေကောင်းစံ စားသောက်ဆိုင်
က ယောက်ဖ နဲ့ အမရယ် တူမနှစ်
ယောက်ရယ် အောင်ပန်း အိမ်ကို
ပြန်မလို့ လိုက်လာတယ်။
မိုးအခါဆိုတော့ ရွာငံကထွက်ကတဲ
ကသဲသဲမဲမဲ။ လမ်းထက်ဝက်သာ
သာလောက်ရောက်တော့ ပိုသဲလာ
တယ် အချိန်ကလဲ ၁၂နာရီ ၁ ချက်
အရေးထဲ ပလပ်ထဲရေ၀င်လို့ လား
မသိ စက်သံမမှန်တော့ ။အတက်နဲ
နဲကြီးတဲ့ နေရာရောက်တော့ ကား
စက်ရပ်သွားရော။ဘယ်လိုနှိုးနှိုး
နိုးတော့ ဘူး။မိုးရေထဲဆင်း စက်ဖုံး
လှန် ဟိုနှိုက် ဒီနှိုက် လုပ်လည်းအ
ကြောင်းမထူး အချိန် ၁နာရီပျော့ 
ပျော့ လောက်ကြာသွားပြီ။ညနက်
တော့ ကားဆက်ကလည်းပြတ်
ကားပေါ်မှာလည်းအထုပ်အပိုးတွေ
ကများ ဘာလုပ်ရမှန်းမသိဖြစ်နေ
တုံးယောက်ဖက
အနီးအနားဓါတ်မီးနဲ့ လျှောက်ထိုး
ကြည့် ပြီး “ရွာရှိလောက်တယ်"
ပြောလာတယ်။ဘာမှလုပ်မရမဲ့ အ
တူတော့ ကားပေါ်လည်းအိပ်မရနိုင်
တဲ့ အတူ ရွာထဲတစ်အိမ်အိမ်မှသွား
အိပ်ရအောင်လို့ ပြောပါတယ်။
မိုးကလဲပိုသဲလာတဲ့ အပြင်လျှပ်စီး
လက်မိုးကြိုးတွေပါပစ်သံကြားရ
တယ်။ ဒါနဲ့ ကားကိုလမ်းဘေးခက်
ခက်ခဲခဲ တွန်းရွှေ့ ပြီး ကလေးတွေ
ခေါ်လို့ ရွာရှိမယ့် ဘက်မှန်းလျောက်
လာကြတယ်။
၁၀ မိနစ်လောက်ချော်လဲလိုက်
ပြန်ထလိုက်ခက်ခက်ခဲခဲလျောက်
ရင်း မီးရောင်လက်လက်နဲ့ တဲအိမ်
လေးတစ်လုံးတွေ့ တယ်။အားလုံး
ဘာမပြောညာမပြောဇွတ်ဝင်သွား
ကြတယ်။ဝါးလုံးစည်းရိုးကျော်တော့
လျှပ်စီးတပြက်မှာ တဲအောက်က
မဲမဲရှည်ရှည် အရိပ်ကြီးတစ်ခု ရား
ကနဲထွက်လာတယ်။ ရုတ်တရက်
ဆိုတော့ အားလုံးလန့် သွားတာပေါ့
နောက်မှ လူတစ်ယောက်မှန်းသိရ
တယ်။အရပ်အတော်ရှည်တဲ့ လူ။
ယောက်ဖကအကျိုးအကြောင်း
ပြောပြတော့ အိမ်ရှင်အရှည်ကြီးက
ဘာမှတော့ ပြန်မပြောဘူး ၀ါးလှေ
ကားအတိုင်းရှေ့ ကဦးဆောင်တက်
သွားတယ်။ကျနော်တို့ လည်းဘာမှ
မစဉ်းစားဘူး ချမ်းလဲချမ်း အိပ်လဲ
အိပ်ချင်နေတော့ သူ့ နောက်တက်
လိုက်ကြတာပေါ့ ။
ဝါးခင်းသက်ကယ်မိုးအိမ်လေးကမ
ကျဉ်းမကျယ်လေးပါပဲ။ချေရင်းဒေါင်
မှာထမင်းဟင်းချက်တဲ့ မီးဖိုထင်ရဲ့ 
မီးဖိုထားတာလည်းတွေ့ တယ်။အဲ
ဒီဘယ်ဖက်မှာ ၀ါးထရံကာထားတဲ့ 
အခန်းတစ်ခန်း။ ကျန်တာတော့ ဘု
ရားစင်နဲ့ အခန်းမရှိတဲ့ အလွတ်နေ
ရာ။
အရှည်ကြီးက ကုန်းကုန်းနဲ့ သွားပြီး
မီးဖိုထဲထင်းတွေထည့် ဝါးပြောင်းနဲ့ 
မီးမှုတ်တော့ မီးရောင်လင်းလာ
တယ်။အဲဒီကျမှ မီးဖိုနောက်မှာမဲမဲ
လုံးလုံးအရိပ်ကြီး။ ကလေးတွေက
လန့် လို့ အော်တယ် ကျနော်
တောင်ဆတ်ကနဲဖြစ်သွားရော။
သေချာကြည့် မှ အဖွားကြီးတစ်
ယောက်ငုတ်တုတ်ထိုင်နေတာကိုး။
အရှည်ကြီးက ကလေးတွေကိုမ
ကျေနပ်သလိုလှည့် ကြည့် ပြီးအ
ခန်းထဲဝင်သွားတယ်။ပြန်ထွက်လာ
တော့ စောင်အဟောင်း၂ထည်နဲ့ 
ခေါင်းအုံးမဲမဲ၂လုံးယူလာတယ်။
ဘုရားစင်အောက်မှချပေးတယ်။
အိပ်ကြပါဆိုတဲ့ သဘောပေါ့ ။ထူုး
ဆန်းတာကရောက်ကတဲကအခုထိ
အိမ်ရှင်တွေစကားတစ်ခွန်းမှမပြော
ဘူး။အေးလေ မိုးသံလေသံနဲ့ ဆို
တော့ ပြောလည်းကြားရမှာမှမ
ဟုတ်တာ။ဒါပေမဲ့ မျက်နှာထားတွေ
ကအသက်မပါတဲ့ မျက်နှာမျိုးတွေ။
ဘာပဲဖြစ်ဖြစ်တညတာဘဲအိမ်ရှင်
မကြည်လင်လည်းမနက်ကျမှလက်
ဆောင်လေးဘာလေးနဲ့ တောင်းပန်
ရမှာပဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ယောက်ဖ
နဲ့ မျက်လုံးခြင်းနားလည်မှုယူပြီးက
လေးတွေကိုအ၀တ်အစားလဲပေး
အိပ်ယာလုပ်ပေးပြီးအိပ်ကြတာပေါ့ 
အမကအခန်းနဲ့ ကပ်လျှက်နေရာပြီး
ကလေး၂ယောက် ယောက်ဖပြီးမှ
ကျနော် နေရာယူအိပ်ကြတယ်။ကျ
နော်နဲ့ ယောက်ဖကတော့ စောင်မ
ပါခေါင်းအုံးမပါ ဒီအတိုင်းကွေးတာ
ပေါ့ ။ကလေးတွေကအစတော့ မီး
ဖိုဖက်ကအဖွားဖိုဖက်ကအဖွားကြီး
ကိုလှမ်းလှမ်းကြည့် ပြီးမအိပ်ကြဘူး
ဒါပေမဲ့ ပင်ပန်း ချမ်းလွန်းတော့ 
ခဏနေ အိပ်ပျော်သွားကြတယ်။
ယောက်ဖကတော့ ခေါင်းချတာနဲ့ 
ဟောက်တောင်နေပြီ။ကျနော်လဲ
မှေးခနဲဖြစ်သွားရာက
ဝုန်း ဆို ၀ါးကြမ်းခင်းနဲ့ ခေါင်းပစ်
ဆောင့် တဲ့ အသံကြောင့် လန့် နိုး
လာတယ်။မီးဖိုမှာမီးမရှိတော့ လို့ 
မှောင်နေတာနဲ့ အိပ်ထဲကဓါတ်မီး
ဖွင့် လိုက်တော့ အမက တုန်တုန်
ရီရီဖြစ်နေတယ်။မျက်နှာကလည်း
ဖြူဖတ်ဖြူရော်နဲ့ အတော်ထိတ်လန်
နေပုံပဲ ။
"ငါ့ ခေါင်းအုံး ဘယ်သူလာဆွဲတာလဲ"
တဲ့ ယောက်ဖကအိပ်ချင်မူးတူးနဲ့ 
"အိပ်မက် မက်တာနေမှာပါပြန်အိပ် ပြန်အိပ် လင်းခါနီးပြီ" လို့ ပြောတော့ အမ
လည်းပြန်အိပ်သွားတယ်။ကျနော်
ကအိပ်မရတော့ ဘူး။ဟိုဟိုဒီဒီဓါတ်
မီးနဲ့ ထိုးကြည့် တော့ ခြေရင်းမှာ
ရေနွေးကရားအိုးတွေ အကြမ်းပုဂံ
တွေ ပန်းကန်ပြားတွေအများကြီး
တွေ့ ရတယ်။ဒီတဲနဲ့ ဒီလူနဲ့ ဒီပစ္စည်း
တွေနဲ့ နဲနဲတော့ ထူးဆန်းသလိုပဲလို
တွေးရင်းဓါတ်မီးပိတ်ပက်လက်လန်
နေတုံး မကြာဘူးဗျ။
ဝုန်း ဒုန်း ဆိုပြီး တစ်ခါ အမဆီက
အသံတွေကြားရပြန်ရော။
ဒီတခါတော့ အမကငိုပါလေရော။
ငိုရင်းနဲ့ "ငါ့ ခေါင်းအုံးပြန်ပေး ဆိုပြီးအတင်းလာဆွဲတာ အမလေး ပြန်ရအောင် မအိပ်ချင်တော့ ဘူး"
တဲ့ ။ယောက်ဖကအမျိုးမျိုးဖြောင်း
ဖျပြီး ခေါင်းအုံးကိုဘုရားစင်နား
သွားထားလိုက်တယ်။လူကြီးတွေကတော့ မအိပ်တော့ ဘူးငုတ်တုပ်။
အိမ်ရှင်တွေရဲ့ အရိပ်အယောင်လဲမ
တွေ့ ရ။အခန်းထဲက ကလေးသိပ်
တဲ့ အသံလိုလို တကျွတ်ကျွတ်နဲ့ 
တစ်ချက်တစ်ချက် ကြားရတာက
လွှဲလို့ တိတ်ဆိတ်နေတယ်။မိုးလဲ
ပြတ်သွားပြီ။မနက်မိုးစင်စင်မလင်
ခင်မရဲတရဲနဲ့ တဲအောက်ဆင်းလာ
တော့ အရှည်ကြီးကတဲအောက်မှာ
ရေနွေးအိုးကြီးတည်လို့ ကြက်သွန်
ခရမ်းချဉ်သီးတွေရော ကြက်တစ်
ကောင်ခုတ်ထစ်ပြီး ကြက်မွှေးအ
မှိုက်တွေနဲ့ အလုပ်ရှုပ်နေတာတွေ့ 
လို့ စိတ်ထဲ ကျနော်တို့ အတွက်
ချက်ပြုတ်နေတယ်မှတ်တာ မေး
ကြည့် တော့ သူ့ မိန်းမ ကလေးမီး
ဖွားရင်းဆုံးသွားတာရက်လည်ဆွမ်း
သွတ်ဖို့ ပြင်ဆင်နေမှန်းသိရတယ်။
ခေါင်းအုံးကလည်းသူ့ မိန်းမမသေ
ခင်အိပ်တဲ့ ခေါင်းအုံးမှန်းနောက်မှ
သိရတယ်။မနေ့ ညကအဖြစ်အကို
တော့ ဘာမှပြန်မပြောတော့ ပါဘူး
မန္တလေးကပါလာတဲ့ ထိုးမုန့် လမုန့် 
ထုပ်တွေလက်ဆောင်ပေး ကျေးဇူး
တင်ကြောင်းအထပ်ထပ်ပြောပြီး
အောင်ပန်းလိုင်းကားနဲ့ လိုက်ခဲ့ ကြ
တယ်။နောက်မှဝပ်လျော့ ဆရာခေါ်
ပြီးကားသွားပြင်ယူကြတယ်။ရွာနံ
မည်တော့ မသိဘူး ကားလမ်းနဲ့ 
တော့ နဲနဲလှမ်းတယ်။အဖြစ်က
တော့ တစ်ကယ်ဖြစ်ခဲ့ တာပါ။
ယုံရခက်ခက်ဆိုပေမဲ့ ကိုယ်တွေ့ ။
ရေး။ ။Ohe Sue Usoe ။
No comments:
Post a Comment