စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, March 19, 2014

့ဖြစ်ရပ်မှန်လေးပါ။ အားပေးကြပါအုံး ....

 ခုပြောမယ့်ဇာတ်လမ်းက ညီမ ကြုံခဲ့ရတဲ့ ဖြစ် ရပ်မှန်လေးပေါ့ ဖြစ်ပုံက ညီမ အ ဖေဆုံးသွားပီးတဲ့ တစ်လ လောက်မှာပေါ့ အဲ့နေ့ က ညီမက ညီမရဲ့မေ မေ ဘေးနားမှာ ထိုင်ပြီး ဖေ့ကို သတိရတဲ့ကြောင်းတွေ သားအမိနှစ်ယောက် တူတူပြောနေခဲ့ပါတယ် အဲ့လို ဖေ့ကို လွမ်းနေကြရင်း ညှိုးငယ်နေတဲ့မေ့မျက်နှာကို ပြုံးချင် လာအောင် ဖေနဲ့ မေတို့ ရဲ့ ချစ်စ ခင် စတုန်းက အမှတ်တရ တွေကို မေးလိုက်ပါတယ်'' မေနဲ့ ဖေ ချစ်သူ ဘယ်လိုစဖြစ်တာလည်း ဖေက မေ့ကို ဘယ်လိုရည်းစားစကားပြောခဲ့တာလည်း
'' မေးခွန်းတစ်ခု တစ်ခုမေးလိုက်တိုင်း မေ့မျက်နှာက ရှက်ပြုံးလေးကိုကြည့်ရင်း ညီမ သိပ်သ ဘောကျခဲ့ ပါတယ် နောက်မှ မေးခွန်းတွေထဲ အ ရေးကြီးတဲ့ မေးခွန်းတခုကျန်ခဲ့တာမို့  ညီမ မေ့ကို အလျင် အမြန်ထပ်မေးလိုက်တယ် ''ဖေက မေ့ကို ချစ်သူဘဝတုန်းက ဘယ်လိုခေါ်ခဲ့တာလည်း မေ'' လို့မေးလိုက်တော့ မေက ပြုံးရင်း ''အ့ာတော့ သမီးဖေသာ မေးတော့''လို့ ပြောရင်း မေက စကားဖြတ်လိုက်ပါတယ် ဒါကို အငြိမ်မ နေတဲ့ညီမက''ပီးတာပဲ သမီးဖေ့ကို မေးမာ''လို့ ပြောပီး ပြောပြောဆိုဆို ဖေ့ရဲ့ဈာပနတုန်းက ဖေ့ကိုယ်စား ထားတဲ့ဓာတ်ပုံရှေ့ ညီမ ရောက်သွားပါတယ် နောက် ညီမက ပြောင် သလို နောက်သလိုနဲ့ ''ဖေ မေ့ကို ချစ်သူဘဝတုန်းက ဘယ်လိုခေါ်တာလည်းဟင် '' ဆိုပီး မေးလိုက်ပါတော့တယ် နောက်တော့ ညီမ လည်း ညစာစားဖို့ ထမင်းပွဲပြင် ဟိုဟာလုပ် ဒီဟာလုပ်နဲ့ မေ့ပျောက်သွားပါတော့တယ် နောက် ညဥ့်နက်လို့ အိပ်ချိန်ရောက်တော့ ထုံးစံတိုင်း အိပ်ယာထဲဝင် ပီးအိပ်ပါတော့တယ် နောက်ခန့် မှန်းခြေ မနက်နှစ်နာရီလောက်အချိန်မှာတော့ အိမ်မက်ထဲမှာလား အပြင် မှာလား သိပ်တော့ဝေခွဲမရတဲ့အသံတစ်သံ ကြားလိုက်ပါတယ် ''M2'' ''M2''တဲ့ ရုတ်တရတ်အဲ့အသံကြားပီး ညီမ ခေါက်ခနဲ ထထိုင် လိုက်တယ် ရင် ထဲမှာလည်း တလှပ်လှပ်နဲ့ ကြက်သီးမွှေးညင်းများလည်း အလိုလိုထလာပါတယ် နောက် တညလုံး ဟိုလှိမ့် ဒီလှိမ့် အိပ်မရခဲ့ပါဘူး မနက် နိုးတော့ မျက်နှာသစ်အပီး သံသယတချက် ဖြစ်တာနဲ့ မေ့ကို မေးလိုက်မိပါတယ် ''မေ့ကို ဖေက ခေါ်တာ M2 လားဟင်'' လို့ မေးလိုက်တော့ မေက ညီမကို မျက်လုံးပြူးနဲ့ ကြည့်ရင်း အ့ာ သမီးဘယ်လို လုပ်သိလည်းတဲ့ မေးပါတော့တယ် ညီမလည်း မေ့ကို ကြောင် ကြည့်နေရင်းး ညက ကြားခဲ့ရတဲ့အသံကို ထိတ်လန့် စွာနဲ့ ပြန်စဉ်းစားမိပါတော့တယ် ။

No comments:

Post a Comment