စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, March 18, 2014

* သွေးစုတ် ကောင် * ………………………• အိုးစူး•













ဆောင်းကုန်တယ်သာပြောတယ်
ခြေလှမ်းလေးတဲ့ နှင်းတွေနောက်
ကျန်နေသေးရဲ့ ။
အပေါ်ကအင်္ကျီလဲတဲ့ ရွက်ဖတ်နီဝါ
တွေပေါ် နောက်ကျန်နေတဲ့ နှင်းခြေ
ရာတွေပျော့ ဖတ်နွမ်းစေတယ်။
မစို့ မပို့ လေလေးအားကိုးနဲ့ ခါချနေ
ရရှာတဲ့ လက်တန်အပြိုင်းအရိုင်းနဲ့ 
အကိုင်းအခက် လုံးတီး ပင်အိုတို့ 
အကြား အခွင့် ရသလောက်ဖြန့် ချ
သွန်ပက်နေတဲ့ နေမင်းအိပ်ယာထ
ချိန် ။


ဓားထည့် တဲ့ ဝါးပချပ်တွေဆေးကွမ်
လ္ဘက်ခြောက်အစုံပါတဲ့ ရှမ်းလွယ်
အိပ်တွေ အပင်ခြေရင်းမှာစုပုံကြ။
နံက်စာထမင်းထုပ်ဖြေကြ။စုစုပေါင်း
၎ယောက်။နတ်ထိပ်အရှေ့ ချမ်းရိုး
မှာ သစ်ဆိုး ၀ါးပိုး ရှာထွက်လာကြ
တယ်။ဌက်ပျောဖက်ထုပ်တွေကိုယ်
စီဖြည်ကြ ပါလာတဲ့ စားစရာကဆန်
နီတောင်ယာထမင်းနဲ့ ငပိ ပဲပုတ် ကျုးမြစ် မြေပဲ စတဲ့ ကြုံသလိုရရာ
ဖန်တီးလာတဲ့ ဟင်းဖြစ်ပေမဲ့ ငရုပ်
သီးစပ်စပ် တထပ်ပြီး တထပ် ဖြို
လိုက်ကြတာထမင်းခဲတုံးကြီးကထ
မင်းတစ်စေ့ တောင်မကျန်ပါဘူး။
ရှုးရှုးရှဲရှဲ နဲ့ အရည်သောက်မပါလို့ 
ဝါးဆစ်အပိုင်းထဲထည့် ကျိုထားတဲ့ 
ရေနွေကြမ်းသောက်ပြီးခရီးဆက်ရ
ဦး။
ဇော်ဂျီမြစ်ဖျား ကန္တရ ဆူးများကသူ
တို့ ခြေဗလာ အသားမာကိုမထိုး
ဖောက်နိုင်ရှာဘူး။ တကျွမ်းကျွမ်း
နဲ့ နင်းလျောက်သွားပြီး တော်ရာနေ
ရာမှာ လက်နဲ့ တဖြန်းဖြန်း ရိုက်ခွာ
ရင် ဆူးငုတ်တိုတောင် မကျန်ဘူး။
အဆိပ်တက်ဖို့ ဝေးလို့ အယား
တောင်မပြေ။
သစ်ပင်သစ်တောကလည်း ခုတ်ဖန်
များတော့ ထင်းအတွက်တောင်အ
တော်နက်တဲ့ တောဝင်မှ။
ခုတ်ပြီးသမျှဝါးတွေ နှစ်ယောက်ဦး
ပဲ့ ခက်ခက်ခဲခဲထမ်းရတယ်။ပေ၂၀
ကျော်လုံးပတ်၆လက်မအထက်ဝါး
ရင့် တွေ တောင်ဆင်းအတက်မို့ 
သွားလာနေကျလူတွေမှတပါး။
တောင်ခြေမှာစုပုံထား ရွာအရောက်
နွားလှည်းနဲ့ သယ်ကြမှာ။အခုတစ်
ခေါက်နောက်ဆုံးလက်စသိမ်းပြန်
ရမယ်။
လူငယ်နှစ်ယောက်က ၀ါးပိုးဖောက်
ချင်နေသေး။ ၀ါးအရင့် မှာဝါးပိုးနေ
တယ်။ဝါးပင်ကိုဓားနောက်နဲ့ ခေါက်
ကြည့် ရင်သိနိုင်တယ်။အခေါင်းသံ
မထွက်ပဲ အသံပိတ်ဆိုရင် ပိုးရှိတာ
သေချာပြီ။ ၀ါးတစ်ဆစ်ကို တစ်ပိ
သာကျော်အထိရနိုင်တယ်။၁ပိသာ
ထောင်ကျော် ၀ါးတလုံးကိုသောင်း
ဂဏန်းရနိုင်တယ်။ဝါးပိုးကောင်နုနု
လေးတွေကရှားပါးအစာ။စားလိုက်
ရင်ဆိမ့် ဆိမ့် လေးနဲ့ လေးတယ်။
အသောက်သမားတွေအတွက်အ
မြီးကောင်း။ဖြတ်အရက်ကလေးနဲ့ 
တစ်ဝတွယ်ပြီးရင်တော့သုံးလေး
ရက်မထနိုင်ဘူး။ရောဂါအဟောင်းရှိ
ရင်အသစ်ပြန်ပေါ်တယ်။
ဝါးပိုးကတွေ့ ရခဲတယ်။ဝါးအိမ်တစ်
လုံးဆောက်မှလေးငါးခြောက်
သောင်းကုန်တာ ၀ါးပိုးတွေ့ တာနဲ့ 
မင်္ဂဆောင်ပြီးစ အိုးသစ်အိမ်သစ်
တည်မဲ့ မောင်ငဲ ၀ါးပိုးတွေ့ တော့ 
ထီပေါက်သလို မဖောက်ချင်ဘယ်
နေပါ့ မလဲ။ လူကြီးဖြစ်တဲ့ ကျနော်
တို့ ကလည်းဖောက်စေချင်ပါတယ်
အချိန်နဲ့ အခါနဲ့ တောထဲတောင်ထဲ
သွားလမ်းလာလမ်းသာရင်ပေါ့ ။
အခုသူတို့ ဝါးပိုးဖောက်တာနဲ့ တော
ထဲ စခန်းချ ညအိပ်ရတော့ မယ်။
တောတောင်ထဲညရေးညတာတွေး
မပူတတ်ကြတဲ့ ကလေးတွေအလို
လိုက်လို့ စခန်းချဖို့ နေရာရှာကြရပြီ
တောင်ကြောနှစ်ခုကြားရေလဲရနိုင်
မဲ့ နေရာရှာကြတယ်။
်မိုးလုံ လေလုံ သားရဲတိရိစ္ဆာန်ဘေး
အန္တရာယ်မကျရောက်နိုင်တဲ့ စမ်း
ချောင်းဘေးလျိုထဲကကျောက်ဂူ
ပေါက်နားမှာရွေးလိုက်ကြတယ်။အ
ပင်အကိုင်းအခက်တွေရှင်းပြီးစမ်း
ချောင်းထဲကရေနဲ့ ဝါးဆစ်ပိုင်းထဲမှာ
ချက်ပြုတ်ကြ။ဂူပေါက်ဝမှာမီးဖိုကြီး
ဟီးနေအောင်ရှို့ ထားကြပြီးတစ်ည
တာအိပ်စက်ကြတယ်။
ညတစ်ရေးလောက်ရတော့ ငြီးတွား
သံလိုလိုကြားမိပါတယ်။တစ်နေ့လုံး
ပင်ပန်းတာရယ်ဘာမှလဲထပ်မကြား
ရတာရယ် ၀ါးပိုးကြော်နဲနဲစားလိုက်မတာရယ် ကြောင့် ပြန်အိပ်လိုက်ပါ
တယ်။အိပ်မက်လိုလိုတော့ ခြေသံ
တဖတ်ဖတ်ကြားရ။
မနက်လင်းတော့ အားလုံးအိပ်ယာ
ထပြီ မောင်ငဲ မထသေး။သူကဂူ
ပေါက်ဖက်အနီးဆုံးနေရာအိပ်တာ။
သွားနှိုးတော့ မထချင်ထချင်ထလာ
တယ်။လူကလဲ ဖြူဖတ်ဖြူရော်နဲ့ 
အားမရှိအင်မရှိပုံပေါက်နေတယ်။
နေမကောင်းဘူးလားဆိုတော့ 
ကောင်းပါတယ်တဲ့ မျက်နှာသစ်ရင်း
လည်ပင်းဂုတ်ပိုးမှာသွေးစို့ နေတဲ့ 
လက်သည်းခွန်လောက်ဒဏ်ရာ
တွေ့ တာနဲ့ သေချာရှာကြည့် တော့
လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်
တွေမှာလည်းအလားသဏ္ဍန်တူတဲ့
ဒဏ်ရာတွေတွေ့ ရတယ်။မြွေတို့ 
ကင်းတို့ ကိုက်တဲ့ ဒဏ်ရာမျိုး မ
ဟုတ်ဘူး။ဘယ်လိုဒဏ်ရာမျိုးဆို
တာပြောဖို့ ခက်တယ်။လူကလဲ
တဖြည်းဖြည်းပျော့ ခွေလာလို့ ပု
ဆိုးအ၀တ်ထဲထည့် ဝါးလုံးနဲ့ အ
လှည့် ကျထမ်းခေါ်ခဲ့ ကြရတယ်။
ရွာရောက်လို့ နာရီပိုင်းပဲခံတယ်။ဆုံး
ပါးသွားခဲ့ ရှာရဲ့ ။
အသက်၂၀ ကျော်လေးအိမ်ထောင်
ကျတာမှမကြာသေး။တစ်အိုးတစ်
အိမ်ထူထောင်ဖို့ ဝါးတက်ခုတ်ရာက
အဖြစ်ဆိုးနဲ့ တိုးခဲ့ ရတာပါ။တစ်ရွာ
လုံးရင်ထုမနာဖြစ်ရတဲ့ အထဲအတူ
သွားတဲ့ ကျနော်တို့ ကပိုခံစားရ
တယ်။အထူးသဖြင့် ကျနော်ကဒီ
ကိစ္စကိုလုံးဝမကျေနပ်နိုင်ခဲ့ ။ အ
ဆိပ်ရှိတဲ့ သတ္တ၀ါပေါင်းစုံအတွေ့ အ
ကြုံအရသိနိုင်ပေမဲ့ ဒီဒဏ်ရာကအ
တော်ထူးလို့ စိတ်ထဲ ပဟေဠိဖြစ်နေ
တာနဲ့ မောင်ငဲကိစ္စပြီးလို့ နောက်၂
ရက်မှာပဲရွာကသတ္တိ ဗျတ္တိ ရှိတဲ့ 
အားကောင်းမောင်းသန်လေးငါး
ယောက်ကိုစုလို့ လက်နက်အပြည့် 
အစုံနဲ့ အခင်းဖြစ်တဲ့ တောထဲပြန်
ဝင်ခဲ့ ကြတယ်။အရင်စခန်းချခဲ့ တဲ့ 
နေရာမှာပဲပြန်စခန်းချလို့ စုံစမ်းလေ့
လာဖို့ လုပ်ခဲ့ ကြတယ်။အနီးတစ်
ဝိုက်တောင်လျိုမှာလေ့လာတော့
ဘာမှသိပ်ထူးခြားတာမတွေ့ ရဘူး
ဒီတောဒီတောင်ဒီမြေဒီရေပါပဲ။
ချောင်းပေါက်အနီးတ၀ိုက် ချောင်း
ထဲအထိဆင်းစူးစမ်းကြပေမဲ့ မောင်
ငဲကိုသတ်တဲ့ သတ္တ၀ါရဲ့ ခြေရာ
လက်ရာ အသွားအလာ သည်းလွန်
စ တစ်ခုမှမရခဲ့ ဘူး။နောက်ဆုံးမ
တော့စူးစမ်းစရာကျောက်ဂူကြီးသာ
ကျန်ပါတော့တယ်။မိုးလည်းချုပ်ပြီ
ညအိပ်စခန်းချရင်းနောက်မနက်မှ
ဂူထဲဝင်ဖို့ ဆုံးဖြတ်သဘောတူခဲ့ ကြ
တယ်။
အရင်တစ်ခေါက်ကလိုပဲ မီးဖိုနဲ့ နေ
ရာယူကြပေမဲ့ အခုတော့ သတိနဲ့ 
အိပ်ကြတယ်။မောင်ငဲကိုသတ်တဲ့ 
မကောင်းဆိုးဝါးကောင်ဟာ ဒီဂူထဲ
ကလာသလား။ဖြစ်နိုင်ချေကများ
နေပြီ။ဘယ်လိုသတ္တ၀ါမျိုးလဲ။
ပရလောက ကလား။ အင်အားကြီး
တဲ့ ကြောက်စရာအကောင်မျိုးဆို
ရင် ၄ယောက်ထဲက တစ်ယောက်
ယောက်တော့ မြင်မှာပဲ။သိမှာပဲ။
ရုန်းရင်းဆန်ခပ်ဖြစ်ရင် အသံကြားရ
မယ်။တွေးရင်း အိပ်ပျော်သလို အိပ်
မပျော်သလိုဖြစ်သွားတုံး ခေါင်းပေါ်
ကလေအေးတစ်ချက် သိသိသာ
သာတိုက်ခတ်သွားတာ သတိနဲ့ 
အိပ်နေသူမို့ သိလိုက်တယ်။စိတ်ကို
အတည်ငြိမ်ဆုံးထားလို့ လှုပ်ရှားမှု
မပြုပဲ မျက်လုံးလေးစွေလို့ ပတ်ဝန်း
ကျင်ကိုစူးစမ်းကြည့် တယ်။လမိုက်
ညမို့ မီးပုံကရောင်ပြန်ဟပ်တဲ့ အ
လင်းရောင်ထဲသစ်ပင်ကြီးတွေရဲ့ 
အရိပ်ထီးထီးမဲမဲကြီးပဲတွေ့ တယ်။
လေငြိမ်နေသလို တိရိစ္ဆာန်တွေရဲ့ 
လှုပ်ရှားသွားလာ အော်မြည်သံလဲ
မရှိဘူး။တောငြိမ်ရင်ကြောက်စရာအတိ။
ခဏပဲ စောင့် လိုက်ရတယ်။ဖြတ်က
နဲဖြတ်ကနဲ ဟပ် သွားတဲ့ လေတိုးမှု
နဲ့ အတူ မဲမဲအရိပ်ကြီးတစ်ခု အိပ်
နေတဲ့ လူတွေပေါ်က အလျားလိုက်
ဖြတ်သွားတယ်။ဘေးကလူကိုအ
သာလက်ကုတ်တော့ သူလဲနိုးလို့ 
အခြားလူတွေပါ သတိပေးပြီးနေပြီ။
ဘယ်လိုသတ္တ၀ါဘာလိမ့် လို့ တွေး
တုံးရှိသေး မဲမဲအရိပ်ကြီးကကျနော့်
ခေါင်းဘေးရောက်လာတယ်။အ
သာငြိမ်လို့ လက်ဆွဲတော်ဓားကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်
တယ်။
ဂူပေါက်ဖက်အစွန်ဆုံးအိပ်တဲ့ ကျ
နော်လယ်ပင်းဘေး အေးစက်စက်
အထိအတွေ့ တစ်ခုရလိုက်တာနဲ့ 
လူသော တစ္ဆေသော တွေးမနေ
တော့ ပဲ ၀ုန်း ကနဲ မဲမဲမြင်ရာ ဓားနဲ့ 
ထပိုင်းချလိုက်တယ်။
ကျနော့် အဖော်တွေလဲ တဖုန်းဖုန်း
နဲ့ ဝရုန်းသုန်းကား ထသတ်ကြ
တယ်။ လူနဲ့ မဲမဲသတ္တ၀ါသတ်ပွဲက
သိပ်မကြာဘူး ကိုယ့် အခြင်းခြင်းမ
ခုတ်မိလို့ တော်သေးရဲ့ ။နဲနဲငြိမ်
သွားမှ မီးဖိုကမီးထပ်ထည့် မီးတုတ်
တွေလုပ်ပြီး အနီးအနားလျောက်ရှာ
ကြတော့  ခေါင်းပြတ် ကိုယ်ပြတ်
သတ္တ၀ါ သုံးလေးကောင်တွေ့ ရပ။
ကြက်မတန်းအရွယ်လောက်ရှိတဲ့ 
မဲမဲ အမွှေးရှုပ်ရှုပ်အတောင်ကား
ကားနဲ့ ဗျ။ အတောင်ကခန္ဓာကိုယ်
ထက်၂ဆလောက်ကြီးတယ်။လှုပ်
ရှားနေရင် စကော တစ်ချပ်စာ
လောက်များရှိမလားမပြောတတ်ဘူ
မိုးလဲလင်းလာလို့ အလင်းရောင်နဲ့ 
သေချာကြည့် တော့ လင်းနို့ လိုလို
နုတ်သီးအချွန်နဲ့ ခြေထောက်အ
ရှည်။အနီးစပ်ဆုံးက လင်းနို့ ပါပဲ
ဒါပေမဲ့ အရွယ်က ကြီးလွန်းအား
ကြီးတယ်။ ဂူပေါက်ထဲကလာတာဧ
ကန်မို့ ဂူထဲဝင်လေ့လာကြဖို့ ဆုံး
ဖြတ်လိုက်ကြပြီး လိုအပ်တဲ့ လက်
နက် မီးဒုတ်တွေလုပ်ပြီးသတ္တိမွေး
လို့ ဝင်ခဲ့ ကြတယ်။
အောက်ခြေမှာ ခြုံနွယ်တွေရှုတ်နေ
ပေမဲ့ ၆ပေအထက်ဂူအပေါ်ပိုင်းက
ရှင်းတယ်။ဂူပေါက်အစ အ၀က ၁၀
ပေပတ်လည်လောက်ကျယ်တာ။
ခြုံတွေရှင်းပြီး ၀င်မှ ဂူထဲက စမ်း
ချောင်း တိမ်တိမ်လေးတစ်ခု စမ်း
ချောင်းကြီးဖက်စီးဆင်းနေတာတွေ့ 
ရတယ်။စမ်းချောင်းအတိုင်းဂူထဲဝင်
တော့ ရေအေးပုံများ ခြေထောက်
တောင်အထိအတွေ့ မရှိလောက်
အောင် ထုံကျင် သွားတယ်။တော
သားခြေထောက်မို့ တော်ရဲ့ ။
ဂူကအတော်ရှည်တယ်။အကွေ့ အ
ကောက်ရှိပြီးအထဲနဲနဲကျဉ်းသွားပါ
ရော။ညှီစို့ စို့ နဲ့ အောက်သိုးသိုးအ
နံ့ တွေမခံနိုင်ဘူး အင်းဆက်ပိုး
ကောင်လေးများကလဲ ကိုက်တာ
အုံခဲနေတာပဲ။မီးဒုတ်တွေနဲ့ ယမ်းခါ
ပြစ်ရတာ။အောက်မှာလဲ မြေမဲမဲ
တွေကတောင်ပုံရာပုံ။အသက်ကို
အပင်ပန်းဆုံးအောင့် လို့ ကြိုးစား
ဝင်လာကြတာ တစ်ခါတစ်ခါ သတိ
လစ်သွားမတတ် မိုက်ခနဲ ဖြစ်ဖြစ်
သွားတယ်။
တ၀က်ကျော်လောက်ရောက်တော့
ဝေါ ကနဲ ပြိုတဲ့ အသံကိုကြားရပြီး
မဲမဲသတ္တ၀ါတစ်အုပ် ဂူထဲကပြေး
ထွက်လာတာတွေ့ တာနဲ့ ရုတ်တ
ရက်တိုင်ပင်မထားပဲ ဂူပေါက်ကို
သူဦးငါခင် ပြေးထွက်ခဲ့ ကြပေါ့ ။
လူတွေအားလုံးအပြင်ရောက်တော့
မောတာရော ကြောက်တာရော
ပက်လက်လန်ကုန်ကြပြီ။မဲမဲသတ္တ၀ါကြီးတွေက အပြင်ထိတော့ထွက်
လိုက်မလာကြဘူး။
အမောဖြေရင်းစဉ်းစားမိတာက
သတ္တ၀ါတွေဟာ အဖိုးပြောဖူးတဲ့ 
သွေးစုတ်လင်းနို့ ကောင်တွေဖြစ်ဖို့ 
များတယ်။တောနက်ထဲမှာသက်
တန်းရင့် အကောင်ကြီးတွေပဲ။
ညအခါ အနီးအပါးလာတဲ့ သတ္တ၀ါ
တွေကိုတိုက်ခိုက်သွေးစုတ်အသက်
ရှင်နေကြပုံပဲ။ကျနော်တို့ ထဲက
မောင်ငဲက နဂိုက အအိပ်မက်မက်
ဝါးပိုးကြော်အ၀အပြဲနဲ့ အရက်ခိုး
သောက်ထားလို့ လင်းနို့ တွေသွေး
စုတ်တာ မခုခံနိုင်ရှာပဲ ဆုံးပါးခဲ့ ဟန်
ရှိတယ်။ ကမ္ဘာပေါ်မှာ လင်းနို့ မျိုး
စိပ် ဘယ်နှစ်မျိုးရှိလို့ လူတွေကို
ဘယ်လို အကျိုးပြုနိုင်သလဲတော့ 
မသိဘူး။ကျနော်တို့ ဆီမှာရှိတဲ့ သာ
မန်လင်းနို့ တွေကတော့ သီးပင်စား
ပင်တွေဖျက်ဆီးတာကလွဲလို့ သူတို့
အသားလည်းစားမရပါဘူး။လင်းနို့ 
ချီးသာ မြေဩဇာ အဖြစ် အသုံးပြု
ရရင်ရမယ်။
အားလုံးအမောပြေတော့ဆုံးဖြတ်
ချက်တစ်ခုချလိုက်တယ်။ သဘာဝ
ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့ 
သဘာဝတိရိစ္ဆာန် မျိုးတုံးပပျောက်
မှု့ ကာကွယ်ရေးတို့ နားမလည်နိုင်
တော့ ဘူး မောင်ငဲအတွက်ကျနော်
တို့ အတတ်နိုင်ဆုံးလက်စားချေမှု့ 
ပဲပြောပြော နောင်လာလတ္တံ့ သူများ
ဘေးအန္တရာယ်ကာကွယ်တယ်ပဲ
ပြောပြော ရှိသမျှ အမှိုက်သရိုက်
လောင်စာမှန်သမျှ ဂူထဲအထိရော
ဂူပေါက်အပြည့် အသိပ် လူအားနဲ့ 
နေ့ ဝက်နီးပါး အငြိုးဒေါသစွက်၍
မီးတင်ရှို့ ကာပြန်ခဲ့ ကြပါကြောင်း။

Ohe Sue Usoe.
(၀ါသနာပါလို့ သာ အလုပ်မရှိအ
လုပ်ရှာ၍ ခါးပူ မျက်စိမှုန် စားချိန်
ရေချိုးချိန် မမှန်ပဲ စာဖတ်သူများ
အား အားအားယားယားဒုက္ခပေး
မိပါတယ်ဗျာ)

No comments:

Post a Comment