စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, March 5, 2014

* ပန်းဆံခွဲ တောင် ဥစ္စာစောင့် 

ပဠိမှော့ ဒေ၀ီ *
•••••••••••••••[၁]•••အိုးစူး••

~ မြူနှင်းပုဝါ ခြုံလွှာ မလုံ့ တလုံ
ကြားက ဘေးတစ်စောင်းအနေအ
ထား လဲလျောင်းနေတဲ့  "ပန်းဆံခွဲ"
တောင် ။
အငွေ့ တထောင်းထောင်းနဲ့ ရစ်ခွေ
စီးနေတဲ့ "တလက်မျှုပ်" ချောင်း။
အတိတ် အနာဂါတ် ပစ္စုပ္ပန် မဲ့ နေ
တဲ့ အရပ်။
တောပန်း တောင်ပန်းတွေ သွေ့ 
ခြောက်နွမ်းကြွေနိုင်တယ်…
ပန်းပေါင်းစုံ တို့ ရဲ့ အနှစ် ပျားရည်
တို့ ခါးသက် နိုင်တယ်…
နံက်ခင်းရဲ့ ကျေးငှက်သီချင်းတွေ
ဆိတ်သုန်းပျောက်ကွယ်သွားနိုင်
တယ်……
တို့ နှစ်ယောက်ရဲ့ ကမ္ဘာ ။
တို့ နှစ်ယောက် ဗိမ္မာန် နန်း။
အလင်းနှစ်သန်းပေါင်းများစွာ တည်
မယ် အို ……ပဠိမှော့ဒေ၀ီ ……။
တစ်နေ့ တစ်နေ့  တွေငေးငေးနဲ့ 
လေးတွဲ့ တဲ့ အမူအရာတွေပိုင်ရှင်
လူတကာနဲ့ စကား ဟ ဟမပြော
တစ်ကိုယ်တည်းကြတော့ တတွတ်
တွတ် ကဗျာရွတ်သလို သီချင်းညီး
သလို အစာအဟာရ လည်းမစား
စားပြီးပြီ ။ ဘယ်မှာစားတာလဲ ဆို
တော့  ပန်းဆံခွဲ တောင်ဆီဖက်
လက်ညိုးထိုးပြတယ်။ တခါတခါ
စိတ်လိုလက်ရ ဘယ်လိုဟင်းအ
မယ်တွေအစုံအလင်နဲ့ ဘယ်လိုပွဲ
တော်တည်တဲ့ အကြောင်းတွေပြော
ပြတတ်တယ်။
အံဩစရာကောင်းတာက ဘာအ
စာရေစာမှဟုတ်တိပတ်တိမစားပေ
မဲ့ ကျမ္မာရေး ယိမ်းယိမ်သွားခြင်းမ
ရှိတာပဲ။
တကယ်တော့ မောင်ဝေထွန်းဟာ
ခေတ်ပညာတတ် တက္ကသိုလ်
ကျောင်းသားတစ်ယောက်ပါ။
ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ 
ဒီတစ်ခေါက်မှ ပန်းဆံခွဲ တောင်
ထိပ်က စေတီလေးကို ဖူးမျှော်ရင်း
အခုလို ဖြစ်လာတာ သိပ်တော့ မ
ကြာသေး။
အစက တစ်နေ့ တစ်ခေါက်
နောက် မနက်တစ်ခေါက် ည တစ်
ခေါက် ကြာလာတော့ အချိန်ပြည့် 
နီးပါး သွားနေတတ်တယ်။
သူနဲ့ အရင်းနှီးဆုံးသူငယ်ချင်းကျ
နော့် ကိုပြောပြတာက သူ့ မှာရီးစား
ရှိနေပြီတဲ့ ။ သူ့ ရီးစားက ပန်းဆံခွဲ
တောင်ရဲ့ တစ်ခုသော ကျောက်ဂူ
နားက နန်းတော်တမျှ ခန်းနားလှတဲ့
အဆောက်အဦးကြီးမှာနေသတဲ့ 
သူတို့ ချိန်းတွေ့ တဲ့ အခါသိပ်ပျော်စ
ရာကောင်းတဲ့ အကြောင်းပန်းပေါင်း
စုံတဲ့ ဥယျဉ်ထဲမှာပြေးလွှားကြည်နူး
ကြတဲ့ အကြောင်း
ပြီးရင် အမွှေးနံ့ သာတွေနဲ့ ရေချိုး
ကြတဲ့ အကြောင်း ရေကန်လေးက
လည်းအလွန်သာယာတဲ့ ပြာလဲ့ 
နေတဲ့ ရေ တံခွန်လေးတောင်ရှိတဲ့ 
အကြောင်း ရေချိုးပြီးတော့ အနံ့ အ
ရသာနဲ့ ပြည်စုံတဲ့ စားစရာသစ်သီး
ဝလံတွေ ပျော်ပျော်ပါးပါးစားတဲ့ အ
ကြောင်း ပြောပြတတ်တယ်။
ပထမတော့ ဒီကောင်နောက်နေ
တယ်ထင်မိပေမဲ့ သူ့ မျက်နှာပေး
သူ့ အမူအရာကနောက်တဲ့ ပုံမ
ဟုတ်ဘူး တစ်ကယ်လေးလေးနက်
နက်ပြောနေသလိုပါပဲ ။တစ်ခုရှိတာ
က ဒီကောင်နဲ့ ကျနော်ငယ်ပေါင်း
ဆိုတော့ အတွင်းသိ ငယ်ငယ်ထဲက
မဟုတ်တာညာမပြောတတ်တာသိ
နေတော့ လည်း မြို့ ကျောင်းမှာ
တက္ကသိုလ်တက်ရင်း စိတ်ဝေဒနာ
တခုခုစွဲကပ်လာခဲ့ သလားထင်ရ
ပေမဲ့ သူ့ စိတ်က ခုနကိစ္စတွေပြော
တာကလွဲရင် ပုံမှန်ပါပဲ။
ကျနော်က မယုံလို့ နောက်တစ်ခါ
ဆိုငါပါလိုက်ခဲ့ မယ် ပြောကြည့် 
တော့ သူကခါးခါးသီးသီးငြင်းတယ်
ဗျ။ သူ့ ရီးစားက ဘယ်သူ့ မှမသိစေ
ချင်ဘူးတဲ့ ။ ကျနော့် တောင်အခင်
ဆုံးသူငယ်ချင်းမို့ ပြောပြတာတဲ့ ။
သူ့ မိဘတွေကိုတောင်ပြန်မပြောဖို့ 
ဂတိတောင်းတယ်။
ဒါပေမဲ့ တဲ့ ငါ့ မိဘတွေကိုဖွင့် ပြော
ပြီး ငါသူ့ ကိုလက်ထပ်ချင်တယ်ကွာ
တဲ့ ။
ကျနော်မျက်လုံးပြူးသွားတယ်။
မကြာပါဘူးသူက ထုံးစံအတိုင်း
တွေတွေငေးသွားတယ်။တစ်ခုခုကို
လွမ်းဆွေးနေသလို ၀မ်းနဲပူဆွေး
သလို။ အဲဒီချိန်ဘယ်လိုပဲမေးမေး
စကားပြန်မပြောတော့ ဘူး။လူနဲ့ 
စိတ်နဲ့ တခြားစီဖြစ်နေသလို။
ဒီအကြောင်းတွေကို တစ်ရွာလုံးက
မသိဘူး။သူ့ မိဘတွေတောင်စိတ်
ရောဂါဖြစ်နေတယ်ထင်ပြီး။ဆေး
ဆရာတွေနဲ့ ပြကုကြတယ်။သူက
တော့ မထုံထက်သေး။ ဆရာပေါင်း
စုံကလည်းလက်မြှောက်နေကြပြီ။
သူတို့ ကတခုထဲသောထင်မြင်ချက်
ကိုပေးကြတယ်။အဲဒါကတော့ 
မောင်ဝေထွန်းဟာ ဥစ္စာစောင့် ပြု
စားခံရတယ် ဆိုတာပဲ။

••••[ ၂ ] ••••

*ပန်းဆံခွဲ တောင် ဥစ္စာစောင့် 
ပဠိမှော့ ဒေ၀ီ *
••••••••••[ ၂ ]•••အိုးစူး•••

နောက်ပိုင်းကျနော့် သူငယ်ချင်းပို
ဆိုးလာတယ်ဗျ ။နေ့ ခင်းနေ့ လည်
မဟုတ်တော့ ဘူး ညနက်သန်း
ခေါင်တွေပါ တောင်ပေါ်ကဆင်းလာ
တာတွေ့ ရတယ်။ အံ့ ဩဖို့ ကောင်
တာက လမိုက်ညတွေဆိုလဲ ဘာ
လက်နှိုက်ဓါတ်မီးမှမပါပဲ တောလမ်
ကျောက်ဆောင်တွေကြားကအထိ
အခိုက်အပွန်းအရှမရှိပဲပြန်လာ
တတ်တယ်။
သူ့ ကြည့် ရတာလည်းရွှင်ရွှင်ပျပျနဲ့ 
မမောနိုင်မပန်းနိုင် သူ့ မို့ လို့ ဗျာ။
မိဘတွေကတော့ မျက်ရည်နဲ့ မျက်
ခွက် ကိုစိုးရယ်မင်းသူငယ်ချင်းကို
မကယ်နိုင်တော့ ဘူးလား တဲ့ ။
ငါတို့ ကိုကူညီပါကွာ တဲ့ ။ကျနော်
အဖြစ်မှန်ကိုပြောပြဖို့ ဝန်လေးနေခဲ့ 
တယ်။ တစ်ဖက်ကလည်းဂတိက
ဝတ်ပြုထားတာရှိလေတော့ ။ဒီဖက်
မှာလည်း အကျိုးအကြောင်း မသိရ
တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမ
သိ။
တစ်နေ့ တော့ သူ့ အဖေက ဒီအ
တိုင်းတော့ မဖြစ်ဘူးဟေ့ ဒီကောင့် 
ကိုမြို့ ပြန်ပို့ မှရမယ် ဆိုပြီးနောက်
တစ်ရက်မှာသူ့ အဖေကိုယ်တိုင်
သီတာဦး လိုင်းကားနဲ့ ပို့ ဖို့ စီစဉ်ပါ
တော့တယ်။ သူကမပြန်ဘူးဇွတ်
ငြင်းပေမဲ့ သားအဖနှစ်ယောက်
ဘယ်လိုအပေးအယူတည့် တယ်မ
ဆိုနိုင်ဘူး။သွားဖို့ သဘောတူလိုက်
သတဲ့ မသွားခင်ကျနော်နဲ့ တွေ့ 
တော့ သူ့ ကိုကျနော်က ငါဘာမှမ
ပြောဘူးနော်ဟေ့ ကောင်ဆိုတော့ 
သူကခပ်ပြုံးပြုံးပဲ မင်းမပြောဘူးဆို
တာငါသိပါတယ် အေး ပြောရင်လဲ
ငါသိတယ် တဲ့ ဗျာ ဘယ်လိုအဓိ
ပ္ပါယ်လဲတော့ မသိဘူး။
သားအဖနှစ်ယောက်ထွက်သွားတဲ့ 
ညက ကျနော်လည်း ခါတိုင်းဒီ
ကောင့် စိတ်နဲ့ အိပ်မပျော်ခဲ့ တာမျာ
လို့ အတိုးချပြီးစိတ်ချမ်းသာစွာနှစ်
နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလို့ ဘာ
မှမသိလိုက်ပေမဲ့ နောက်နေ့ ရွာထဲ
မှာလူအများဆုံးပြောနေကြတာက
တစ်ညလုံး ရွာထဲရှိသမျှခွေးတွေ
ဟာ ပန်းဆံခွဲ တောင်ဖက်လှည့် 
ပြီး တ၀ူးဝူး တ၀ုန်းဝုန်း ထိုးဟောင်
နေတာအတော်ကြာသတဲ့ ။တချို့ 
မအိပ်ရဲကြလို့  ငုတ်တုပ်ထိုင် အမျှ
ဝေ ဘုရားစာရွတ် တချို့ သတ္တိ
ကောင်းတဲ့ လူတွေစုပြီး ရေနံဆီမီး
ဒုတ်တွေနဲ့ ဓားလှံလက်နက်တွေ
ယူ တောင်ပေါ်တက်ဖို့ အထိလုပ်
ကြပေမဲ့ ခွေးတွေတောင်ခေါ်မရလို့ 
မသွားဖြစ်ကြဘူးတဲ့ ။
တရက် တစ်ည ပြီးတော့ သူ့ အဖေ
ပြန်ရောက်လာတယ်။ အဲဒီညပဲ
ကျနော်လည်း အိမ်ရှေ့ မှာထိုင်နေ
တုံး သူ့ ကိုတွေ့ လိုက်ရတယ်။အ
မှောင်ထဲက ရုတ်တရက်ထွက်လာ
တော့ ကျနော်လန့် သွားတယ်။
သူက ထုံးစံအတိုင်း ခပ်ရွှင်ရွှင်လန်း
လန်းပါ မင်းဘယ်ကလာတာလဲဆို
တော့ တောင်တန်းတွေဖက်လက်
ညိုးထိုးပြတယ်။မင်းအမှောင်ထဲမှာ
ခလုပ်တွေဘာတွေမတိုက်ဘူးလား
မေးတော့ ငါ့ ကိုအမြဲတမ်းလိုက်ပို့ 
တယ်တဲ့ ။မြို့ ကနေသူပဲလာခေါ်
တာတဲ့ ။ ကျနော်ဒါကျသိပ်မယုံဘူး
လိုင်းကားနဲ့ လိုက်ပြန်လာလည်းရ
တာပဲကို။
သူက ငါမင်းကိုအရေးတကြီးတိုင်
ပင်စရာရှိတယ် ငါသိပ်အကျပ်ရိုက်
နေပြီ တဲ့ ။
ကျနော် ဘာမှမပြောပဲနားထောင်
နေတော့ သူကအောက်ပါအတိုင်း
ပြောပြပါတယ်။
သူငယ်ချင်း ငါတို့ အကြင်လင်မ
ယားဖြစ်နေပြီ လက်ထပ်ပေါင်းသင်း
နေထိုင်ဖို့ ရက်စောင့် ရဦးမယ် ငါ
သူ့ ကိုမခွဲနိုင်တော့ ဘူး သူ့ ကိုမ
တွေ့ ရရင်ငါသေလိုက်မယ်။ အေး
ငါတို့ လက်ထပ်ရမယ့် ရက်ရောက်
လို့ လက်ထပ်ပြီးရင်ဘယ်သူမှခွဲလို့ 
မရတော့ ဘူး လက်မထပ်ခင်ရက်
ငါ့ ကိုတစ်ခုခုစီရင်မယ်ဆိုရင်တော့ 
ငါတို့ ကိုခွဲလို့ ရမယ်။ဒါလဲမင်းကို
သိပ်ခင်လို့ ယုံကြည်လို့ ပြောပြတာ
ပြောရတဲ့ အကြောင်းကမင်းဆီက
အကူအညီလဲလိုတယ် ဘယ်လိုလဲ
ကူညီနိုင်ပါ့ မလား တဲ့ ။
ကျနော်ကလဲ သူငယ်ချင်းမင်းအ
တွက် မင်းဘ၀ သာယာဖို့ ကိစ္စဆို
ရင်ဘာမဆိုငါကူညီပါ့ မယ်။
အေး မင်းအကျိုးစီးပွားပျက်စီးနစ်
မဲ့ အရေးဆိုလဲငါ မင်းငါ့ ကိုသတ်
ချင်သတ်မကူညီနိုင်ဘူးလို့ ခတ်
ပြတ်ပြတ်ပြောလိုက်တယ်။ သူက
ကျနော့် ကိုစိမ်းစိမ်းကြီးတစ်ချက်
ကြည့် တယ်ငယ်ငယ်ကတဲကအ
တူအိပ်အတူစားလာတာ ဒီအကြည့် မျိုးတစ်ခါမှမမြင်ဖူးဘူး
ဗျာ။ကြက်သီးတောင်ထသွားတယ်။
နဲနဲကြာမှ ကောင်းပြီလေ မင်းအိပ်
တော့ နောက်မှတွေ့ ပြီးအေးဆေး
ပြောပြမယ် ဆိုပြီး ထပြန်သွားရော။
နောက်နေ့ နေ့ လည်ခင်းသူ့ အိမ်
သွားရှာတော့ ဒီကောင့် ကိုမတွေ့ 
ဘူး သူ့ အမေက ထုံးစံအတိုင်းပဲ
နေမှာပေါ့ တဲ့ ။
ကျနော်အကြံတခုလက်ကနဲရတာ
နဲ့  ပန်းဆံခွဲ တောင်ပေါ်တက်တဲ့ 
လမ်းဖက်ဆီထွက်လာခဲ့ တယ်။
အဲအချိန် ကျနော့့် စိတ်ထဲကြောက်
စိတ်လုံးလုံးမရှိတာအံဩစရာဗျ။
နောက်မှပြန်တွေးတော့ ကြောစိမ့် 
အောင်ကြောက်မိပါရဲ့ ဗျာ။

•••[၃] ဆက်ရေးပါ့ မယ် ၄ /၅အ
ထိရောက်ချင်လဲရောက်သွားပါ
မယ် တဖြည်းဖြည်းပြန်စဉ်းစားရင်
အမှတ်ရလာပြီးဖတ်လို့ လဲပို
ကောင်းမယ်ထင်လို့ ပါ

No comments:

Post a Comment