စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, March 4, 2014

*ဒါကဒါ ရှီအိ *


~•~•~•~•~•~
အရင်တုံးကားဝယ်မယ်ဆို ခရစ်
လမ်း ကမ်းနား ၀ပ် ထဲက ထုတ်
လာတဲ့ ကားအပိုင့် အရှုံ့ တွေကို
အပေါက်ဝ တွန်းထုတ်လာတာသွား
ကြည့်  ကြိုက်တဲ့ ကား အခြေခံ
ကောင်းတဲ့ ကားကိုယ်ဝယ်မဲ့ အမျိုး
အစားကိုက်ရင် ပိုင်ရှင်လိပ်စာမှတ်
ပြီး နောက်ရက်သွားဈေးညှိဝယ်ရ
တယ်။
ကျနော်တို့ ဝယ်ဖူးတာပြောတာပါ။
သူများတွေဘယ်လိုပုံစံဝယ်သလဲ
တော့ မပြောတတ်ဘူး။
တစ်ရက်တော့ ကိုရိုလာအက်စ်အီး
လေးတစ်စီး သဘောကြတာနဲ့ ဝယ်
ဖြစ်သွားတယ်။ဈေးကတော့ ၂သိန်း
ဝန်းကျင်ပဲ သေချာမမှတ်မိဘူး။
ကားကအင်မတန်သန့် တယ်။တစ်
ုခြားကားတွေလို ရှိုင်း စရာမလို
အောင်ကိုသန့် တယ်။၁၉၈၃ခုထုတ်
အင်္ဂျင်ခန်း အတွင်းခန်းအောက်ပိုင်း
အားလုံးအသစ်နီးပါး။အံ့ ဩစရာ
ကောင်းတာက ကမ်းနားမှာထားတဲ့
ကားအများစုက လူတကာဝင်ထွက်
ကြည့် လို့ လား အပိုင့် အရှုံ့ အနာ
အဆာများတယ် မိုးထဲလေထဲပစ်
ထားရတာကိုး။ဒီကားလေးကတော့
ရေဆေး ယုံလောက်ပဲ ။တန်တယ်
ပြန်မရောင်းတော့ဘူးပေါ့။
အဲဒီတုံးက ယာယီ နံပါတ်နဲ့ ဗျ။
နံပါတ်ထွက်ရင်တော့ န ပ ဗ ပေါ့ ဗျာ။
ဒါနဲ့ သုံးယောက်သားမောင်းပြန်ခဲ့ 
ကြတယ်။ ပဲခူးလောက်မှာ မှောင်
ပြီ။ အဲတုန်းက လမ်းဟောင်းပဲရှိ
သေးတော့ ညမှရှင်းတာလေ။ကုန်
ကားတွေလောက်ပဲ ရှောင်ရတာ။
ကျနော်ပဲမောင်းခဲတာ ကားက
သွက်သွက်လက်လက်ငြိမ့် ငြိမ့်ပါ
ပဲ။ ဒါပေမဲ့ ကြွက်ပုတ်စော်လိုလို
အနံ့ ရတယ်ဗျ။ လမ်းဘေးကလာ
တဲ့ အနံ့ ထင်တာပေါ့ ။လမ်းသွား
ရင်ထုံးစံပဲလေ ငပိ ငါးခြောက်ပေါ
တဲ့ အရပ်ဖြတ်ရင် ငပိနံ့  သကြား
ထွက်တဲ့ အရပ်ဖြတ်ရင် ကြံသကာ
တူးနံ့  နံတာဘာဆန်းလို့ လဲ။
ဒါမဲ့ ဒီအပုတ် နံ့ ကြီးက ပျောက်မ
သွားတဲ့ အပြင် ပို ပိုဆိုးလာသဗျ။
တူတော်မောင်ကလည်း ဦးလေး
အိပ်ချင်နေပြီလား တဲ့ ။သူကကား
သိပ်မောင်းချင်တဲ့ အကောင် မို့ 
မအိပ်ချင်ပါဘူး ဘာဖြစ်လို့ လဲ ဆို
တော့  မအိပ်ချင်ဘူးသာပြောနေ
ကားက ဟိုရမ်း ဒီယမ်း နဲ့ တဲ့ ။
မင်းဘာသာ နောက်ထဲအိပ်လိုက်
ပါကွာ ပြောပြီးဘေးက ကျနော့် 
ဒရိုင်ဘာကိုပြုံးပြလိုက်တယ်။သူ
အိပ်ချင်လို့ ထင်ချင်ရာထင်တာများ
ပေါ့ ။မဟုတ်ဘူးဗျ။ ၀ိုး ၀ိုး ၀ါးဝါးနဲ့ 
သီချင်းဆိုတာလား တစ်ခုခုအော်
တာလားမသိဘူး ကားလေတိုးသံနဲ့
ဆိုသိပ်မတိကျဘူး။
အပုတ်နံ့ တလှိုင်လှိုင်နဲ့ ရသေ့ 
တောင်ရောက်လာရောဗျာ။အဲဒီမှာ
အပေါ်ကဆင်းလာတဲ့ ကုန်ကားနဲ့ 
တွေ့ ကျနော့် ဒရိုင်ဘာက ကုန်ကား
ကို မော်လမြိုင် ဆက်မောင်း ကျ
နော်တို့ ကရွာပြန်ဖို့ စီစဉ်ထားတယ်
ညအိပ်စခန်းရှိတော့ အဲမှာစုရပ်လို
ချိန်းကြတာများတယ်။
ကျနော်တို့ ကားခြင်းတွေ့ တော့အ
ခြေအနေက တမျိုးပြောင်းသွားရော
အိမ်ကမှာလိုက်တာက မော်လမြိုင်
မှာကုန်ဘိုးလက်ကျန်တွေပါရှင်းယူ
ရမှာမို့ ကျနော်လိုက်သွားရမယ်။
စလွန်းကားကို ဒရိုင်ဘာနဲ့ တူတော်
မောင်ကိုပြန်လွတ်ပါတဲ့ ။
ကျနော်စိတ်လေးနေတယ်။
တူတော်မောင်ကလည်းအခုမှအူ
ကြောင်ကြောင်နားဝေတိမ်တောင်
ပုံပေါက်နေတယ်။ဘာဖြစ်နေမှန်းမသိဘူး။
ဒီမှာအိပ် မနက်မှစောစောထသွား
ကြပြောတာနားမထောင်ဘူး အခု
ပဲထမင်းစားပြီးထွက်မယ်လုပ်နေ
တယ်။သူ့ အကြောင်းပြချက်ကနေ
ပူရင်ကားမောင်းရခက်သတဲ့ လူ
တွေ လှည်းနွားတွေ လိုင်းကားတွေ
အရှောင်အတိမ်းခက်သတဲ့ ။ဒရိုင်
ဘာကလည်းထောက်ခံနေတော့ မ
ငြင်းသာတော့ ဘူး။ခင်ဗျားသူ့ ကို
တော့ ပေးမမောင်းနဲ့ ဆိုတော့ 
ဟုတ်ကဲ့ ပါ ပြောပြီး ထွက်သွားကြ
တယ်။
ကျနော်တို့ ကအေးဆေးအိပ်ပြီးမှ
မနက်စောစောထွက်မှာမို့ ကော်ဖီ
သောက်ရင်းစကားထိုင်ပြောပြီးမှ
အိပ်ယာဝင်ကြတယ်။
ရှေ့ ခေါင်းထဲမှေးခနဲအိပ်ပျော်သွား
သလားမသိ ဒုန်း ဒုန်း နဲ့ ကားတံခါး
လာထုလို့ ပြူးပြူးပြာပြာထကြည့် 
တော့ တူတော်မောင် ထိတ်ထိတ်
လန့် လန့် နဲ့ ခေါင်းမှာလည်း သွေး
တွေနဲ့ တစ်ခုခုဖြစ်လာဟန်ပဲ။
ဆင်းမေးကြည့် တော့ သူတို့ ကား
ကုန်ကားနဲ့ ဝင်အောင်းလို့ တဲ့ ။
ဒရိုင်ဘာကတော့ ခြေထောက်ကြိုး
ပြီလားမသိဘူးတဲ့ သူကတော့ 
ပွန်းပဲ့ ခေါင်းပေါက်သွားသတဲ့ ။
ဟိုဖက်ကားကရော ဆိုတော့ လူမ
ရှိပဲ ရပ်ထားတဲ့ ကားမို့ တော်သေး
တယ်တဲ့ ။ တောက် ကျနော်တော်
တော်စိတ်တိုသွားတယ်။ မတတ်
နိုင်ဘူးလေ ဆိုပြီး ကားငှားလိုက်
သွားတော့ ပျော်ဘွယ်မရောက်ခင်
ပဲဗျ။နေရာတော့ သေချာမမှတ်မိ
တော့ ဘူး။စလွန်းလေးက တစ်ခြမ်း
ပါသွားတာ ရေတိုင်ကီကွဲသွားပြီး
ဘေးတံခါးတစ်ချပ် ချိုင့် ဝင် ပါးခြမ်း
ပွန်းပဲ့ သွားတယ်။ ဒရိုင်ဘာခြေ
ထောက်က တံခါးနဲ့ ညပ်နေလို့ ဆွဲ
ထုတ်ရသတဲ့ ။မောင်းတဲ့ ဘက်ခြမ်း
မဟုတ်လို့ သူမောင်းတာမဟုတ်
တာသေချာနေတယ်။ သူ့ ကိုဆေး
ရုံပို့ လျော်စရာရှိတာလျော် ရှင်းစ
ရာရှိတာရှင်းရတယ်။ လူမသေလို့ 
သိပ်မရှင်းရပေမဲ့ နဲနဲကြာမှကားယူ
ရတယ်။ မန္တလေးကိုဆွဲယူလာပြီး
ဘော်ဒီထု ဆေးမှုတ် ပစ္စည်းအစား
ထိုးနဲ့ ကားဘိုးလောက်ကုန်ကျသွား
တယ်။
ဆိုးတာက ကျနော်ရွာပြန်သွားတုံး
ဝပ်ရှော့ မှာပြုပြင်ဆဲကို ဘယ်သူမှ
မမောင်းပဲ သူ့ အလိုလိုစက်နိုးပြီး
ထွက်သွားလို့ ကလေးတစ်ယောက်
ကံကောင်းလို့ မတိုက်မိတာတဲ့ ခွေး
ပေါက်စလေးတော့ တက်ကြိတ်မိ
လို့ သေရောတဲ့ ။ ၀ပ်ရှော့ ဆရာက
လည်း မင်းကားထဲက ည ညငိုသံ
တွေကြားတယ်လို့ တပဲ့ တွေပြော
တယ် ဘုန်းကြီးပင့် ပရိတ်ကလေး
ဘာလေးရွတ်ပါကွာ တဲ့ ။
ကျနော်မယုံပါဘူး။ဒါပေမဲ့ အိမ်က
လဲပြောတာနဲ့ လုပ်ခဲ့ ပါတယ်။
သူငယ်ချင်းကားပွဲစားတစ်ယောက်
ကသူလည်းကြုံဖူးတယ်။အဲဒါဂျပန်
ကပါလာတဲ့ ဂျပန်သရဲတဲ့ ။ကျနော့် 
လက်ထဲတော့ ဘာမှမဖြစ်ဘူးဗျ။
တစ်ခါတလေ အပုတ်နံ့ နံတာပဲ အ
ထူးသဖြင့် ခရီးသွားတဲ့ အခါညအ
ချိန်လိုမျိုးပေါ့ ။ကျနော်ကတော့ 
တိုက်ဆိုင်မှု့ နဲ့ စိတ်အထင်အစွဲလို့ 
မှတ်တာ မဟုတ်ဘူးဗျ။
ကျနော် ရောင်းပြီး နောက်လူသုံး
လေးဆင့် အထိပြသနာပေါင်းစုံ
ကြုံသတဲ့ ။
အခုတော့ မီးသင်္ဂျိုလ်စက်ထဲမှာ
ဇတ်သိမ်းသွားလောက်ပါပြီ။
Ohe Sue Usoe။

No comments:

Post a Comment