စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, April 29, 2014

' စို ' အောင်… ခြောက် တဲ့  သရဲ ။


*****************အိုးစူး**

ယမဟာ ဒိုမက်စတြစ် တွေခေတ်
စားခါစ လ္ဘက်ရည် ဆေးလိပ် ကွမ်း
ဝယ်ခိုင်းမှာစောင့်နေတာ။

ဆိုင်ကယ်
စီးချင်လို့ လူငယ်ကိုး။ကျနော့် သူ
ငယ်ချင်းတစ်ယောက်ဆို၂၅၀ ကြီး
တောင်ဘီးကို ရှေ့ ရောနောက်ရော
ထောင်နိုင်တယ်။လူကလည်းဟဲဗီး
နာမည်ကလည်း အာနိုး တဲ့ လမ်း
၈၀ နေတာ။
ပြောချင်တာကသူ့ ခေတ်နဲ့ သူအ
ရူးထ ပိုးဝင်တာကိုပါ။
မိုးရွာတဲ့ နေ့ ဆိုမန္တလေးတက္ကသိုလ်
မိန်းထဲမှာ ကျနော်တို့ အဖွဲ့ ကိုမျက်
စိနောက်ကြတယ်။ မိုးရေထဲဆိုင်
ကယ်စတန့် ထွင်စီးကြတာ ဘေးလူ
အနှောက်အရှက်ဖြစ်ကုန်ရော။
တနေ့ သားမှာပေါ့ ။ ။
အုပ်စုလိုက် ဂျန်ပိန် ဘီးတွေချည်းစု
ပြီး ဟိုင်းဝေး ကဲကြမလို့ စီစဉ်ကြ
တယ်။
အမေရိကန်ဗီဒီယိုခွေထဲကလိုပေါ့ 
ပြောတာနဲ့ လုပ်တာတပြိုင်ထဲ ကျ
နော်တို့ အဖွဲ့ က ကန့် ကွက်မဲမရှိ
ကင်တင်း က ထ ခင်စောမူ ဆီဆိုင်
ဆီဖြည့် ကြ တန်းထွက်လာကြရော
ညနေ ၄ နာရီထိုးခါနီးပြီ။ ဦးတည်
ရာက ရှမ်းပြည်တောင်ပိုင်းကလော
ကို။ ကျောက်ဆည်တောင်ဖက်ဟန်
မြင့် မိုရွာကနေရန်ကုန်မန်းလေး
လမ်းက အရှေ့ ကိုခွဲတက်တဲ့ 
တောလမ်း။ရွာငံ အောင်ပန်း လမ်း
အဲဒီခေတ်က ကတ္တရာလမ်းမဟုတ်
ဘူး မြေလမ်းကို ချဲ့ နေတာ။
ရွာ၃ရွာလောက်ဖြတ်ပြီးတော့မှောင်
လာပြီ အတက်လမ်းလည်းရောက်
ပြီ။ ဆိုင်ကယ်၅စီး လူ၇ယောက်ထဲ
လမ်းကကြမ်းကြမ်း အကြိုက်တွေ့ 
နေကြတယ်။သူတို့ ထက်ပိုတဲ့ ကျ
နော်ကဗျူးကောင်းတဲ့ နေရာမြေ
ပြန့် နေ၀င်ပြီးကျန်နေတဲ့ မိုးကုတ်
စက်ဝိုင်းအနားသပ်မှာဟပ်နေတဲ့ 
အရောင်ကို ကင်မရာ နဲ့ မှတ်တမ်း
တင်နေလို့ နောက်ကျန်ရစ်ခဲ့ တယ်
ဗြဲ ဗြဲ ဗျုး နဲ့ တောင်ခါးပန်း၂ခု ၃ခု
လောက်တက်နေတဲ့ မီးရောင်တွေ
မြင်မှ သတိရလို့ ထထွက်ခဲ့ တယ်။
လမ်းကမြေလမ်းကို စက်ထိုးထား
လို့ ဘုတွေထစ်တွေ ချိုင့် တွေကြား
မြွေလိမ်မြွေကောက်စီးရင်းအတက်
လည်းဖြစ်လို့ ညမီးကလည်းအကွေ
တွေမှာ မမြင် ဂရုစိုက်စီးနေတုံး
လမ်းပြင်လက်စ လမ်းကြိတ်စက်
ကြီးဘေးနားရောက်တော့ ဖြန်း က
နဲ ကြက်သီး တွေ ထ လို့ ခေါင်းမွှေး
ထောင် ကြောရိုးတစ်လျောက်စိမ့် 
တက်သွားသဗျ။ ရာသီဥတုပြောင်း
သွားလို့ နေမှာပါ တွေးမိတယ်။
ဘေးခြင်းကပ်နောက်က ဖတ် ဖတ်
နဲ့ ပြေးလိုက်လာတဲ့ အသံကြားရ
တော့လှည့် ကြည့် တာဖြူဖြူအရိပ်
ဝါးတားတားမြင်ရတယ်။ ဟောဟဲ
ဟီးဟီး ခစ်ခစ် နဲ့ ရီသံပါကြားရ
တော့နားထင်ကပူထူစပ်ရှိန်းပြီးသ
ရဲခြောက်မှန်းသိရတယ်။ဆိုင်ကယ်
ကိုလည်းစက်ရပ်သွားမှာကြောက်
လမ်းတောင်သေချာမမြင်ရဘူး
အဲအချိန်ကြောက်လွန်းအားကြီးပြီး
သူငယ်ချင်းတွေကို ကုန်းအော်တာ
အသံထွက်မထွက်မသိဘူး။
အကွေ့ အဆင်းအနိမ့် ပိုင်းအထိဆို
ကျနော့် စိတ်ထင်၁၀မိနစ်လောက်
ကျော်လဲမသွားဘူးမမှီတမှီကပ်
လိုက်နေတာ ဆိုင်ကယ်အရှိန်က
လည်းမနဲလောက်ဘူး။ပြန်မော့အ
တက်ကျတော့  ရား ခနဲဆို ဖြူဖြူ
ကြီးက လက်ကိုင်ထိပ် ဒိုင်ခွက်ပေါ်
ခွထိုင်လာတယ်။ ဂီယာနံပါတ်ဝမ်း
ကိုခြေမနဲ့ ကော်သွင်းပြီးကလပ်မ
လွတ်တလွတ်မှာလီဗာကိုဆောင့်
ဆောင့်ဆွဲလိုက်တယ်။ခါတိုင်းဆို
ရှေ့ ဘီးထောင်ပြီးဆိုင်ကယ်ခေါင်း
မော့လာတယ်အခုလှုပ်တောင်မ
လှုပ်တဲ့အပြင်လက်ကိုင်ကြီးမတရာ
လေးလို့ မထိမ်းနိုင်လောက်အောင်
ဖြစ်ပြီးညာဖက်ခြောက်ထဲခေါင်း
စိုက်တော့မယ်။အလေ့အကျင့်များ
လို့ သာဆိုင်ကယ်ကိုထိမ်းရနေတာ
ကျနော်တို့ စတန့် လုပ်ရင်လဲတခုခု
ဖြစ်ရင်ဆိုင်ကယ်ပစ်ချပြီး လူအ
လွတ်ရုံးတာမို့ စိတ်မပူပါဘူး။
ထိမ်းတဲကြားကတစ်ချက်ယိုင်သွား
တော့ဘေးမှာကျောက်တုံးဘုပေါ်
ခြေထောက်လှမ်းထောက်လိုက်ရ
တယ်။ဖြူဖြူကြီးကရှိတုံး ဆိုင်ကယ်
မီးကတောပွင့် နေသလားပိတ်သွား
သလားသတိမပြုမိဘူး စိတ်ကလဲ
တိုလာတာမို့ ကန်တော့ပါရဲ့ သေး
နဲ့ ကော့ပန်းပါတော့တယ်။
မဖြုံဘူးဗျ။အသံတော့မထွက်တော့
ဘူးမှတ်တာပဲ။ကြောက်တာထုံသွား
လို့ လားမသိဘူး တောကောင်တစ်
ကောင်များလားလို့ စိတ်ထဲမှာတွေး
မိလာတယ်။ဟုတ်မယ်မထင်ဘူးဗျ
အဖြူကကြီးလိုက် သေးလိုက်ဖြစ်
နေတာ ကျနော်ဆိုင်ကယ်ပစ်ချပြီး
အူယားဖားယားပြေးတာပဲ။ပါးစပ်
ကလည်းအရူးလိုအော်မိအော်ရာ
အော်နေတယ်မှတ်တာပဲ။
စိတ်ထဲလည်းသတိလစ်သလိုအ
မှတ်ရသလို ဘာမှလည်းထင်ထင်
ရှားရှားမမြင်ရသလိုပဲ။ဆိုင်ကယ်မီး
ရောင်တွေဆင်းလာတော့တွေ့ သ
လိုလို အမှန်ကကျနော့်သူငယ်ချင်း
တွေကကျနော်အသံမကြားဘူး
ကြာလို့ နောက်ကပါမလာလို့ ပြန်
လှည့် လာကြသတဲ့ ။
ကံကောင်းလို့ ။သူတို့ အချိန်မှီမ
ရောက်လာရင် ကျနော်ဘယ်လိုဖြစ်
မလဲမသိဘူး။
အကျိုးအကြောင်းပြောပြတော့ယုံ
တဲ့ လူလည်းရှိမယုံတဲ့ လူကခြုံပုတ်
တွေဒုတ်နဲ့ ရိုက်သောင်းကြမ်းပြကြ
တယ်။ယုံတဲ့ ကောင်တွေကကျနော်
ထိပ်လန့် ပြေအောင်ပါလာတဲ့ အ
ရက်တွေတိုက် ပစ္စည်းတွေပြန်ရှာ
ကောက်ပေးကြတယ်။
တခြားပစ္စည်းတွေထက်ချစ်သူပေး
တဲ့ ကင်မရာလေးကိုတော့ကိုယ်
တိုင်ရှာတွေ့ တယ် သေးအိုင်ထဲမှာ။
အောင်ပန်းရောက်တဲ့ အထိကျနော်
ကိုဆိုင်ကယ်ပေးမစီးဘူး အာနိုးကြီး
ရဲ့ ပုခုံးကျယ်ကျယ်နောက်မှာထိုင်
လိုက်ခဲ့ ရတယ်။
အပြန်မှာ မိထ္တီလာဖက်ကလှည့် 
ပြန်ခဲ့ ကြတယ်။
တစ်ခုကျန်သေးတယ်ဗျ။
မန္တလေးရောက်လို့ ဖလင်ဆေးကူး
တာ ကျနော်ရိုက်တဲ့ ပုံတွေထဲမှာ
သရဲခြောက်တဲ့ နေရာနားရိုက်တဲ့ 
ပုံတွေအားလုံးဘာပုံမှမထွက်ဘူး
ဖလင်ပျက်တာလည်းမဟုတ်ဘူး
အလင်းဝင်ရင်လဲတခြားပုံတွေပျက်
ရမယ်လို့ 
တော်ဝင်ဓာတ်ပုံက ကိုထွန်းဝေက
ပြောတယ်။ကျနော်အကျိုးအ
ကြောင်းပြောပြတော့အမှောင်ခန်း
ထဲသေချာပြန်ကြည့် တာဖြူဖြူကြီး
ကျနော်တွေ့ တဲ့ ဖြူဖြူကြီးပုံတွေ
ချည်းပဲဗျ။ ။
နောက်မှစုံစမ်းသိရတာက ကျနော်
တိုမသွားခင်၁ရက်၂ရက်ကအဲဒီနေ
ရာမှာလမ်းကြိတ်စက်မှောက်လို့ 
မောင်းတဲ့ လူသေထားတာတဲဗျာ။

No comments:

Post a Comment