စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, May 12, 2014

* သရဲ လား ……? သူ…ဖျား နေတယ်။ ။



•အိုးစူး• ••••• •••• •••• •••• ••

လူရယ်လို့ ဖြစ်လာရင် အို နာ သေ
ဇာတိ ဇရာ ဗျာတိ မရဏာ ရှိပါဧ။်။


သူတပါးပရောဂ ဘေးဆိုးဒဏ်ထိ
ရင်တောင် အတိုစားဝေဒနာခံစားရ
မှာမလွဲဘူး။အဆုံးစွန်ဆုံးပြင်းပြတဲ့ 
ဝေဒနာက်ုခံစားပြီးမှ ဇီဝိန်ချုပ် လို့ 
တစ်ဘ၀ ကူးရမှာကိုး။
အသေကောင်းအောင် အသေ
ဖြောင့်အသက်ထွက်ညင်သာဝေဒ
နာမခံစားရအောင်တရားမှတ်နည်း
တွေတော့ရှိပါရဲ့ သေတဲ့ သူဘယ်
နှစ်ယောက်များစမ်းသပ်အောင်မြင်
ခဲ့ သလဲမဆိုနိုင်ဘူး။ကျနော့်စိတ်
ထင် ဘုရားရှင်တောင်မှ ပရိနိဗ္ဗာန်စံ
ခါနီး ၀မ်းတော်လားတဲ့ ဝေဒနာကို
ပြင်းပြစွာခံစားရတယ်မဟုတ်လား။
သာမန်လူတွေရောဂါခံစားသေလွန်
တဲ့ အခါတခြားတစ်ဘ၀ရောက်တဲ့ 
အထိရောဂါလက္ခဏာပါသွားတာ
ရှိကောင်းမရှိနိုင်ဘူးလား။
ကျနော်စိတ်ထဲသံသယ၀င်မိတဲ့ အ
ဖြစ်အပျက်အကြောင်းအရာလေး
တစ်ခုတင်ပြချင်လို့ ပါ။
ကျနော်အိမ်ထောင်ကျပြီးစ မိဘ
တွေသဘောမတူလို့ တရပ်တကြေး
မှာအိုးသစ်အိမ်သစ်ထူထောင်နေ
တုံးကပါ။
စစ်ကိုင်းတိုင်း ၀က်လက်မြို့ နယ်က
ဲ့ရွာတန်းရှည်လေး
မှာအခြေချမိပါတယ်။ရွာဆိုပေမဲ့ 
အိမ်ခြေအတော်များတယ်။ရထား
လမ်းဘေးဝဲယာမှာရွာတည်ထား
တယ်။ဆန် မြေပဲအစရှိတဲ့ စိုက်ပျိုး
ရေးအဓိက ထူးခြားတာက အဲရွာ
တစ်ရွာပဲ ရေကဆားဓာတ်ပါလို့ နေ
တယ် ၀က်လက်နဲ့ ၂မိုင်သာသာ
လောက်ဝေးပေမဲ့ ဝက်လက်ကရေ
ကဆားမပါဘူး။အဲဒီရွာလေး ကနေ
လှမ်းဆားလဲထွက်တယ်။
တောင်သူလယ်လဲမလုပ်တတ်သူ
မို့ အိမ်သုံးဆေးလေးတပိုင်တနိုင်
ရောင်းရင်းအမျိုးသမီးကကျောင်းဆရာမလုပ်လို့ ခဏခိုနားခဲ့ ကြဖုး
တယ်။ရွာရဲ့ စည်ကားရာနေရာနား
အခန်းကျင်းလေးငှားလို့ ဆေးဆိုင်
ဖွင့် မိန်းမကကျောင်းသွား ချစ်စခင်
စအဆင်ပြေပါတယ်။
ဆေးဆိုတာလည်းအိမ်သုံးအတိုအ
ထွာများပြီးဈေးကြီးတဲ့ ထိုးဆေးစား
ဆေးများမပါပါ။ဆေးဆိုင်ကလည်း
ဟုတ်တိပတ်တိမရှိတော့သူ့ ဟာနဲ့ 
သူဖျောက်တောက်ဖျောက်တောက်
ကလေးရောင်းရပါတယ်။တခြားအ
လုပ်ကလည်းလုပ်စရာမရှိတော့
သစ်မရခင်စပ်ကြားဝါးပေါင်းကွပ်တဲ့
အနေနဲ့ လုပ်တာနောက်ပိုင်းတော့
စီးပွားမဖြစ်တောင်နှစ်ကိုယ်စာစား
ဖို့ တော့မပူခဲ့ ရဘူး ချဲ့ ထွင်ဖို့အရင်း
စိုက်စရာရှိလည်းမထူးနိုင်တဲ့ အချေ
အနေမို့ ရောင်းလိုက်စားလိုက်ထဲ့ 
လိုက်နဲ့ လုံးခြာလည်နေတာအ
တော်လေးကြာခဲ့ တယ်။
ကျနော်တို့ ငှားနေတဲ့ တဲသာသာ
အခန်းလေးကရှေ့ မှာ၅ပေလောက်
ရှည်တဲ့ ကောင်တာတစ်ခုချပြီးကပ်
လျက်အိပ်ခန်းနောက်ထဲကမီးဖို
ချောင် ဒါပါပဲ ။အိမ်နောက်မှာ မူးရိုး
လှည်း စက်ဘီးလမ်းလေးရှိတယ်။
ဒေသအခေါ် မူး ချောင်းတာရိုးပေါ်
ကလမ်းနဲ့ ကျနော့်အိမ်ကြားမှာဧရာ
မညောင်ပင်ကြီးတစ်ပင်ရှိလေရဲ့ ။
အမှန်မှာကုက္ကိုပင်ကြီးကိုညောင်
ပင်က မြို ပြီးပေါက်နေလို့ ပိုကြီး
ထွားတာပါ။ကြီးတာမှ လူကြီး ၎
ယောက်ဖက်လောက်ပင်စည်ကြီး
အကိုင်းအခက်ကလည်းပေ၃၀
ကျော်၄၀ပတ်လည်အ၀ိုင်းလောက်
ကိုရှိပါတယ်။အညာနေဘယ်
လောက်ပူပါစေ ဒီညောင်ပင်ကြီးအ
ရိပ်ကို တိုးမပေါက်နိုင်ဘူး။
နေ့ တော့ အရိပ်ရလို့ ကောင်းပါရဲ့ 
ညဆိုအပင်ကြီးကခြောက်ခြားဖို့ အ
တော်ကောင်းသည်။ဒီလောက်ကြီး
တဲ့ အပင်ကြီးအရပ်သားတွေမပြော
နဲ့ စည်ပင်ကတာဝန်ရှိသူတွေက
တောင်မခုတ်လှဲရဲကြ။
ကျနော့်အမျိုးသမီးကကြောက်လန့်
တတ်သူမဟုတ်တဲ့ အပြင်တစ်ခြား
ငှားစရာလည်းမရှိတာကြောင့်ဒီနေ
ရာလေးပဲငှားနေခဲ့ ကြတယ်။
သူကလည်းညပိုင်းရွာထဲကကလေး
တွေစာပြရင်းအချိန်ကုန်တာမို့ ကျ
နော်တစ်ယောက်ထဲဆေးပစ္စည်း
ကောင်တာလေးပေါ်မှာငိုက်မြည်းရ
တဲ့ ညပေါင်းများစွာ။
ဈေးဝယ်ကလည်းညပိုင်းဆိုအမှန်မ
ရှိဘူး တစ်ခါတစ်လေ ရာသီဥတု
လေး ဖောက်ပြန်ရင် အ၀ယ်ကျသ
လောက် များသောအားဖြင့်တော့
တစ်ဦးတလေနှစ်ယောက်စသုံး
ယောက်စလောက် ပါရာစီတမော
ဘာမီတွန် အမ်ပစလင်လေး တစ်
ဆယ်အစိပ်ဖိုးလောက်ရောင်းရပါ
တယ်။
အခုရက်တွင်း အချိန်မှန် ည၁၀နာ
ရီကျော်လောက်ဆိုရင် အဖျားကျ
ဆေး အတွဲထုပ်လေးတွေ ၁၀ဖိုးည
တိုင်းလာဝယ်နေကျ မိန်းကလေး
တစ်ယောက်ရှိတယ်။
ကျနော်ကလည်း ဒီရွာကိုရောက်စ
လူအတော်များများကိုမသိတော့
ဘယ်အိမ်ကရယ်လို့ မသိဘူး။
အရွယ်ကတော့ကျနော့်မိန်းမထက်
ငယ်မယ် မျက်နှာကိုသေချာမမြင်ရ
ဘူး။မမြင်ရဘူးဆိုတာ အစကတော့
သတိမထားမိဘူး။ညစဉ်တိုင်းဝယ်
တာများတော့သတိပြုမိလာတယ်။
ဆံပင်ပုခုံးအလယ်လောက်ကိုမျက်
နှာပေါ်အုပ် ၀ဲနေပြီး ကိုယ်ကို တစ်
စောင်းထားလို့ တစ်ဆယ်တန်နီညို
ရောင်လေး ကောင်တာပေါ် လှမ်း
တင်လိုက်ရင် ကျနော်က စပ်ဆေး
ထုပ်ကလေး ပေးလိုက် အံဆွဲထဲ
ပိုက်ဆန် ငုံ့ ထည့် ပြီး ပြန်လှည့် 
လိုက်ရင် သွားပြီ မရှိတော့ ဘူး။
မီးရောင်ကလည်း မှိန်မှိန်ဆိုတော့
သူ ဘယ်ဖက်ထွက်သွားမှန်းမမြင်
သလို အဲဒီတုံးက ကျနော်ကလည်း
အိမ်ထောင်ကျစဆိုတော့ သူစိမ်းအ
မျိုးသမီးကို တခုတ်တရ သတိပြုမ
နေမိဘူး။ ကြာလာတော့ သတိမပြု
ချင်လည်းပြုမိလာတယ်။
ပိုပြီးသတိပြုမိစေတာက အချိန်မှန်
ညတိုင်း ဒီဆေးကိုပဲ ဒီပုံစံ ဒီပိုက်ဆံ
နဲ့ စကားတစ်ခွန်းမှမပြောပဲလာဝယ်
တာကိုပါ။ဝယ်စနေ့ က ဘုန်းကြီး
တစ်ပါးဆေးဝယ်တာနဲ့ သူရောက်
လာတော့အတူတူမှတ်တာပေါ့ ။
သူကဆေးထုပ်လေးကိုလက်ညှိုး
ထိုးပြလို့ ကျနော်ထုတ်ပေးလိုက်
တော့ ၁၀ တန်လေးထုတ်ပေးပြီး
ဘုန်းကြီးကိုဆက်ရောင်းနေတာနဲ့ 
ဘယ်ထွက်သွားမှန်းမသိ။
နောက်ညတွေဆက်တိုက်ဒီပုံစံ
လာဝယ်တော့စိတ်ထဲမှာ တစ်ခုထူး
ခြားတယ်ထင်မိတယ်။
ထင်လို့ လည်းတစ်ညမှာ ပိုက်ဆန်
ငုံ့ ထည့် သလိုနဲ့ မျက်စိစွေပြီးခိုး
ကြည့် တော့ စိတ်ကဘဲထင်လို့ 
လား မျက်လုံးဒေါင့် ကပ်ကြည့် တာ
နဲ့ အလင်းရောင်အားနဲတာနဲ့ မို့ လို့ 
လားမသိ မိန်းကလေးကိုယ်လုံး
ဟာ မီးခိုးငွေ့ လိုတွန့် လိမ်ပြီးအငွေ့ 
ပျံပျောက်သွားတယ်ထင်ရအောင်
မြန်မြန်ကြီးထွက်သွားသလိုထင်ရ
တယ်။
စိတ်ထဲထူးဆန်းတယ်ထင်မိပေမဲ့ 
သူကိုထက်ကိုယ့် ကိုကိုယ် အထင်
အမြင်မှောက်မှားတယ်ထင်မိတာ
ကိုး ။
တစ်ညမှာတော့ ကျနော့မိန်းမစာ
သင်စရာ မရှိလို့ အိမ်မှာပဲကျနော်နဲ့ 
စကားပြောရင်း ဈေးရောင်းနေကြ
တယ်။၁၀နာရီကျော်တော့ မိန်းမက
ဆိုင်ပိတ်ကြစို့ ညနက်ပြီပြောပါ
တယ်။ကျနော်ဘာမှမပြောဘူးလမ်း
မဖက်ကိုပဲလှမ်းကြည့် နေမိတယ်။
မိနစ်၂၀လောက်နေတော့ စာအုပ်
ဖတ်နေတဲ့ သူက အိပ်ချင်ပြီ ဆိုင်
ပိတ်ရအောင် ပြောလာပြန်တယ်။
ကျနော်ကဘာမှမပြောဘူး။သူက
ဈေးဝယ်လည်းဒီအချိန်မလာတော့
ပါဘူး တဲ့ ကျနော်က ၀ယ်နေကျ
ဖောက်သည်တစ်ယောက်ကျန်သေ
တယ်လို့ ပြောလိုက်တယ်။
ဒါပေမဲ့ အဲဒီညက နေ၂ညမြောက်
တဲ့ အထိပေါ်မလာဘူး။မိန်းမက
လည်းစာသင်ရက်တစ်ပတ်ပိတ်
ထားတော့ သူရှိနေလို့ များမလာ
တာလားလို့ တောင်စိတ်ထဲတွေးနေ
မိပါတယ်။
ဒီကိစ္စလည်းမေ့မေ့ပျောက်ပျောက်
စိတ်ထဲမရှိတော့ပါဘူး။
အဲ ၃ညမြောက်မှာတော့ ကျနော်
အဲဒီကောင်မလေးကိုတွေ့ တယ်
အိမ်နောက်ဖေး ညောင်ပင်ကြီးပေါ်
ကဆင်းလာပြီး ကျနော့်ကို၁၀တန်
လေးထောင်ပြပြီး စကားတစ်ခွန်း
ပြောတယ် အကို ကျမကိုကယ်ပါ
ဦးတဲ့ ။
"ဘာဖြစ်လို့ ကယ်ရမှာတုံး”
"ကျမ ဖျားနေတာ တစ်လကျော်ပြီ
အကို ”
" ဒါဆို ၀က်လက်ဆေးရုံသွားပြလေ”
" မဟုတ်ဘူး အကို ဆေးရုံပြလို့ 
မရတော့ဘူး အကိုကျမ ကိုကောင်း
မှုကုသိုလ်တစ်ခုခု လုပ်ပေးပါ
ငွေလိုရင် ရွာထဲက ဒေါ်တင်ရွှေဆီ
မှာယူလိုက်ပါ ကျမနာမည် အေးစု
ပါ ”
ဆိုပြီး ကျနော်လန့် နိုးလာတယ်။
နောက်ရက်ရွာထဲမှာစုံစမ်းကြည့် 
တော့ ဆေးလိပ်ခုံပိုင်ရှင်ဒေါ်တင်
ရွှေဆိုတာရှိကြောင်း သူ့ မှာမအေး
စု မအေးနု ဆိုပြီးသမီးလေးနှစ်
ယောက်ရှိကြောင်း မအေးစုကလွန်
ခဲ့ တဲ့ ၂လလောက်ကအပြင်းအ
ထန်ဖျားပြီးကွယ်လွန်ခဲ့ ကြောင်းကျ
နော်ပြောပြတဲ့ ပုံသဏ္ဍန်ဟာမအေး
စုနဲ့ တပုံစံထဲဖြစ်ကြောင်း အံသြဖွယ်သိခဲ့ ရပါသည်။ညစဉ်ည
တိုင်းလည်းသူ့ ကိုကူညီဖို့ ချည်းပဲ
နားပူနားဆာတိုက်နေပါတော့တယ်
ကျနော်မကူညီချင်လို့ မဟုတ်ပါ။
အဖြစ်အပျက်အကြောင်းစုံကိုပြော
ပြလို့ ယုံကြည်မှုရှိရင်တော်ရဲ့ မယုံ
ကြည်ခဲ့ သော်လိမ်ညာအကြံအဖန်
လုပ်တယ်ထင်ခံရမှာကြောက်မိပါ
သည်။ ညစဉ်အိပ်မက်ထဲ အပူ
တိုက်မှာကြောက်လို့ အိပ်ရမှာ
တောင်ကြောက်လာတဲ့ အထိဖြစ်
လာပါတော့ တယ်။
နောက်ဆုံးဘုန်းကြီး၃ပါးပင့် လှူ
ဘွယ်ပစ္စည်းဝတ္ထုငွေလေးကပ်ဆွမ်း
လောင်းရေစက်ချအမျှပေးဝေလိုက်
ပြီးမှ ကျွတ်ရာလွတ်ရာရောက်မ
ရောက်တော့မသိ အိပ်မက်ထဲ
တော့ပေါ်မလာတော့ပါ။
အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ 
ဖောက်လွဲဖောက်ပြန်လုပ်တာလဲမ
ဟုတ်တော့ဒီနေ့ အချိန်အထိမိန်းမ
ကိုလည်းဒီအကြောင်းကိစ္စကိုအသိ
ပေးမပြောဆိုခဲ့ ပါကြောင်း။ ။
အိုးစူး။

No comments:

Post a Comment