စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, April 29, 2014

#တာတေရေးတဲ့မဖဲဝါစာအုပ်ထဲကကောက်နှုတ်ချက်တစ်ချို့#



တစ်ရက် ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းက ကိုရင်လေး နှစ်ပါးနဲ့ ကျောင်းသားတစ်ယောက် မြို့က ပြန်လာကြတယ်။

ကိုရင်လေးတွေက မြို့ကစာသင်တိုက်မှာစာဝါ သွားပြီးလိုက်ကြတယ်။စာမေးပွဲပြီးလို့ ရွာကိုပြန်လာကြတာ။ကျောင်းသားက ကိုရင်လေးနှစ်ပါကို သွားခေါ်တာလေ။
တစ္ဆေခြောက်တဲ့ အုတ်လမ်းရောက်တော့ ကိုရင်တစ်ပါးက ပြောသတဲ့။
" ဒီနေရာက တစ္ဆေခြောက်တယ်လို့ ကြားတယ်၊ကိုရင်ရော ကြားသေးလား "
လို့ ကျန်တဲ့ကိုရင်ကို မေးတယ်။
" ကိုရင် ကြားတော့ကြားတယ်၊ ဒါပင်မဲ့ တစ္ဆေခြောက်ရင် မေတ္တာသုတ်ရွတ်မှာပေါ့ "
လို့ ဟိုကိုရင်က ပြန်ပြောတယ်။ဒီတော့ ကျောင်းသားက ဝင်ပြောတယ်။
" တစ္ဆေခြောက်ရင် ကိုရင်တို့က မေတ္တာသုတ်ရွတ်ကြပေါ့ ၊ တပည့်တော်ကတော့ ခဲသုတ်ပဲ ရွတ်ရမှာပဲ " 
လိုပြောပြီး ခဲလူံတွေ ကောက်နေတယ်တဲ့။ ဒီတုန်းမှာပဲ ကျောင်းသားခေါင်းကို " တောင် " ကနဲ မြည်အောင် ဇီးဖြူသီးတစ်လုံး လာပြီးမှန်ရောတဲ့ ဗျို့။
" ဟာ ကိုရင်တို့ တစ္ဆေကတော့ တပည့်တော်တို့ကို ဇီးဖြူသီးနဲ့ ပစ်နေပြီထင်တယ် "
" အပင်က ကြွေတာနေမှာပါကွာ "
လို့ ကိုရင်တွေက ပြန်ပြောတော့ ကျောင်းသားက....
"ကိုရင်တို့ ကလည်း ဒီနားမှာ ဇီးဖြူပင်မှ မရှိတာ၊ ဇီးဖြူသီးက ဘယ်ကကြွေမှာတုံး "
လို့ပြောလို့မှ မဆုံးသေးဘူး၊ ကိုရင်နှစ်ပါးခေါင်းကို " တိန် "ခနဲ "တိန်" ကနဲ ဇီးဖြူသီးတွေ ကျလာရောတဲ့။
" အေ ဟုတ်တယ် ဟ၊ ဒါပစ်နေတာကွ "
" တိန် တိန် တိန် "
ဟာ ဇီးဖြူသီးတွေ တောထဲက ဆက်တိုက်ထွက်လာရောတဲ့ ဗျို့။ဒါနဲ့ ကိုရင်နှစ်ပါးလည်း မေတ္တာ သုတ်ရွတ်တော့တာပေါ့ဗျာ။
" ယဿ နုဘာဝတော ယက္ခာ "
လို့ ကိုရင်တို့က ရွတ်ရင် တစ္ဆေက
" နေဝဒဿန္တိ ဘီသနံ "
လို့ ဆက်ရွတ်သတဲ့။ ကိုရင်တွေက.....
"ယဥှိစေဝါ နုယုဉ္စန္တော "
လို့ ရွတ်ရင်၊ တစ္ဆေက
" ရတ္တိန္ဒိဝ မတန္ဒိတော "
လို့ ရှေ့ကနေ ကြိုပြီးရွတ်သတဲ့။ဒီလိုနဲ့ ပရိတ်သာဆုံးရော ကိုရင်တွေမှာ ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်တော့တာပေါ့ဗျာ။
ဒီတော့ ကျောင်းသားလည်း စိတ်တိုလာပြီး ခဲနဲ့ တောထဲကို ရမ်းပစ်တော့တာပေါ့။တစ္ဆေကလည်း သူ့ကိုဇီးဖြူသီးနဲ့ ပစ်၊ သူကလည်း ခဲနဲ့ ပစ်၊ ကလေးတွေ ဆော့သလိုဖြစ်နေတာပေါ့ဗျာ။
နောက်တော့ ကိုရင်တွေလည်း မနေသာမနေသာတော့ဘဲ ခဲတွေကောက်ပြီး ကျောင်းသားဘက်ကနေဝင်ကူပြီး ခဲနဲ့ ပစ်ရတာပေါ့ဗျာ။သူတို့ကသုံးယောက်တစ္ဆေကတစ်ကောင်တည်း။သူပစ်ကိုယ်ပစ် ပစ်နေတာ။ အချိန်က မနက်ပိုင်း ခုနှစ်နာရီလောက်ပေါ့။ လူသွားလူလာကလဲ ပြတ်နေတာ။နောက်ဆုံးကိုရင်နှစ်ပါးနဲ့ ကျောင်းသားရော ခြေကုန်လက်ပန်းကျလာကြပြီး ခဲတောင်ကုန်းမကောက်နိုင်တော့ဘူးတဲ့ဗျ။ ဒီတုန်းမှာမြို့ကပြန်လာတဲ့ ဘကြီးသာဝတို့လှည်း နဲ့ တွေ့ ပြီး ကိုရင်တွေရော ကျောင်းသားတွေကိုပါ ရွာကိုပြန်ခေါ် ခဲ့ကြရတာ။လမ်းမှာကိုရင်တွေရော၊ကျောင်းသားတွေရော ပင်ပန်းပြီးအိပ်ပျော်သွားကြသတဲ့။ ဘုန်းကြီးကျောင်းရောက်တာတောင် မနိုးလို့ မနည်း နှိုးယူရတယ်ဆိုပဲဗျာ။

နောက်နေ့ နောက်တစ်ယောက်ပေါ့ နော့်။
အားတဲ့နေ့ တင်ပေးမယ်နော်။
ဒီနေ့တော့ ဒီလောက်ပဲနော်....

အားလုံး.......see u again

#သရဲလေး......sky#

No comments:

Post a Comment