စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, March 5, 2014

ပန်းခြံထဲကသရဲ

၁၉၉၂ခုနှစ်လောက်က ရန်ကုန်မြို့ ဗဟန်းမြို့ နယ် တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမီးပိုင့်နားမှာ ပန်းခြံလေးတစ်ခုရှိပါတယ်…။ အဲဒီပန်းခြံလေးထဲမှာ ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်းလေးကို ကူးဖို့ တံတားတစ်စင်းရှိပါတယ်…။ အဲဒီတံတားပေါ်မှာ နားနေဖို့ ဆောက်ထားတဲ့ အိမ်လေးတွေ ရှိပါတယ်…။ အ.မ.က ၂ ဗဟန်းမှာ ကျောင်းသွားတက်ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေက ကျောင်းက ပြန်တဲ့ အချိန်တိုင်း အဲဒီ ပန်းခြံလေးထဲမှာ ၀င်ရောက်ဆော့ကစားလေ့ရှိပါတယ်…။ ကျောင်းချိန်က နှစ်ချိန်ကျောင်းဖြစ်ပြီး မနက်ပိုင်း ၇ နာရီကနေ ၁၂ နာရီနဲ့ ၁၂ နာရီကနေ ၅ နာရီအထိပါ…။ မနက်ပိုင်း ကျောင်းပြန်တဲ့ ကလေးတွေရော ညနေပိုင်း ကျောင်းပြန်တဲ့ ကလေးတွေရော အဲဒီပန်းခြံလေးထဲမှာ ၀င်ရောက်ဆော့ကစားကြပါတယ်…။ တစ်ညနေ ကျောင်းအပြန် ၀င်ဆော့တဲ့ ကလေး တစ်ယောက် မျက်လုံးကြီးပြူး လျှာအရှည်ကြီး ထွက်လာပြီးတော့ ပြူးကြောင်ကြောင်လိုက်ကြည့်နေပါတယ်…။ ကလေးရဲ့ လျှာဆိုပေမယ့် အဲဒီအချိန်က လက်လေးလုံးစာလောက်ကို ရှည်ထွက်နေတာပါ…။ ကျန်တဲ့ ကလေးတွေရဲ့ လည်ပင်းကို လိုက်ညှစ်နေပါတယ်…။ ကျန်တဲ့ ကလေးတွေက ရဲကြီး ရဲကြီးလို့ အော်ပြီး ထွက်ပြေးကြပါတယ်…။

အဲဒီကလေးကို အိမ်ကို ပြန်ခေါ်လာတဲ့ တစ်လမ်းလုံးလဲ အဲဒီအတိုင်းပါပဲ …။ ဘာမှ စကားမေးလဲ မရတော့ပါဘူး…။ ဒါနဲ့ မိုးကုတ်ကျောင်းကို ခေါ်သွားတော့မှ ဘုန်းကြီးကျောင်းထဲ မ၀င်ခင် အ၀မှာပဲ ကလေးက မေ့သွားပါတယ်…။ လျှာလဲ မထွက် မျက်လုံးလည်း မပြူတော့ပါဘူး…။ ဆရာတော်က ပရိတ်ရည်ကို ပါးစပ်ထဲ ၀င်ပစေလို့ ပြောလို့ အတင်းပါးစပ်ဖြဲတိုက်ရပါတယ်…။ ပရိတ်ရည်ဝင်သွားတော့မှပဲ သတိပြန်ရလာပြီး ကြောက်တယ် ကြောက်တယ်…လို့ ပြောပါတယ်…။တံတားလေးပေါ်မှာ ဆော့နေတုန်း ရေထဲကနေ ဖြူဖြူအကောင်ကြီး တက်လာပြီး သူ့ ကို အတင်းလိုက် ၀င်နေတယ်လို့ ပြောပါတယ်…။ အဲဒီနောက်ပိုင်း အဲဒီပန်းခြံကို ဘယ်ကလေးမှ မသွားကြတော့ပါဘူး…။ အခုတော့ ထမင်းဆိုင်တစ်ခုဖွင့်ထားတာ တွေ့ ပါတယ်…။ သရဲ မခြောက်ဘူးလား ခြောက်လားတော့ မသိတော့ပါဘူး…။

crd..thet htar

#သရဲလေး...sky#

No comments:

Post a Comment