စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, May 12, 2014

အဘိုးပြောပြခဲ့သော အကြောင်းများ


~~~~~~~~~~~~~~~~~~
ကြယ်ရောင် အစပျိုးလို့ လရောင် ခပ်မှိန်မှိန်
နဲ့ ကောင်းကင်ကြီးတစ်နေအောက်က ကွပ်ပျစ်
လေးပေါ်မှာ ကျွန်တော်က အဖိုးရင် ခွင် ထဲမှာ
နေရာယူလျက်ပေါ....

အဖိုးက အမြဲတမ်း ကျွန်တော်ကို အဖိုးတို့
ခေတ်ကာလက အကြောင်းတွေကို ပြောပြ လေ့ရှိတယ်..
ကျွန်တော် ကိုယ်တိုင် ကလဲ စိတ်ဝင် တစ်စား
နဲ့ နားထောင့်လေ့ရှိပါတယ်...
အဖိုးးးပြောပြခဲ့တဲ့ သရဲအ ခြောက် ခံခဲ့ရပုံ
လေးပြောပြပါရ စေ.....
အဖိုးးက လူပျိုဘဝ မှာ တောင် ယာ အလုပ်
ပဲ လုပ်ကိုင် ရင်း မိသားစုကို ကူညီခဲ့ရတာပေါ့..
အဖိုးးတို့လက်ထက်တုန်းက သစ်တောသစ်ပင်
တွေက အခုလိုမဟုတ်ဘူးတဲ့...
အင် အတန် ပေါတာပေါ့....
လမ်းနံဘေး တွေဆိုလဲ နှစ်ချို့သစ်ပင်
ကြီးတွေ သစ်ပင်ကြီးတွေဆိုတာ အများကြီးပေါ့
ဒီလိုနဲ့ အဖိုးတို့ လူငယ်တစ်သိုက် ရွာထဲက
အလျှူအတွက် ဝါးတောထဲသို့ ညအိပ်ည နေ
တက်ခဲ့ကြတာပေါ့...
ညနေပိုင်း ဝါးတော်ကို လူငယ်တစ်သိုက်
ဝါးခုတ် တက်ပေမဲ့ လမ်းတစ်ဝက်မှာပဲ
ညအိပ်ည နေ နေပြီး မနက်အစောကျမှ
ဝါးတော်ထဲ ဝင် ခုတ်လေ့ရှိတာပေါ့..
ဒီလိုနဲ့ နေရာကောင်းတဲ့ ဒေါ်အေးရှင် အင် တောနဲ့
အနီးမဝေးမှာပဲ လူငယ်တစ်သိုက် စခန်းချကြတာပေါ့..
ပါလာတဲ့ ထမင်းထုပ်တွေ ဖြေပြီး ညစာ
ဝိုင်းဖွဲ့စားကြတာပေါ့..နွားတွေကိုလဲ
သင့်တင် တဲ့ နေရာမှာ ချည်ထားကြတာပေါ့
စားသောက်ပီး အဖိုးတဲ့လူငယ်တစ်သိုက်
အိပ်ယာဝင် ကြတာပေါ့.....
အားလုံး မီးဖိုးဘေးမှာ ဝိုင်းဖွဲ့အိပ်ကြတာပေါ့..
အိပ်ပျော်မဲ့ ဆဲဆဲမှာ အဖိုးတဲ့ဆီကို ဦးတည်ပီး
မောင်းလာကြတဲ့ လှည်းတစ်သိုက်အသံကို
အဖိုးတို့အားလုံးကြားနေရတယ်..
ဒီလိုနဲ့ နီးလာတာပေါ့..အဖိုးတို့အဖွဲ့
ကလဲ လမ်းကဒီတစ်လမ်းတည်းဆိုတော့
သူတို့ရပ်ထားတဲ့ လှည်းနွားတွေနဲ့
မလွတ်မှာ စိုးရိမ်လို့ ရပ်ထားတဲ့လှည်းနွား
တွေကို ပြောင်းသင့်တဲ့ နေရာပြောင်းပေါ့..
အဲ့လိုနဲ့ တော်တော်ကြာတော့လဲ ပေါ်မလာဘူးပေါ့
ဘာဖြစ်တာပါလိမ့် အခုနကပဲ ရောက်လာ
တော့မလိုလိုပေါ့...အားလုံးအဖိုးတို့
တစ်သိုက် မအိပ်ကြ တော့ဘူးပေါ့..
ည ခုနှစ်စင်ကြယ် အမှီးထောက်လို့
သန်းခေါင်ယံ အချိန်လဲ ရောက်ရော့
ဘာမှန်းမသိ ဒေါ်အေးရှင် အင် တောထဲက
မိန်းမ ရယ်သံတွေ ကြားနေရတယ် .
ကလေးးးငိုသံ..ယောက်ကျားတွေ
တောက်ခေါက်သံတွေ..အသံမျိုးစုံပေါ့..
အဖိုးးးတစ်ယောက်ကလဲ ခေသူမဟုတ်ပါဘူး
ကြောက်တတ်သူလဲမဟုတ်တော့..
ဒေါသ ထွက်သွားတော့သည်..။
ဒီလိုနဲ့ လူငယ်တစ်သိုက်ကို အဖိုးက
ဦးဆောင် ပီး အသံကြားရာဘက်ကို
ချီတက်လေ တော့သည်..။
ထိုအချိန်တွင် အဖိုးတဲရှေ့မှောက်မှာပင်
လူပုံသဏ္ဍာန်လူမဲကြီးတစ်ယောက် အင် ပင်
ကြီး အကြီးကြီးပေါ်ကို တက်သွားတာ
ကိုယ့်တွေမြင် လိုက် ရ တော့သည်။
မထင် မှတ်ပဲ တွေ့မြင် လိုက်တာတဲ့
အဖိုးတဲ့လူငယ်အဖွဲ့ အံ့သြ နေ လေတော့သည်။
အလွန်ကြီးမားတဲ့ သစ်ပင် ကြီးပေါ်ကို
သူတို့ရှေ့မှာတင် တက်ပြီးပျောက်ကွယ်သွားတဲ့
လူမဲကြီးကို အံ့သြစွာနဲ့ ကြည့်နေစဉ်မှာပဲ..
အဲ့သစ်ပင်ကြီး၇ဲ့ တစ်ဝက် လောက်က နေ
ပင် စည်ကိုင်းအခွကြားကြီးထဲကနေ
အနီးလုံးကြီး ထွက်ပေါ်လာတာတွေ့ရပြန်တယ်။
သစ်ပင် အဖျားဆီသို့ တက်သွားတဲ့အခါ
မှာတော့ အနီလုံးကြီးက လူမျက်နှာသဏ္ဍာန်
ပြောင်းလဲသွားပီး ပါးစပ်ဟပြီး ရယ်လိုက်တဲ့
အသံကို ကြားရလိုက်ပါတယ်....
ထို အသံနဲ့ အတူ အင် ပင် ကြီးတစ်ခု
လုံးက သိမ့်သိမ့်တုန်အောင် ခါရမ်းသွား
ပါတော့တယ်..။
အားလုံးက မထင် တဲ့ အရာတွေဖြစ်လာပေမဲ့
ကြောက်စိတ်ထက် သူတို့ကို စမ်းသပ်တာပဲ
ဆိုတဲ့ စိတ်က ပိုများနေ တော့ ဒေါသ
ထွက်တာပေါ့....
လူငယ်တစ်သိုက် စောစောက လှည်းသံကြား
ရပြီး ဘာမှ ပေါ်မလာလို့ ဒေါသဖြစ်နေတဲ့
အချိန်မှာ ဒီအင် ပင်ကြီးက သရဲက ချောက်
ပြန်တယ်ဆိုတော့ ဒေါသတွေ ထောင်းခနဲ့
ထသွားတော့သည်..။
အားလုံးပဲ လက်နှိပ်ဓာတ်မီးတွေက
မြေကြီးစိုက်ပီး အသင့်ပါလာသော
လေးဂွများနဲ့ အင် ပင် ကြီးဆီကို ပစ်
ခတ်ပါတော့တယ်..။
ဘိုးငယ် လို့ခေါ်တဲ့ အဖိုးနဲ့ အရွယ်တူ ကောင်
လေးက အင် ပင် ကြီးဆီကို သွားပီး အသင့်
ပါလာတဲ့ ငှက်ကြီးတောင် ဓါးနဲ့ ခုတ်လိုက်ပါ
တော့တယ်..။
**ဒုတ်**ဆိုတဲ့ သစ်ပင် ထဲဓါးသွားဝင်
သွားတဲ့အသံနဲ့အတူ သစ်ပင်ကြီးခါရမ်း
သွားပြီး ဘာမှန်းမသိ လက်မှာ အရည်တွေ
လာစင် မှန်း သိလိုက်သည်...
ဘ သောင်းးးးခဏလာစမ်းဟ ဘိုးငယ်
ခေါ်လိုက်ပီး သူလက်မှာ ပေ နေ သော
အရည်များကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ရာ
မျက်လုံးပြူးကုန်တော့သည်။
သွေးတွေပေ နေပါလားးးးး
အဖိုးးနဲ့ အတူ အားလုံးမျက်နှာပျက်ကုန်
ကြသည်...ဒီအပင် နဲ့ အဝေးကို အမြန်ဆုံး
ထွက်သွားကြရန် အားလုံးမျက် ရိပ်ပြလိုက်ကြသည်။
ဒီလိုနဲ့ လှည်းနွားတွေ အမြန်တပ်ဆင် ပီး
ခပ်စောစောပင် ဝါးတောထဲကို ဝင်
တော့သည်..ဝါးတောရောက်တော့
မိုးမလင်း သေးပါ...
တစ်ရေး လောက် အိပ်ချိန်ရ သေးသဖြင့်
လှည်းပေါ်မှာပဲ အိပ်လိုက်ကြသည်။
ပင် ပန်းထားသမျှ နှစ်ချိုက်စွာ အိပ်ပျော်
နေတဲ့အခါမှာ လူကြီးတစ်ယောက်က
ဒေါသနဲ့ ပြောနေတာကို ကြားနေရ တော့သည်။
မင်းတို့တွေ ကံမြင့် နေလို့ ကံကောင်းသွား
တယ်မှတ်ပါ..နောက်တစ်ဆို ငါ့အဆိုးမဆိုနဲ့ဆိုပြီး
လူနီကြီးက ဒေါသနဲ့ ပြောနေတဲ့အသံ ဒီအတိုင်း
ကြားနေရတော့သည်။
ဒီလိုနဲ့ မိုးလင်းတော့ ဝါးများကို ခုတ်ပြီး
ါးတောထဲက ပြန်ထွက်လာတော့သည်။
အဖိုးလဲ ညက တွေ့ခဲ့ရတဲ့ အင် ပင် ကြီး
နား ရောတော့ အားလုံးညှိုနှိုင်းးတဲ့အတိုင်း
အင် ပင် ကြီးကို ဓါးဦးထောင် ပီးတောင်းပန်
တော့သည်။
ပထမအကြိမ်..
တောင်းပန် ရာမှာ ထောင် ထားတဲ့ဓါးက
အလိုလိုနေရင်း လဲကျသွားတော့သည်။
ဒုတိယအကြိမ်...တွင် အဖိုးက အကြောင်း
စုံ ရှင်းပြ တော့သည်။အလျှူအတွက်
လာရောက်ခဲ့ကြောင်း ခွင့်လွှတ်ဖို့အကြောင်း
အလျှူတွင် သာဓု ခေါ်နိုင် ရင် အားလုံးကို
ပင့်ဖိတ်တဲ့ အကြောင်း ပြောဆိုတော့မှ
ဓါးက မလဲပဲ နဂိုအတိုင်း ရှိမြဲဖြစ်တော့သည်။
တတိယအကြိမ်..
လည်း ဒုတိယအကြိမ်အတိုင်း ပြောဆိုရ
အဆင် ပြေ တော့သည်။
အဖိုး လဲ ကတိအတိုင်း အင် တောအတွင်း
ရှိကြ သော ကျွတ်ထိုက်တဲ့သတ္တဝါများ
အား ပင့်ဖိတ်ပါတယ်လို့ ပြော သောအခါ
တစ်တောလုံး ဆူညံ့သွားတော့သည်။
ဒီလို့နဲ့ အပြန်လမ်းရးခရီးတွင် ချောချော
မောမော ရွာသို့ ရောက် ရှိလာတော့သည်။
~~~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ#
ဒေါ်အေးရှင် အင် တောဆိုတာ အခုအခါ
တောထဲမှာ သေဆုံးသွားတဲ့သူတွေ
မြုပ်နှံ့တဲ့ သချိုင်းတစ်ခုပါ...

ဖတ် ရှုမဲ့ မန်ဘာများကို ကျေးဇူးတင် ပါတယ်..
အင် ပင် ကြီး ဆိုတာလည်း တစ်ကယ်အပြင်
ဘက်မှာ နာမည်ကြီးပါတယ်..ကျွန်တော်
တို့လက်ထက်ထိ ရှိနေဆဲပါ...

နောက်မှဆုံကြအုံးမည်...

Admin များကို လေးစားလျက်#သဲပုရစ်

No comments:

Post a Comment