စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, March 4, 2014

သနပ်အင်း က သရဲ

နော် ကိုယ်တိုင် ကြုံခဲ့ရတာ တော့မဟုတ်ပါဘူး.
…………………………………………………
ကျောင်းထွက်ပီး ရွာမှာ နေရတာပျင်းလို့
ဦးလေးတွေ ရှိတဲ့ ရေနံ့ မှော်ကို သွားခဲ့တဲ့
အချိန်ကပါ..
ကျွန်တော်က အောင် လံ မြို့မှာ နေ တော့
ပခုက္ကူ ကို ရောက်ဖို့ ကားတော်တော် စီးရတယ်.
ကျွန်တော် ရယ် အစ်မ ယောက်ကျားရယ်
ဦးလေးသား ရယ်
သုံးယောက်ပေါ့ဗျာာ.###
ဒီလို့နဲ့ ပခုက္ကူ က နေ့ မြိုင် ကို ဆက်သွား
ကြတာပေါ့...ကျွန်တော်တို့ သွားရမှာ
ဝယ်တောင်
ရေနံ့မှော် ကိုဗျ..
မြိုင် က နေ မှော်ထဲ သွားကြတာပေါ့..
မှောင် နေပါပီ..ည နေ စောင်းက ရွာတဲ့
မိုးကြောင့်လဲ ဘေးမှာ ဖားအော်သံတွေ
ပုရစ်သံ
တွေကြားနေရတယ်..
ကားလမ်းက နွေရာသီပဲ မှော်ထဲ
ပေါက်တယ်တဲ့..
သေချင် စော်နံ့တာပေါ့ဗျာ..D
ကားက သနပ် ပင် ရွာထိပဲပေါက်တယ်. ဒီလိုနဲ့ ကားပေါ်က ဆင်းပီးခြေချင် လျှောက်ကြရ
တာပေါ့..ကောင် မ လေးနှစ်ယောက် လဲ ပါတယ်..
အတူတူစီးလာတာဆိုတော့ကားပေါ်
ကတည်းက
ခင် သွားကြတာ..မိုးကရွာထား မှောင် က လဲ
မှောင် နေ ဦးလေး သားက လမ်းသိတယ်ဗျ
ကျွန်တော် က သူနောက်လိုက် ရတာပေါ့
ဒီလိုနဲ့ ကောင် မ လေးနှစ်ယောက်
နေတဲ့ရွာ ရောက်
လာတယ်..သနက်အင်း ရွာ..
သူတို့က ညအိပ် ပါလို့ တားပါတယ်..
ကျွန်တော် တို့လဲ ငြင်းဆန်ပီး ထွက် လာ
ကြတယ်..
ဒီလိုနဲ့ ဆက်သွားရင် အချိန်လင့်လာတယ်..
ဘေးကလဲ မှောင် မဲနေတယ်ဗျ....
လူ ကလဲ ပန်းနေပီ....
ဦးလေးသား ကို မေးလိုက်တယ်ဗျာ
မှော်ထဲ ရောက်ဖို့ ဘယ်လောက်လို
သေးလဲ မေး တော့
ည ၂ နာရီခွဲမှာ ရောက်မယ်တဲ့...
သေချင် စော် နံနေပီ...
ဒီလိုနဲ့ ရွာတစ် ရွာထဲ ဝင် လာတယ်..ကားလမ်းပေါက်တဲ့ ရွာဆိုတော့
ရွာတော့ မဟုတ်ဘူးပေါ့ဗျ ခေတ်မီ
တာပေါ့...
ဗိုက်ဆာ တာနဲ့ မပိတ်သေးတဲ့ ဆိုင် က
မုန့်နဲ့ အချိုဗူး
တွေဝယ်လာခဲ့တယ်..
ဒီလိုနဲ့ ရွာက ထွက်ပီး လမ်းဘေးမှာ
ဇရပ် လေးတွေ့တယ်ဗျ....
သားသားနားနား လေး လုပ်ထားတာ
မြေတိုက် ဇရပ် လေးဗျ...
သုံးပေ လောက် မြင့်ပီး ပျဉ်တွေ
ခင်းထားတယ်..
ဦးလေးသားကို ပြောလိုက်တယ်..
အောင်ကြီး ငါတို့ ဒီဇရပ် မှာ အိပ်မယ်
လို့ပြော
တော့ အင်းအိပ်လေ လို့ပြန်ပြောတယ်..
အောင်ကြီးရယ် အစ်မ ယောက်ကျား
ကိုမျိုးနိုင် ရယ်
ကျွန်တော်ရယ် သုံးယောက် ဝယ်လာတဲ့
မုန့်နဲ့အ အေးသောက်
ပီး ညအိပ်မယ် လုပ်တယ်...
ဇရပ် က လေးကို သ ဘောကျတယ်.
ဆောက်ပေးထားတာ...D
ကျွန်တော်လဲ ဘုရားရှင် ခိုးပီးအိပ်တယ်..
အောင်ကြီး လဲ ကျွန်တော် ဘုရား
ရှင် ခိုးတော့ သူလဲ
ရှင် ခိုးတယ်...
အစ်မ ယောက်ကျား ကိုမျိုးနိုင် က
မရှင် ခိုးဘူးဗျ......
အငယ်ဆုံးဆိုတော့ အလည်ကအိပ် ရတယ်..
ဒီလိုနဲ့ အိပ်ပျော်သွားတာ မနက် ကျ
မှ နိုးတယ်..
ကိုမျိုးနိုင် က နိုးတယ်..
ညီလေး ထ ၅ နာရီ ခွဲနေပီ...
သွားကြမယ်တဲ့ ဆက်အိပ်ချင် သေးပေမဲ့
ထ ရ တာပေါ့ဗျာာ...
ဒီလိုနဲ့ မနက်10:30 လောက် ရောက်တော့
ဦးလေးတိုဆီ ရောက်တယ်...
ပါလာတဲ့ စားစရာတွေ ချပေးရင်း
ထိုင် ပီးစကား
ပြောကြတာပေါ့.....
အစိမ ယောက်ကျား ကိုမျိုးနိုင် က
စ ပြောတယ်..
ညီလေး ဟိုဇရပ် မှာ အိပ်ပျော် ရဲ့လားတဲ့..
ဘာလို့လဲ မေးတော့ ချောက်လိုက်တဲ့
သရဲ တစ်ည
လုံးပဲတဲ့....ကျွန်တော် ဟုတ်လို့လားမေးတော့
ဟုတ်တယ်တဲ့...
သူ အိပ်ပျော်မလို့ လုပ်တုန်း လက်နဲ့ လာကိုင်
တယ်တဲ့....ပထမ တော့ ကျွန်တော်
လာဖက်တယ် ထင် နေ
တာတဲ့..ပီးတော့ သူအ ပေါ်တင် ထား
တဲ့လက် က
အေးစက်လာတယ်တဲ့....
ကျွန်တော် လက်တွေ အေးနေ ပါလား
ဆိုပီး
ပုဆိုး ကို ထုတ်ပီး ခြုံပေးမယ်လို့
ထ တော့
ကျွန်တော်က
အောင်ကြီး နဲ့ ဖက်အိပ်နေတယ်တဲ့..
အဲ့လိုနဲ့ အိပ်မ ပျော်တော့ဘူးးးတဲ့
နာရီဝက်လောက်ကြာတော့
ဇရပ်ဘေး ကနေ ခြေသံကြားရ
တယ်တဲ့....
အဲ့လိုနဲ့ ဇရပ်ပေါ်တက်လာတယ်တဲ့ဗျာ..
သူလဲ ကြောက်စိတ်ဝင် လာပီး
ကျွန်တော်ဘက် ကပ်ပီး အိပ် ရဖို့
့ကြိုးစားနေလိုက်တာ...
ခြေသံ က တော့ ပျောက်မသွားဘူးတဲ့
ကျွန်တော် ခေါင်းရင်းက ကြားလိုက်ဆ
ခြေရင်း က ကြားလိုက် ဘေးကကြား
လိုက်နဲ့ ဓာတ်မီးနဲ့
ထိုးကြည့်တော့လဲဘာမှ တွေ့ဘူးတဲ့...
မျက်စိမှိတ်လှဲနေပြန် ရင် ပြန်ပေါ်
လာတယ်တဲ့ ...
ဇရပ် ပေါ်မှာပဲတဲ့...အဲ့လို ပြောတော့
ယုံရမလား မယုံရမလား
ကျွန်တော်လဲ ဘယ်လိုပြန်ပြောရမှန်း
မသိဘူးဗျ.....
သုံးယောက် အတူတူရှိတာ သူတစ်
ယောက်ထဲဖြစ်တာ
ဆိုတော့ မယုံလဲ မယုံချင် ဖူးဗျာာ..
ဦးလေးက ဘယ်ဇရပ် မှာ အိပ်တာ
လဲ မေးတော့ သနပ်အင်း ရွာ နဲ့
တောင် ဝယ်တောင်
ရွာကြားထဲက ဇရပ် ပြောတော့
ဦးလေးက ပြန်ပြောတယ်...
သင်းချိုင်းကုန်း က ဇရပ် မှာ အိပ်လာကြ
တာပါလားတဲ့.....တိန်.....
အခုမှ လန့်တယ်ဗျာာာ..
ဟုတ်လို့လား ဆိုပီး စဉ်းစားနေတာ...
မှော်က အပြန် ဇရပ် တွေတော့
ဟုတ်ပါတယ်....နော် တို့
အိပ်ခဲ့တဲ့ ဇရပ် က
တစ်ကယ် သင်းချိုင်းကုန်း က ဇရပ်
ဖြစ်နေတယ်...
တိုက်တိုက် ဆိုင် ဆိုင် အဲ့ဇရပ် ပေါ်မှာ
အ လောင်းတစ်လောင်း သရဏဂုံ
တင် နေတာ တွေ့ခဲ့တယ်ဗျာာ..
ဟီးးးးသင်းချိုင်းကုန်း မှာ မှတ်မှတ် ရ
တစ်ခါ တော့ အိပ်ဖူးပါတယ်
မသိလို့နော်....
ချောက်ခံခဲ့ရတာတော့ဖြစ်နိုင် မဖြစ်နိုင်
စဉ်းစားကြည့်
ကြပါ...ဒါပေမဲ့ အခုထိ အဲ့ဇရပ် က
ချောက်တယ်တဲ့ဗျာာာာ
သနက်အင်း က လူတွေဆို သိကြမှာပါ......
#..လိုရင် ဖြည့်ဖတ်ပေးကြပါနော်...

No comments:

Post a Comment