စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, March 19, 2014

့ဖြစ်ရပ်မှန်လေးပါ။အားပေးကြပါအုံး..........

သူ့နာမည်က ကိုခင်မောင်
သူ နေတဲ့ နေရာက နတ်မောက်မြို့ရဲ့ အနောက်မြောက်ဘက် (၆)လောက်ဝေးတဲ့ ဂွေးချောင်းဆိုတဲ့ ရွာ
သူလုပ်တဲ့ အလုပ်က သူများအိမ်မှာ သူရင်းငှား သူရင်းငှား ဆိုပေမယ့် သခင်အပေါ် အလွန်သစ္စာရှိပြီး စိတ်ချရတဲ့ လူယုံတော်……တစေသရဲဆို လုံးဝအယုံအကြည်မရှိ မကြောက်တက်တဲ့သူ
တစ်နေ့ ကိုခင်မောင် တစ်ယောက် ဆီကြိတ်ဖို့ ဆိုပြီး နှမ်းအတင် ၂၀ နဲ့ အတူ နတ်မောက်မြို့ပေါ်နွားလှည်းနဲ့ တက်လာခဲ့တယ်
နတ်မောက်မြို့ရဲ့ အခြေအနေကိုသိလို့( နတ်မောက်မြို့ရဲ့ အခြေအနေက မီးမှန်တာလေ) မနက်စောစော ထွက်လာခဲ့တာ နွားတွေကလဲ ကုန်အပြည့်နဲ့ဆိုတော့ တညိမ့်ညိမ့်နဲ့ ပေါ့ အဲဒီလိုနဲ့ ထွက်လာတာ လမ်းတဝက်သာသာ ဇလုပ်ကြီးကန် ရောက်တော့(ဇလုပ်ကြီးကန်ဆိုတာက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့ကန်) နွားတွေခဏနားရအောင် ဆိုပြီး နားတာပေါ့ ကိုခင်မောင်လဲ အောက်ဆင်းပြီး အပေါ့သွား နွားတွေလဲ သေးပေါက်ပြီး ပြန်ထွက်မယ်လုပ်တော့ "အစ်ကို နတ်မောက်ကို ကျနော်လဲ လိုက်ချင်လို့ လှည်းကြုံ ခေါ်ပါဗျာတဲ့" အဲလိုပြောတော့ "ဟာ ဒီမှာ လှည်းကုန်အပြည့်နဲ့ မခေါ်နိုင်ဘူးဗျာ" လို ပြန်ပြောတာပေါ့……ဒီလိုနဲ့ပဲ တဖြည်ဖြည်း ခရီးဆက်လာခဲ့တာ နောက်ပြန်ကြည့်တော့ အခုနလူ လှည်းနောက်ကနေ လိုက်ပါလာတုန်းပဲ "အားတော့နာတယ်ဗျာ လှည်းက ကုန်အပြည့်နဲ့မို့ပါ နောက်ကြုံရင် ခေါ်ပါ့မယ်"လို့ ပြန်ပြောလိုက်တယ် "ရပါတယ်ဗျာ" လို ပဲ အခုနလူက ပြန်ပြောတယ် ဒီလိုနဲ့ မနက်အာရုံတက် ဝေလီဝေလင်းရောက်တော့ နတ်မောက်မြို့ကို လှမ်းမြင်နေရပြီလေ နတ်မောက်မြို့ အဝင်ကလဲ င်္သချိန်းရှိတယ်လေ အခုနလူ ပြန်ကြည့်တော့ မရှိတော့ဘူး "ဟာ ဒီလူ ဘယ်ရောက်သွားပါလိမ့်ဆို ပြီး စိတ်ထဲကတော့ ရေရွတ်လိုက်မိသေးတယ်" အဲဒီလိုနဲ့ နတ်မောက်မြို့ ရောက်လာပြီ ဆိုပါတော့ဗျာ………
နတ်မောက်မြို့ ရောက်တော့ ထင်ထားတဲ့ အတိုင်းပါပဲ "မီးပျက်နေပါတယ်တဲ့" ဒီလိုနဲ့ ဘယ်ချိန်ပြန်လာမလဲ သိလား မေးတော့ မသိဘူးတဲ့ မထူးပါဘူး ရောက်မှတော့ စောင့်ရမှာပေါ့ဆိုပြီး စောင့်နေလိုက်တာ ညနေ ၄ နာရီမှ မီးပြန်လာလို့ ဆီကြိတ်ရတာပေါ့ နှမ်းကလဲ အတင်း ၂၀ ဆိုတော့ ည ၈ နာရီကျော်မှ ပြီးတာလေ ဆီစက်က သူဌေးကတော့ ခင်ဗျား ညအိပ့်ပြီး မနက်မှ ပြန်လို့ ပြောပါတယ် သူက မအိပ့်တော့ဘူး ရတယ်ဆိုပြီး ပြန်လာခဲ့တာလေ အဲဒီလိုနဲ့ ပြန်လာခဲ့တာ မြို့ အထွက် င်္သချိန်းရောက်တော့ မနက်က တွေ့ခဲ့တဲ့လူ ပြန်တွေ့တော့ "ဟာ ခင်ဗျား အခုမှ ပြန်တာလား" မေးတော့ "ဟုတ်တယ်လေ " "ဘာလဲ ခင်ဗျားလဲ မီးပျက်နေလို့ အခုမှ ပြန်ရမှာလားတဲ့ "ပြန်မေးလို့ "အေးပေါ့ဗျာဆိုပြီး "ပြန်ဖြေလိုက်တယ် "ကျနော်လှည်းပေါ်လိုက်စီးလို့ ရတယ် မဟုတ်လား "လို့ မေးတော့ "ဟာ မလုပ်ပါနဲ့ဗျာ နွားတွေက မနက်ကလဲ ကုန်အပြည့်ဗျ အခုလဲ ဆီတွေနဲ့ နှမ်းဘက်တွေနဲ့ ဆိုတော့ လေးတယ်ဗျ လို့ ပြန်ပြောလိုက်တယ်" အဲဒီလို ပြောတော့ "ခင်ဗျားဗျာ မနက်ကပြောတော့ နောက်ကြုံရင် ခေါ်ပါ့မယ်ပြောပြီး"လို့ ပြောလိုက်သေးတယ်" စိတ်မရှိပါနဲ့ဗျာ နွားတွေ သနားလို့ပါ "လို့ ပြန်ပြောလိုက်တယ် အဲဒီလို ပြောတော့ ကျနော့်ကို သိပ့်မကြည်တော့ဘူးပေါဗျာ ဒီလိုနဲ့ စကားလဲ သိပ့်မပြောဖြစ်တော့ဘူးပေါ့ ဒါနဲ့ နွားလှည်း တဖြည်းဖြည်းမောင်းလာခဲ့တာ မနက်က နားခဲ့တဲ့ ဇလုပ်ကြီးကန်ရောက်တော့ မနက်ကလိုပဲ နွားတွေ ခဏနားအောင်ဆိုပြီး နားတာပေါ့ အဲချိန်မှာ အခုနလူလေ "ခင်ဗျား သရဲ မကြောက်ဘူးလားတဲ့" လာမေးတယ်ဗျ" ဟားဟားဟ မကြောက်လို့ ဒီအချိန်မှ ပြန်လာတာပေါ့ဗျာလို့ "ပြန်ပြောလိုက်တာပေါ့ (လပြည့်နေ့လဲ ရောက်တော့မယ်ဆိုတော့ လကလဲ သာနေပြီပေါ့ဗျာ )အဲဒီလို ပြောတော့ သူက မျက်စောင်းထိုး ကြည့်နေတာဗျ " ဘာလဲ ခင်များက ကြုံဖူးလို့လားလို့ မေးတော့ " အေး ငါက သရဲဘဲ မင်းမကြောက်ရင် တွေ့မယ်ဆိုပြီး" ပြန်ပြောတယ်။
"ဟားဟားဟ အားတော့နာတယ်ဗျာ ကျုပ်က မကြောက်တက်ဘူးဗျ " လို့လဲ ပြောရော သူက လူကို အတင်းဝင်ပြီး နဗန်းလုံးတော့တာပဲ ဒီလိုနဲ့ သူကတလှည့် အပေါ်က ရောက်လိုက် ကျနော်က အပေါ်က ရောက်လိုက်ပေါ့ဗျာ ကျနော်သူအပေါ်က ရောက်လို့ သူကို ကျနော် လက်သီးနဲ့ ထိုးတဲ့ အခါ မထိဘူးဗျ လေကို ထိုးနေရသလိုပဲ ကြာတော့ ကျနောမောပြီ ပေါ့ သူက အပေါ်က ပြန်ရောက်တော့ ကျနော့် လည်ပင်းညစ်ပြီ ကျနော်လဲ ပြန်လှန်ပေမယ့် မရတော့ဘူး "အား" လို့ တချက်အော်ပြီး ကျနော်သတိမေ့သွားတယ်၊ ကျနော် သတိပြန်ရတော့ ကျနော့ဘေးမှာ လူတွေ ဝိုင်းလို့ ပယောဂ ကုတဲ့ဆရာ ကိုတင်မြုင်လဲ ကျနော့ဘေးမှာ ရှိနေတယ်လေ ………ဘယ်လိုတွေ ဖြစ်ပြီး ကျနော် ဒီကို ပြန်ရောက်တာလဲ မေးတော့ မင်း လမ်းမှာ တစ်ခုခု ဖြစ်နေမှာ စိုးရိမ်လို့ လူ အကြို လွတ်လိုက်တာ မင်း "အား" လို့ အော်လိုက်တော့ အကြိုလွတ်လိုက်တဲ့ သူတွေ တွေ့လို့ မင်းကို ပြန်ခေါ်လာတာပဲ ဆိုပဲ သူတို့ ပြောပြလို့ ကျနော်လဲ သိရတာလေ......

အဲဒါ ကျနော်တို့ရွာက ကြားခဲ့ရတဲ့ အဖြစ်အပျက်ကလေး တစ်ခု ပါ။

No comments:

Post a Comment